ဥာဏ်ကြီးရှင်
လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင် သူတို့
အဘွားအိမ်သို့ အလည် ရောက်နေသည်။
ညအိပ် ချိန်တွင် မျောက်ညီနောင်အား အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊
ဘုရားရှိခိုးပြီးသောအခါ
ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား
(ကျယ်လောင်စွာဆုတောင်းလေသည် )။
ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နား
မလေး ပါဘူး။
ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊
ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ ။

နောက်မသွားတော့ဘူးနော်
ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကို
ရေးချင်တာ………..
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ မောင်ယောက်ျား…..
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ…..
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်
ယောက်ပွားစည်းလာတယ် …
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် မောင်ယောက်ျားက မမိန်းမ ကို ကလေးတစ်ယောက်အမေ
လို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ မောင်ယောက်ျား ဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်
ထွက်တက်လာတယ်… သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ…..ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ … သကောင့်သားက KTV ,
တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ…..ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် … နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း…….
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ…..ဆိုပြီး လစ်တယ်လေ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ …….
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ …..
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် …လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ…..ဆိုပြီး
လစ်မလို့ ခြေလှမ်းနေတုန်း မမိန်းမ
က ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်သူအပြင်ကို
မသွားတော့ဘူးတဲ့ …………………………

……..
ပြောလိုက်တာက
သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့
လူမှားတာ တဲ့
လူငယ်တစ်ယောက်ပိုက်ဆံပြတ်သဖြင့်

ရုပ်ဖျက်ပြီးတောင်းစားရန်ဆုံးဖြတ်လိုက်သည်။
ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်အစားကိုဝတ်ပြီးကုန်းကျော်တံတားသို့ သွားသည်။
အားလုံးမြင်သာသည့်နေရာတွင်ထိုင်ချလိုက်သည်။
ထို့ နောက်ဦးထုပ်ကိုပက်လက်အနေအထားဖြင့်မိမိရှေ့ တွင်ချကာစတောင်းရန်ပြင်သည်။
ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမျိုးသမီးငယ်တစ်ယောက်လျှောက်လာသည်ကိုမြင်ရသည်။
ဈေးဦးပေါက်တော့မည်ဟုတွေးကာအားတက်သွားသည်။
သို့ သော်အနားရောက်လာတော့မှမိမိချစ်သူမှန်းသိကာခြေဖျားလက်ဖျားတွေအေးစက်သွားသည်။
ထပြေးချင်သည်။ အချိန်မရှိတော့…
အမျိုးသမီးသည်လူငယ်ရှေ့ တွင်လာရပ်ပြီးသူ့ မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။
ထို့ နောက်အံ့သြသံဖြင့်ပြောသည်။
…..ရှင့်ကိုကြည့်ရတာကျွန်မရဲ့ အမျိုးသားနဲ
့အရမ်းတူတာပဲ..တူတာမှချွတ်စွတ်ပါပဲရှင်…. Wo
အသံကိုထိန်းပြီးလူငယ်ပြန်ပြောသည်..
…..ခင်ဗျားလူမှားလို့ ဖြစ်ပါလိမ့်မယ်…. auu
…..ဖြစ်နိုင်ပါတယ်..ဒါပေမယ့်သေချာအောင်သူ
့အိမ်မှာရှိမရှိသွားကြည့်လိုက်ပါဦးမယ်…. huwe
အမျိုးသမီးထွက်သွားသည်နှင့်လူငယ်သည်အရင်ဦးအောင်အိမ်သို့ ပြေးသည်။
ရောက်ရောက်ချင်းကမန်းကတမ်းရေချိုးပြီးအ၀တ်အစားလဲသည်။
မကြာမီအမျိုးသမီးရောက်လာသည်။
လူငယ်ကိုတွေ့ သောအခါသံသယရှိသေးသောအသံဖြင့်ပြောသည်။
……ရှင်နဲ့ အင်မတန်တူတဲ့သူတောင်းစားတစ်ယောက်ကိုကုန်းတံတားမှာကျွန်မခုပဲတွေ
့ခဲ့တယ်ရှင့်….. Notice
……ခင်ဗျားလူမှားတာပါလို့ မင်းကိုကိုယ်ပြောပြီးပြီပဲ…..”

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer