စိန်ပလိမ်တိန် ဦးသိန်းစိန် ဗကသကိုလိမ် player

ဒီနေ့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ စစ်တဗိုင်းအစိုးရ ဂေါင်းဇောင် ဦးသိန်းစိန်အစိုးမရ လူမှုအဖွဲ့အစည်း ၈၆ဖွဲ့ကို ခေါ်လေဖောတာနဲ့ ပတ်သက်လို့ ဗကသအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များရဲ့ တုံ့ပြန်ချက် ဖတ်ရတယ်။ အတိုချုပ်ရင် ဗကသကို ရန်ကုန်တိုင်းအုပ်ချုပ်ရေးရုံးက နိုင်ငံတော်အဆင့် စည်းဝေးပွဲ ဖိတ်တယ်။ ဗကသခေါင်းဆောင်တွေသွားတယ်။ ၈၈မျိုးဆက်အဖွဲ့ တက်ပုံမရဘူး။ ဟိုကြတော့ ဓာတ်ပြားဟောင်းဖွင့်တယ်၊ ခရိုနီနဲ့သာကူးတွေက ကျေးဇူးတင်တယ်။ ဗကသနဲ့ အတိုက်အခံ ပြောမည့်သူ ခြောက်ယောက်လောက်က အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောခွင့်မရဘူး။ နားလှည့်ပါးရိုက် ခံလိုက်ရတယ်။ ဗကသအဖွဲ့က ပြန်လာတော့ နောက်တခါ မလိမ်ညာဖို့ သတိပေးတယ်၊ သို့ပေသိ ကိုယ့်ကို ဟိုကရိုက်ပြီးသွားပြီ။

ခေါ်တိုင်းမသွားကြပါနဲ့၊ စစ်တပ်ရဲ့ နည်းပရိယာယ်မှာ ထင်ရှားတဲ့ အတိုက်အခံ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို နှိမ်ချဆက်ဆံ နိုင်ငံရေး အမြတ်ထုတ်လေ့ရှိတယ်။ တွေ့တဲ့အခါ လေးလေးစားစား ပြောဆိုသုံးနှုန်းကောင်း သုံးနှုန်းမှာ ဖြစ်ပေမဲ့  ပြည်သူကို သတင်းထုတ်ပြန်တဲ့အခါ အစိုးရက အပေါ်စီးမှ နေရလေဟန် ဝါဒဖြန့်တယ်။ တော်ရုံ အတိုက်အခံဆို အဲဒီမှာတင် ဦးကျိုးတာပဲ။ ထောက်ခံသူများရဲ့ မသိစိတ်မှာလည်း သိမ်ငယ်နိမ့်ကျစိတ် ဖြစ်သွားတယ်။ တိုင်းရင်းသား သူပုန်ခေါင်းဆောင်များနဲ့ ပြောဆိုဆွေးနွေးပုံများကို လေ့လာကြည့်ပါ။ ပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမားများကိုလည်း ဒီသဘောပဲရှိတယ်။ ဒေါ်စုကိုတောင် ဝံကျီးလောက်နဲ့ အရှိန်သတ်ဖို့ လုပ်ခဲ့သေးတာပဲ။

ခွပ်ဒေါင်းအလံ ဇွတ်မာင်းသန်လွတ်ကြောင်းအမှန် ထွဋ်ကောင်းစံ
ခွပ်ဒေါင်းအလံ ဇွတ်မောင်းသန်
လွတ်ကြောင်းအမှန် ထွဋ်ကောင်းစံ

