လုပ်သင့်တာ ကြာပြီ

မနေ့က ရုံးကပြန်တော့ လှည်းတန်းမီးပွိုင့်ဟာ ထူးထူးဆန်းဆန်းရှင်းနေပြီး
ခါတိုင်း နာရီဝက်ကျော်ခရီးကို မိနစ် ၂ဝ နဲ့ရောက်ခဲ့ပါတယ် ၊
( လှိူင် သံလမ်းမှတ်တိုင် မှ စိုက်ပျိုးရေး )
အကြောင်းကတော့ ယာဉ်ထိန်းရဲတွေက ဘတ်စ်ကားတွေကို လှည်းတန်းမှာ
ကျောက်ချမနေစေပဲ အဆင်းအတက်ပြီးတာနဲ့ တန်းမောင်းခိုင်းသလို
ဗိုလ်ကျလှတဲ့ ဈေးသည်တွေကိုလည်း ရောင်းခွင့်မပေးခဲ့လို့ လမ်းဟာ ရှင်းနေပါတယ် ၊
ညနေ ၆ နာရီနောက်ပိုင်းတော့ မပြောတတ်ပါဘူး ၊
ဘာပဲဖြစ်ဖြစ် သောင်းချီတဲ့ ခရီးသွားတွေဟာ အတော်ကြီး အဆင်ပြေကြရပါတယ် ၊
ဒါမျိုးကို စီမံချက်ကာလမို့ လုပ်တာမျိုးမဟုတ်ပဲ အမြဲပုံမှန်ဖြစ်သွားစေချင်ပါတယ် ၊
ဒီအောက်ကတော့ ရတနာပုံဝက်ဘ်ဆိုက်က သတင်းပါ ၊

ရန်ကုန်မြို့ မြို့နယ် ၄ မြို့နယ်မှာ စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ဒီကနေ့ စတင်ပြုလုပ်ပြီ
ယာဉ်စည်းကမ်း လိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ရ ခုတွင်  ယာဉ်ထိန်းအင်အား ၂၀ဝ ကျော်ဖြင့် ယနေ့စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။ မရမ်းကုန်းမြို့နယ် အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်း လမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအဝိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်း၊ ဟံသာဝတီအဝိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ပညာပေးကာလ ပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ရန်ကုန်မြို့အတွင်း အများပြည်သူ သယ်ယူပို့ဆောင် ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်နဝါရီ ရ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီး ယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်သည်။

23 comments

  • ခိုင်ဇာ

    January 23, 2013 at 10:13 am

    အင်း။ မနေ့ကရောက်ပြီး ဒီနေ့ ၃ ခုမြောက် ပို့(စ) တဲ့။
    အတော် လက်သွက်ပုံပဲ။ (စာရိုက်တဲ့ နေရာပြောတာပါ။) :mrgreen:

    ကျနော် ဒီ တစ်ခေါက်ပြန်တော့ကို ဒီ လမ်းကျပ်တဲ့ ကိစ္စ အံ့ဩရသေး။
    လမ်းမှာတင် ကုန်တဲ့ အချိန်က မနည်း။

    ဒီလို လုပ်ဆောင်ချက်မျိုးကို ရေရှည်လုပ်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
    ကောက်ရိုးမီး စီမံချက် မဟုတ်ပါစေနဲ့ ဆုတောင်းရမှာ ပဲ။ :harr:

  • Mon Kit

    January 23, 2013 at 10:37 am

    ဩော.. ဒါ့ကြောင့် အဲနေ့က မော်တော်ပီကယ်တွေ လမ်းတစ်လျှောက် ဖွေးဖွေး လှုပ်နေတာကိုးးးးးးးးးး
    သူတို့ က လမ်းရှင်းပေးတာ မှန်ပေမဲ့ တချို့ဘတ်စ်ကားတွေကတော့ မီးပွိုင့်ကို ထပ်အမိခံပီး ခရီးသည် တင်တာကတော့ တော်တော်ဆိုးတယ်…… :byae:

