ကျွန်တော် ကြိုးစားရကြိုးနပ်ခဲ့ပြီ…….

ရွာသူားတွေရဲ. ကိုယ်စီအပြုံးတွေနဲ. အားပါးတရ လက်ဆွဲနှုတ်ဆက်နေကြတဲ့ ပုံတွေ အခုကို မျက်စိထဲကမထွက်ဘူးဗျာ…….

ကျွန်တော် ပွဲစီစဉ်သူအဖြစ် အုပ်ကထကြီးက တာဝန်ပေးတော့.. လက်သာခံလိုက်ရတာ ဖြစ်မှဖြစ်ပမလားလို. စိတ်ပူလိုက်ရတာဗျာ…… ကိုယ်က ရွာသူားတွေကို မလေးမစား စီစဉ်ပေးမိမှာ စိုးသကိုးဗျ…

ပြီးတော့ ဒီပွဲကြီးကို အားလုံးကလဲ စိတ်ဝင်စားနေကြတာလေ… အစီအစဉ်လွဲလို.ကတော့ တေပီချာပဲ..

အခုတော့ အဲဒီ စိတ်တွေအားလုံးပျောက်ပြီး အဆင်ပြေသွားပြီဗျို………

၁၉.၁.၂၀၁၃ စနေ.နေ.က ကျွန်တော်ရုံးက Family Day အဲဒီမှာ စိတ်ကမရောက်ဘူး.. နေ.လည် ဦးမိုက်ကြီးတို.နဲ. P3 မှာ ချိန်းထားတာပဲ အာရုံရောက်နေတယ်… ရုံးပွဲပြီးတာနဲ. အုပ်ထိန်းသူကို တန်းပို.ပြီး ဦးမိုက်ကြီး လာခေါ်တော့ P3 ကို ချီတက်ခဲ့ကြတယ်………

ဟိုရောက်တော့ ကိုအမတ်မင်းနဲ. ဦးဘလက်ချောကြီးက ရောက်လာပါရော.. ဦးဘလက်ခမျာ သူ.အမေ နေမကောင်းလို. ဆေးရုံးမှာ အသည်းအသန်ဖြစ်နေတာတောင် အပြေးအလွှားလေး လာလိုက်သေးတယ်..

ကိုအမတ်မင်းကလဲ ဗွီနိုင်းထုတ်တာ ကအစ ကုန်ကျစရိတ်အကုန်စိုက်ပြီး ကိုယ်ဖိရင်ဖိ ကူညီရှာတယ်ဗျာ..

သူမိန်မရသွားမှာတောင် စိုးရိမ်မိတယ်ဗျို. ရွာကိစ္စဆို သူက အကုန်လိုက်လုပ်တာကိုးးး..

ဒီလိုနဲ. ဗွီနိုင်ကြီးကို ဟိုနေရာချိတ်မယ် ဒီနေရာ ဘာထားမယ်ဆိုပြီး ဆိုင်ကလူတွေနဲ. တိုင်ပင် ပြီးတော့ အစားအသောက်တွေ အဆင်ပြေပါမလားဆိုပြီးအစမ်းအနေနဲ. ခေါက်ဆွဲကြော်မှာ ပြီး ပုလင်းလေးထောင် လိုက်ကြသေးဟေးဟေးဟေးးးးးးးးး

အဲဒီကိစ္စတွေပြီးလို. ဦးဘလက်ကြီးလဲ စကားပြောလို.အားမရသေးပေမယ့် သူအမေ့ကို နောက်ဆံတင်းနေတာနဲ. ငါပြန်တော့မယ်ကွာဆိုပြီး ၁၅မိနစ်လောက်ကြာမှ ပြန်သွားတယ်..ဒါတောင်ပြောသွားသေး တယ်… ငါအချိန်ရရင်တော့ ခဏလာခဲ့မယ်တဲ့……..

ကျွန်တော်တို.လဲ သိပ်မကြာပါဘူး.. ပြန်ကြတာပဲ.. မပြန်လို.လဲ မရဘူးကိုဗျ.. ညနေ ဦးကျောက် ဒင်းနာကို ချီတက်ကြရမှာလေ………..

ဒါနဲ. ဦးမိုက်ကားနဲ.ပဲ ကျွန်တော် ချစ်သုအုပ်ကလေးကို သွားခေါ်ပြီး ဦးကျောက် ဒင်နာကိုချီတက်ခဲ့ကြတာပေါ့ဗျာ..