ရှေ့လျောက်လို့ အန်ဂျီအိုတွေ ပိုများလာဖို့သာရှိတယ်။ အများစုက ပြည်ပ အလှုငွေမျှော်လင့်ပြီး လုပ်ကြတာ။ အာဏာပိုင်တွေနဲ့လည်း ဆန့်ကျင်ပြီး လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ သတိ္တ၊အရည်အချင်း မရှိဘူး။ မလုပ်ပါနဲ့ ပြောလည်း လုပ်ကြမှာပဲ၊ အလှုငွေ မပေးပါနဲ့တားလည်း ပေးသူကပေးမှာပဲ။ ဒီတော့ ကိုယ်နဲ့သူ တန်းအညှိ မခံရစေဖို့ဘဲ သတိထားရမယ်။ တွဲမလုပ်၊ မပြောမဆို မသွားမလာရ မဆိုလိုဘူးနော်၊ နင်တို့အားလုံး အတူတူ အနူနူပဲလို့ နိုင်ငံရေး အသတ်ခံရမှာစိုးတယ်။ ကိုယ်နားလည်ထားရုံနဲ့ မပြီးဘူး အများပြည်သူ၊ ကျောင်းသားထု အမြင်မှာလည်း ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အရေးကြီးတယ်။ သမိုင်းမှာ ကိုယ့်အချင်းချင်းကွဲတာ ထောက်လှမ်းရေး သူလျှိုတွေလက်ချက် အများကြီးပါတယ်။ လူသစ်တွေကို မယုံလို့ လူဟောင်းအခြင်းခြင်း ကျောကပ်ပြန်တော့ အုပ်စုဖွဲ့တယ် ဘာညာနဲ့ သွေးထိုးလို့ကောင်းတယ်။ လူတိုင်းကိုုယုံပြီး လက်တွဲခေါ်ပြန်တော့ နောက်ကျော ဓါး အထိုးခံရတယ်။ အဲလို အနေအထားမျိုးမှာ ပြတ်သားမှု မရှိရင် အဖွဲ့တွင်း သံသယတွေ တွေဝေမှုတွေများလာပြီး နောက်ဆုံး ပြိုကွဲတဲ့အထိ ဖြစ်တတ်တယ်။

များသောအားဖြင့် ကိုယ်က တခုခုဖြစ်မလား မျှော်လင့်ထားလို့ ခံရတာပါ။ စစ်ကောင်တွေကလည်း ဝါးလာတာ အံတိုနေပြီ၊ ဘယ်သူဘာဆိုတာ ကောင်းကောင်းသိတယ်၊ အတိုက်အခံလို ခန့်မှန်းတွက်ချက်တာ မဟုတ်ဘူး၊ ထောက်လှမ်းရေး သတင်းပေးကွန်ယက် အကြီးကြီးရှိတယ်။ ရတဲ့သတင်းအပေါ် အခြေခံပြီး နိုင်ငံရေးအကွက် တမျိုးပြီးတမျိုး ထွင်နေတာ။ ဒီမိုကရေစီ ဆန့်ကျင်ဖက်များနဲ့ ရန်ငါစည်း အခုထက်ပို ဆွဲပြဖို့လိုကောင်းလိုမယ်။ ခါတော်မှီ အဖွဲ့တွေနဲ့ အုတ်ရောရော ကျောက်ရောရော မဖြစ်သွားစေရန်ပါ။ ခုကိစ္စမှာလည်း မီဒီယာကတဆင့် ပွင့်ပွင့်လင်းလင်း အသိပေးမှ လုံလောက်ပါမယ်။ မလှိမ့်တပတ်လုပ်တာမျိုး နောက်တခါ ကြုံလာခဲ့သည်ရှိသော် မိမိရပိုင်ခွင့်အတွက် နေရာအချိန်မရွေး on the spot တိုက်ပွဲဝင်နိုင်ဖို့ စဉ်းစားသင့်တယ်။ ကျောင်းသားဆိုတာ ဟန်မဆောင်တတ်သလို ကိုယ့်အပေါ် တင်စီးလာရင်လည်း ခေါင်းငုံ့မခံတတ်ဘူး။ မြေရိုင်းရင် ပန်းရိုင်းတယ် သူရိုင်းရင် ကိုယ်ရိုင်းပြမှ တော်ရုံကြမယ်။

မီးတုတ် မီးတုတ် ရှို့ရှို့၊ သခင်မျိုးဟေ့ ဦးကြောင်ကြီး..