  • ဦးကြောင်ကြီး

    January 23, 2013 at 10:48 am

    ယဉ်ထိန်းရဲ
    ဂွင်သိမ်းနဲ
    နင်ခြိမ်းဆဲ
    ဖင်ကြိမ်းမြဲ
    ရွှင်ဘိန်းခဲ
    အင်မှိန်းလွဲ
    ဖျင်စိမ်းတွဲ
    ထင်ကိန်းချဲ..။

  • မင်းနန္ဓာ

    January 23, 2013 at 10:56 am

    ကောက်ရိုးမီး မဟုတ်ရင်တော့ ကောင်းပါလေ့
    မြန်မာတွေအကျင့်ကလည်း မျက်လုံးဒေါက်ထောက်ကြည့်နေမှ စည်းကမ်းသိတတ်ကြတာ

  • Shwe Ei

    January 23, 2013 at 10:56 am

    ဟုတ်ပဗျာ၊ လှည်းတန်းလမ်းမတလျှောက်တော့ အတော်လေးရှင်းနေလေရဲ့။
    ကုက္ကိုင်းပွိုင့်ကျမှကျပ်နေတော့တာ။ YUFL ကနေ ကမ္ဘာအေးဘုရားလမ်းပေါ်ရောက်ဖို့
    နာရီဝက်တိတိကျာတယ်ဗျ။

  • minn_annawar

    January 23, 2013 at 11:16 am

    လမ်းဆုံမှာ မီးပွိုင့်ရှိရှိ၊ မရှိရှိ ဘတ်စကားတွေ ခရီးသည်အတင်အချလုပ်နေတာတွေ။
    ယာဉ်ကြော ၂ခုရှိလမ်းမှာ ညာဘေးယဉ်ကြောကပ်မရပ်ပဲ ဘယ်လမ်းကြောင်းမှာရပ်ပြီးအတင်အချလုပ်တာ။
    ယာဉ်ကြော ၃ခုရှိလမ်းမှာ ညာဘေးယဉ်ကြောကပ်မရပ်ပဲ အလယ်လမ်းကြောင်းမှာရပ်ပြီးအတင်အချလုပ်တာ။
    ကားမှတ်တိုင်နေရာမှာ ရှေ့ကား နောက်က ကပ်မရပ်ပဲ ကားချင်းယှဉ်၊ ရပ်ထားတဲ့ကားကိုပိတ်ပြီးရပ်တာမျိုးတွေ။
    မီးပွိုင့်မှာ ပြောင်းပြန်ယဉ်ကြောကမောင်းပြီးကွေ့ဖို့ကျိုးစားလို့ ထိပ်တိုက်တွေ့ပြီးပိတ်နေတာတွေ….. ပျောက်သွားအောင် မလုပ်နိုင်သေးရင်တော့
    ကြပ်နေအုံးမှာဘဲ။

  • ခင်ခ

    January 23, 2013 at 11:24 am

    ခဏလုပ်ပြတာမျိုးတွေ ဟို အရင်က ခဏ ခဏ လုပ်တတ်ကြတယ်။
    အခုလည်း အဲလိုဘဲ ခဏ လုပ်ပြတာမျိုး မဟုတ်ဘဲ သေချာစီမံချက်နဲ့ ရေရှည်အတွက် လုပ်သွားဖို့လိုတယ်။
    ဒိပြင်ဆိုရင် ခဏ တာဘဲ ကောင်းပြီး အရင်အတိုင်းပြန်ဖြစ်နေအုံးမလားဘဲဗျာ။

