တမ်းတပါသည်. . . (ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု)

တောက ကိုရင်January 23, 20131min1021

တမ်းတပါသည်… (ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု)

တမ်းတပါသည် ပြာရီမျက်ရွှန်း လက်လွန်းနေရောင်ဝေမှောင်မြင်ခက်­­ရင်ထက်ငွေ့လို

မေ့ကိုသာလွမ်း မှာတမ်းဆင့်ခြွေနင့်စေအန်ထွက် ပြန်ခက်ယိမ်းလိုကိန်းခိုရာဝယ်

ဖြာမယ်နွေအား ခြွေထားပြင်းခက်­­ဆင်းသက်မြိုင်အို ကြိုင်လိုမွှေးပန်း ဆွေးနွမ်းမှောင်­­ရီ

ရောင်နီပြန်လှပ်လျှံအပ်လွင်မြဲ ယှဉ်ဝဲကျေးငှက် ကြွေးလျက်နားခိုသွားလိုထက်ဆီ

ခက်ပြီစေရွယ် နေကွယ်မှားခြင်းနားရင်းဗွေဖောက်­­နေပြောက်မှိုင်းရင့် ပြိုင်းနင့်တိုင်းဂုံ

နှိုင်းရုံဆောင်နှင် ရှောင်ချင်ပြေးပုန်း ဆွေးတုန်းတွယ်ရာဖယ်ခွာမုန်းလို့မျက်ပြီလား…။

ကျွမ်းမြတာရှည် ရာသီစက်ဝန်း ခက်လွန်းစေအောင်ရေရောင်ရင်ထက် မြင်လျက်တွေ့ဆို

မေ့လိုခွာလှမ်း ပြာနှမ်းလွင့်စေမြင့်ရေလျှံတက် ကန်ထက်စိမ်းစို ယိမ်းလိုကြာနွယ်

ညှာတွယ်စေသား ကြွေသွားနှင်းစက် ဝင်းလက်ယိုင်ပြို ဆိုင်လိုဆွေးကျွမ်း ဝေးလှမ်းနှောင်သီ

ချောင်ဆီကန်စပ် တံလျှပ်မြင်ဆဲ ပင်လဲတွေးခက် ဆွေးလျက်မှားကိုထားသိုခက်သည်

မျက်ရည်ခြွေလွယ်စွေမယ်အားတင်း သွားရင်းခြေခေါက် ရေနောက်လှိုင်းဆင့်

ဆိုင်းလွင့်ပြိုင်းဟုန် လှိုင်းထုံဘောင်ဘင် နှောင်ငင်ဆွေးပြုံး ပြေးပုန်းကွယ်ရာတွယ်တာဆုံးမို့

ပျက်မည်လား…။

နွမ်းလျခါမှီ နာရီပျက်ယွန်း နက်လွန်းကေသျှောင် ပြေယောင်ဆင်လျက်မင်သက်မေ့ဆို

နေ့အိုညှာကျွမ်းခါရမ်းလွင့်ကြွေပွင့်ဝေပန်ခက် မာန်တက်ယိမ်းဆိုတိမ်းလိုရာတွယ်

ခွာဖယ်ဝေဝါး မေအားညှင်းရက် နှင်းစက်ထိုင်ငို မှိုင်ဆိုတွေးလွမ်း တေးလွှမ်းလှောင်ရီ

ကြောင်စီဖန်ထပ် ကံစပ်ရင်ထဲ ကြင်သည်းအေးစက် ထွေးဖက်ထားလို နားကိုယှက်မည်

ရှည်သည်သွေဖယ် ဝေမယ်လားနှင်း အားပြင်းသေလောက်စေရောက်ဆိုင်းလင့်

နှိုင်းတင့်မှိုင်းမှုန် တိုင်းတုန်အောင်ပင် မြောင်နှင်ဝေးဆုံး သွေးဖုံးတွယ်တာ နွယ်သာရုန်းဖို့

ခက်ချည်သား…။ ။

တောက ကိုရင်
၂၂.၀၁.၂၀၁၃

One comment

  • မောင်ပေ

    January 23, 2013 at 8:53 pm

    တမ်းတပါသည်
    မှန်းဆရာသီ
    နှမ်းမရနာမည်
    ကြမ်းသမျှပါတီ
    လမ်းမှဆာဂွီ
    ရှမ်းမလာရီ

Leave a Reply