8 comments

  • Mon Kit

    January 23, 2013 at 10:50 am

    မီးတုတ် မီးတုတ် ရှို့ရှို့၊
    မွန်ကစ်လည်း မီးတုတ် ရှို့သွားတယ်နော်….

  • Wow

    January 23, 2013 at 11:33 am

    ဒဂျီးကတော့ သခင်မျိုးဟေ့ ဒိုဘာမန်တဲ့ အူးကြောင်ရဲ့
    အူရတော့မလားဟင်င်င်င်…. :mrgreen: :mrgreen: :mrgreen:

    • မောင့်ကျက်သရေ ဂီ့

      January 23, 2013 at 11:35 am

      မမဝေါင်းရေ …
      ဝမ်း-တူး-သရီး..
      အာဝူး ….

      အူပြီးရင် ပြေးမှ ..ဟိုမှာ လာနေဘီ ..နှလုံးပြူးကြီးနဲ့..

      :kwi:

  • kai

    January 23, 2013 at 12:23 pm

    ဒီနေ့ထဲက..သတင်း.က..၊ကြောင်ဆိုတာ.. သားသတ်ဖို့မွေးလာတဲ့အကောင်တွေတဲ့..
    ဆိုတော့..
    သခင်မျိုးဟေ့.. တို့ Burman :hee: (ဘာမှလည်းမဆိုင်)

    Cats are natural born killers
    Stuff.co.nz-10 hours ago
    “That little ball of fluff you own is a natural-born killer,” his website says. Morgan wants owners to make their current cat their last to protect New …

  • Mr. MarGa

    January 23, 2013 at 8:32 pm

    အားရပါးရ ထ ကန့်ကွက်သင့်တယ်
    နို်င်ငံတော်အဆင့် ပွဲဆိုပေမယ့်လဲ
    ပြောသင့်တာတော့ ပြောရမယ် ထင်ပါ့

  • captainamerica

    January 23, 2013 at 11:09 pm

    ကြောင်ဂိုဏ်းချုပ်ကြီးက အမှန်ဒွေတစ်အားပြောပီး စစ်တပ်လူတေဒွေ
    အကွက်ကို တစ်အားသိ တစ်ချိန်က ကိုယ်တိုင်လုပ်ခဲ့ဖူးသလားတောင်အောင့်မေ့
    ရဒယ် :mrgreen: ချစ်လို.စတာနော် အောင်ကြူးရေ

  • မောင်ပေ

    January 24, 2013 at 11:46 am

    စာတွေဖတ်ရင်းနဲ ့ ကိုမိုးသီးဇွန်တို ့အကြောင်းတွေကို နားလည်သဘောပေါက်လာတယ်
    နောက်ပြီး မီဒီယာတွေကိုလဲတော်တော်ကြောက်မိတယ်
    သေချာပေါက်ပြောနိုင်တဲ့ စကားတစ်ခုကတော့
    ဖေ့ဘုတ်တို ့မှာ ဇွတ်ဆဲနေတဲ့လူတော်တော်များများဟာ ဘာမှမသိဘူးဆိုတာပါပဲ

  • Mobile

    January 24, 2013 at 10:40 pm

    အော်းအဲသလိုတဲ့လားဗျာ တော်တော်ညဏ်နီညဏ်နက် များတဲ့လူကြီးတွေပါလားနော်
    မာယာလေးဆယ် ပရိယာယ်ကတစ်ထောင် အယောင်ဆောင်တစ်သောင်း
    အပြောင်းကတစ်သန်း အဆန်းနဲ့အယဉ်က အသချေင်္ပကောဋိ ဆိုတဲ့ ဟင်းတစ်ခွက်ထွန်းရင်
    သီချင်းထဲက မာယာများပုံ အကြောင်းဖွဲ့ထားတာထက်တောင်ပိုလောက်တဲ့ မာယာရှင်ကြီးတွေပဲ။

Leave a Reply