  • ကထူးဆန်း

    January 23, 2013 at 11:28 am

    ရေတက် ငဇင်ရိုင်း မြဖြစ်ပါစေနဲ့ ဘဲဆုတောင်းပါတယ်။ ဒီလို စာမျက်နှာ မျိုး ဖန်တီးပြီး ယာဉ်ထိန်းရဲမျက်ကွယ်မှာ စည်းကမ်းဖောက်သူတွေကိုလည်း အရေးယူသင့်ပါသည်။

    http://www.facebook.com/pages/Yangonbus/351525421606009?ref=ts&fref=ts

    ဒီခေတ် လူအများမှာ ဖုန်း ရှိလာပြီး ဓါတ်ပုံ ရိုက်နိုင်လာပြီဆိုတော့ ဒီလို စာမျက်နှာ ၊ web site လုပ်သင့်ကြောင်းပါ ။

  • kai

    January 23, 2013 at 12:32 pm

    လဘ်စား..ပိုက်ဆံခိုး..ငွေယူလုပ်မရအောင်.. တစ်ကစ်စနစ်ဟေ့.. တစ်ကက်စနစ်လုပ်..
    လမ်းဘေးမှာကားမရပ်ရဆိုင်းဘုတ်တင်..
    ရပ်တဲ့ကား.. တစ်ကက်ကို ကားဝိုင်ပါမှာညှပ်ထားပေးလိုက်ပါ..
    ဒါမှမဟုတ်..
    ကားကိုတိုးဆွဲပါ…
    ရန်ကုန်ဒေါင်းတောင်းအပါအဝင်.. မြို့နယ်တော်တော်များများ.. တပြိုင်ထဲလုပ်သင့်ပါတယ်..။

    လူတွေလည်းအလုပ်အကိုင်အခွင့်အလန်းတိုး..စည်းကမ်းလည်းရှိ..။ မြို့နယ်စည်ပင်လည်း..ဝင်ငွေလည်းရ..
    Win-Win ဖြစ်ပါကြောင်း..

    ဈေးရောင်းရင်း..ရောင်းတဲ့သူ.. တစ်ကက်ပေးပါ..။
    ငွေဆောင်ခိုင်းပါ..

    • ကထူးဆန်း

      January 23, 2013 at 4:44 pm

      သူကြီးပြော နေချိန်မှာဘဲ မြို့ထဲ ဖရီးပါကင် ဖြစ်တော့မယ် တဲ့ ။။တူနယ် တဲ့နယ် ။။ုုုုူ
      ဒါ တို့ တိုင်း တို့ပြည် .
      တို့ ထင်ရာလုပ်ပါသည်….

      http://www.news-eleven.com/index.php?option=com_content&view=article&id=17528:2013-01-23-07-49-05&catid=43:2009-11-10-07-39-09&Itemid=111

      • kai

        January 24, 2013 at 1:32 am

        တလွဲကို စနစ်တကျလုပ်တတ်တဲ့နေရာမှာ.. ၂ယောက်မရှိတဲ့..အစိုးရလို့ပြောရမယ်..။ :buu:
        အများပြည်သူပိုင်တဲ့လမ်းနေရာကို.. ကားပိုင်ရှင်က.. ခဏငှားပြီးရပ်တာဆိုရင်.. ပြည်သူကို.. ထိုက်သင့်တဲ့ငွေကြေးပေးရမှာပေါ့..။
        အစိုးရဆိုတာက.. လူထုအခွင့်အရေးမနစ်နာအောင်.. လုပ်ယူရမယ့်အခိုင်းအစေတွေဖြစ်တယ်ဆိုတာ.. သဘောမပေါက်တဲ့အဖြစ်ပဲ..။
        အစိုးရ(မြို့အုပ်ချုပ်ရေး)က..သူလုပ်ချင်တိုင်းလုပ်လို့ရနေတယ်ထင်နေသလားမသိ..

