ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

padonmarJanuary 23, 20132min67953

၂၀-၀၁-၂၀၁၃ မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ P.Chogyi က အမှတ်တရ ဂဇက်လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေကို တက်ရောက်လာသူတိုင်းကို လက်ဆောင်အဖြစ်ပေးပါတယ်။

(သဂျီး အတုယူဖွယ်)

ပွဲမတက်လိုက်ဖြစ်တဲ့သူတွေကို ကြွားထှာ။

စိတ်ကူးကောင်းတဲ့ ကို ပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း မောင်အံတို့ စိန်ဗိုက်တို့ပေးနေကျဆုလေး တောင်းပေးလိုက်ပါတယ်။

ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေ။

P.Chogyi ရဲ့ လက်ဆောင် သော့ချိတ်
P.Chogyi ရဲ့ လက်ဆောင် သော့ချိတ်
သော့ချိတ်လေးရဲ့ မျက်နှာစာ တစ်ဖက်
သော့ချိတ်လေးရဲ့ မျက်နှာစာ တစ်ဖက်

တက်ရောက်လာသူတိုင်းကို သစ်သီးဖျော်ရည်အအေး တစ်ခွက်စီ ကြိုက်ရာ မှာစေပြီး ဧည့်ခံရင်း မိတ်ဆက်ပွဲစလိုက်ပါတယ်။

ဂဇက်မန်ဘာတွေ တစ်ဦးချင်းမိတ်ဆက်တာကတော့ ဆြာအုပ်ရဲ့ ပို့စ်မှာ ဖတ်ကြပါ။

မိတ်ဆက်တဲ့ အချိန်မှာ ဦးကျောက်နဲ့ ဦးမိုက်တို့ တစ်ယောက်တစ်ပြန် မိုက်လုပြောနေကြတာကိုက ပျော်စရာ ဖြစ်ခဲ့ရပါတယ်။

Willie Smith (ဒီနာမည်မှန်ရဲ့လား) နဲ့ ကျော်ဟိန်းရောက်နေတယ်မှတ်ပြီး စားပွဲထိုးလေးတွေတောင် ဝိုင်းရယ်နေကြပါတယ်။

အားလုံးမိတ်ဆက်ပြီးတော့ ဆုပေးပွဲပါ။

ဇူလိုင်လဆုရသူ ဝင့်ပြုံးမြင့်ကိုယ်စား အလင်းဆက်

ဩဂုတ်လဆုရသူ အောင်မိုးသူကိုယ်တိုင်

စက်တင်ဘာလဆုရသူ ဦးကြီးမိုက် ( ဦးမိုက်က ပေးလိုက်ယူလိုက်ပါ)

အောက်တိုဘာလဆုရသူ မိုချို့ကိုယ်စား အမေ ဒေါ်ကေသီဝင်း

နိုဝင်ဘာလ ဆုရသူ အာဝေနိက ချစ်ဒုက္ခသည်ကြီး ဦးကျောက်ခဲ ကိုယ်တိုင်

( ဒီပွဲလာဖို့ ဟောင်ကောင်ကနေ ၁၉ ညသန်းခေါင် ဖလိုက်ကို Business Class ကနေ ဈေးကြီးပေးပြီးလိုက်လာ၊ ၂ဝ ညသန်းခေါင်ပြန်ရတဲ့ ဦးကျောက်ရဲ့ ဂဇက် သံယောဇဉ်ပါ)

ဒီဇင်ဘာလ ဆုရသူ ဦးနွေဦး ကိုယ်တိုင် တို့ ဆုနာရီကြီးတွေကို ဝမ်းသာဂုဏ်ယူစွာနဲ့ ယူကြပါတယ်။

ဆုပေးပွဲမှာ ဒူးနာလို့ လူတွဲနဲ့လာရတဲ့ မိုချို့အမေကို ဆေးစွမ်းကောင်းနဲ့ ကုပေးလိုက်ပါတယ်။

အဲဒါကတော့ ခဏခဏထပြီး မိတ်၂ခါ ဆက်ခိုင်းလိုက်၊ကျေးဇူး၂ခါ တင်ခိုင်းလိုက်၊ဆု ၂ခါ ယူခိုင်းလိုက်နဲ့

ဒူးနာတယ်ဆိုတာ အိတ်ဆယ်ဆိုက်လုပ်ပေးရတယ်လို့ လက်တွေ့သင်ပေးလိုက်ပါတယ်။

(ခွင့်လွှတ်ပါ အန်တီ၊မပြောလည်းခွင့်လွှတ်မှာပါ၊သိပြီးသား။

သားကိုတောင် ဂဇက်မှာစာရေးခိုင်းတော့မယ်တဲ့၊အန်တီကိုယ်တိုင်လည်း မန့်တော့မယ်တဲ့ )

ဒါပြီးတော့ ကံစမ်းမဲ အစီအစဉ်ပါ။

မနိုဗွီက ဗလာမပါ ကံစမ်းမဲတွေ ပေးတာ တကယ့်ကို ပျော်စရာဖြစ်ခဲ့ပါတယ်။

စိနတိုင်းက လာကြရတဲ့ လူပိုဂျီးညီနောင်မှ ဝက်ဝံရုပ်တွေ ဆင်တူပေါက်ကြရတာတော့ ထူးဆန်းလှပါတယ်။

စုတ်တွေ လာဘ်တွေဝင်မယ့် အတိတ်နိမိတ်တွေ ဖြစ်ပါလိမ့်မယ်။

ကရင်စည်တို့ တွက်ကြချက်ကြပါအုံး။

ကျမကတော့ အော်မေ့ဂိုဏ်းဝင်ပီပီ ဘုရားပူဇော်ဖို့ ဖယောင်းတိုင်လေးတွေရပါတယ်။

မနိုဗွီ ကိုယ်တိုင်လုပ်ထားတဲ့ ဖယောင်းတိုင်လေးတွေက လှမှလှပါပဲ။

သူကြီးပို့လိုက်တဲ့ လက်ဆောင်တွေကို မဲဖောက်တော့ မနိုဗွီရဲ့ လက်ကျန်မဲတွေ နဲ့ အဘဖေါရဲ့ လက်ဆောင် တစ်ခုပါ ထည့်ဖောက်ပါတယ်။

