ဂဇက် စုံညီပွဲတော် လက်ကျန်ရှင်းတမ်း..

ကျွန်တော် ကြိုးစားရကြိုးနပ်ခဲ့ပြီ…….

ရွာသူားတွေရဲ. ကိုယ်စီအပြုံးတွေနဲ. အားပါးတရ လက်ဆွဲနှုတ်ဆက်နေကြတဲ့ ပုံတွေ အခုကို မျက်စိထဲကမထွက်ဘူးဗျာ…….

ကျွန်တော် ပွဲစီစဉ်သူအဖြစ် အုပ်ကထကြီးက တာဝန်ပေးတော့.. လက်သာခံလိုက်ရတာ ဖြစ်မှဖြစ်ပမလားလို. စိတ်ပူလိုက်ရတာဗျာ…… ကိုယ်က ရွာသူားတွေကို မလေးမစား စီစဉ်ပေးမိမှာ စိုးသကိုးဗျ…

ပြီးတော့ ဒီပွဲကြီးကို အားလုံးကလဲ စိတ်ဝင်စားနေကြတာလေ… အစီအစဉ်လွဲလို.ကတော့ တေပီချာပဲ..

အခုတော့ အဲဒီ စိတ်တွေအားလုံးပျောက်ပြီး အဆင်ပြေသွားပြီဗျို………

၁၉.၁.၂၀၁၃ စနေ.နေ.က ကျွန်တော်ရုံးက Family Day အဲဒီမှာ စိတ်ကမရောက်ဘူး.. နေ.လည် ဦးမိုက်ကြီးတို.နဲ. P3 မှာ ချိန်းထားတာပဲ အာရုံရောက်နေတယ်… ရုံးပွဲပြီးတာနဲ. အုပ်ထိန်းသူကို တန်းပို.ပြီး ဦးမိုက်ကြီး လာခေါ်တော့ P3 ကို ချီတက်ခဲ့ကြတယ်………

ဟိုရောက်တော့ ကိုအမတ်မင်းနဲ. ဦးဘလက်ချောကြီးက ရောက်လာပါရော.. ဦးဘလက်ခမျာ သူ.အမေ နေမကောင်းလို. ဆေးရုံးမှာ အသည်းအသန်ဖြစ်နေတာတောင် အပြေးအလွှားလေး လာလိုက်သေးတယ်..

ကိုအမတ်မင်းကလဲ ဗွီနိုင်းထုတ်တာ ကအစ ကုန်ကျစရိတ်အကုန်စိုက်ပြီး ကိုယ်ဖိရင်ဖိ ကူညီရှာတယ်ဗျာ..

သူမိန်မရသွားမှာတောင် စိုးရိမ်မိတယ်ဗျို. ရွာကိစ္စဆို သူက အကုန်လိုက်လုပ်တာကိုးးး..

ဒီလိုနဲ. ဗွီနိုင်ကြီးကို ဟိုနေရာချိတ်မယ် ဒီနေရာ ဘာထားမယ်ဆိုပြီး ဆိုင်ကလူတွေနဲ. တိုင်ပင် ပြီးတော့ အစားအသောက်တွေ အဆင်ပြေပါမလားဆိုပြီးအစမ်းအနေနဲ. ခေါက်ဆွဲကြော်မှာ ပြီး ပုလင်းလေးထောင် လိုက်ကြသေးဟေးဟေးဟေးးးးးးးးး

အဲဒီကိစ္စတွေပြီးလို. ဦးဘလက်ကြီးလဲ စကားပြောလို.အားမရသေးပေမယ့် သူအမေ့ကို နောက်ဆံတင်းနေတာနဲ. ငါပြန်တော့မယ်ကွာဆိုပြီး ၁၅မိနစ်လောက်ကြာမှ ပြန်သွားတယ်..ဒါတောင်ပြောသွားသေး တယ်… ငါအချိန်ရရင်တော့ ခဏလာခဲ့မယ်တဲ့……..

ကျွန်တော်တို.လဲ သိပ်မကြာပါဘူး.. ပြန်ကြတာပဲ.. မပြန်လို.လဲ မရဘူးကိုဗျ.. ညနေ ဦးကျောက် ဒင်းနာကို ချီတက်ကြရမှာလေ………..

