၂၀၁၂ ခုနှစ် မြန်မာ့ခရီးသွားလုပ်ငန်း အကြောင်း တစေ့တစောင်း

ムラカミJanuary 23, 20131min24616

 

myanmar-main-paula-bronstein_getty-images

 

 

မြန်မာနိုင်ငံဟာ ၂၀၁၂ ရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ပြန်ကြေငြာခဲ့ပါပြီ ။ အဲ့သည့်မှာ

ဘာကို ပြသလဲ ဆိုတော့ မြန်မာပြည်ကို လာရောက်တဲ့ ကမာ္ဘ ခရီးသွားတွေ ရုတ်ချည်း တိုးတက်ခဲ့ပြီး

အဲ့သည်လို လာရောက်လည်ပတ်ခဲ့ကြတဲ့အတွက် ခရီးသွားလုပ်ငန်း ဆက်စပ် လုပ်ငန်းတွေပါ

ဝင်ငွေတိုးတက် ကောင်းမွန်ခဲ့ကြပါတယ်။

 

၂၀၁၁ခုနှစ်က ကမာ္ဘ့ ခရီးသွား ၈၁၆၀၀၀ လာရောက်ခဲ့ပြီး ၂၀၁၂ မှာတော့ ကမာ္ဘ့ခရီးသည်

 ၁သန်းကျော် လာရောက်လည်ပတ်ခဲ့ကြပါသတဲ့။

 

တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းဟာ နှစ်စဉ်တိုးတက် မြင့်မားနေပါတယ်။ မနှစ်ကဆို ၆၇% ထိတောင်

ဝင်ငွေ တိုးတက် ခဲ့ပါသတဲ့ ။

ဒါဟာ မြန်မာ့ခရီးသွားလုပ်ငန်း ၂၀၁၂ ဟာ US$534 million ရခဲ့တာကို ၂၀၁၁ ခုနှစ်မှာ

US$319 million ဝင်ခဲ့တာနဲ့ နှိုင်းယှဉ်တွက်ချက်ထားတာဖြစ်ပါတယ်။

 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

 

အခြေခံအဆောက်အဦ လိုအပ်ချက်ဟာ ရုတ်ချည်း တိုးတက်လာတဲ့ များပြားလှတဲ့  ခရီးသည်တွေအတွက်

အခက်အခဲတွေ ရှိနေတယ်လို့ မှတ်တမ်းတွေက ဆိုပေမယ့် တာဝန်ရှိသူတွေကတော့

သည်နယ်ပယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းမြင်နေကြဆဲ ဖြစ်ပါတယ်။

 

“မနှစ်က ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ် အသက်ဝင်တယ် ဆိုကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ 

အမြောက်အများက အခြေအနေတွေကို လာရောက်မေးမြန်းကြတယ် “ လို့ မြန်မာ့ ဟိုတယ်နှင့် ခရီးသွား

ဝန်ကြီးဌာနမှ ဒါရိုက်တာ ဒေါ်ခင်သန်းဝင်း က CNN ကိုပြောပါတယ်။

သူမက ဆက်လက်ပြီး “ဝန်ကြီးဌာနဟာ လူ့စွမ်းအား အရင်းအမြစ်နှင့် တကွ

အခြားရင်းမြစ်များ ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဟော်တယ်တွေ အပေါ် အာရုံစိုက် လုပ်ကိုင်သွားမယ်”

လို့ ဖြည့်ပြောပါတယ်။

 

 

နောက်ထပ် ကိန်းဂဏန်းများ

တာဝန်ရှိသူတွေရဲ့ အချက်အလက်တွေအရ မြန်မာပြည်မှာ ဟိုတယ် အခန်းပေါင်း ၂၈၂၉၁

ခန်းရှိတယ်လို့သိရပါတယ်။ ဝန်ကြီးဌာနဟာ ကြယ်ငါးပွင့်အဆင့် ဟော်တယ်အသစ် ဆောက်လုပ်ရေးအတွက်

ဗီယက်နမ် ကန်ပနီတခုဖြစ်တဲ့ Hoang Anh Gia Lai နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

 

 

နိုင်ငံအလိုက် ခရီးသည် အရေအတွက်ကို ကြည့်ရင် ယိုးဒယားတွေဟာ ဦးရေ ၉၀၀၀၀ ခန့်နဲ့

တရုတ်နိုင်ငံသား ၇၀၀၀၀ ခန့်ဖြစ်ပြီး အမေရိက ကတော့ ၃၇၀၀၀ လောက် လာခဲ့ပါတယ်။

 

လိင်အချိုးအစား နဲ့ ဆိုရင်တော့ အမျိုးသားဦးရေ ဟာ ၆၂% ဖြစ်ပြီး  အမျိုးသမီး ၃၈% ဖြစ်ပါတယ်.။

 

ပိုမိုမြင့်မားတဲ့ မျှော်လင့်ချက်များဖြင့်

ဝန်ကြီးဌာနဟာ ၂၀၁၃ခုနှစ်မှာ ပိုမို မြင့်မားတဲ့ ကိန်းဂဏန်းတွေကို မျှော်လင့်လျက်ရှိပါတယ်။

 

ဆိုက်ရောက်ဗီဇာ များကို တိုးချဲ့လိုက်တဲ့ ကိစ္စဟာ နောက်ထပ် လျင်မြန်စွာ တိုးတက်လာနိုင်တဲ့အချက်

တချက် ဖြစ်တယ်ဆိုတာကို  ကိုးကားပြီး ဒေါ်ခင်သန်းဝင်းမှ  ” ကျမတို့ဟာ ၂၀၁၃ခုနှစ်မှာ ပိုမိုတိုးတက် မယ်လို့

မျှော်လင့်ထားပြီး နိုင်ငံခြားခရီးသွား  ၁သန်းခွဲ အထိ ရှိလာမယ် “

လို့   ပြောခဲ့ပါတယ်။

 

 

ကျနော် ရီပို့တာ သမိန်ဂီ့ ပါ..

(တိန် ဘာမှလည်း မဆိုင်ဝူး)

 

လက်က အဲ့လို ဖောက်ဖောက်လာတာဗျာ…။

 

စကားမစပ်ပါ ၈ဝနဲ့ တည်းနေကျအခန်း ၂၅ဝ (၃ဆ) ဖြစ်သွားတာလေးတွေလည်း ပြင်ပေးကြပါဦးကွယ်။

ဝက်ဘ်ဆိုက်လေးတွေလည်း မရှိသူတွေရေး ရှိသူတွေ အပ္ပဒိတ်ကြပါဦး …။

အသည်းတွေယား နွန်နွန်းနွန့်။

ကဲကဲ ..ဘာပြင်ထားသလဲ မောင်ရေခဲ ..

အိုဘယ့်

 

သခင်မျိုးဟေ့ ဒို့ ဘာမန်

 

အာဝူးးးးးးး

 

Ref:

http://travel.cnn.com/myanmar-records-one-million-tourists-67-percent-increase-tourism-income-037441

 

16 comments

  • ခိုင်ဇာ

    January 23, 2013 at 3:09 pm

    ၂၀၁၁ မှာ US$319 mil
    ၂၀၁၂ မှာ US$534 mil
    ၂၀၁၃ မှာ ….
    ဒီပုံတိုင်း ဆက်သွားရင်တော့ မြန်မာ ခရီးသွားလုပ်ငန်းက ဝင်ငွေက အားရစရာကြီးပဲ။

    BTW, ရီပို့တာ သမိန်ဂီ ရှင့်။
    တခြားနိုင်ငံသား ခံယူထားတဲ့ မြန်မာလူမျိုးတွေလာရင်ရော ဟိုတယ် ပဲ တည်းရဦးမှာလား။
    မိသားစု၊ အမျိုးအိမ်မှာ တည်းခွင့် မရှိတာမျိုးရောရှိသေးလား။
    ဧည့်စာရင်းတိုင်လို့ လက်မခံတဲ့ ရပ်ကွက်ရှိသေးလား။

    :harr:

    • မောင့်ကျက်သရေ ဂီ့

      January 24, 2013 at 8:02 am

      နိုင်ငံခြားသားတွေ့ရင် ပုံမှန် မဆက်ဆံတတ်တဲ့ လူမျိုးထဲ ကျုပ်တို့လူမျိုးထိပ်ဆုံးကပါတယ်ဗျ…။
      တမျိုးကတော့ ဒင်းတို့ သိမှမသိတာပဲ ဆိုပြီး ဈေးတင်တာ ရိတ်တာ လှီးတာ။
      နောက်တမျိုးကတော့ အငုံ့စိတ်နဲ့ ကိုယ့်ကိုကိုယ် အောက်ကို နှိမ့်ချပြီး ဆက်ဆံတာ။
      ၂မျိုးလုံးတော့ မကောင်းဘူး …။ ရွှေတိဂုံဘုရားလို နေရာမျိုးကအစ
      ဖော်ရိန်နာ အုံးလိ ဓါတ်လှေကားထားပေးထားတာက စ…ပြောရရင် …။
      အင်း…တနေ့တနေ့ ဘုရားလာဖူးတဲ့ ကိုယ့်လူမျိုး နဲ့ ကမာ္ဘ့အံ့ဖွယ် တစ်ပါးအနေနဲ့
      ဘုရားလာလည်တဲ့ နိုင်ငံခြားသား ၁၀၀ဝး၁ လောက်တောင်ရှိမယ်ထင်ရဲ့ …
      ၂စင်းတည်းသော ဓါတ်လှေကားမှာ တစင်းက ဖော်လိန်နာ အုံးလိတဲ့ဗျာ …။ ချဉ်ပါ့…။

      စောစောစီးစီး အကုသိုလ်ပွားပါရဲ့ဗျာ ..။
      :chee:

      P.S ကျုပ်အသိတယောက်တော့ ကိုယ့်ကိုကိုယ် ရှမ်းတရုတ်ဆိုပြီး ရပ်ကွက်ထဲ အိမ်ငှားနေသဗျ…။
      (အဲ့ကိစ္စ နောက်မှ ထပ်ပွားပါဦးမယ်လေ..)

  • ကထူးဆန်း

    January 23, 2013 at 6:13 pm

    မောင်ရေခဲ ဖြေပါမည် ။

    ဝန်ကြီးပြင်ထားပါသည် ။
    ဟိုတယ် အသစ်များဆောက်ရန်ဆိုကာ မြေသိမ်းပွဲများလုပ်နေကြပါသည် ။
    ခရီးသွားလုပ်ငန်း အဖွဲ့ မှ အီးစီ နေရာ လုနေကြ ရန်ဖြစ်နေကြပါသည်။
    ့မြန်မာ ခရီးသွား ၂၀၁၃ ကို ကြောက်ခမန်းလိလိ ခြောက်ကပ်စွာ ကျင်းပပြီးစိးခဲ့ပါပြီ။
    နောက်ထပ် နန်းခင်ဇေယျာ တစ်ယောက် ရွေးဖို့ ပြင်ဆင်နေပါသည် ။

    • မောင့်ကျက်သရေ ဂီ့

      January 24, 2013 at 7:57 am

      အတွင်းပိုင်းက သတင်းလေးတွေအတွက် ကျေးကျေးပါ ကိုထူးဆန်းရေ…
      ရီစရာကြီးနော..
      ဟိုတယ်ခရီး တော်လွန်းကောင်းလွန်းလို့ .. လူတွေဝင်လာတာမဟုတ်…တဲ့အပြင်
      ပြောင်းပြန်အားဖြင့်
      ဟိုတယ်ခရီး စီမံခန့်ခွဲမှု ဝန်ဆောင်မှု မလုံလောက် မကောင်းမွန်ရင်သာ …
      သူ့ဟာသူအပြောင်းအလဲကြောင့် တံခါးဖွင့်တာကြောင့် ဝင်လာမယ့်လူ
      တွန့်ကုန်နိုင်တာကို …ခုထိ ကုလားထိုင်ဦးတမ်း ကစားနေကြတုံးပဲတဲ့လား …
      အော်… မြေရှင်ပဒေသရာဇ်ခေတ် လည်း မကုန်သေးဘူးကိုး…