မဲလိပ်တဲ့ ရွှေတိုက်က မဲမနှိုက်ရပါဘူး။

လူထက်မဲက ပိုနေတော့ ပိုတဲ့ခွက်ထဲကမဲတွေ ရွှေတိုက်ယူလို့ ပေးထားလိုက်ပါတယ်။

မဲတွေအားလုံးဝေအပြီး Wireless Mouse ပေါက်တဲ့သူ ထွက်ခဲ့ပါခေါ်တော့ ရသူမရှိပါဘူး။

ဒါဆိုခွက်ထဲ ကျန်တာဖြစ်မယ်ဆိုပြီး ရွှေတိုက်က ခွက်ကျန်မဲနှိုက်လိုက်တာ မိုက်ခဲအခမ်းအနားမှူး ပဲရသွားပါတယ်။

(ပွဲတစ်ခုလုံး သူအပင်ပန်းခံစီစဉ်ရတာဆိုတော့ သူကြီးမင်းရဲ့ မေတ္တာတွေ စူးရောက်ပုံပါပဲ)

8G Flash Drive လေး ၅ခု ပေါက်သူတွေ ရှေ့ထွက်လာတော့လည်း ဦးပါ၊FR၊ ကမ်းကြီး၊ရဲစည် နဲ့ ဝေဝေ တို့ ရသွားပါတယ်။

နောက်ဆုံး ဒေါ်လှ ၁ဝ ရသူဆိုတော့ အစွန်ဆုံး စားပွဲက ရွာတော်ရှင် ဆူးက တပြုံးပြုံးနဲ့ ထွက်လာပါတယ်။

အားလုံး သူကြီးကို ရုပ်ပြထားတဲ့ ရွာသူားဟောင်းတွေချည်းပဲဆိုတော့ ဒို့အဘ သဂျီးဟာ Harry Potter and the sorcerer’s stone ထဲက မှော်ဆရာကြီး များလားလို့ ထင်မိပါရဲ့။

မမကတော့ မနိုဗွီရဲ့ မဲကိုထပ်ပေါက်ပါတယ်။

(ကျမကတော့ ကံခေသူမို့ ဗလာမပါ နဲ့ပဲ နှစ်သိမ့်လိုက်ရပါတယ်။)

အဘဖေါရဲ့ လက်ဆောင်ရသွားတာတော့ မပေါ့မပါးကြီး ကြောင်ဝတုတ်ပါ။

အဘဖေါလက်ဆောင်ကတော့ အော်ဇီက သယ်လာရတဲ့ ပေါ့ပေါ့ပါးပါး stapler လေးပါ။

အပေါ်က တံဆိပ်လေးကို အဘဖေါက ကြောင်ဝတုတ်ကို အသံထွက်ဖတ်ခိုင်းတော့ V..I..A..G..R..A ပါတဲ့။

ကြောင်အသားတိုးဆေးထင်ပါရဲ့။

ဈေးသည် ဓာတ်ပုံပြိုင်ပွဲအတွက် သူကြီးရဲ့ဆုငွေ ဒေါ်လာ ၃ဝ ကိုတော့ ဆုပိုင်ရှင် ခိုင်ခိုင် ကျန်းမာရေး အခြေအနေကြောင့်လာမယူနိုင်လို့ ဦးကြီးမိုက်က ဖက်တီးကက်က တဆင့်ပေးလိုက်ပါတယ်။

အဲနောက်မှ ဦးမင်းအဏ္ဏဝါက ခိုင်ခိုင်နဲ့ အလုပ်တူတယ်ဆိုတာ သတိရပြီး ဦးမင်းအဏ္ဏဝါလက်ကို အပ်လိုက်ကြပါတယ်။

အားလုံးပြီးတော့ ဂဇက်မိသားစု ဆုံစည်းပွဲ (ဂဇက်ကွန်ဖရဲ့င့်စ်)လေး ပြီးဆုံးကြောင်း ကြေငြာပြီး မပြန်ချင့်ပြန်ချင်နဲ့ လမ်းခွဲသွားကြပါတယ်။

ပြန်ရင်း ကန်တော်ကြီးထဲ မျက်စိလည်ကုန်တာတော့ ကျမ အဖွားကြီး မသိပါဘူးရှင့်။

ဂဇက်လိုဂိုကီးချိန်း နဲ့ မနိုဗွီလက်ရာ ဖယောင်းတိုင်
ဂဇက်လိုဂိုကီးချိန်း နဲ့ မနိုဗွီလက်ရာ ဖယောင်းတိုင်

တစ်လက်စထဲ

စာရင်းရှင်းတမ်းလေးပါတင်ပြချင်ပါတယ်။

ကျန်တဲ့သူအားလုံးက ဒီမှာပဲရှိတော့ ရှင်းမနေပါနဲ့ ဆိုပေမယ့် အဝေးက အဘဆွေနဲ့တကွ ရွာသူားတွေပါ ပွင့်လင်းမြင်သာဖို့ ရှင်းပြတာပါ။

ကျမတို့ ဖတ်ရွေး ၉ယောက်က တစ်လ ၃၀၀ဝ စီ နဲ့ ၆လတွက် ၁၈၀၀၀ ဆိုတော့ ၁၆၂၀၀၀ ရပါတယ်။

အဘဆွေ နဲ့  အဘဖေါက တစ်လ ၁၀၀၀ဝ စီနဲ့  ၆လတွက် ၆၀၀၀ဝ ဆိုတော့ ၁၂၀၀၀၀ ရပါတယ်။

ဝင်ငွေ စုစုပေါင်း ၂၈၂၀၀ဝ ပါ။

 

ဆုနာရီ ၆လုံးနဲ့ အင်မတန်အားကိုးရတဲ့ အတွင်းရေးမှူး ၂ယောက် စိန်ဗိုက်နဲ့ ယနေ့ပို့စ် မောင်အံ တွက် နာရီ ၂လုံး

ပေါင်း ၈လုံးက ၁၇၆၀၀ဝ ကျပါတယ်။

P3 မှာ စားသောက်စားရိတ်က ၂၃၅၀၀၀ ကျပါတယ်။

Vinyl တွေက ၁၂၅၀၀ ကျပါတယ်။

မိုက်က ၇၅၀၀ ပါ။

စုစုပေါင်းကုန်ကျငွေ ၄၃၁၀၀ဝ ကျပါတယ်။

 

၄၃၁၀၀၀ – ၂၈၂၀၀ဝ =၁၄၉၀၀၀ ကို အဘဖေါနဲ့ ငှက်ကထကြီးတို့ သူပေးမယ်ငါပေးမယ်လုရင်း

အဘဖေါက ၁၀၀၀၀ဝ ၊ ဦးပါက ၄၉၀၀၀ ခွဲတမ်းကျသွားပါတယ်။

အဘဆွေက ၁၂၀၀၀ဝ ပို့ထားတာဆိုတော့ နောက်တစ်ကြိ်မ်တွက် ၆၀၀၀ဝ ကို ကျမပဲ သိမ်းထားပါတယ်။

 

နောက် ၆လကြာရင် ထပ်လုပ်မယ့် ဒုတိယအကြိမ် ဂဇက် ကွန်ဖရဲ့င့်နဲ့ ဆုပေးပွဲကို ဘယ်လို ပျော်စရာ အစီအစဉ်တွေနဲ့ လုပ်ကြမယ်ဆိုတာ အိပ်မက်မက်ကြပါစို့။

53 comments

  • pooch

    January 23, 2013 at 1:32 am

    ကြွားကြပါ ကြွားကြပါ ကြွားနိုင်တဲ့သူတွေ ကြွားကြပါလေ 🙁

    မစားရ အညှော်ခံ ပုံလေးကြည့် စာလေးတွေပဲ လိုက်ဖတ်ပါ့မယ်

    ဒါဆို ဦးကျောက်က အတော် သံယောဇဉ်ကြီးတာပဲ အဘဖောလည်း ထိုနည်းလည်းကောင်း ဦးမာဃရောပဲ တက်ရောက်ကြသူ အားလုံးပါပဲ
    ဒီလိုဆိုတော့ ကိုယ်က နေစိမ့်နေသလိုပဲ ကို်ယ့်အပြစ်နဲ့ကိုယ်သာ ရှိပါစေတော့လေ 😥

    နောက်လည်း ဝိုင်းတော်သားတွေ တိုးလာတော့မှာဆိုတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ ရှေ့ဆက်ကြတာပေါ့ 😀

    • padonmar

      January 23, 2013 at 8:18 pm

      မယ်ပုရေ
      သံယောဇဉ်ကြီးသူတွေထဲ ရဲစည်လည်းပါသပေါ့။
      စိနတိုင်းကနေ ပြေးလာရှာတာ။
      ဒါပေမယ့် သူ့ခမျာ ကန်တော်ကြီးထဲရွာလည်နေလို့ မိတ်ဆက်ပွဲပြီးခါနီးမှ ရောက်တော့ ပို့စ်ထဲ လပ်ကျန်ခဲ့တယ်။
      ဒါ့ပုံထဲမှာ မတွေ့ဘူးလား။
      လင်းနို့ဘီးကုပ်နဲ့ မောင်ပြိုင်ပွဲ ဝင်နေတာ။
      နေပူတော်က ရွာစားလည်းပါတာပဲ။

  • ဂန္ဓာရီ ဆြာအုပ်

    January 23, 2013 at 1:50 am

    အနော်လဲ မဲ ပေါက်ဘူး အန်တီဘုံမာ.. ဟင့်
    အန်တီပုံတွေတင်ပေးထားပါတယ်ဗျို့..

  • Foreign Resident

    January 23, 2013 at 6:09 am

    ” တစ်လက်စထဲ စာရင်းရှင်းတမ်းလေးပါ တင်ပြချင်ပါတယ် ”

    စာရင်းရှင်းတမ်း တင်ပြတာ ကောင်းပါတယ် ။
    Transparency ရှိသွားတာပေါ့ ။
    အဝေးက အဘဆွေ လဲ သိသွားတာပေါ့ ။
    နောက်ပြီး မှတ်တမ်းလေးလဲ ဖြစ်သွားတာပေါ့ ။

    မပဒုမ္မာရေ ၊
    ကိုပေါက် နှင့် ကိုပေ တို့ ဆု နာရီ ရသေးတယ်လေ ။

  • Foreign Resident

    January 23, 2013 at 6:22 am

    မပဒုမ္မာရေ ။

    ကို P.Chogyi ရဲ့ လက်ဆောင် ၊
    ဂဇက် လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေ ၊
    ပိုတယ် ထင်တယ် ။
    မရသေးတဲ့ ရွာသူားတွေကို ဖြန့်ပေးလိုက်မလား ။

    • ရွှေတိုက်စိုး

      January 23, 2013 at 11:43 am

      ပေးပေါင်ဗျာ…… လာပါဆိုတော့လာကြဘဲနဲ.
      ခိခိ…..
      အလကားစတာပါ…. ကျွန်တော်ဆီမှာ ကျန်သေးတယ် အများကြီး လိုချင်သူများ တက်စီစီးပြီးလာယူပါ…

  • ဦးဦးပါလေရာ

    January 23, 2013 at 7:08 am

    ဒီနေရာမှာ မနိုဗွီနဲ့ ကို P.Chogyi တို့ ကို ကျေးဇူးတင်ဂုဏ်ပြုချင်ပါတယ်..။
    ဂဇက်မိသားစုဝင်တွေအဖြစ် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတယ်လို့ နွေးနွေးထွေးထွေး ခံစားမိပါတယ်။

    ကိုပီချိုကြီးရဲ့ လက်ဆောင် သော့ချိတ်လေးကို သူများကို လေးခါလောက် ထုတ်ကြွားပြီးပြီဖြစ်ပြီး အမှတ်တရ သိမ်းထားပါတယ်။
    မနိုဗွီရဲ့ ကံစမ်းမဲလက်ဆောင် မျက်မှန်အနက်ကလေးကို သူများကိုအကြွားကောင်းတာနဲ့ ကလေးတယောက်က သူ့ကိုပေးပါလို့ တောင်းဆိုတာကြောင့် နှမြောတဲ့ကြားက ပေးလိုက်ရပါတယ်။ အဲဒီကလေး အဲဒီမျက်မှန်လေးတပ်ပြီးရိုက်ထားတဲ့ပုံကို မနိုနဲ့ကြုံတဲ့အခါ ပြပါဦးမယ်။

    သူကြီးရဲ့ ကံစမ်းမဲလက်ဆောင် 8G Flash Drive လေးကတော့ ချက်ချင်းလက်ငင်း အသုံးကျနေပြီ ဖြစ်ပါကြောင်း..။

    ကျုပ်ဘဝမှာ ကံစမ်းမဲပေါက်တယ်ဆိုတာ မရှိသလောက်နီးပါးရှားတာမို့ အင်မတန်ကို အမှတ်တရဖြစ်ရပါကြောင်း…။

  • ဦးဦးပါလေရာ

    January 23, 2013 at 7:29 am

    ကိုဖေါရိန်းက စကားစတော့-
    ကိုပေါက် နဲ့ ကိုပေတို့ကို ဂုဏ်ပြုလက်ဆောင်လေးတွေ ပေးအပ်တဲ့အကြောင်းလေးလဲ ထည့်ပြောခွင့်ပြုပါဗျာ..။

