ပင်စင် ယူသင့် မယူသင့်

weiweiJanuary 23, 20131min23833

ကျွန်မတို့ အစိုးရဝန်ထမ်းလောကမှာ ပင်စင်ဆိုတာ ရှိပါတယ်။ အသက် ၆ဝ ပြည့်ရင် မဖြစ်မနေ ပင်စင်ယူကြရပါတယ်။ လုပ်သက် နှစ် ၃ဝ ရှိရင်လဲ ပင်စင်ယူချင်ရင် လုပ်သက်ပြည့်ပင်စင်ယူလို့ရပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေပါစေ အသက် ၆ဝ ပြည့်ရင်တော့ ပင်စင်ယူကြရပါပြပြီ။

ပင်စင်ယူသင့် မယူသင့် ဒွိဟဖြစ်ကြရတာကတော့ ပညာတတ်အရာရှိဝန်ထမ်းများဖြစ်ပါတယ်။ အသက် ၆ဝ ပြည့်သွားပေမယ့် လုပ်ငန်းလိုအပ်ချက်အရဆိုတဲ့ ခေါင်းစဉ်နဲ့ extension တစ်နှစ်ပြီးတစ်နှစ် တိုးယူရင်း ဆက်လုပ်လေ့ရှိကြပါတယ်။ ပညာရေး ခါးဆက်ပြတ်မှုတွေကြောင့် လက်ရှိအသက်ပြည့်နေတဲ့ လူကြီးတွေက လုပ်ငန်းအတွေ့အကြုံ လုပ်သက်အတွေ့အကြုံတွေကြောင့် မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ရှိနေကြပါတယ်။

ကျွန်မအလုပ်လုပ်ရတဲ့ ဌာနမှာ ဌာနမှူးက နောက် ၃ လ ဆိုရင် အသက် ၆ဝ ပြည့်ပါပြီ။ ပင်စင်ယူရတော့မယ်။ ကျွန်မတို့အားလုံးစိတ်ဝင်စားနေကြတာက သူပင်စင် ယူမလား မယူဘူးလား။ သူ့အနေနဲ့ ပင်စင်မယူချင်သေးဘူး ဆက်လုပ်ချင်တယ်ဆိုရင် အနဲဆုံး နောက်ထပ် ၂ နှစ် ဆက်လုပ်လို့ရပါတယ်။ ဒါပေမယ့် …

ကျွန်မတို့လို လက်အောက်ဝန်ထမ်းတွေဘက်က စဉ်းစားရင် သူမရှိရင် မဖြစ်ဖူးလားဆိုတော့ သူမရှိလဲ ဖြစ်ပါတယ်။ သူ့နေရာကို စောင့်နေရတဲ့သူကလဲ အသက် ၅ဝ လောက်ဖြစ်နေပြီ လုပ်သက် နှစ် ၂ဝ ကျော်ရှိနေတဲ့သူတစ်ယောက်ပါ။ အဆင့်ဆင့် ရာထူးတိုးရမှာမို့လို့ နောက်လူတွေအတွက် စဉ်းစားမယ်ဆိုရင် သူပင်စင်ယူတာ အကောင်းဆုံးပဲ။ ဒါပေမယ့် …

သူက ပင်စင်မယူချင်သေးပါဘူး။ ကျန်းမာရေးကောင်းပြီး သားသမီးတွေ ငယ်ရွယ်သေးတဲ့ ကျွန်မတို့ ဌာနမှူးက ပင်စင်မယူချင်သေးပါဘူး။ လစာက အဓိကမကျပေမယ့် အဆောင်အယောင်တွေကို စွန့်လွှတ်လိုက်ရဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

အဲဒီအချိန်မှာ ကျွန်မသာ ဆိုရင်ကောလို့ စဉ်းစားမိတယ် …
ကျွန်မသာဆိုရင် …..

33 comments

  • ဦးကြောင်ကြီး

    January 23, 2013 at 10:36 am

    အန်တီဝေကို အကောင်းဆုံး အကျန်ပေးမယ်.. ပင်စင်ယူသင့် မသင့် ခေါင်းစားနေတာထက်အစား လက်တွေ့ကျကျ ဟိုဟာ ဟိုဒင်း ဟိုဥစ္စာဗျာ အဲဒါ ယူလိုက်ပါလား.. :kwi:

    • မောင်ပေ

      January 23, 2013 at 9:02 pm

      အန်တီဝေ့ အား
      ဆရာကြောင်မှ
      ဘယ်ဒင်း ဘယ်ဝှါ ကို ယူခိုင်းပါသနည်း ဆိုတာကို
      ဂေဇက်အသိုင်းအဝိုင်းမှ အရမ်းစိတ်ဝင်စားနေကြပါကြောင်း
      အဲဒါ အဲဒါ
      ဟီဟိ

  • P chogyi

    January 23, 2013 at 10:36 am

    ပေါရဝူးလေ
    သိချင်ရင်
    နောက်တက်မယ်ဌာနမှူးမေးကြည့်
    သူ့အလှည့်ကျရင်ကောလို့

  • ခိုင်ဇာ

    January 23, 2013 at 10:44 am

    ဒါသည်လည်း စဉ်းစားရမဲ့ ဟာ တစ်ခုပဲ။
    မဝေ ရေ
    ကျတော်တို့ အရင်က ကြားဖူးတဲ့ သက်ပြည့်ပင်စင် နဲ့ လုပ်သက်ပြည့် ပင်စင် ကွဲပြားမှုရောရှိသေးလားဟင်။
    ပင်စင် ယူပြီးလည်း ပတ်သက်ဆက်နွယ်တဲ့ အလုပ်မျိုး လုပ်လို့ရမဲ့ ဌာနမျိုး ဟုတ် မဟုတ်နဲ့လည်း ဆိုင်မလား။
    ဥပမာ။ ကျောင်းဆရာ တစ်ယောက် ပင်စင်ယူပြီးနောက် စာသင်တန်းဖွင့်နိုင်တာမျိုး၊ အငြိမ်းစား ဆရာဝန်တစ်ယောက် ဆေးခန်းဆက်ဖွင့်နိုင်တာမျိုးပေါ့။ ပြောသလောက်တော့မလွယ်ဘူးထင်တယ်။

    ဒီမှာတော့ ပင်စင်စားပြီဆို အစိုးရ စုငွေကို ထုတ်သုံးလို့ ရပြီမို့ ပင်စင်ကိစ္စက သိပ်ခေါင်းစား စရာ မလိုသလိုပဲ။ ကျနော်တို့ ဆီတော့ အဲလို နေ့မျိုး ဘယ်တော့ ရောက်မည်မသိ။

    • weiwei

      January 23, 2013 at 10:56 am

      ဒီပို့စ်မှာ ပေးချင်တာက အသက် ၆ဝ အထိ အလုပ်လုပ်တာတောင်မှ အဆင်သင့်မဖြစ်သေးတာကို ပြောချင်တာ …
      အလုပ်လုပ်နေချိန်မှာ နေစရာ အိမ်၊ ကား၊ ဖုန်း စသဖြင့် အဆောင်အယောင်တွေ အများကြီးပေးထားတယ် … ပင်စင်ယူတာနဲ့ အားလုံးစွန့်လွှတ်ရတယ် … တစ်သက်လုံးလုပ်စာပေါင်းရင်တောင် သူနေခဲ့ရတဲ့ အိမ်တစ်လုံးမဝယ်နိုင်ပါဘူး။ ကားကတော့ အခုဈေးပေါလာပြီဆိုတော့ ဝယ်နိုင်ကောင်းဝယ်နိုင်လိမ့်မယ်။
      အဲဒါလေးပါ ….
      အဝင်နဲ့ အထွက်မှာ တရားကျမယ်ဆိုရင် အလွန်ကျချင်စရာကောင်းတဲ့ အနိစ္စသဘောတွေပေါ့ …

  • ခင်ခ

    January 23, 2013 at 11:07 am

    တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဆိုရင်တော့ မယူသေးဘဲ ဆက်လုပ်တာ ဖြစ်သင့်ပါတယ်။
    သူလိုငါလိုဘဲဆိုရင်တော့ ယူသင့်ပြီး လုပ်ကိုင်နိုင်သေးရင် အခြားအလုပ်တစ်တစ်ခုမှာ ပြန်လုပ်ပေါ့။

  • ဆူး

    January 23, 2013 at 11:21 am

    ကျန်းမာရေး မကောင်းဘူး ဆိုပြီး ပြောပြီးလည်း ပင်စင် ယူတာ ကြားဖူးတယ်.. အစိုးရ ဘက်က မဟုတ်တော့ သေချာတော့ မသိဘူး..

    လူကြီးတွေ ပင်စင် ယူရင် ခရိုနီ ဆီမှာ အလုပ်သွားလုပ်ကြတာပဲ..
    ဆက်လှမ်းစရာ နေရာ မရှိလို့ ပင်စင် မယူချင်သေးတာလည်း ဖြစ်မယ် ထင်တယ်။

  • moonpoem

    January 23, 2013 at 11:25 am

    အစိုးရ ဝန်ထမ်းတွေကို ဝန်ထမ်းဖြစ်ပြီ ဆိုကတည်းက အစိုးရက ဝန်ထမ်းကို လတိုင်းမှာ လစာရဲ ့၅ရာခိုင်နှုန်းငွေစုပေးထားတာမျိုးပင်စင်ယူချိန်မှာ အဆင်သင့်ဖြစ်ဖို့ ကား၊ တိုက်ခန်း စသဖြင့် အရစ်ကျရောင်းချတာမျိုး စီစဉ်ပေးထားရင်ကောင်းမှာပဲနော်။ တွေးမိတာ ပြောတာပါ။ မြန်မာနိုင်ငံ အစိုးရဝန်ထမ်းကတော့ လစာမကောင်းတဲ့အတွက် လစာထဲက ၅ရာခို်င်နှုန်းဖြတ်ပြီး စုပေးရင်ကော အဆင်ပြေပါ့မလားနော်။ ဟူး..ရင်မောတယ်။

    • weiwei

      January 23, 2013 at 11:36 am

      တွေးလိုက်ရင် ရင်မောစရာ … နေစရာအိမ်ပေးတဲ့ ကျွန်မတို့အလုပ်မှာ ဝန်ထမ်းတွေက နေစရာရှိလို့ အလုပ်လုပ်ရင်းနဲ့ ကိုယ်ပိုင်နေစရာတစ်ခုဝယ်နိုင်အောင် အမျိုးမျိုး ကြိုးစားရင်း.. လုပ်သက်တွေ တစ်နှစ်ပြီးတစ်နှစ်တိုးရင်း …

  • kyeemite

    January 23, 2013 at 11:57 am

    ကိုခင်ခပြောသလို ….
    တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဆိုရင်တော့
    မယူသေးဘဲ ဆက်လုပ်တာ ဖြစ်သင့်ပါတယ်…ဒါပေမဲ့
    အကြံပေးဆိုတဲ့ ရာထူးမျိုးသာပေးသင့်ပြီး…
    တကဲ့ဋ္ဌာနမှုးပို့စ်ကိုတော့ အောက်ကစောင့်နေတဲ့
    လူကိုပရိုမိုးရှင်းပေးရမှာပါ….
    နို့မို့လို့ကတော့…အောက်လူတွေက
    အဲဒီလူကြီးကာလနာမြန်မြန်တိုက်အောင်ဆုတောင်းနေကြလိမ့်မယ်…
    ဇကားမစပ်…ကိုကြောင်ကြီးပြောတာလေးလည်းစဉ်းစားနော်..မဝေ
    ခင်တဲ့..
    :kwi:

  • ခင်ခ

    January 23, 2013 at 11:58 am

    မဝေတို့ အစိုးရအလုပ်က နေစရာပေးလို့ ပင်စင်ယူတော့ အဲလို စဉ်းစားစရာတွေဖြစ်တာနေမှာနော်။
    ကျွန်တော်တို့လို ပုပ္ပလိကအလုပ်ဆိုတော့ နဂိုထဲကနေစရာမရတော့ နေစရာအတွက် မဖြစ်မနေ ကြိုးစားရမှာက နဂိုထဲကမို့ အသက်အရွယ်ကြီးရင် အဲလို ပင်စင်ကိစ္စ စဉ်းစားစရာမလိုဘူးလေ။
    ဒါပေမယ် အစိုးရကတော့ အသက် ၆ဝ ထိ ခန့်ထားပေမယ့်၊ ပုပ္ပလိက ကတော့ ဒီနေ့မကြိုက်ရင် နောက်နေ့ပင်စင်မို့ အမြဲတပ်လန့်နေသလိုမျိုးလုပ်နေရတာပေါ့ဗျာ။
    ဪ လူတန်းစေ့နေရဖို့အတွက် အဆောင်အယောင်ဆိုတာကလည်း မလွယ်ပါလားနော်။

  • surmi

    January 23, 2013 at 2:11 pm

    နေစရာနဲ ့ ငွေကြေး ဥစ္စာ ကိုခဏထားပြီး အသက်အရွယ်ကြီးရင့်သူတွေဘက်က
    နဲနဲတွေးကြည် ့မိတယ် ။ လူကြီးတစ်ယောက်ဖြစ်သွားရတာ မလွယ်ပါဘူး ။
    စီးပွားရေး အဆင်ပြေတယ်ထားဦး အခြားလူမှုဘဝမှာ ကန် ့သတ်ချက်တွေရှိလာပြန်တယ်။
    မျိုးဆက်တွေနဲ ့ ခေတ်အခြေအနေကွာခြားမှုကြောင့် တွေးအခေါ်လည်းမတူ
    အကြိုက်ခြင်းလည်းမတူ ။ ဒီလိုနဲ ့ နောက်မျိုးဆက်အမြင်မှာ ဘောင်မဝင်တဲ ့သူဖြစ်သွား ………..
    ပတ်ဝန်းကျင် နဲ ့လည်း အသစ်လိုဖြစ် ။ ကျင်လည်ရာ ဘဝဟောင်းက အကျင် ့အချို ့ကလည်းစွဲနေ …….
    အသက်အရွယ်ကြောင် ့ တုန် ့ပြန်မှုနဲ ့ သင်ယူနိုင်စွမ်းကလည်း ကျဆင်းလာ ……
    တစ်ခါတရံ လူငယ်တွေကိုလည်းအပြစ်မြင်မိ……
    ဒီလို ဒီလိုနဲ ့ တစ်ချို ့က လူအိုတော ့ကျောင်းကြိုကျောင်းကြား ဆိုသလိုပဲ
    ဘုရားဒကာလိုလို ကျောင်းအစ်မလိုလိုနဲ ့ လူအိုကျောင်းရောက်ဖြစ်……
    တစ်ချို ့ကျပြန်တော ့လည်း အိမ်ရှိလူအားလုံးနဲ ့မတည် ့ ….လူပိုကြီးဖြစ်….
    တချို ့ကျပြန်တော့လည်း အရပ်ထဲကလူတွေနဲ ့ အလျင်းသင့်အောင်နေရင်း
    ခေတ်လွန်အဖိုးကြီးလို ့မေး ငေါ ့ခံရ……..
    ဆိုပါတော ့ဗျာ ……….
    ငွေရေးကြေးရေး အထိုက်အလျောက်အဆင်ပြေလည်း ဒီနိုင်ငံမှာဖြင် ့
    လူမှုဝန်းကျင် အဆင်မပြေနိုင်တာလေးကိုပြောတာပါ ။
    လုပ်လက်စ အလုပ်ကိုစွန် ့ရတာနဲ ့ နေရာရော ရပ်တည်နိုင်စွမ်းပါပျောက်တော့တာပဲ ။
    ဒီလိုနဲ ့ နေရာတွေ ဖြစ်တည်မှုတွေကိုဆုပ်ကိုင်ရင်း အတ္တတွေကြီးမိ ……..
    ကိုယ်ချင်းစာနာမှုမရှိ ၊ လောဘတွေတက်ပြီး ကိုယ် ့ကိုကိုယ် ရှေ ့တန်းတင်……….
    တကယ်တော ့လည်း လူကြီးတွေအတွက် ဘဝတန်ဘိုး ဆက်ရှိနေဖို ့
    အစိုးရနဲ ့ တကွ အဲဒီလူကြီးတွေကိုယ်တိုင်ကြိုးစားရမယ်ထင်တယ်
    အခြားဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော ့ အစီစဉ်ကောင်းတွေ ထားရှိပေးတာ
    ကြာဖူးပါတယ် ။ နောင်လည်း ဒီမှာအဲသလိုမျိုးတွေ ရှိလာရင်တော ့
    သက်ကြီးပိုင်းအတွက် အဆင်ပြေလောက်ပါရဲ ့………
    ဒါက နေစရာ စားစရာ အဆင်သင့်ဖြစ်သူတွေအတွက်ပါ
    အဆင်မပြေသေးတဲ ့ သူတွေဆိုရင်တော ့ ပြောဖွယ်ကိုမရှိတော ့ပါဘူး …………
    ကျနော်တို့ ့လည်း တစ်ချိန်ကျရင် ကိုယ် ့ပင်စင် ကို်ယ်ယူရမှာမို ့
    အင်းးးးးးးးးးး သံဝေဂတော ့ဖြစ်မိသား………………။

    • weiwei

      January 23, 2013 at 3:32 pm

      အခုတလော လူကြီးဖြစ်ရမှာ ကြောက်နေမိတယ် … လူကြီးတွေ မြန်မြန်သေကြပါလို့ တိုက်တွန်းတဲ့သူတွေကလဲ ရှိနေလို့လေ .. :kwi:
      အစိုးရဝန်ထမ်းလောကမှာ ပင်စင်နီးလေလေ အတ္တပိုကြီးလေလေ ပါပဲ .. ဘာလို့လဲဆိုတော့ ပင်စင်ပြီးရင် ရင်ဆိုင်ရမယ့်ဘဝအတွက် ရိက္ခာယူနေတယ်ပဲ ပြောရမယ် … အိမ်ဝယ်မယ် … ကားဝယ်မယ် .. ပိုက်ဆံအပိုဆုမယ် … လက်အောက်ဝန်ထမ်းတွေအတွက် မစဉ်းစားပေးတော့ဘူး … သူတို့လဲ ငါ့နေရာရောက်ရင် နားလည်မှာပါလို့များ တွေးသလားတော့မသိဘူး …

      ဒီလိုနဲ့ပဲ …
      သူကြီးပြောတဲ့ ..
      နှစ်တစ်ထောင်ကျိမ်စာ ..