      အန်းနီးဝေး ..
      အသစ်လာမယ့် နန်းချင်ဇယာလေးကိုတော့ ကြိုဇိုပါဂျောင်း …
      (နန်းဂျင်ဇယာ အဟောင်းရီးရဲ့ မပြင်မဆင် ပုံတွေကျိပြီး စိတ်ထိခိယက်ပြီးသကာလပေါ့လေ…)

      :byae:

      • thunderstorm

        January 24, 2013 at 3:10 pm

        သိပ်မှန်တာပေါ့ ဟိုတယ်ခရီး တော်လွန်းကောင်းလွန်းလို့ .. လူတွေဝင်လာတာမဟုတ်…ဆိုတာ
        သွေးထွက်အောင်မှန်တယ် ဟိုတယ်ခရီး လို ့ဆိုတာက အဲ့ဒီကဝန်ထမ်းတွေ၊ အထူးသဖြင့်အရေးပါ
        အရာရောက်ကြသောအရာရှိကြီးများရဲ့ performance နဲ ့အများကြီးသက်ဆိုင်ပါတယ်၊ ကိုယ်
        အာဏာရရှိရေး၊ နေရာကောင်းရရှိရေး အတွက်ဘဲကြည့်နေလုပ်နေပြီးဆရာမွေးတပည့်မွေး၊သူ ့လူ
        ကိုယ့်လူခွဲခြား၊လုပ်ပိုင်ခွင့်နဲ့အာဏာကိုကိုယ်ကျိုးအတွက်အသုံးချ၊တကယ်တော်တဲ့တတ်တဲ့သူတွေကိုချောင်ထိုး၊ မြောင်းထဲထည့်ထား၊ အညွန် ့ချိုး၊ စိတ်ဓါတ်တွေကျပြီးမထွက်ထွက်အောင်
        pressureတွေပေး၊ အဲ့တော့ အကုန်ထွက်ကုန်ကြပြီလေ၊ တကယ်တော်တဲ့တတ်တဲ့သူဘယ်
        နှယောက်ကျန်တော့လို ့လဲ လက်ချိုးရေကြည့်လိုက်ကြပါအုံး လူကြီးမင်းတို ့………အဲ့ဒါကြောင့်
        လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကပြောတော့တာပေါ့………
        ထစ်ကနဲရှိ လူကြီးတွေနဲ့ပတ်သက်ရာပါတ်သက်ကြောင်းတွေ၊ ပဏာဆက်ထားတဲ့သူတွေကိုဘဲ ရာထူးတွေတိုးပေး၊အခွင့်အရေးမျိုးစုံပေး၊ ဒီလူတွေဘဲပညာတော်သင်လွတ် ပြန်လာတော့လဲ အဲ့ဒီချိုမိုင်မိုင်တွေက၊ အရူးကွက်တွေနင်းပြီးလစာကောင်းတဲ့အပြင်ကိုထွက်ကုန်ကြ၊ ဌာနကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊့ပြည်သူ ့အကျိုးဘာမှမလုပ်…နောင်လဲ
        သေတောင်လုပ်မှာမဟုတ်…သူတို ့အတွက်ဘဲသူတို ့လုပ်နေကြ
        ဆ.သ.ရ မှာ လာလ်ပေးလာဘ်ယူမှုနှင့် ဆက်သွယ်ရေး အရာရှိများကို စုံစမ်းစစ်ဆေးမှုများ
        ပြုလုပ်လျက်ရှိတဲ့သတင်းဖတ်ရတယ်၊ ဟိုတယ်ခရီးမှာကတော့ ဇတ်တူသားတွေစားနေကြတာ
        ဥနှောက်ဖောက်စားနေကြတာ လူကြီးကြိုက်တွေချည်းလုပ်ပြနေကြတာတွေကို မစုံစမ်းမစစ်ဆေးကြဘူး
        ဟူး……အများကြီးရှိသေးတယ် ပြောစရာတွေက
        ဒီလူတွေ ဒီအတိုင်းဆက်လုပ်နေလို ့ကတော့ဒီထက်ပိုနာမည်ပျက်ရေစုန်မျှော
        ရတော့မှာအသေအချာ……

  • Mr. MarGa

    January 23, 2013 at 8:24 pm

    ခရီးသွားတွေက စိတ်ဝင်စားလာပြီ
    ့ဆွဲဆောင်နိုင်အောင် ပြင်ဆင်နေပါသည်
    လျင်မြန်သွက်လက်သော ဆက်သွယ်ရေးစနစ်
    စိတ်ချ လုံခြုံသော ပတ်ဝန်းကျင်
    ယုံကြည်စိတ်ချနိုင်သော အာမခံစနစ်
    စသည်များကို ပြင်ဆင်နေပါသည်
    (ဦးမာဃ တွေးကြည့်ခြင်း)

  • လုံမလေးမွန်မွန်

    January 23, 2013 at 10:03 pm

    Wah…Bravo လေးလေးထူးဆန်း…

    -မြေသိမ်းပြီးနောက် မည့်သည့်အချိန်တွင် ဆောက်လုပ်ပြီးစီးမည် မသိရပါ… ဟိုတယ်အဟောင်းများကို ပြန်လည်ပြင်ဆင်ထားသော ဟိုတယ်အသစ်လေးများ၊ အလတ်စားဟိုတယ်အသစ်လေးများတော့ ထွက်ပေါ်လာကြောင်း… တိုင်းရင်းသားပိုင်ဟိုတယ်များဖြစ်သော်လည်း စာချုပ်ချုပ်ရန်အတွက် အဆင့်ဆင့်တောင်းခံရပြီး ဟိုတယ်သို့လာရောက်တွေ့ဆုံချုပ်ဆိုရန်ပင် အတောင်းဆိုခံရကြောင်း…

    -ယခင်အီးစီများက ပြဿနာများကို လျစ်လျူရှုဟန်ရှိသဖြင့်..(တကယ်လည်း ရှုပါတယ်.) .. အနည်းဆုံးတော့ အသစ်အီးစီကို မျှော်မိကြောင်း..

    -Airline များအတွက် ဥပဒေသတ်သတ်မှတ်မှတ် မရှိသဖြင့်. (ထင်တာပြောပါတယ်..) မကြာခဏ အပြောင်းအလဲ၊ အပယ်အဖျက် များကို လူးလိမ့်အောင် ခံရင်း.. မလိုလားအပ်သော ပြဿနာများကို ရှင်းနေကြကြောင်း…

    -non-refundable deposit များဖြင့် ဟိုတယ်အခန်းများကို ရက် (၉၀) ခန့် ကြိုတင် booking ယူရပြီး.. မမျှော်လင့်သောအခြေအနေများကြောင့် တစ်လအလိုတွင် cancel ဖြစ်သွားပါက cancellation fees ပေးရကြောင်း…

    -ဧည့်လမ်းညွှန်ရှားပါမှုကို ရင်ဆိုင်ရပြီး ရှိရင်းစွဲဧည့်လမ်းညွှန်များကို စိတ်ရှည်သည်းခံလမ်းကြောင်းမှန် မောင်းရန်မော်တော်ကား..အဲ..ရောကုန်ပြီ.. သည်းခံဆက်ဆံရကြောင်း..

    တော်ပါပြီ..ဒီလောက်ပဲ ပြောပါတော့မယ်…

    ဆက်မပြောတော့ပါဝူး…

    • မောင့်ကျက်သရေ ဂီ့

      January 24, 2013 at 8:10 am

      ဗစ်ဇစ်မြန်မာယီးယား နိုင်တီးနိုင်တီစစ် တုန်းကတော့
      အသေးစားနဲ့ အလတ်စား ဟော်တယ် မော်တယ် အင်း တွေ
      မှိုလိုပေါ်လာဖူးတယ်..။

      ဘယ်သူတွေလာ ဘယ်လောက်တွေဝင်ပြီး ဘာတွေဖြစ်သွားတယ်တော့ မသိ..
      (အတွဲတွေအတွက် ခြေဦးလှည့်စရာ နေရာတွေ အလျိုလျိုဖြစ်လာတာတော့အမှန်)

      ခုလည်း hotel boom ဖြစ်လာဖို့ တွန်းအား တရပ် ဖြစ်လာတယ်လို့မြင်မိပါရဲ့..။
      တခုပဲ … အသစ်ပေါ်တာကို ကြိုဆိုပါတယ်။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
      ဖြစ်ဖို့သာ အရေးကြီးတာပါ။

      သခင်မျိုးဟေ့ … .. ဒို့ …. (ဘာမှမှုတ်တော့ပါဘူးလေ..)

      အာဟိ…

  • kai

    January 24, 2013 at 5:47 am

    အဲဒီမြေတွေ..ဘယ်သူတွေက.. ဘယ်တုံးကယူထားတယ်…ဘယ်လိုယူထားတယ်..ဘာတွေအကျိုအမြတ်ရခဲ့တယ်.. ပွင့်လင်းမြင်သာ လူထုကိုချပြသင့်တယ်..
    တချိန်ချိန်မှာ.. ချပြရလိမ့်မယ်..
    အဲဒီအကျိုးအမြတ်တွေကနေ.. အိမ်တိုင်ချွတ်ရလာက်အောင်.. တိုင်းပြည်က အမြတ်ခွန်ချရလိမ့်မယ်..။
    လွှတ်တော်က.. အလုပ်လုပ်ရလိမ့်မယ်..
    တရားရေးက..တရားစီရင်ရလိမ့်မယ်..။

    ဆိုတော့…
    အဲဒီအချိန်ကျ..
    “မသက်သာဘူးသာ မှတ်ပေတော့”လို့.. (ဘိုနေဝင်းလေသံနဲ့) ပြောလိုက်မယ်..။ :harr:

    “သခင်မျိုးဟေ့.. တို့ဘားမင်န်..” :mrgreen:
    မှတ်ချက်။ ။ . ငတို့သည် ခွေးမဟုတ်..။

  • panpan

    January 24, 2013 at 8:59 am

    နိုင်ငံခြားသားက ရပ်ကွက်ထဲအိမ်ငှားနေတာ ရမရတော့မသိ
    ရုံးကဘိုးတော်ဂျာကြီးကတော့ အခန်းငှားနေနေတယ်
    အစကဟိုတယ်မှာနေပေမယ့် စရိတ်က ၃ဆတက်လာတော့
    အကုန်ကျများတယ်ဆိုပြီး အခန်းငှားနေတော့တာပါပဲ
    အဲ့… အခန်းငှားနေတော့ ဧည့်စာရင်းတော့တိုင်ရတာပေ့ါ
    အိမ်ငှားပေးတဲ့ပွဲစားကလည်း အဲ့ရပ်ကွက်ကလ.၀.ကရုံးကဆိုတော့လည်း
    အိုကေသွားတယ်ပေ့ါလေ
    တခြားရုံးက နိုင်ငံခြားသားတွေလည်း အဲ့လိုပဲအခန်းငှားနေကြပြီ
    ရောက်ကာစကလို ဟိုတယ်တွေမှာမတည်းကြတော့ဘူး

    • မောင့်ကျက်သရေ ဂီ့

      January 24, 2013 at 9:13 am

      ကိုယ့်ထက်လည်လို့ သူများတိုင်းပြည် ဘစ်ဇနက်ထွက်ဒူးနေတဲ့ နိုင်ငံခြားသားတွေပဲကွယ်
      ဂလောက်တော့ ရှိမပေါ့…။

      ကိုယ်တွေကို ဖိနေနှိပ်နေ ..အဲ့လေ ယောင်လို့ အုပ်နေချုပ်နေကြတာက
      ရေဗူးနဲ့ ရေလောက်သိတဲ့ အဘတွေနဲ့ ခြကိုက်နေတဲ့ ဖော်လန်ဖားတွေပဲဟာ..။

      အဲ့လိုလူနဲ့ ဟောဒလိုလူ တွေ့ကြတဲ့ပွဲဆိုတော့လည်း …
      အင်း .. သိတဲ့အတိုင်းပေါ့ …။

      တိုးတက်အုံးမယ် … အားကြီးကြီး…။

      :byae:

      • panpan

        January 24, 2013 at 11:45 am

        ဧည့်စာရင်းလည်း တိုင်တာသူမသိ
        တိုင်လည်းမတိုင်တတ်
        အဲ့လာ ဆယ်အိမ်မှူးလား ရာအိမ်မှူးလား ဘာလားညာလားက အပြီးအစီးလုပ်ပေးတယ်လေ
        အဲ့လို…..အဲ့လို…..