    ဒီအခန်းအနားမှာ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုချင်သူတွေက ဂုဏ်ပြုလက်ဆောင်လေးတွေ ပေးအပ်ခဲ့ပါတယ်။

    မပဒုမ္မာက လစဉ် အကြိုက်ဆုံးစာပေဆုရတဲ့သူတွေထဲက စာအုပ်လက်ဆောင်တောင်းထားသူတွေကို စာအုပ်လက်ဆောင်-

    ဝင့်ပြုံးမြင့်တွက် ခြေရာပျောက်မြစ်(သန့်မြင့်ဦး)

    မိုချိုတွက် ရွှေအမြုတေ ၆၆

    ဦးကြီးမိုက်တွက် ရက်စက်ပါပေ့ကွယ်(ဦးနု)

    မပဒုမ္မာက လစဉ် အကြိုက်ဆုံးစာပေဆုရွေးတဲ့ထဲမှာ ဆုမရပေမယ့် စကာတင်ထဲ ခြောက်လဆက်ပြီးပါခဲ့သူ ဆာမိ ကို မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ တစ်ဘဝသာသနာ စာအုပ်လက်ဆောင်

    ကိုထူးဆန်းက လစဉ် အကြိုက်ဆုံးစာပေဆုရွေးတဲ့ထဲမှာ ဆုမရပေမယ့် စကာတင်ထဲ လေးလဆက်ပြီးပါခဲ့သူ အလင်းဆက် ကို တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဧရာဝတီ၊ဂင်္ဂါ စာအုပ်လက်ဆောင်-

    ကိုထူးဆန်းက မန်းဂဇက်မှာ ပိုစ့်အများဆုံးရေးခဲ့သူ ကိုပေါက်ကို နာရီလက်ဆောင်-

    ကိုထူးဆန်းက မန်းဂဇက်မှာ ကွန်မင့်အများဆုံးရေးခဲ့သူ ကိုပေ ကို နာရီလက်ဆောင်-

    မမက သတ်ပုံမှန်သူ ဦးပါ ကို ဟင့်အင်းကို ကျော်ဖြတ်ခြင်း (ဒေါ်အောင်ဆန်းစုကြည်)

    အသီးသီး ပေးအပ်ဂုဏ်ပြုခဲ့ကြပါတယ်။

    ပိုစ့်အများဆုံးရေးတဲ့ ကိုပေါက်ကိုတော့ ကျုပ်က ဂုဏ်ပြုရုံမက ဆလံအထပ်ထပ်ပေး လက်နှစ်ဖက်လုံးမြှောက်ပြီး ချီးယားစ် လုပ်လိုက်ပါတယ်။
    ကိုယ့်မှာဖြင့် ဂဇက်မန်ဘာအဖြစ်က မောင်းချမခံရအောင် တစ်လပိုစ့်တပုဒ်မနဲဖြစ်ညှစ်ရေးရတာ။ သူက ပိုစ့် တစ်ထောင်ကျော်တဲ့….
    ပြီးတော့ သူ့ပိုစ့်နဲ့ ကိုယ့်ပိုစ့်က ဆီ နဲ့ ရေ –
    များတိုင်း ပေါ တယ်မထင်နဲ့။ အခုနောက်ဆုံးရေးထားတဲ့ (ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲ) ကိုပဲ ဖတ်ကြည့်တော့….

    ကွန်မင့်အများဆုံးရေးတဲ့ ကိုပေကိုလဲ ရင်ထဲကကို လေးလေးနက်နက် ဂုဏ်ပြုချင်ပါတယ်။
    ကွန်မင့်များ….ကွာ…လို့ ပေါ့ပေါ့လေး မတွေးပါနဲ့..။
    ကွန်မင့်ရေးဖို့ ပိုစ့်ကို ဖတ်ရပါတယ်။ အလကားရေးလို့ ရတာမဟုတ်ပါဘူး…။
    ပိုစ့်တိုင်းနီးပါးကို စိတ်ပါလက်ပါဖတ်ပြီး စိတ်ပါမှ ကွန်မင့်ရေးလို့ရတာဖြစ်ပါတယ်…။
    ဥပမာ ကိုပေရဲ့ ဘောလုံးပွဲပိုစ့်တွေကို ကျုပ်တစ်ခါမှ ကွန်မင့်မရေးပါဘူး
    ဘာကြောင့်လဲဆိုတော့ ဖတ်မှမဖတ်ပဲ ..။(ကျုပ်က ဘောလုံးပွဲမကြိုက်သူပါ)။
    ဒါကြောင့် မန်းဂဇက်ရဲ့ အမာတကာ့ အမာခံ စာဖတ်သူအဖြစ် ကွန်မင့်အများဆုံးဆုလက်ဆောင်ရသူကိုပေကို ကျုပ်ကလဲ လေးလေးစားစာဂုဏ်ပြုလိုက်ပါတယ်။

    • ဦးဦးပါလေရာ

      January 23, 2013 at 10:47 am

      ကော်ပီ ပေ့စ် လုပ်တာလွဲသွားလို့
      စာအုပ်ဆုပေးသူနေရာမှာ မပဒုမ္မာနဲ့ ကိုထူးဆန်း နေရာလွဲသွားပါတယ်။
      ဒို့အမ ဥက္ကဌကြီးက သိပ်သဘောကောင်းတာ
      ပြင်ပေးမယ်မဟုတ်လား .. ဟင်…
      :kwi:

      • padonmar

        January 23, 2013 at 8:30 pm

        ကျမ တစ်ခါမှ ကွန်မန့်မပြင်ဖူးဘူး။
        ဦးပါပြင်ခိုင်းလို ့စမ်းပြင်ကြည့်ရင်း စာအုပ်နာမည်လေးတွေပါ ဖြည့်စွက်ထားပါတယ်။

  • P chogyi

    January 23, 2013 at 8:32 am

    အစ်မရေဆုတောင်းပေးတာကျေးဇူးပါ။
    ဆုတောင်းရှေ့ဆုံးစကားလုံး(ဆော်ကြည်)ကတော့
    မဒမ်ချိုကြီးနဲ့ ပြသနာတက်ဖွယ်ရှိပါတယ်။
    အဘဖောရေကျွန်တော်ကတော့အားလုံးအတွက်
    လက်ဆောင်အဖြစ် ကိုမတ်တို့ကို တစ်ခါတည်းအပ်ပြီးသားပါ။
    လူအများလက်ထဲကို အမှတ်တရသော့ချိတ်လေးတွေ ပိုရောက်လေ
    ကြည်နူးမှုပိုလာမှာပါ။

