ကျွန်တော်နဲ့သူမ

ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့
ဧရာဝတီဘေးက မြို့ကလေးပါ
အဲဒီကစ ကျွန်တော့်ဘဝ ၊
သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ
ချမ်းမြခြင်းနဲ့အတူ ကျွန်တော်လိုလူနဲ့ ခြားနားလှပေါ့ ၊
ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း
အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့
ကျွန်တော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊
ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ
ကျွန်တော်က လဘက်ရည်
ငပိရည်ဆိုတာ ကျွန်တော့အကြိုက်
သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊
စိုင်းစိုင်း ဆိုတာ ကျွန်တော်မသိခဲ့
ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊
ကျွန်တော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ
တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့်
သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို
ဟစ်ဟော့လို ဆိုချင်ပါသတဲ့ ၊
ကဲ ဘယ့်နှယ်ရှိစ ကျွန်တော်နဲ့သူမ

11 comments

  • ဦး ကျောက်ခဲ

    January 22, 2013 at 5:34 pm

    အယ်ဒီတာ ကိုမျိုးသန့်

    Category မှားနေတယ်
    ကိုယ်တိုင်ရေးဆိုရင် Copy/Paste ကို Click မလုပ်နဲ့လေ…..
    အဟဲ…. မိန်းမဆိုတာ နားလည်ရခက်ပါသတဲ့ ဆိုတော့…..
    တိန်….. ပြေးပြီ
    :harr:

    • Myo Thant

      January 23, 2013 at 1:01 am

      ကျွန်တော်က လူသစ် မကျွမ်းကျင်လို့ပါ ဆရာရယ် ၊
      ၂၂ – ၁ – ၂၀၁၃ ဆိုတာ ကျွန်တော့် ( ရွာသား ) မွေးနေ့ပါ ၊
      ဂရုစိုက်ပါ့မယ် ၊ မှားရင်လည်း မှတ်တိုင်အစဉ်လိုက်မသိသေးတဲ့ စပာဃ်ရာလက်သစ်လေးလို့ တွေးပေးပါဗျာ ၊

  • မောင်ပေ

    January 22, 2013 at 9:46 pm

    မိန်းမဆိုတာ
    ဘိန်းချကိုလာ
    ရှိန်းမှချိုရှာ
    မှိန်းညပျိုညာ
    သိမ်းရပိုကာ

  • Myo Thant

    January 23, 2013 at 1:06 am

    ( မိန်းမဆိုတာ
    ဘိန်းချကိုလာ
    ရှိန်းမှချိုရှာ
    မှိန်းညပျိုညာ
    သိမ်းရပိုကာ )

    တိမ်းသမျှ ပျိုကညာ
    ယိမ်းကသလိုညီညာ
    အစိမ်းမှ လိုချင်လာလည်း
    ယူအက်စ်ကိုပဲ ဒိုးတော့ကွယ် ၊

  • အရီးခင်လတ်

    January 23, 2013 at 2:47 am

    ကိုကျောက် က မင်းကို ပွိုင့်မရမှာစိုးလို့ စေတနာနဲ့ပြောတာပါ။
    Copy/Paste ဆိုရင် Point မရဘူး။
    Point ဆိုတာ Post တစ်ပုဒ် တင်ရင် ၃ဝရမယ်။
    မင်းက သူများ Post မှာ မှတ်ချက်သွားပေးရင် ၁ဝ ရမယ်။
    သူများတွေက မင်း Post မှာ မှတ်ချက်လာပေးတိုင်း မင်းက ၂ Point ရမယ်။
    (ဟုတ်တယ်နော်။ မှားလဲ ပြင်ပေးကြပါ မင်းပရိတ်သတ်ကြီးများ)

    Post တင်နည်း အသေးစိတ်ပိုသိချင်ရင်
    http://myanmargazette.net/writing-guidelines
    http://myanmargazette.net/64188/education/learn-how-to-do-just-about-everything
    http://myanmargazette.net/103358/computers-technology
    http://myanmargazette.net/130682/creative-writing
    https://myanmargazette.net/160515

    Do & Don’t (Rules)
    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
    2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
    5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
    8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
    – စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
    11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
    – တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။
    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

  • Mon Kit

    January 23, 2013 at 9:35 am

    ကဗျာလိုလို စာလိုလို
    လိုရင်း တိုရှင်း ထိမိလှ
    အော် မိန်းမ မိန်းမ…….
    ဖတ်လို့ကောင်းပါတယ်ရှင်…..
    :kwi:

  • ခိုင်ဇာ

    January 23, 2013 at 10:22 am

    ရွှေကူက ကိုမျိုးသန့်နဲ့
    မြို့ပြက သူမ က ဘယ်မှာ တွေ့ကြတာတုန်း။
    ဘယ်မြို့ပြ တုန်းလည်းမသိ။ :harr:

    အချစ်လမ်းမှာ တွေ့တယ်လို့ ပဲ မှတ် ထားလိုက်ပါပြီ….

  • ဗုံဗုံ

    January 23, 2013 at 10:54 am

    ဟက်ပီးဘတ်ဒေး ပါ အန်ကယ်ဂျီး မိဗုံနဲ့ မွေးနေ့တစ်ထပ်တည်းတူနေပါတယ် အဲ အန်ကယ်ဂျီးက ဘယ်နနှစ်ပြည့်တာလဲတော့မသိဘူး မွေးနေ့ကလွန်သွားပြီဆိုတော့ ဘာမှလည်းမစားရတော့ဘူး အန်ကယ်ဂျီးနဲ့ သူမ ကော်ဖီနဲ့ ငပိရည်ကို ရောမွှေပြီးသောက်နိုင်ပါစေ :mrgreen:

    • Myo Thant

      January 23, 2013 at 12:18 pm

      မွေးနေ့တူရှိတယ်ဆိုလို့ ဝမ်းသာမိပါတယ် ၊
      လာမယ့်နှစ်မှာ ဆုံကြမယ်လေ ၊
      ပျော်ပျော်ပါးပါးပေါ့ ၊
      ဘယ်နှနှစ်မြောက်လဲ လို့ မမေးကြေးနော် 🙂

  • Myo Thant

    January 23, 2013 at 10:56 am

    မြို့ပြဆိုတာ မြို့ကြီးပြကြီးပေါ့ဆရာရယ် ၊
    မန္တလေးတော့ ဟုတ်ဘူးနော် ၊ မန်းသူဆို ကြောက်တယ် ၊ 🙂

  • mamanoyar

    January 23, 2013 at 11:59 am

    ဟဟ အချိုးကျအောင်လည်း စပ်တတ်ပါပေ့

Leave a Reply