အဲဒီညက ပျော်စရာကောင်းပ… ကျွန်တော်လဲ မိုးချုပ်အထိမနေတော့ဘူး မနက်ဖြန်အတွက် အိမ်မှာ ပြင်စရာရှိတာ ပြင်ဆင်ရအုံးမယ်ဆိုပြီး ပြန်လာခဲ့တယ်…

လမ်းမှာ မိုက်ဝင်ဝယ်သေးတယ်.. အဲဒီမိုက်ပေါ့ အတော်ဆိုးတယ်.. အဲအဲ မိုက်ဆိုလို. ဦးကြီးမိုက် မဟုတ်ပါ.. ဦးကြီးမိုက်က လိမ္မာတယ်……ခိခိခိ…

မိုက်စမ်းတော့ အကောင်း.. အိမ်ရောက်တော့ စမ်းကြည့်တော့ အောက်က ၀ယာလက် အတံလေးမပါလာဘူး ပြန်သွားလဲရအောင်လဲ မိုးချုပ်တော့ ဆိုင်ကပိတ်သွားပြီလေ…

ကဲဒါနဲ. မန်းလေးက ဆုရသူ နှစ်ယောက်အတွက် ညကျမှ မန်းဂဇတ်ချစ်သူ စာပေဆု ဒီဇိုင်းနဲ. မတူအောင် ပြင်ဆွဲပြီး ပရင့်ထုတ် နာရီကို တစစီဖြုတ်ပြီး စတေကာကပ်တာ….ည ၂နာရီထိုးသွားရော……

မနက်မိုးလင်းတော့ အစောကြီးထ ယူစရာရှိတာတွေကို အိမ်ပေါက်ဝမှာ အကုန်စုပုံထားပြီး ဦးမိုက်ကြီး လာခေါ်တာစောင့်နေတာပေါ့… မကြာပါဘူး အစောကြီး ရောက်ချလာပါရော..ဒါနဲ. ကားပေါ်ပစ္စည်းတွေတင်ပြီး ကန်တော်ကြီးကို ချီတက်ခဲ့ကြတယ်.. လမ်းမှာ လက်ဖက်ရည်ဝင်သောက်တာတောင် အမြန်သောက်ကြတာ.. မမှီမှာစိုးနေကြတယ်လေ…….

ကန်တော်ကြီးရောက်တော့ ၀င်ကြေးပေးရတဲ့ဂိတ်လဲရောက်တော့ ဂဇတ်ပွဲသွားမှာ P3 လို.ပြောတော့ ဂိတ်ကလူတွေက မသိဘူးလုပ်နေတော့ တိန် သေဘီချာပေါ့.. ဒါနဲ. သေချာမေးကြည့်ပါအုံးဆိုပြီး ဖုန်းဆက်တော့ ဟုတ်တယ်ဆိုမှ…ဟင်းချနိုင်တော့တယ်……. အစကတည်းက လွဲပြီဆိုပြီး အဟင့်…

ဒါနဲ. ရွာသူားတွေကို အစက ပြောထားတာ အယောက်၃၀ ဖရီးဆိုပြီး ဆိုင်ရောက်မှ ၂၀ ပဲရတယ်ဆိုတာ သိရတယ်….. ဆောရီးပါဗျာ..ကျွန်တော်အမှားပါ…

ဒါနဲ.ဆိုင်ရောက်တော့ ကားပေါ်ပါလာတဲ့ ဆောင်းဘောက်စ်တွေ ချ မီးကြိုးတွေဆင်ပြီး ဘောက်စ်စစမ်းတာပေါ့..

အဲဒီမှာ စတော့တာပဲ.. အသံက အပြင်မှာပြောတဲ့ အသံထက်တောင် တိုးနေသေးတယ်… ဦးမိုက်နဲ. ကျွန်တော် ခေါင်းချင်းရိုက်ရတော့တာပေါ့.. မရပါဘူး….. လက်လျော့လိုက်ရတာပေါ့..

အဲဒီအချိန်မှာ ကိုအမတ်မင်းရောက်လာပြီး… လက်မှတ်ထိုးမယ့်စာရွက်တွေ… အမှတ်တရရေးမဲဟာတွေ တာဝန်ယူပြီး ခင်းကျင်းပေးတယ်.. ကိုပီချိုကြီးကလဲ အစောကြီးရောက်လာပြီး သူ.ကီးချိန်းတွေကို အမှီလာပေးတာပေါ…. ကိုပီချိုကြီးကို တစ်ခါမှမတွေ.ဘူးပဲ လက်ထဲက အထုပ်ကြီးကြည့်ပြီး ဒါကိုပီချိုကြီးပဲဆိုပြီး နှုတ်ဆက်ကြတာဗျာ… မှားလို.ကတော့ ဆောရီးပေါ့….ဟိဟိဟိ..