    • Ma Ei

      January 23, 2013 at 2:29 pm

      အမှတ်တရ သော့ချိတ်လေး အတွက်
      ကျေးဇူးတင်ပါကြောင်းနော်…

  • မိုချို

    January 23, 2013 at 9:05 am

    အန်တီရေး ထားတာ ဖတ်ပြီး လေးပေါက်နဲ့ ကိုပေ တို့ ဆု အကြောင်း လည်း မပါဘူး လို့ တွေး နေမိတာ၊ ဦး ပါ ထပ်ဖြည့် ထား တာ ဖတ်ရတော့ မှ သဘောပေါက် ပေါက်သွားတယ်။ ဂဇတ်အပေါ် လူကြီးသူမ တွေ အပါ ဝင် မန်ဘာတွေ ရဲ့ အလေး ထား မှုက အံ့ မခန်း ပဲ။ ဂဇတ်မန်ဘာ ဖြစ်ရခြင်း အတွက် ဂုဏ်ယူ မိတယ်။
    နောက်၆ လ မှာ ကိုယ် တိုင်ပါဝင်နိုင်ပြီ ထင်ပါရဲ့။

  • weiwei

    January 23, 2013 at 9:06 am

    အခုလို တွေ့ဆုံပွဲနဲ့ ဆုပေးပွဲလုပ်နိုင်ခဲ့တာ အရမ်းဂုဏ်ယူစရာကောင်းပါတယ် … ဂဇက်မှတ်တိုင်တစ်ခုဖြစ်သွားခဲ့ပါတယ် ..
    အခုဆိုရင် မန်ဘာအဟောင်းတွေရော အသစ်တွေပါ ပျော်ရွှင်စွာနဲ့ ဂဇက်ကို ပိုချစ်လာကြတယ် … စိတ်ဝင်စားလာကြတယ် … စာတွေရေးချင်လာကြမယ် .. ကွန်မန့်တွေလဲ ပေးချင်လာမယ် … ဆုလဲလိုချင်လာမယ် …
    နောက် ၆ လ ဆိုတော့ ဇူလိုင်လ …. ဝါဆိုထမင်း ကျွေးလို့ရပြီ … :kwi:

    • Novy

      January 23, 2013 at 11:55 am

      ဝါဆိုထမင်းကျွေးရင်တော့ မနိုက ကုန်ချင်ကုန်ခမ်းချင်ခမ်း
      ငါးပိထောင်းစပ်စပ်လေးတာဝန်ယူလိုက်မယ်နော် :harr:

      • MaMa

        January 23, 2013 at 10:09 pm

        အသီးသီး တာဝန်တွေ ယူကြတော့….
        ပြည့်စုံသွားအောင် စားပေးသူတာဝန်ယူပါ့မယ် :kwi:

        • ကထူးဆန်း

          January 25, 2013 at 9:34 am

          me 2.

  • panpan

    January 23, 2013 at 9:49 am

    နောက်တစ်ကြိမ်ကျရင် အနော်တို့လိုကလေးတွေအတွက် (အဆင်ပြေမယ်ဆိုရင်) ဂိမ်းအစီအစဉ်လေးတွေထည့်ပေးပါ
    :harr:

    • ဆူး

      January 23, 2013 at 10:16 am

      နောက်တခါ မျှော်စင်ကျွှန်း စတိတ်စင်မှာ ဖျာခင်းပြီး လုပ်မယ်တဲ့.. ကြိုက်တဲ့လူ သီချင်း တက်ဆိုနိုင်ပါတယ်တဲ့.. :harr:

      • panpan

        January 23, 2013 at 10:39 am

        သီချင်းဆိုချင်ဘူး
        အဆိုအစီအစဉ်ကို ဘွားဆူးတို့လုပ်ပါ :kwi:
        ဂိမ်းကစားချင်တယ်
        ကလေးတွေအတွက် ဂိမ်းအစီအစဉ်…. :harr:

        • ရွာသူ jujuma .

          January 23, 2013 at 11:25 am

          အော် ဒီကလေးနှယ် … ကလေးတွေအတွက်ဂိမ်းတာတော့ ဟုတ်ပါပီ …
          လူကြီးတွေ များတဲ့ ဂဇက်မှာ ကျတော့ ကလေးတွေနဲ့ ဂိမ်းရမလိုဖြစ်နေပြီလေ …
          အဲတော့ ကလေးရော လူကြီးပါ ဂိမ်း မယ့် အဲ အဲ ဆော့လို့ရမယ့် ဂိမ်းလေး စဉ်းစား ပေးကြည့်နော်နော် … :kwi:

  • surmi

    January 23, 2013 at 10:04 am

    ဟုတ်ပါတယ်
    ဒီတစ်ခေါက်တွေ ့ဆုံကြတဲ ့ ပွဲက တကယ် ့အမှတ်တရပါပဲ
    စိတ်ဝင်စာသူ မန်ဘာအသစ်များနဲ ့ စာဖတ်သူတွေပိုများလာမယ်လို ့
    ထင်မိကြောင်းပါ ။
    စာပေဆုနှင့်တကွ ဒီပွဲဖြစ်မြောက်ရေး ဆောင်ရွက်ကြသူများအားလုံးရဲ ့
    စေတနာကို အထူးပဲ ကျေးဇူးတင်မိပါတယ် ။
    နောက်တပွဲကျရင်ဒိထက်ပိုပြီး လူစုံလိမ် ့မယ်လို ့လဲ မျှော်လင့်မိပါကြောင်း……….

  • ဆူး

    January 23, 2013 at 10:06 am

    နောက် ၆ လ မှာ ဝါဆို ထမင်းစားရမယ် ဆိုရင် ပွဲ တက်အုန်းမှာ..
    ူူဒီတခေါက် ပွဲတက်တာ.. ကိးချိန်းလေး လက်ဆောင်ရတယ်.. အမှတ်တရ အဖြစ် သိမ်းထားပါတယ်။
    ကိုပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။

    မနိုဗွီရဲ့ ဗလာမပါ ကံစမ်းမဲ ကနေပြီးတော့ ဖယောင်းတိုင် ကံစမ်းမဲ ပေါက်ပါတယ်။
    မနိုဗွီ ဆီကနေပြီးတော့ ဖယောင်းတိုင် လက်ဆောင်ရတာ ပထမဆုံး အကြိမ်တွေ့တုန်းက လက်ဆောင်ဆိုပြီး ကိုယ်တိုင် လက်ဖြစ် ဖယောင်းတိုင် ဆိုပြီး ပေးခဲ့တာပါ…ဒါနဲ့ဆို ၂ခါ ရှိပါပြီ။