  • kai

    January 23, 2013 at 3:35 pm

    ယူအက်စ်မှာ ပြည်နယ်အလိုက်..ပင်စင်အသက်က.. ၆၅ကနေ..၆ရရှိတယ်ဗျ…
    အစိုးရအတွက်ကတော့.. ပင်စင်အသက်မြှင့်လိုက်လေ.. ငွေထွက်လာလေပဲ..
    သဘောက..
    ပင်စင်ယူရင်..လူက..လုပ်အား(ကုန်ထုတ်လုပ်မှု)မရှိတော့ပဲ..တိုင်းပြည်ဆီက(လူမှုဖူလုံရေးစုဆောင်းငွေ၊ ပင်စင်) တွေ ပြန်ယူတယ်လေ..
    အသက်မြှင့်လိုက်တော့.. လူ့သက်တန်း ၇၅-၈ဝလောက်နဲ့တွက်ရင်..အစိုးရက.. ငွေပြန်ထုတ်ပေးရတဲ့.. အချိန်လည်းပိုတိုသွားသပေါ့..
    ဆိုတော့… တိုင်းပြည်အတွက်..ဒေါ်လာဘီလီယန်ရာချီပြီး.. ငွေပိုထွက်လာပါတယ်..။

    တိုင်းပြည်အတွက်အကောင်းကြည့်ရင်တော့.. ပင်စင်မယူပဲလုပ်လေ.. ကောင်းလေ..
    (မှတ်ချက်။ ။ ကုန်ထုတ်စွမ်းအားရှိနိုင်သားနဲ့.. အလုပ်လုပ်နိုင်သားနဲ့.. ထိုင်စားသူတွေများတဲ့.. မြန်မာပြည်..မပါ)

    ဆိုတော့..
    အာအိုင်တီက jမြီု့ပြပါမောက္ခဟောင်း ဆရာကြီးဦးမင်းဝဏ်က.. အသက်၈ဝလောက်အထိ.. ပင်စင်မယူပဲ.. အလုပ်လုပ်နေခဲ့သဗျ…။ ပြည်နယ်အလုပ်(အစိုးရ) အလုပ်ပါ..။
    အလုပ်လုပ်နေလေ.. အသက်ပိုရှည်လေပေါ့..။
    အခုတော့.. မြန်မာပြည်က.. ဆရာတော်တပါးနဲ့တွေ့ပြီး..တရားချလို့..နားလိုက်ပြီ….

    အဟမ်း..
    အဲဒီလို… :kwi:

    • weiwei

      January 23, 2013 at 3:47 pm

      တရုတ်ပြည်မှာတော့ ၅၅ နှစ်ဆို ပင်စင်ပေးပါတော့တယ် ..
      နောက်တက်လူ လူငယ်တွေအတွက် နေရာပေးဖို့အတွက် … ပင်စင်လစာကိုလဲ လုံလောက်အောင်ပေးတာမို့လို့ လူကြီးတွေက ပန်းခြံထဲမှာ အကလေ့ကျင့်ရင်း … မြေးထိန်းတဲ့သူကထိန်းပေါ့ .. လူမှုရေးအလုပ်တွေလဲ လုပ်ကြတယ် … သက်ကြီးတက္ကသိုလ်တက်တဲ့သူတွေလဲ တက်ကြပါတယ် …
      ကျန်းမာရေးလိုက်စားပြီး အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့ ..

    • Foreign Resident

      January 23, 2013 at 3:54 pm

      အခု ဩဇီမှာ ပင်စင်ယူရမယ့် အသက်က ၆ရ နှစ်ဖြစ်သွားပြီ ။
      မြန်မာပြည်မှာ အသက် ၆ဝ မှာ ပင်စင်ယူရတာ စောလွန်းတယ် ။
      တိုင်းပြည် တိုးတက်ဖို့ အသေအကြေ ကျိုးစားရမှာမို့ ၊
      မြန်မာပြည်မှာ ပင်စင်ယူရမယ့်အသက်ကို ၇ဝ လောက် ပြောင်းသင့်တယ် ။

  • မောင့်ကျက်သရေ ဂီ့

    January 23, 2013 at 3:40 pm

    အသက်ပြည့်လို့ကတော့ လုပ်ငန်းလက်လွှဲ ပြီး ပင်စင် ယူစေချင် ပါတယ်။

    ပင်စင်ကို ခေတ်ရဲ့ ကုန်ဈေးနှုန်းနဲ့ လျှော်ညီအောင်
    လောက်လောက်ငှငှ ပေးရမှာကို ပြင်ရမှာကို တွန့်တို နေခြင်းကလည်း
    ပင်စင်ယူဖို့ လက်တွန့်စေတဲ့ ကိစ္စရပ်တခု ဖြစ်လာပါကြောင်း..

    နောက်တချက် အဲ့လို ပင်စင် ပေးဖို့ဆိုရင်လည်း
    အလုပ်လုပ်စဉ်မှာ ဝင်ငွေခွန် ပင်စင်ခွန်ခေါ်မလား 年金 ကို ကျကျနန ကောက်စေ ပေးဆောင်စေချင်တာပါပဲ …။
    အစိုးရငွေလှည့်တဲ့ပုံကတော့ယနေ့ခေတ် လူငယ်တွေ ဆောင်လိုက်တဲ့ ငွေကို
    ယနေ့ခေတ်မှာ အနားယူသွားပြီဖြစ်တဲ့ လူကြီးတွေကိုပေး..။

    လူငယ်တွေ လူကြီးဖြစ်သွားတဲ့အခါကျတော့ နောက်ပေါက် လူငယ်တွေဆောင်တဲ့
    ပိုက်ပိုက်ကို ပြန်ယူ ဒီလိုပဲ လှည့်ရမှာထင်ပါကြောင်း..