ဒါနဲ. ဦးမိုက်ကားနဲ.ပဲ ကျွန်တော် ချစ်သုအုပ်ကလေးကို သွားခေါ်ပြီး ဦးကျောက် ဒင်နာကိုချီတက်ခဲ့ကြတာပေါ့ဗျာ..

အဲဒီညက ပျော်စရာကောင်းပ… ကျွန်တော်လဲ မိုးချုပ်အထိမနေတော့ဘူး မနက်ဖြန်အတွက် အိမ်မှာ ပြင်စရာရှိတာ ပြင်ဆင်ရအုံးမယ်ဆိုပြီး ပြန်လာခဲ့တယ်…

လမ်းမှာ မိုက်ဝင်ဝယ်သေးတယ်.. အဲဒီမိုက်ပေါ့ အတော်ဆိုးတယ်.. အဲအဲ မိုက်ဆိုလို. ဦးကြီးမိုက် မဟုတ်ပါ.. ဦးကြီးမိုက်က လိမ္မာတယ်……ခိခိခိ…

မိုက်စမ်းတော့ အကောင်း.. အိမ်ရောက်တော့ စမ်းကြည့်တော့ အောက်က ဝယာလက် အတံလေးမပါလာဘူး ပြန်သွားလဲရအောင်လဲ မိုးချုပ်တော့ ဆိုင်ကပိတ်သွားပြီလေ…

ကဲဒါနဲ. မန်းလေးက ဆုရသူ နှစ်ယောက်အတွက် ညကျမှ မန်းဂဇတ်ချစ်သူ စာပေဆု ဒီဇိုင်းနဲ. မတူအောင် ပြင်ဆွဲပြီး ပရင့်ထုတ် နာရီကို တစစီဖြုတ်ပြီး စတေကာကပ်တာ….ည ၂နာရီထိုးသွားရော……

မနက်မိုးလင်းတော့ အစောကြီးထ ယူစရာရှိတာတွေကို အိမ်ပေါက်ဝမှာ အကုန်စုပုံထားပြီး ဦးမိုက်ကြီး လာခေါ်တာစောင့်နေတာပေါ့… မကြာပါဘူး အစောကြီး ရောက်ချလာပါရော..ဒါနဲ. ကားပေါ်ပစ္စည်းတွေတင်ပြီး ကန်တော်ကြီးကို ချီတက်ခဲ့ကြတယ်.. လမ်းမှာ လက်ဖက်ရည်ဝင်သောက်တာတောင် အမြန်သောက်ကြတာ.. မမှီမှာစိုးနေကြတယ်လေ…….

ကန်တော်ကြီးရောက်တော့ ဝင်ကြေးပေးရတဲ့ဂိတ်လဲရောက်တော့ ဂဇတ်ပွဲသွားမှာ P3 လို.ပြောတော့ ဂိတ်ကလူတွေက မသိဘူးလုပ်နေတော့ တိန် သေဘီချာပေါ့.. ဒါနဲ. သေချာမေးကြည့်ပါအုံးဆိုပြီး ဖုန်းဆက်တော့ ဟုတ်တယ်ဆိုမှ…ဟင်းချနိုင်တော့တယ်……. အစကတည်းက လွဲပြီဆိုပြီး အဟင့်…

ဒါနဲ. ရွာသူားတွေကို အစက ပြောထားတာ အယောက်၃ဝ ဖရီးဆိုပြီး ဆိုင်ရောက်မှ ၂ဝ ပဲရတယ်ဆိုတာ သိရတယ်….. ဆောရီးပါဗျာ..ကျွန်တော်အမှားပါ…

ဒါနဲ.ဆိုင်ရောက်တော့ ကားပေါ်ပါလာတဲ့ ဆောင်းဘောက်စ်တွေ ချ မီးကြိုးတွေဆင်ပြီး ဘောက်စ်စစမ်းတာပေါ့..

အဲဒီမှာ စတော့တာပဲ.. အသံက အပြင်မှာပြောတဲ့ အသံထက်တောင် တိုးနေသေးတယ်… ဦးမိုက်နဲ. ကျွန်တော် ခေါင်းချင်းရိုက်ရတော့တာပေါ့.. မရပါဘူး….. လက်လျော့လိုက်ရတာပေါ့..

