ဟာသလေးတွေ

Yin Nyine NwayJuly 20, 20101min400
နောက်တစ်မျိုးက

‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး
လေပါးကို ပြောစမ်း။’’
‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးတော့…’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’ 🙂

၂) ရောမမြို့ကြီးတည်ဆောက်ချိန်

‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

၃) ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ
ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’

၄) ဆက်သွယ်လိုလျှင်

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

၅) ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်…ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

၆) မှန်ပေမယ့် မှားတယ်

‘‘ စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘ သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’

၇) မှန်တော့မှန်ပါရဲ့

‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’

၈) စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

၉) အမေးနှင့် အမေး

‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’

၁၀) သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

သူငယ်ချင်းများအားလုံး အသက် ၁၀ဝ ကျော်အထိ ကျန်းမာ၊ချမ်းသာစွာနဲ့နေရပါစေလို့စုတောင်းရင်း…….