    လူကြီးတွေ မြန်မြန်သေတော့ အစိုးရဘတ်ဂျက် အပိုထွက်လာပါကြောင်း ..
    အပိုထွက်လာတဲ့ ဘတ်ဂျက်နဲ့ ကလေးတွေ အတွက် ကျန်းမာရေး ပညာရေး
    ပိုမိုထောက်ကူလာနိုင်ပါကြောင်း…

    အာဟိ..

    :harr:

  • pazflor

    January 23, 2013 at 4:06 pm

    ကျနော် အမြင်ပြောရရင်တော့ အစိုးရဝန်ထမ်းတွေတော်တော်များများကို ဖြုတ်ပစ်ရမယ်ထင်ပါတယ်။

    ဒါပေမဲ့ လစာနဲ့ ပင်စင်ခံစားခွင့်ကိုတော့ တိုးပေးသင့်ပါတယ်။
    တစ်သက်လုံး အလုပ် လုပ်လာတာ ပင်စင်ယူချိန်မှာ ဘာမှလက်ဆုပ်လက်ကိုင်မရှိဆိုရင်တော်တော့်ကိုဆိုးပါတယ်။ ခေတ်နဲ့ လျှော်ညီမှူ့မရှိတဲ့ လစာတွေကိုတော့ ပြင်ကိုပြင်မှ ရမယ်ထင်ပါတယ်။

    • kai

      January 23, 2013 at 4:26 pm

      ဆြာရယ်…
      လစာနဲ့ ပင်စင်ခံစားခွင့်တွေကို.. ဘယ်သူ့ပိုက်ပိုက်ပေးပြီး.. တိုးရမှာလည်းဟင်င်င်…။
      တိုင်းပြည်မှာ..ဘက်ဂျက် ငွေမှမရှိတာကို..

      တိုင်းပြည်ဝင်ငွေရတဲ့..အလုပ်လေးများ.. စီမံကိန်းလေးများ.. တွေးမိကြသလား.. ရှိကြသလားမသိ..
      လောလောဆယ်…ပြည်တွင်းစစ်မှာကို.. ကျပ်ငွေ..သိန်းသိန်းပေါင်းများစွာကုန်နေပြီ..
      အမြင်ကတ်ကတ်နဲ့.. သေနတ်ပစ်တိုးရစ်ဇင်လေးလုပ်ပြီး. ကမ္ဘာအနှံ့ကလက်ယားတွေသူတွေ.. လာပြီးပစ်ကြသတ်ကြလုပ်ဖို့.. စစ်ဂိမ်းတိုးရစ်ဇင်ဖွင့်လိုက်ဖို့ကောင်းတယ်..

      အာဟိ.. :kwi:

      • pazflor

        January 23, 2013 at 9:22 pm

        အူးကြီးဦးခိုင်ခင်ဗျာ
        အခုနေဝန်ထမ်းအားနဲ့ဆိုရင်တော့ မလွယ်ဘူးလေ၊ ဒါပေသိ ကျနော်ပြောသလိုဘဲ အစိုးရဝန်ထမ်းတွေမှာ ဖြုတ်ပစ်ရမှာတွေ အများကြီးရှိတာဘဲ။ လူတွေနေရာမှာ ကွန်ပျူတာတွေ အစားထိုး၊ မန့်နေ့ဂျမန့်ကောင်းအောင်ပြန်လုပ်ပြီး ရီဖောင်းကို အချိန်ယူလုပ်ရမှာပေါ့ခင်ဗျ။
        စစ်ပွဲကတော့ ရပ်မှရမှာပေါ့။
        ပိုက်ဆံရှာဖို့တော့ လောလောဆယ် ကြေးနီမိုင်းလေးတွေ၊ ရေနံတွင်းတွေ ဆက်တင်ဒါခေါ်ကြတာပေါ့။ :hee:
        မီးလေးမှန်မှန်ရရင်တော့ အထည့်ချုပ်လေးဘာလေးအလုပ်ဖြစ်လာမှာပေါ့။
        ကျန်တာတော့ သိတော့ဝူး။

  • Mr. MarGa

    January 23, 2013 at 8:44 pm

    တကယ် လိုအပ်နေလို့ ထပ်နေတာက တစ်ပိုင်း
    အသက်ပြည့်ပြီး အခြေမခိုင်သေးလို့ ထပ်နေတာက တစ်ပိုင်း
    ဘာပဲဖြစ်ဖြစ်ပါ
    အစိုးရဘက်ကလဲ ဝန်ထမ်းတွေအတွက် အာမခံချက်တစ်ခု ပေးနိုင်ဖို့ ကြိုးစားသင့်သလို
    ဝန်ထမ်းတွေဘက်ကလဲ အကျိုးရှိရှိ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းသင့်တယ် ထင်ပါကြောင်း

  • ဦးဦးပါလေရာ

    January 23, 2013 at 9:06 pm

    ဒီပိုစ့်ကတော့ ကိုယ့်အိမ်နားရောက်လာတဲ့ပိုစ့်မို့ မသိချင်ယောင်ဆောင်နေတာ
    :kwi:

    လူကြီး တော်တော်များများအတွက်က ပင်စင်ပေးလိုက်တာဟာ
    အိုမိန့် သေမိန့် ချလိုက်သလိုပါပဲ..
    ပင်စင်ယူပြီး သုံးလေးနှစ်အတွင်းကို ရုပ်ရည်၊ အရွယ်၊ ကျန်းမာရေး တရဟောကျဆင်းသွားတာများတယ်..။
    တကယ်တော့ ဒီခေတ်ကျန်းမာရေးစောင့်ရှောက်မှု့မျိုးနဲ့ဆိုရင် ပင်စင်မယူပဲ အသက် ၇ဝ လောက်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်လောက်တယ်။
    ဒါပေမယ့် ရာထူးကြီးနေရာတွေ တာဝန်ကြီးနေရာတွေ အရေးကြီးနေရာတွေအတွက်တော့ တစ်မျိုးစဉ်းစားရမှာပါ-
    အဲဒီနေရာတွေအတွက်က လုပ်နိုင်စွမ်း တွေးကြံနိုင်စွမ်း အပြည့်အဝရှိဖို့လိုတယ်။ အင်တိုက်အားတိုက် စွမ်းအားပြည့်လုပ်နိုင်ဖို့လိုတယ်။ ဒါကြောင့် အဲဒီနေရာတွေအတွက်ဆိုရင်တော့ အသက် ၆ဝ ဆိုရင်ကို တော်တော်များနေပါပြီ။ ပြီးတော့ နောက်က တက်မယ့်လူကိုလဲ ငဲ့ရပါဦးမယ်။

    ပြီးတော့ အဲဒီ ကြီးသုံးကြီးနေရာကဝန်ထမ်းတွေဆိုတာက
    ပင်စင်ယူတယ်ဆိုတာ အောက်အမြင့်ကြီးကို ခုန်ဆင်းရတာနော…
    အကျခံနိုင်ဘို့ ငယ်တုန်းပင်စင်ယူသင့်တယ်ထင်တာပဲ…

    • weiwei

      January 24, 2013 at 10:18 am

      ဦးပါပြောသလိုပါပဲ …
      အခုဌာနမှူးရှေ့ကတစ်ယောက်တုန်းကဆိုရင် ပင်စင်ယူပြီးမကြာဘူး ပင်စင်နာဖြစ်ပြီး သေသွားခဲ့တယ် …
      GM တစ်ယောက်ကတော့ ပင်စင်ယူပြီးမှ နိုင်ငံခြားထွက်ပြီး အလုပ်ဆက်လုပ်တာ အသက် ၇ဝ အထိပါပဲ … ဟိုတစ်လောက ပြန်ရောက်နေတယ်ဆိုလို့ သွားကန်တော့ဖြစ်တော့မှ တော်တော်အိုသွားတာ တွေ့ခဲ့ရတယ် … အသက် ၇ဝ ဖြစ်နေတာတောင် စိတ်မလျော့သေးပဲ အလုပ်ဆက်လုပ်ချင်နေသေးတဲ့စိတ်ဓါတ်ကို ချီးကျူးမိရင်း ကျွန်မသာဆိုရင် အဲဒီလိုစိတ်မျိုးထားနိုင်ပါ့မလားလို့ …

      အရေးကြီးတဲ့နေရာတွေက လူကြီးတွေက သူတို့သာလျှင် အဲဒီနေရာအတွက် အသင့်တော်ဆုံးလို့ ထင်တတ်ကြတယ် … အဲဒီလိုဖြစ်အောင်လဲ နောက်လူတွေကို ပညာဆက်ဖြန့်လေ့မရှိကြပါဘူး။ (မဟုတ်တာလုပ်ထားတာ ပေါ်သွားမှာစိုးရိမ်တာလဲ ပါမှာပေါ့) … အဲဒီလိုနဲ့ ၂ နှစ်ကနေ ၃ နှစ် ၄ နှစ် လောက်အထိတော့ ထိုင်ခုံမှာဆက်ထိုင်လေ့ရှိကြပါတယ် … ဒါပေမယ့် ဖယ်ပေးရမယ့်အတူတူ စောစောအရင်ဖယ်ပေးတာကမှ ပိုကောင်းတာပေါ့ …

  • MaMa

    January 23, 2013 at 10:29 pm

    လူကြီး တော်တော်များများအတွက်က ပင်စင်ပေးလိုက်တာဟာ
    အိုမိန့် သေမိန့် ချလိုက်သလိုပါပဲ..

    မှန်လိုက်တာ။
    ဘယ်လောက်ပဲ စိတ်ကို ပြင်ဆင်ထားပေမယ့်…..
    ကိုယ်နေ့စဉ်နေထိုင်လုပ်ကိုင်နေရတဲ့ (ပုံစံခွက်ပဲ ပြောပြော) မှာ ဝင်နေမိတဲ့ အလေ့အထကနေ ရုတ်ချည်းပြောင်းလဲလိုက်တာကို ခံနိုင်ရည်မရှိကြတာ များပါတယ်။
    ကိုယ်တိုင်လည်း ကိုယ်လက်ရှိ လုပ်ကိုင်နေထိုင်နိုင်တာကို ဝမ်းသာမိတယ်။
    အလုပ်မရှိလို့ (ငွေမရှိလို့ လို့ မဆိုလိုဘူး) တစ်နေကုန်အောင် အချိန်ဖြုန်းရတဲ့ ဒုက္ခက မသေးပါဘူး။
    စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ ကျဆင်းသွားစေပါတယ်။
    ကျမအဖေဆိုရင် အသက် ၇၅နှစ် (မဆုံးမီ ၆လ အလိုတောက်) အထိ နေ့တိုင်း အလုပ်သွားပြီး မိသားစုအလုပ်မှာ ဦးစီးဦးဆောင် ပြုခဲ့ပါတယ်။
    တခြားသူတွေက အသက်ကြီးပြီး လောဘကြီးတယ်လို့ ပြောကြတာကို ခုချိန်မှာ ပြန်စဉ်းစားကြည့်မိတော့ ကိုယ့်အလှည့်ကျရင်လည်း အဲလိုပဲ တန်ဖိုးရှိတဲ့ အသက်ရှင်သန်ခြင်းမျိုးနဲ့ပဲ ရှင်သန်ချင်ပါတယ်။
    အသက်ရှင်လျှက် သေနေရတဲ့ဘဝမျိုး၊ ကိုယ့်ကိုယ်ကို မနိုင်လို့ သူတပါးကို အားကိုးရတဲ့အခြေအနေ၊ ဒုက္ခပေးရတဲ့ အနေအထားမျိုးနဲ့ ရှင်သန်မနေချင်ပါဘူး။ 🙂