    သဂျီးရဲ့ ဒေါ်လှ ၁ဝ လည်း ကံစမ်းမဲပေါက်ပါတယ်.. ကံစမ်းမဲ ကံ သိပ်အားနည်းပါတယ်.. တော်တော် ပေါက်ခဲလှပါတယ်။ ပေါက်ခဲလှတယ် ဆိုပြီး မဝေ နဲ့ စားပွဲမှာ ပြောနေရင်းနဲ့ ကံစမ်းမဲ နှိုက်လိုက်တာ တယောက် တမျိုးစီ ပေါက်တော့ အရမ်းဝမ်းသာ သွားမိတယ်။

    ဒီပွဲ ဖြစ်အောင် စီစဉ် နိုင်တာကိုလည်း ဂုဏ်ယူမိပါတယ်။
    နောက်ထပ်ပြီး ရှေ့ကို ချီတက်ကြတာပေါ့။

  • Shwe Ei

    January 23, 2013 at 10:23 am

    နောက်တပွဲကျ ကံစမ်းမဲနှိုက်ဖစ်အောင် နှိုက်မယ်ဂျာ……….. :harr:

  • မင်းနန္ဓာ

    January 23, 2013 at 10:31 am

    နေ့ခင်းဘက် ဂဇက်ပွဲအပြီး
    ရှင်မွေးလွန်းက ဖုန်းဆက်တော့
    အရင်ဆုံးမေးတာ ဘာလဲ သိလား
    သူကြီးပေးတဲ့ ကံစမ်းမဲ ဘာပေါက်လဲတဲ့
    :kwi:

    • ဦးဦးပါလေရာ

      January 23, 2013 at 10:40 am

      နောက်တကြိမ်လာလို့ကောင်းအောင် ကြိုပြီး အကြံမပေးလိုက်ရဘူး….
      တကယ်တော့ ပါတိတ်ဝမ်းဆက်လေးတစ်စုံလောက် ဝယ်ပြီးပြန်ရမှာ…

      ဒါမှ အဲလိုမေးရင်-

      မေကြီးရေ-
      သူကြီးရဲ့ ဗလာမပါကံစမ်းမဲ ပေါက်ခဲ့သကွ-
      ဒါတောင် ဒီဆုမဲက အနည်းဆုံး… နောက်တကြိမ်ဆို ဒီ့ထက်များမှာ …

      လို့ မျက်စေ့မှိတ်ပြီး ပြောထည့်လိုက်ရမှာ…
      :harr:

  • moonpoem

    January 23, 2013 at 11:44 am

    နောက်တစ်ခေါက် ထပ်ကျင်းပမယ်ဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်ပါတယ်။ အန်တီပဒုမာတို ့မမတို ့လည်း ကျွန်မကို ပန်းနာမည်နဲ ့ပါတို ့ စာလုံးပေါင်းသတ်ပုံ ၂ခါထပ်တယ်လို့ ပဟေဌိဖွက်စရာ မလိုတော့ပါဘူး။ မှတ်မိသွားပါပြီ။ မှတ်မှတ်ရရ အန်တီပဒုမာက ရေထဲကပန်းလို ့ပြောလို ့ကျွန်မက မဗေဒါနဲ ့တူတယ်လို ့ပြန်နောက်ခဲ့တာ အမှတ်တရပါ။

  • kyeemite

    January 23, 2013 at 11:47 am

    8G Flash Drive လေး ၅ခု ပေါက်သူတွေ ရှေ့ထွက်လာတော့လည်း ဦးပါ၊FR၊ ကမ်းကြီး၊ရဲစည် နဲ့ ဝေဝေ တို့ ရသွားပါတယ်။နောက်ဆုံး ဒေါ်လှ ၁ဝ ရသူဆိုတော့ အစွန်ဆုံး စားပွဲက ရွာတော်ရှင် ဆူးက တပြုံးပြုံးနဲ့ ထွက်လာပါတယ်။မဲတွေအားလုံးဝေအပြီး Wireless Mouse ပေါက်တဲ့သူ ထွက်ခဲ့ပါခေါ်တော့ ရသူမရှိပါဘူး။
    ဒါဆိုခွက်ထဲ ကျန်တာဖြစ်မယ်ဆိုပြီး ရွှေတိုက်က ခွက်ကျန်မဲနှိုက်လိုက်တာ မိုက်ခဲအခမ်းအနားမှူး ပဲရသွားပါတယ်။
    (ပွဲတစ်ခုလုံး သူအပင်ပန်းခံစီစဉ်ရတာဆိုတော့ သူကြီးမင်းရဲ့ မေတ္တာတွေ စူးရောက်ပုံပါပဲ)
    အားလုံး သူကြီးကို ရုပ်ပြထားတဲ့ ရွာသူားဟောင်းတွေချည်းပဲဆိုတော့ ဒို့အဘ သဂျီးဟာ Harry Potter and the sorcerer’s stone ထဲက မှော်ဆရာကြီး များလားလို့ ထင်မိပါရဲ့။

    ဇတ်မင်းသမီးလေး မပဒုမ္မာပြောတာဟုတ်သဗျား…ကျနော်လည်း
    တော်တော်အံ့ဩဝမ်းသာသွားခဲ့ရကြောင်းပါ….
    မေတ္တာဆိုတာ စိတ်အင်အားပြင်းပြင်းနဲ့ပို့ရင်
    အမေဒိကားကနေ မြန်မာပြည် ကန်တော်ကြီးအထိရောက်တယ်ဆိုတာ
    သက်သေပြလိုက်သလိုပဲ…. :kwi:

  • ရွှေတိုက်စိုး

    January 23, 2013 at 11:51 am

    သားဂဒေါ့ ဝယားလက်မောက်စ်စ်စ် ပေါက်ဒယ်.. ခစ်ခစ်ခစ်..
    တဂယ်ပျော်ချာကောင်းဒယ်ဂျာ…….
    ထောက်ချွဲဂျော်တောင် ဝအောင်မချားလိုက်ရဘူး….မိုက်မရလိုက်မှာဆိုးလို. တူညားဒွေထက်အရင်အညန်ချားပြီး တွားလုရဒါ……
    တော်ကြာ ရှေ.ဆုံးဝို်င်းမှာ ထိုင်နေဒဲ့ ဟိုမိုက်လုနေကြဒဲ့လူဂျီးဒွေ ဦးတွားမချိုးလို. ခစ်ခစ်ခစ်..