အဲအဲ အဲဒီအချိန်မှာ ပိုက်ဆံအိပ်ကြီး ဂျိုင်းချားညှပ်ပြီး…. သုတ်သုတ်သုတ်နဲ.ရောက်ချလာတာကတော့ အုပ်ကထ ဟောင်းကြီး ဦးပါ…….. ဟေ့ အဆင်ပြေကြလားဟေ့ဆိုပြီး တက်တက်ကြွကြွရောက်ချလာပြီး.. စကားပြောမလို.လုပ်တုန်း ဟာာာာ ကျုပ်မေ့ခဲ့ပြီးဆိုပြီး သုတ်သုတ်သုတ် နဲ.ပြန်ထွက်သွားလေရဲ.

ပြီးတော့ ရွာသူားတွေ တဖွဲဖွဲရောက်လာပြီး လက်မှတ်တွေထိုးကြ အမှတ်တရတွေရေးကြနဲ. အပြုံးကိုယ်စီနဲ. ပျော်နေကြတာပေါ့……

အင်း ပျော်နေကြတဲ့အထဲ မပါတာက ဦးမိုက်နဲ.ကျွန်တော် အခုထိ မိုက်က အဆင်မပြေသေးဘူး.. ကျွန်တော် ကိုအမ်လုလင်ဆီက ငှားထားတဲ့မိုက်နဲ.စမ်းလဲ အသံက ဒီအတိုင်းပဲ.. ကဲဒါနဲ. ကိုအမတ်မင်းကို စမ်းခိုင်းတော့.. အသံတောင်မထွက်တော့ဘူးဗျာ…….. ခင်ဗျားလပ်ကီးမရှိပါဘူးဆိုပြီး ပြောတော့ သူက ခင်ဗျား ဆောင်းဘောက်စ်ကြီးကို က အစုတ်ကြီးပါပြောတော့ မခံခင်လို. ဆိုင်က VCD ခွေငှား အသံကောင်းကြောင်း ပြရတော့တာပေါ့.. သီချင်းဖွင့်တော့ အသံက အကျယ်ကြီး… ဒါနဲ. မိုက်ဖွင့်ပြီး……..ဟဟဟဟဟဟဟဟဟလို လိုက်တော့……လားလားလား… စက်က ခွေထည့်မှ မိုက်သံထွက်တာကိုးးးးးးးး ဟဲဟဲဟဲ…

ကိုအမတ်မင်းကျေးဇူးတယ်ကြီးတာကိုးဗျ…………ဒါနဲ.သူကို အာဝါးပေးမလို. လုပ်တော့ အရပ်မမှီတာနဲ. မပေးလိုက်ရဘူးလေ…….ဟိဟိဟိဟိ..

ကျွန်တော်လဲ မိုက်ရသွာတော့ သူများတွေ နည်းတူ ပျော်ရပီပေါ့ဗျာ…. ကဲဒါနဲ. အားလုံးကြည့်လိုက်တော့.. လူစုံသလောက်ဖြစ်တော့ ပွဲစရတော့မှာပေါ့…….

အစီအစဉ်ကြေငြာမယ့် ဆိုပြီး ငှားထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက မလာဖြစ်ဘူးဆိုတော့ ဟိဟိ သူနဲ. ခပ်ဆင်ဆင်တူတဲ့ ကျွန်တော်ပဲ လုပ်လိုက်ရတော့တာပေါ့ဗျာ……….. ခွိခွိခွိ..

ဒါနဲ. ကျွန်တော်က အစီအစဉ်တွေကို ရွတ်ပြပြီး မန်းလေးဂဇက်ပွဲ စတင်ကြောင်းကြေငြာအပ်ပါသည်ခင်ဗျားးးးးး လို.ပြောလိုက်တော့……ဖြောင်းဖြောင်းဖြောင်းးးးးးးးးးဆိုပြီး အားရပါးရ တီးလိုက်ကြတာ လက်ခုပ် ပြောပါဒယ်… ကျွန်တော်တောင် လန်.သွားပြီး မိုက်လွတ်မကျအောင်မနဲထိန်းလိုက်ရတယ်… အဲလိုပရိတ်သတ်နဲ. ကြုံဖူးဘူးကိုဗျ.. အဟီးးးးးးးး

အဲလို ကြေငြာနေတော့ ၀ိုင်းတွေမှာ ထိုင်နေကြတဲ့သူတွေ အလုပ်ရှုပ်နေကြတယ်လေ.. ဒီက ကြေငြာတာလဲ နားထောင်ရ ပြီးတော့ လာမေးတဲ့ ၀ိတ်တာတွေကိုလဲ မှာရ… အချိန်ကြာမှာဆိုတော့ ဗိုက်အဆာခံမယ့် အသီးဖျော်ရည် စဉ်းစားရနဲ. ဟေဟေဟေဟေ..

ပြီးတော့ အခုလက်ရှိအုပ်ကထကြီးက အဖွင့်အမှာစကားပြောကြား တော့လဲ တိုတိုတုတ်တုတ် နဲ.ပြောသွားသေး.. အဲဒီ အုပ်ကထကြီး နှစ်ယောက် စကားပြောဖို. နှစ်ရက်လောက်အလိုကတဲက ရှင်ပြောလိုက် ကျမမပြောဘူး ဆိုပြီး တာဝန်ခွဲနေကြတာ… ပွဲစမယ့်အချိန်အထိ ဘယ်သူပြောမယ် မသိသေးဘူး.. ဒါနဲ. ကျွန်တော်လဲ မိုက်နဲ.အော်မှ အခု အုပ်ကထကြီးက ထပြောတော့တယ်… မိုက်နဲ.အော်မှတော့ ထမပြောလို.လဲ မရဘူးဆိုပြီး ပြောရတော့တာပေါ့…… ဘယ်ရမလဲ ဟဲဟဲဟဲ….. အဲဒါပြီးတော့ အစီအစဉ်ထဲမှာ အုပ်ကထကြီးရဲ. အမှာစကားကို ဖြည့်စွက်ပြောကြားပေးဖို. နိုင်ဂံဂျားက လာတဲ့ အဘဖော ဆိုလဲ့ စမတ်ဘွိုင်းလေးကို မိုက်နဲ. ထပ်အော်ခေါ်ရသေးတယ်…… နို.မို.ဆို သူတို.ဟာသူတို.ဆို သူပြော ကိုယ်ပြော နဲ. ခွဲဝေနေကြအုံးမှာလေ…

အဲလို ပြီးတော့ ရွာသူားတွေ မိတ်ဆက်စကားပြောကြတာပေါ့………ဒါကတော့ ဒီမှာရှု

https://myanmargazette.net/164389/creative-writing

အဲလိုလဲပြီးရော… ဆုရတဲ့သူတွေ ဆုပေး ပွဲစတင်တာပေါ့…. ဒါကတော့ ဒီမှာရှု

https://myanmargazette.net/164538/creative-writing

https://myanmargazette.net/164630/creative-writing

https://myanmargazette.net/164647/creative-writing

အဲဒီမှာ ပေးမယ်ဆုတွေကို ဆုဗန်းကိုင် မယ့် နန်းခင်ဇေယျာလေးကို ဖိတ်ထားပေမယ့် သူမလာအားတော့ နန်းခင်ဇေယျနဲ.ခပ်ဆင်ဆင်  အုပ်ကထကြီး ဦးပါက ဗန်းကိုင်အဖြစ် ပါဝင်ကူညီပေးပါတယ်….အဟိ..

အဲလိုနဲ.ဆုရတဲ့သူတွေ ဆုပေး လက်ခံရရှိသူတွေက ဆုယူ ကျေးဇူးတင်စကားပြောကြတာပေါ့… အဲအဲ ဆုရတဲ့သူတွေထဲမှာ ကျေးဇူးတင်စကားကို နှစ်ခါပြောသွားတဲ့သူရှိတယ်.. အဲဒါ ဦးကျောက်ခဲ.. သူက ဆုယူပြီး တစ်ခါတည်းကျေးဇူးတင်စကားပြောသွားတာလေ… ဂရမ်မီဆုယူတုံးက အကျင့်ပါနေတယ်ထင်တယ်…နောက်တစ်ခါ ဆုရတဲ့သူတွေ ကျေးဇူးတင်စကားပြောပါဆိုတော့….. ပါးစပ်အဟောင်းသားနဲ. ဟဲ့ကိုရွှေတိုက် နင်အစောကြီးကတည်းကပြောပါလား.. ငါက ပြောပလိုက်ပီ… အဟင့်ဆိုပြီး…… မပြောတော့ဘူးမထင်နဲ. ထပ်ပြောသွားသေးတယ်…….ဟေဟေဟေဟေ့