    • weiwei

      January 24, 2013 at 9:54 am

      ကျွန်မအဖိုးတုန်းက အသက် ၉ဝ ကျော်အထိ အလုပ်လုပ်ခဲ့တာ … အိမ်မပြင်မထွက်နိုင်တော့တာတောင်မှ အိမ်မှာတင် ပေသီးခေါက်ရင်း လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ခဲ့တယ် … မလုပ်ပါနဲ့လို့ ဘယ်လိုမှပြောလို့မရခဲ့ဘူး …
      အခု အဖေ့လက်ထက်ကျတော့ အသက် ၆ဝ ပဲ ရှိသေးတဲ့အဖေက ကျန်းမာရေးသိပ်မကောင်းတော့ဘူး။ အလုပ်တွေနားလိုက်ပါတော့လို့ သားသမီးတွေက ပြောပေမယ့် မနားပါဘူး … အသက် ၁၂ နှစ်ထဲက အလုပ်လုပ်ခဲ့တာမို့လို့ အသက် ၆ဝ မှာ နားသင့်ပါပြီဆိုပေမယ့် ကိုယ်ပိုင်အလုပ်ဆိုတော့ သေတဲ့နေ့မှသာ နားမယ့်ပုံပဲ …

      ဝန်ထမ်းလုပ်တဲ့သူအဖို့တော့ မနားချင်လဲ ပင်စင်ပေးမှာဆိုတော့ မတတ်နိုင်ဘူးပေါ့နော် … ပင်စင်မယူခင် ကြိုတင်ပြင်ဆင်ဖို့တော့ လိုပါတယ် …

      ကျွန်မသာဆိုရင်တော့ ကိုယ့်အတွက်နေရာတစ်ခုကို ကြိုတင်ရှာထားမှာပါ … ဘယ်နေရာမှာမှ သုံးစားလို့မရတဲ့ အဖွားကြီးဘဝရောက်မယ်ဆိုရင်တော့ မြန်မြန်ပဲ သေပေးလိုက်ချင်ပါတယ် …

  • kai

    January 24, 2013 at 12:07 am

    ကျုပ်သိသလောက် ..
    ယူအက်စ်အစိုးရအလုပ်က.. လုပ်သက် အနှစ်၂ဝလောက်ရှိတဲ့သူ.. ပင်စင်ယူလည်း.. ပေးထားတဲ့လစာအတိုင်းကိုသေတဲ့အထိဆက်ပေးနေရသဗျ…။
    ကျမ်းမာရေးစောင့်ရှောက်မှုတောင်ပါသေး..

  • အရီးခင်လတ်

    January 24, 2013 at 4:30 am

    ဝေဝေရေ
    အရီးသာဆို မယူချင်ဘူး။ ဆက်နေမှာဘဲ။
    အဆောင်အယောင်မက်လို့ မဟုတ်ဘဲ ကိုယ့်အလုပ်တန်ဖိုးလေး ပျောက်သွားမှာစိုးလို့။

  • padonmar

    January 24, 2013 at 6:43 am

    အသက်ပြည့်ရင် လက်ရှိရာထူးက ပင်စင်ပေးပြီး အလုပ်မှာပဲ အကြံပေးအဖြစ် ၃-၅နှစ် ခန့်ပေးရင် အဆင်ပြေမယ်ထင်ပါတယ်။
    လစာကတော့ လျှော့ပေး။အလုပ်ချိန်ကိုလည်း လျှော့ပေး။
    အလုပ်ထဲလည်း သူ့ရဲ့ အတွေ့အကြုံ၊အကြံဉာဏ်တွေကို လိုရင်လိုသလို တောင်းသုံးလို့ရတာပေါ့။
    ပင်စင်နာလည်း မဖြစ်တော့ဘူး။

  • weiwei

    January 24, 2013 at 9:32 am

    ကျွန်မတို့ဆီမှာကတော့ သက်ပြည့်ပင်စင်ယူပြီး အကြံပေးအနေနဲ့ဆက်ခန့်ပါတယ် … ကျန်းမာရေးကောင်းရင် ကောင်းသလောက် အသက် ၇ဝ အထိ ဆက်လုပ်နေတဲ့သူတွေတောင်ရှိပါတယ် … ဒါပေမယ့် … လစာက ပုတ်ပြတ်လစာလို့ခေါ်တဲ့ အနိမ့်ဆုံးလစာပဲပေးပါတယ် (အခုဆို ရ သောင်းလောက်) … နေစရာအိမ်ကို ၂ နှစ်အထိ ဆက်ပေးပေမယ့် အဲဒီထက်ပိုပြီး မပေးတော့ပါဘူး … ကားလဲပြန်သိမ်းပါတယ် …
    အရာရှိကြီးတွေက အဲဒီဒါဏ်ကို ခံနိုင်ရည်မရှိပါဘူး … သာမန်ဝန်ထမ်းတွေကတော့ အဲဒီလောက်နဲ့ပဲ ပြန်လုပ်ကြတယ် …

  • Novy

    January 24, 2013 at 10:48 am

    မနိုကတော့ အလုပ်မလုပ်ဘဲနဲ့အိမ်မှာနေရင် ရောဂါတိုးလိမ့်မယ်ထင်တယ်
    အသက်ကြီးလာရင်လုပ်ဖို့အလုပ်တွေ အခုထဲကကြိုတင်ပြင်ဆင်နေပါတယ်
    တရားမရှိတာတော့မဟုတ်ပါဘူး
    သေရင်ကိုယ်နောက်မပါပေမဲ့
    မသေခင်တော့ နေရာလေးရှိနေချင်တာပါ

  • အရီး လေး

    January 24, 2013 at 11:14 am

    မဝေရေ ကျွန်မ အမေ ကတော့ ပင်စင်ယူပြီး
    ဈေးရောင်း နေတာ အသက် ၈ဝ ပြည့်တော့မယ်
    သူကတော့ သူ့ဘဝအတွက် ပြင်ဆင်ပြီး နေမယ်တဲ့
    ကျွန်မ တို့ကတော့ ခုချိန်ထိ ရောင်ဝါးဝါး