  • ကိုရင်စည်သူ

    January 23, 2013 at 1:46 pm

    ဂေဇက်မှာ ဆုရသွားတဲ့ တိုင်ကပ်နာရီ ရှိကြသော ဆုရသူ
    လူပျိုအပျိုများအနေနဲ့.. ကြင်သူချစ်သူနှင့် မိမိဓါတ်ပုံကို
    နာရီကျောဘက် ဓါတ်ခဲအပေါ်ဘက်တွင် ကပ်ပြီး
    အိမ်ရဲ့အလယ်ဗဟိုတည့်တည့်တွင် ကပ်ထားခြင်းဖြင့်
    မခွဲအတူ ဓါတ်အတူ တသက်ယူ နိုင်ကြမည်ဖြစ်ပါကြောင်းနှင့်
    မိဘအနှောက်အယှက်ကြောင့် ကွေးကွင်းရခြင်းဘယ်တော့မှ
    မဖြစ်တော့ပါကြောင့် မနောမယ ယတြာလက်ဆောင်ပေးပါတယ်ဗျ… :528:

  • မန်းလေးသားနှစ်ယောက်
    ကိုပေါက် နဲ့ မောင်ပေ
    အများဆုံးအတွက်လက်ဆောင်လေးရတော့ ဝမ်းသာပါ၏။
    သတိတရ ဆုပေးသူများကိုလည်းကျေးဇူးလဲတင်ပါ၏။
    ပြန်လည်လှူဒါန်းခွင့်ရတဲ့အတွက်လဲ လက်ခံပေးသော ဒါဇင်ပလပ်အဖွဲ့ကိုလည်း ကျေးကျေးပါခင်ဗျာ။.

  • Mr. MarGa

    January 23, 2013 at 2:54 pm

    အခုထိ စားမြုံ့ပြန်လို့မပြီးသေးဘူး
    နောက် ခြောက်လကို ထပ်မျှော်လိုက်ဦးမယ်
    အခုတော့
    ပုံတွေ သိမ်းနေပါကြောင်း

  • manawphyulay

    January 23, 2013 at 3:59 pm

    ဝမ်းသာလှိုက်လှဲစွာနဲ့ ပွဲမတက်ဖြစ်တဲ့အတွက် အဝေးကနေ ရရှိသွားတဲ့ပစ္စည်းများကို သရေယိုသွားပါကြောင်း ပြောကြားလိုက်ပါတယ်ရှင်….

    • padonmar

      January 23, 2013 at 8:32 pm

      မနောကို လာမယ်ထင်လို့ မျှော်နေကြတာ။

      • MaMa

        January 23, 2013 at 10:12 pm

        ဟုတ်ပ့ါ။
        ခါတိုင်းလာနေကျမို့ လာမယ်လို့ ထင်နေတာ။
        နောက်တစ်ခေါက်ကျရင် လာဖြစ်အောင် လာနော်။ :hee:

  • မောင်ပေ

    January 23, 2013 at 7:25 pm

    အေးဗျာ
    ငွေဆုထားဦးမှပဲ
    နောက်တစ်ပွဲကြရင်
    တက်ရောက်ကြမယ့်သူများကို
    အထူးစပါရှယ် မိတ်အင်ဒီတင် အားဆေးဘူး များ ဆုချဖို ့ စိတ်ကူးရသွားပါတယ်
    လာနိုင်သည် ဖြစ်စေ
    မလာနိုင်သည် ဖြစ်စေ
    ဆုပေးဖို ့ရန် စိတ်ကူးလိုက်ပါပြီ

  • ကျနော့်ကို အဖိုးတန် စာအုပ်ကြီး လက်ဆောင်ပေးတဲ့ တီတီ ကို
    အားဂျီး ကျေးဇူး အကြီးကြီး တင်ပါတယ် ခင်ဗျ …
    အိုက်စာအုပ်ကြီး ခု ဖတ်နေပြီ …. ဟီဟိ ….
    ပြီးရင်တော့လား .. ငွင်းး ငွင်းးး

    အိုက်ပွဲလေး ဖြစ်မြောက်အောင် စီစဉ်ပေးဂျသူတွေရယ် …
    တက်ရောက်လာဒဲ့ ရွာသူားတွေရယ် …
    အားလုံး အားလုံးကို မောင်အံက ကျေးဇူးလည်း တင်တယ် ..
    မှတ်လည်း မှတ်ထားဘာဒယ် ….
    အဲ … ဒါပေမယ့် ….
    လမ်းမှာ တွေ့ရင်ဒေါ့ ခေါ်ဘူးးးနော့ .. အဟီးး :mrgreen:

    • လုံမလေးမွန်မွန်

      January 23, 2013 at 10:29 pm

      တွေ့လား… အဲ့လို..အဲ့လို… အပြင်မှာကျ သူမဟုတ်သလိုနဲ့..ဘယ်ရမလဲ..လုံမလေးပဲ… အသားကုန်လေပေါပေးလိုက်တယ်… :mrgreen:

  • Mobile

    January 24, 2013 at 2:52 pm

    နောက် ၆လကြာရင် ထပ်လုပ်မယ့် ဒုတိယအကြိမ် ဂဇက် ကွန်ဖရဲ့င့်နဲ့ ဆုပေးပွဲကို ဘယ်လို ပျော်စရာ အစီအစဉ်တွေနဲ့ လုပ်ကြမယ်ဆိုတာ အိပ်မက်မက်ကြပါစို့။
    ++++++++++++++++++++++++++++
    ဒီပို့စ်ကိုဖတ်ရင်း အထက်ပါစာသားလေးကိုတွေ့တော့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း
    နောက်တစ်ကြိမ်တွေ့ဆုံပွဲရောက်ခါနီးရင် လာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမည်ဖြစ်ပါကြောင်းးးးးးးးးးးး
    အခုတစ်ကြိမ်တွေ့ဆုံပွဲကိုတော့ မလာရောက်နိုင်ခဲ့ခြင်းအတွက် မိမိကိုယ် မိမိရင်ထုမနာဖြစ်လှပါကြောင်းးးးးးး

  • အလင်းဆက်

    January 24, 2013 at 7:35 pm

    နောက်တစ်ပွဲ မှာ..ပို ပျော်စရာကောင်းမယ် ထင်ပါတယ် ။

  • ဝင့်ပြုံးမြင့်

    January 24, 2013 at 9:22 pm

    အန်တီပဒုမ္မာရေ
    စာအုပ်အတွက် ကျေးဇူးတင်ပါတယ်။ ဂဇက်ပွဲစီစဉ်သူတွေရဲ့ စေတနာနဲ့ ဂဇက်အပေါ်ထားတဲ့ သံယောဇဉ်ကို လည်း လေးစားမိပါတယ်။ နောက်တစ်ခါ လာနိုင်အောင် ကြိုးစားဦးမယ်။ ပြုံးရဲ့သားလေးက ကာကွယ်ဆေး ထိုးပြီးလို့ အဖျားတက်နေတာနဲ့ အခုမှပဲ အူရားဖားရား ကျေးဇူးတင်စကားပြောရတာပါ အန်တီရေ။
    ဂဇက်တစ်ရွာလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