ဆုရတဲ့သူတစ်ယောက်ချင်း ကျေးဇူးတင်စကားပြောလဲပြီးရော ကျွန်တော် ရွာသူားတွေကို ကြည့်လိုက်တော့ ဗိုက်တွေထောက်ပြီး ဆာနေကြတာတွေ.ရတော့……. ၀မ်းသာသွားအောင် အစားအသောက်အစီအစဉ် စတင်ကြောင်းကြေငြာလိုက်တာပေါ့……ဟိဟိ ရွာသူားမျက်နှာတွေ ၀င်းလက်သွားကြတာ….. ဒါပေမယ့်.. အစားအသောက်တွေက ကြော်တုန်းတဲ့…….. ဒါနဲ. ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ.. မနိုဗွီကံစမ်းမဲကို ကြားထဲ မှာ ဖောက်ပေးရတော့တာပေါ့……ဟူးးးးးးးးးးးတော်ပါသေးရဲ. မနိုဗွီကယ်လို….. ကျေးဇူးမနိုဗွီ..

ဒါနဲ. ကံစမ်းမဲ ကို စိတ်ဝင်တစားပျော်နေကြတော့ အစားအသောက်မေ့သွားကြပြန်ရော…..အားလုံးလဲ ကံစမ်းမဲဖောက်ပြီးတော့…. အစားအသောက်တွေရောက်လာတာနဲ.ကွက်တိ ပဲ…….ပျော်ပျော်ပါးပါးစားလိုက်သောက်လိုက်ကြတာ……. အခုထိကို ပျော်နေုတုန်းပဲ….. အစားစားကြတာထက် စကားလုပြောကြတာပိုများသေး…….. ကျွန်တော်လဲ စားနေရင်း မန်းလေးက လေးပေါက် မက်စိပို.ထားတာ တွေ.တော့ အကြံရသွားတယ်ပေါ့.. ကျွန်တော်လေးပေါက်ဆီ ဖုန်းခေါ်ပြီး ဖုန်းနဲ.ကျေးဇူးတင်စကားပြော မလားမေးတော့ ပြောမယ်တဲ့…….

ဒါနဲ. အစားအသောက်အမြန်စားပြီး မိုက်ဆီပြေးရတာပေါ့….မပြေးလို.မရဘူးလေ….ရှေးဆုံးဝိုင်းမှာ မိုက်လုမယ့် နှစ်ယောက်က ရှိသေးတယ်….တော်ကြာ သူတို.ဆီမိုက်ရောက်သွားရင်…..ဟိဟိဟိ..

ဒါနဲ. အားလုံးကို မိုက်နဲ.အော်ပြီး လေးပေါက်ဆီဖုန်းခေါ် ဖုန်းစပီကာဖွင့် မိုက်နဲ.ကပ်ပေးလိုက်တော့ ဘာပြောကောင်းမလဲ.. မန်းလေးကနေ လေးပေါက်က အားရပါးရ ကျေးဇူးတင်စကားပြောတော့တာပေါ…. အော် ဖုန်းလေးကလဲ တော်တော် အသုံးဝင်သားဗျနော်…….. လေးပေါက် ပြောပြီးတော့ လက်ခုပ်သံတွေ ကြားတော့ မန်းလေးက လေးပေါက်ကြီးလဲ ပျော်လို.ပေါ့….

အဲဒါလဲပြီးရော သူကြီးပေးလိုက်တဲ့ ပစ္စည်းတွေကို မဲဖောက်ပေးတာပေါ့… ပေါက်မဲတွေအော်တော့ ပေါက်တဲ့သူတွေက် ရွာသူား အဟောင်းတွေပဲဖြစ်နေတယ်…

အကုန်လုံးပေါက်မဲတွေအော်ပြီးတော့ ၀ယာလက်မောက်စ်စ် ပေါက်မဲကို ဘယ်သူမှ မပေါက်ကြတော့ မဲလိပ်လက်ကျန်ထဲမှာ ကျန်တာပေါ့……ဟေဟေဟေ ဒါဆိုရင်တော့ သေချာပီး ဟိဟိဟိ..