        ဖရီးပါ့ကင်ကို.. အင်မတန်ချမ်းသာတဲ့အစိုးရတွေတောင်.. ဖရီးဆားဗစ်အဖြစ်.. မြို့ထဲနေရာတွေမှာ.. ကားပိုင်ရှင်တွေကိုမပေးဘူး..။
        ပါ့ကင်ကြေးကောက်တယ်ဆိုတာ.. ကားတစီးထဲတနေရာမှာကျောက်ချရပ်မထားအောင်.. စီမံထိန်းချုပ်တဲ့အလုပ်တခုဆိုတာလည်း.. တဘောပေါက်ပုံမရဘူး..
        .. အနိစ္စ… :gee:

      • Foreign Resident

        January 24, 2013 at 8:07 am

        တော်တော့်ကို ဉာဏ်ထိုင်းတဲ့ အစိုးရ ပါပဲ ။

        အမှန်က ကားပါကင်ကြေးကို ထပ်မြှင့်ရမှာ ။
        ဒါဏ်ကြေးတွေကို ထပ်မြှင့်ရမှာ ။
        ရတဲ့ ပိုက်ဆံ နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ၊
        Public Transport System ကို ၊
        ကောင်းအောင်လုပ်ရမှာ ။

      • မောင့်ကျက်သရေ ဂီ့

        January 24, 2013 at 8:37 am

        အို…ဘာတဲ့ …
        ဖရီးပါကင် ဟုတ်စ ……
        တောင်းအေ့စ် တစီးလောက် ဆွဲသွားပြီး မြို့လည်ခေါင် လမ်းဘေးကျောက်ချရပ် လို့
        ဟမ်ဘာကာ ခါဘတ် အိုနိဂိလိ ထမင်းလိပ်
        စတဲ့ ဖာ့စ်ဖုတွေ ရောင်းစားချင်စိတ်ပေါက်အောင် ဖိတ်ခေါ်နေသလိုပါပဲလား

        စီးဘွားရေး အလုပ်အကိုင်အသစ် တေ ပေါ်ထွန်းလာအောင် လုပ်ပေးတဲ့
        ဒို့ အဘတို့ကို ဒို့တော့ သိပ်ခြစ်တာဘဲကွယ်….

        :harr:

  • etone

    January 23, 2013 at 12:53 pm

    ဒီနေ့မနက်လည်း .. လှည်းတန်းမီးပွိုင့်ကစလို့ … အင်းစိန်လမ်းမပေါ်မှာ … ဝတ်စုံပြည့်ဝတ်ထားတဲ့ ဘဲဥတစ်ယောက်လျှင် ဓါတ်တိုင် တစ်တိုင်ခန့် အကွာကနေ စောင့်ပြီး လေးငါးယောက်ခန့် ….. ကားရှင်းပေးနေတာ မြင်ခဲ့ပါတယ် …
    ဒါပေမယ့်လေ … သူတို ့အကျီ င်္တွေက .. အသစ်ချက်ချွတ်လို တောက်ပြောင်နေတာကတော့ … အဟဲ … စိတ်ဝင်စားမိတယ် .. ဓါတ်ပုံရိုက်ခံဖို့ များလားရယ်လို့လေ … ခိခိ … ။ အပွင့်ခက်တွေကလည်း … တောက်ပြောင်လို့ … ။

    ကောက်ရိုးမီးလို … ဟန်ပြ ဟုန်းဟုန်းတောက်ပြတာမျိုးမဟုတ်ပဲ …. ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း တကယ်ရှိသွားမယ့်အချိန်ထိ တည့်မတ်စောင့်ကြပ်ပေးနိုင်တာမျိုးဆိုလျှင်တော့ …သူ ့တာဝန် သူထမ်းနေတာတောင် ..သာဓုခေါ်မိမှာပဲ .. အဟီး ။ :kwi:

    • Wow

      January 24, 2013 at 11:13 am

      ဒီနေ့ မြို့ထဲဘက်ကသွားပြီး ပြန်အလာ လှည်းတန်းမီးပွိုင့်ဖြတ်တော့ ယင်ထိန်း ၁ဝ ယောက်လောက် လမ်းရှင်းနေတာတွေ့လိုက်တယ်…
      လမ်းကြောတွေရှင်းပြီး ကားကဘယ်မှာမှမပိတ်ပဲ မြန်လိုက်ပုံများနှယ် … နေတောင် မနေတတ်တော့ဘူး… အရင်လို လမ်းမပိတ်တော့ ရင်မှာ ဟာတာတာနဲ့ :harr: :harr:

  • Myo Thant

    January 23, 2013 at 1:09 pm

    ကျွန်တော်က ညဘက် ရုံး ( Myanmar InfoTech ) ကို ပြန်လာရလို့ ဒီညနေ ရုံးကပြန်မှ မနေ့ကလိုပဲရှိဦးမလားဆိုတာ မြင်ရမှာပါ ၊
    ဝတ်စုံအသစ်နဲ့အတူ စိတ်ဓါတ်တွေလည်း သစ်သင့်ပါပြီဗျာ ၊

  • Good™

    January 23, 2013 at 11:01 pm

    21/01 13 နေ့ က တော့ မဟာမြိုင်ကနေ လှည်းတန်း အထိ ကို ညနေ ၆နာရီ က နေ ၆နာရီ ၄၄ မိနစ်၊ ၄၄ မိနစ်ကြာအောင် ကာစီး ခဲ့ ရတယ်။

  • etone

    January 24, 2013 at 8:38 am

    အဟေးးးးးးးးးးးးး ထင်သားပဲ .. ရေတက်ငါးဇင်ရိုင်းတွေပါဆိုတာ … ကောက်ရိုးမီးတွေပါဆိုတာ … ခိခိ
    ဒီမနက် … ဘဲဥတယောက်မှ မရှိတော့ဘူး … အဟိ …. ရယ်ရတယ် ဗြဲ 😆

    • Wow

      January 24, 2013 at 11:15 am

      အခု ၁ဝ နာရီလောက် မြို့ထဲကပြန်လာတာ လှည်းတန်းမှာ ၁ဝ ယောက်လောက် ပြန်ရှင်းပေးနေကြပြန်ပြီတုံရေ့…

      • etone

        January 24, 2013 at 12:03 pm

        ဪ ..ဟုတ်လား …
        အင်း .. မနေ့ကတော့..တက်တက်ကြွကြွနဲ့ အစောကြီး လမ်းရှင်းတယ် .. ဒီနေ့တော့ .. ပင်ပန်းလို့ အိပ်ယာထ နောက်ကျကြတယ် ထင်ပါရဲ့ .. အဟိ … အို .. ဘာဖြစ်ဖြစ် … ဒီနေ့ဆို 2ရက် ချိဘီ .. ခိခိ …

        မနက်ဆို ခုနှစ်နာရီ ပတ်ဝန်းကျင်လောက်ဆို လှည်းတန်းက ဖြတ်တယ်လေ …. တခါတလေ အဲ့အချိန်တောင် ကားကြပ်နေတတ်တယ် …

  • အရီး လေး

    January 24, 2013 at 10:53 am

    ဖရီးပါကင် ဆိုလို့
    ခုတောင် မြို့ထဲကလမ်းတွေမှာ
    ပြည်သူပိုင် လမ်းကို ကိုယ်တစ်ဦးတည်း ပိုင်
    လုပ်လို့ နေရာတွေ အပီယူပြီး ဦးထားလိုက်ကြတာ
    မုန်းစရာ
    ဖရီးသာဆို ဘယ်လိုနေမည်မသိ

  • ဆူး

    January 24, 2013 at 1:44 pm

    ဖရီးပါကင် ဆိုတော့ ဝမ်းသာလိုက်တာ အရမ်းပဲ.. ဒီတိုင်းပြည်က လူတွေက မသေခင် တိုင်စိုက်ထားပြီး နေရာ လုတဲ့ အကျင့်ကလည်း ခပ်ဆိုးဆိုးရယ်.. စိတ်ပျက်စရာကြီး။

  • Thet Aung

    February 5, 2013 at 1:56 am

    ကောင်းပါ့ဗျာ ဘယ်လိုလုပ်လုပ် လူထုအကျိုးရှိရင်ပြီးတာပါဘဲ။

Leave a Reply