  • ဆူး

    January 24, 2013 at 1:07 pm

    ပင်စင် ယူသင့် မယူသင့် ကနေပြီးတော့ အသက်ကြီးတဲ့ လူတွေ ဘက် လိုင်းကို ရောက်သွားတယ်..
    တကယ်လည်း ဆက်စပ်နေတာပဲလေ။

    အရင်တုန်းကတော့ ရပ်ကွက်ထဲမှာ ညည ရုံးထိုင်နေတာ အသက်ကြီးတဲ့ လူတွေချည်းပဲ..
    အခုနောက်ပိုင်း လူငယ်တွေ ခန့်ကြတော့.. လူကြီးတွေ ဘေးရောက်ကုန်တယ်။
    အရင်က မှ ပင်စင် ယူတဲ့ လူကြီးတွေ ရပ်ကွက် လူကြီး လုပ်ပြီး ညည လက်ဖက်ရည် ဝိုင်းနဲ့ စကားပြောဖြစ်ကြတယ်။

    ပင်စင်နာ တော့ မဖြစ်စေချင်ဘူး.. အဲ့လို ပင်စင်နာ မဖြစ်အောင် အင်တာနက် သုံးခိုင်းပြီး အတွေ့အကြုံတွေ ပြန်မျှဝေတာမျိုး.. ပတ်ဝန်းကျင်အသစ် တခု နဲ့ နေနိုင်အောင် လုပ်ပေးသင့်တယ် ထင်တယ်။

  • ဦးကြောင်ကြီး

    January 26, 2013 at 9:39 am

    အသက်ကြီးရင့်တဲ့အထိ အလုပ်လုပ်တာနဲ့ ပတ်သက်လို့ အကောင်းမြင် ပြောတာများကြတယ်၊ ကျနော်လည်း အဲသလိုပဲ သမားရိုးကျ တွေးခဲ့ဖူးတယ်။ သို့ပေသိ အွန်လိုင်းပေါ့ဒ်ကတ်စ်တပုဒ် နားထောင်ပြီးနောက်မှာ အိုင်ဒီယာပြောင်းသွားတယ်။ လူတွေ အလုပ်မလုပ်ရ မနေနိုင်တာ အလုပ်အပြင် အခြားလှုပ်ရှားမှု တခုကို မရှာဖွေတတ် မရှာဖွေနိုင်လို့ ဖြစ်ရတာ။ အခွင့်အရေး အာဏာ ဂုဏ်ဒြပ်တွေကလည်း တပိုင်းပေါ့နော်။ ဒါပေမဲ့ သာမန်အမှုထမ်း အဆင့်မှာကို ပင်စင်ယူပြီး မကြာခင် ကျန်းမာရေး ခြူခြာ၊ သေဆုံးတယ်ဆိုတာ အစောကပြောတဲ့ ပြင်ပစိတ်ဝင်စားမှုတခု အလုပ်လုပ်နေချိန်မှာ မပျိုးထောင်နိုင်ခဲ့လို့။ ဥပမာဗျာ လက်ရှိဝန်ထမ်း အလုပ်အပြင် ကိုယ်ပိုင်လုပ်ငန်း၊ စတိုးဆိုင်လေးတဆိုင် တွဲဖွင့်ထားမယ်။ စာရေးတဲ့အကျင့်လည်း ကောင်းတယ်။ အမြင့်ဆုံးအနေနဲ့ သမထ ဝိပဿနာမှတ်ခြင်း ရှိတယ်။ တခုရှိတာ ငယ်ရွယ်စဉ်မှာထဲက အကျင့်လုပ်မှ ရကောင်းတယ်။
    ဖြစ်တတ်တာ အလုပ်ထဲ အကောင်ဖြစ်နေသူက ရပ်ထဲရွာထဲမှာ လူစွာမဖြစ်ရင် မပါချင်ဘူး။ ကိုယ့်တောမှာပဲ မင်းမူတယ်။ အငြိမ်းစားလည်း သွားရော ဂိန်တာပဲ။ ဒီတော့ ပင်စင်သွားတဲ့အခါ ဒုက္ခမရောက်အောင် အလုပ်ထဲ ရေသာခိုနေ၊ အဲလိုမနေနိုင်ရင် အလုပ်အပြင် အခြားတခုခု ဖြစ်မြောက်အောင် ကြိုးစားထားပါ။ ………………..
    ပင်စင်အသက်ကို လူမျိုးသက်တမ်း၊ ကျန်းမာရေးအဆင့်နဲ့ ချိန်ကြည့်ရင် လက်ရှိမြန်မာပြည် သတ်မှတ်ချက် ၆ဝဆိုတာ ဘယ်လိုဖြစ်မလဲ။ အရင်ကတော့ ပင်စင်အသက် ၆၅လုပ်မယ် ကြားလိုက်တယ်၊ ဖြစ်မလာခဲ့ဘူး။ စစ်တပ်မှာ ၆၅နှစ် တိုးပေးတယ်ထင်တယ်။ တရုတ်၊ ယူအက်စ်၊ ဩဇီတို့မှာ တိုင်းပြည် စီးပွားရေး အုပ်ချုပ်ရေး ယန္တရား သိပ်ကြီးတော့ ပင်စင်သက် တိုးလည်း နောက်လူအတွက် တက်လမ်းမပိတ်ဘူး။ သူတို့ဆီမှာ မွေးဖွားနှုန်းကျနေတယ်၊ သက်ကြီးရွယ်အိုတွေ သိပ်များနေတယ်၊ ဒီတော့ ပင်စင်သက် မြှင့်တဲ့နည်းလမ်းသုံးရတယ်။ မြန်မာပြည်မှာ အဲဒီအနေအထားမျိုး ဖြစ်လာရင် လုပ်သားလိုအပ်ချက်အရ ပင်စင်သက်မြှင့်တာ ဖြစ်လာပါလိမ့်မယ်။

Leave a Reply