ဒါနဲ. ကျွန်တော် ကျန်တဲ့ မဲ၈လိပ်ထဲက တစ်ခုကို ဖွင့်လိုက်တယ်ဆိုရင်ပဲ.. WireLess Mouse ဆိုတဲ့စာတန်းလေး ပေါ်လာရော……ပေါက်ပီ… မပေါက်လဲ ကျန်တဲ့မဲတွေ ဆက်နှိုက်အုံးမလို… ပထဆုံးအလိပ်က ပေါက်တော့…. တော်သေးတာပေါ့.ဗျာ…….. ဟဲဟဲဟဲ.. အဲအဲ သူကြီးမင်းပို.သတဲ့ မေတ္တာထင်ပဗျာ…… ကံကောင်းချက်……အကုန်လုံးပြီးသွားတော့ အပြုံးကိုယ်စီနဲ. ဂရုဖိုတိုရိုက်ကြတာပေါ့…

ဆရာအုပ်က သူကင်မလာကြီးကို နွားလှည်းဒေါက်ကြီးနဲ.ထောက်ပြီး ချိန်ထားတယ်.. ခြောက်ပုံ ဆက်တိုက်ရိုက်မယ်ဆိုတော့…… အပြုံးခြောက်မျိုးပြုံးပြီး အရိုက်ခံကြတာပေါ့ဗျာ……………….ဓာတ်ပုံရိုက်ပြီးလို. ဂဇတ်ပွဲပြီးဆုံးကြောင်းကြေငြာတော့ လက်ခုပ်လက်ဝါးတီးလိုက်ကြတာ……ဘေးက ဖြတ်သွားတဲ့သူတွေတောင် ရပ်ကြည့်နေကြတာ အများကြီး….တစ်ယောက်နဲ.တစ်ယောက် နှုတ်ဆက် ပြန်သွားကြတော့လဲ စိတ်ထဲ လွမ်းသလိုလို ပဲ ကျွန်တော်ကတော့ ဘယ်သူမှကို နှုတ်မဆက်လိုက်ရဘူး…..အဟင့်..

ဆောင်းဘောက်စ်တွေနဲ. စာတမ်းတွေ ဖြုတ်နေတာနဲ. ……………

ဘာပဲပြောပြော ဒီပွဲလေးကို ပျော်ပျော်ရွှင်ရွှင် နဲ. အောင်မြင်စွာပြီးဆုံးသွားတာ အရမ်းကိုဝမ်းသာမိပါတယ်..

ကျွန်တော့်ကို ၀ိုင်းကူပေးကြသော ဦးကြီးမိုက်၊ကိုအမတ်မင်း နဲ. ဦးပါ..

ကြွရောက်အားပေးကြတဲ့ ရွေးဖတ်အဖွဲ.ဥက္ကဋ္ဌနဲ.အဖွဲ.၀င်များ၊ရွာသူားများ ……..

ကန်တော်ကြီးက P3 ဆိုင်က ကျွန်တော် ဂျီးကျတိုင်းလုပ်ပေးတဲ့ ၀ိတ်တာများ…….

ကျွန်တော့် အုပ်ထိန်းသူ ချစ်သုအုပ်…..ဘာမှလဲမဆိုင်…. ခစ်ခစ်(ဟိဟိ သူ.ထည့်ကျေးဇူးမတင်လို.မဖြစ်ဘူး… စိတ်မထင် ပို.စ်ဝင်ဖတ်တတ်လို. အဟီးးးးးးးး)…

ဗလာမပါ ကံစမ်းမဲ အတွက် မနိုဗွီ

ကီးချိန်းလေးတွေအတွက် ကိုပီချိုကြီး……

စာရင်းပေးပြီး မလာတဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်…………ဟွန်.

ပြီးတော့ မလောက်မင ကံစမ်းမဲဖောက်ပေးတဲ့ သူကြီးမင်းကို လဲ ကျေးဇူး …….

အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ………….

အဲဒီနေ.ကို ကျွန်တော်အခုပြောအခုမျက်စိထဲကမထွက်ပါဘူး…. မန်းလေးက လေးပေါက်ပြောနေတဲ့ စကားအတိုင်းပြောရရင်……..

၂၀.၀၁.၂၀၁၃ နေ.ရက်လေးဟာ ရွာသူားတွေရဲ. အပျော်တွေစွန်းနေတဲ့ နေရက်လေးပါပဲဗျာာာာာာာ…

About ရွှေတိုက်စိုး

has written 79 post in this Website..