  • moonpoem

    January 24, 2013 at 10:17 am

    ဟိုတယ် ဈေးတက်နှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ၂၀၁ဝမှာ တစ်ညကို ၆၅ဒေါ်လာသာ ရှိခဲ့တဲ့ မြို ့ထဲက ဟိုတယ်တွေ အခု တစ်ညကို ၃၅ဝ ဖြစ်နေတာကိုသာ ကြည့်ပါတော့။

    • မောင့်ကျက်သရေ ဂီ့

      January 24, 2013 at 10:38 am

      အင်း ကျုပ်လက်ထဲ ရှိတဲ့ ဒေတာအရ ၃ဆ လို့ပဲသိထားတာ ၆၅(၇၀) တန်က အခု ၃၅ဝ ဆိုတော့
      ၅ဆတောင်ပေါ့ ..ဝယ်လိုအားများတယ်ဆိုပြီး ဂလောက် တက်ပစ်လိုက်ကြတာတော့
      လွန်တယ်ပဲ ဆိုရတော့မလားဗျာ…။
      ကျုပ်သိတာတော့ ဟိုတယ် လုပ်ငန်းဆိုတာ အချိန်ကို ရောင်းတဲ့ စီးပွားတမျိုးပဲ ။
      ဆိုပါစို့ …၆၅(၇၀) ကို ၃ဆ တက်လို့ ၂၀ဝလောက် ဖြစ်သွားမယ်။
      ဒီညမှာ ရှိတဲ့ အခန်း၁၀ဝ မှာ အခန်း ၇ဝ ရောင်းရတယ်ဆိုရင် တည ဒေါ်လှ ၁၄၀၀ဝ ရသပေါ့..။

      အနှီ ၆၅(၇၀) ကိုပဲ ၅ဆ တက်လို့ ၃၅ဝလောက် ဖြစ်သွားမယ် ..
      အဲ့သည့်အခါ အခန်း ၄၅-၅ဝ လောက်ပဲရောင်းရတယ် ဆိုပါစို့ ..သူလည်း တည ဒေါ်လှ ၁၄၀၀၀
      လောက် ရသပေါ့ ..။

      တိမ်တိမ်တွေးရင်တော့ အခန်း၅ဝပဲရောင်းရပြီး ၁၄၀၀ဝ ရတာ ပိုမြတ်သယောင်။ လူသက်သာသယောင်
      ပိုကိုက်သယောင်ပေါ့။
      နက်နက်တွေးရင်တော့ ၂၀ဝဈေးနဲ့ အခန်း ၇ဝ ရောင်းရတာ မှာ သူများတက် ဈေးချိုသာသော
      လူပိုသိသော ။ လူများများနှင့် ထိတွေ့ခွင့်ရသော good will ကိုရရှိပါတယ်။ Good reputation
      ကို လုပ်အားနဲ့ ဝယ်ယူသဖွယ် မြင်ရမှာဖြစ်ပါတယ်။

      ဘယ်လိုတွေတွေးကြသလဲတော့ မသိ.. ။ အခန်းတွေ ယူလို့မရဝူးမဟုတ် .. ရရဲ့
      ခေါ်ဈေးနဲ့ ပေါက်ဈေးကြားက dynamics တွေကို ဘယ်သူတွေ ကစားနေသလဲ ဆိုတာလေး တွေးဖြစ်သွားပါရဲ့ဗျာ..

  • Mobile

    January 24, 2013 at 9:21 pm

    ဝင်ရောက်လေ့လာသွားပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးး

  • sorrow

    August 15, 2014 at 5:39 pm

    ပြန်တူးလာတာ..ကော်မန့်တွေလတ်ဆတ်နေတုန်းရယ်…
    ခုထိပြင်ကြသေးဘူး….

Leave a Reply