  • uncle gyi

    January 24, 2013 at 11:18 pm

    တက်ရောက်ကြသူတွေတော့မသိဖတ်ရတာကိုကကြွကြွရွရွ
    စိတ်ဝင်စားပျော်စရာကြီးပါလားဟရို့

  • Nyein Nyein

    January 25, 2013 at 7:45 pm

    အန်တီပဒုမ္မာရေ……… နောက်ခြောက်လနေရင် ဒီလိုမျိုး ပြန်လည်ဆုံတွေ့ကြဦးမယ်ဆိုတဲ့ အသံလေး ကြားမိပါတယ်…………… ဒီတစ်ခေါက်ဆုံတွေ့ကြရတာ တကယ်ပျော်စရာကြီးပါ………….. အခုထိကို ပြန်တွေးတိုင်း ပျော်နေတုန်း။ အခုလို အန်တီရဲ့ ပို့စ်တွေကို ဖတ်ရတော့ နောက်တစ်ခေါက် ထပ်ပြီး တွေ့ဆုံပွဲကို ရောက်သွားသလိုပါပဲ………..
    ပွဲစီစဉ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဗလာပါကံစမ်းမဲ ဖောက်ပေးတဲ့ သူကြီးရယ်၊ သော့ချိတ်လက်ဆောင်ပေးတဲ့ ကိုP Chogyi ရယ်၊ ဗလာမပါကံစမ်းမဲ ဖောက်ပေးတဲ့ မနိုဗွီရယ်………. အားလုံး(အားလုံး) ကိုကျေးဇူးတင်ပါတယ်။ အခုလို အမှတ်တရလေးတွေ ဖြစ်အောင် စီစဉ်ပေးကြလို့ပါ။

  • kai

    January 26, 2013 at 4:01 am

    ဗလာမပါကံစမ်းမဲတဲ့..
    ကံစမ်းပါတယ်ဆိုမှ… ဗလာမပါချင်ကြသေးတယ်..
    ဗလာမပါချင်… . ကံမစမ်းမဲလိုနာမယ်တပ်လုပ်ပေါ့.. :harr:

    ဆိုတော့….
    နောက်၆လက..အတည်ဖြစ်သွားပလား… လို့..

    • padonmar

      January 27, 2013 at 9:18 pm

      အတည်ဖြစ်ပါတယ် သူကြီးရေ၊
      သူကြီးကသာ လာမယ်ဆိုပြီး အပျော်မကြံပါနဲ့။

      ငှက်ကထကြီးက ဒီပွဲမတိုင်ခင်ကတည်းက နောက်၆လဆို လုပ်မယ့်ပွဲကျရင် စားသောက်ဆိုင်မှာထက် မိဘမဲ့ကျောင်းလိုမျိုးမှာ အလှူလေးလုပ်ရင်း ဆုံကြ၊ဆုပေးကြရအောင်လို့ အမိ်န့်ချထားပါတယ်။

  • အလင်းဆက်

    January 27, 2013 at 8:16 pm

    ကျွန်တော့်ကို…
    ကျွန်တော် အရမ်းနှစ်သက်တဲ ့… စာအုပ် ကြီးကို…
    လက်ဆောင် အဖြစ်… ပေးအပ်ပြီး…. အသိအမှတ်ပြု ပေးတဲ ့အတွက်..
    စီစဉ်သူ… ချစ်သော..လူကြီးမင်းများ ကို..ကျေးဇူးတင်ပါတယ်လို ့။

    ဘဝ မှာ..အမြတ်နို းရဆုံးသော.အရာတွေ ထဲမှာ..
    အဲဒီ စာအုပ်ကိုလည်း.. ထည့် ထားးပြီး..
    အမြဲ တမ်း… တန်ဖိုးထား..မှာပါလို ့…

    ချစ်သော…
    အလက်ဆင်း

  • E T

    January 29, 2013 at 3:37 pm

    နောက်တခါတော့ တက်ဖို့ကြိုးစားပါတော့မယ်။
    စီစဉ်သူအားလုံးကိုကျေးဇူးတင်မိသလို..တက်ညီလက်ညီရှိတဲ့အဖွဲ့ဝင်များကိုလည်း အားကျမိပါသည်။

  • padonmar

    January 30, 2013 at 1:05 am

    E T ဆိုတာ ကျမတို့ သဘောင်္သီး အီးတီလေးများလား၊ပျောက်ချက်သားကောင်းနေပါတယ်။
    နောက်တစ်ခါ ပွဲကျတက်ဖို့ ဖိတ်ပါတယ်။

    • မောင့်ကျက်သရေ ဂီ့

      January 30, 2013 at 5:56 am

      သများတို့နှူးဘာတီ က ဗမာလိုတီတာပါအန်ကယ်ဒုံရယ်

      ပုံ
      နှူးဘာဂုတ်ဂျိုင်း

  • လူကလေး

    January 31, 2013 at 3:05 pm

    နောက်တစ်ခေါက်တော့ ရှေ့ဆုံးကနေ ခုံလုထားမယ်ဗျို့…. :mrgreen:

  • zaw min

    February 1, 2013 at 9:03 pm

    ေဩာ်..ဒီပွဲတော့ ကပ်လွှဲသွားပါပြီ….အားလုံးနဲ့ဆုံနိုင်ဖို့နောက်ထပ်ခြောက်လ….ဒုတိယအကြိမ်ကို ကျနော်တို့သူကြီးကိုယ်တိုင်တက်ရောက်ပါလိမ့်မယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • padonmar

    February 1, 2013 at 9:55 pm

    မောင်လူကလေး ခုံကြိုလုရင် မောင်ဝင်းတော့ ခေါ်မလာနဲ့နော်.
    ………
    ကိုဇော်မင်း ကိုလည်း မျှော်နေကြပါမယ်။ဘာဟင်းတွေများ ချက်လာမလဲလို့။
    …..
    အစုကြီးအလှူတုံးက ရေလှူတဲ့ ကိုမင်းဇော်လည်း ပျောက်နေပါတယ်။

Leave a Reply