အဲဒီအချိန်မှာ ကိုအမတ်မင်းရောက်လာပြီး… လက်မှတ်ထိုးမယ့်စာရွက်တွေ… အမှတ်တရရေးမဲဟာတွေ တာဝန်ယူပြီး ခင်းကျင်းပေးတယ်.. ကိုပီချိုကြီးကလဲ အစောကြီးရောက်လာပြီး သူ.ကီးချိန်းတွေကို အမှီလာပေးတာပေါ…. ကိုပီချိုကြီးကို တစ်ခါမှမတွေ.ဘူးပဲ လက်ထဲက အထုပ်ကြီးကြည့်ပြီး ဒါကိုပီချိုကြီးပဲဆိုပြီး နှုတ်ဆက်ကြတာဗျာ… မှားလို.ကတော့ ဆောရီးပေါ့….ဟိဟိဟိ..

အဲအဲ အဲဒီအချိန်မှာ ပိုက်ဆံအိပ်ကြီး ဂျိုင်းချားညှပ်ပြီး…. သုတ်သုတ်သုတ်နဲ.ရောက်ချလာတာကတော့ အုပ်ကထ ဟောင်းကြီး ဦးပါ…….. ဟေ့ အဆင်ပြေကြလားဟေ့ဆိုပြီး တက်တက်ကြွကြွရောက်ချလာပြီး.. စကားပြောမလို.လုပ်တုန်း ဟာာာာ ကျုပ်မေ့ခဲ့ပြီးဆိုပြီး သုတ်သုတ်သုတ် နဲ.ပြန်ထွက်သွားလေရဲ.

ပြီးတော့ ရွာသူားတွေ တဖွဲဖွဲရောက်လာပြီး လက်မှတ်တွေထိုးကြ အမှတ်တရတွေရေးကြနဲ. အပြုံးကိုယ်စီနဲ. ပျော်နေကြတာပေါ့……

အင်း ပျော်နေကြတဲ့အထဲ မပါတာက ဦးမိုက်နဲ.ကျွန်တော် အခုထိ မိုက်က အဆင်မပြေသေးဘူး.. ကျွန်တော် ကိုအမ်လုလင်ဆီက ငှားထားတဲ့မိုက်နဲ.စမ်းလဲ အသံက ဒီအတိုင်းပဲ.. ကဲဒါနဲ. ကိုအမတ်မင်းကို စမ်းခိုင်းတော့.. အသံတောင်မထွက်တော့ဘူးဗျာ…….. ခင်ဗျားလပ်ကီးမရှိပါဘူးဆိုပြီး ပြောတော့ သူက ခင်ဗျား ဆောင်းဘောက်စ်ကြီးကို က အစုတ်ကြီးပါပြောတော့ မခံခင်လို. ဆိုင်က VCD ခွေငှား အသံကောင်းကြောင်း ပြရတော့တာပေါ့.. သီချင်းဖွင့်တော့ အသံက အကျယ်ကြီး… ဒါနဲ. မိုက်ဖွင့်ပြီး……..ဟဟဟဟဟဟဟဟဟလိုုုုုုုုုုုုုုု လိုက်တော့……လားလားလား… စက်က ခွေထည့်မှ မိုက်သံထွက်တာကိုးးးးးးးး ဟဲဟဲဟဲ…

ကိုအမတ်မင်းကျေးဇူးတယ်ကြီးတာကိုးဗျ…………ဒါနဲ.သူကို အာဝါးပေးမလို. လုပ်တော့ အရပ်မမှီတာနဲ. မပေးလိုက်ရဘူးလေ…….ဟိဟိဟိဟိ..

ကျွန်တော်လဲ မိုက်ရသွာတော့ သူများတွေ နည်းတူ ပျော်ရပီပေါ့ဗျာ…. ကဲဒါနဲ. အားလုံးကြည့်လိုက်တော့.. လူစုံသလောက်ဖြစ်တော့ ပွဲစရတော့မှာပေါ့…….

အစီအစဉ်ကြေငြာမယ့် ဆိုပြီး ငှားထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက မလာဖြစ်ဘူးဆိုတော့ ဟိဟိ သူနဲ. ခပ်ဆင်ဆင်တူတဲ့ ကျွန်တော်ပဲ လုပ်လိုက်ရတော့တာပေါ့ဗျာ……….. ခွိခွိခွိ..

ဒါနဲ. ကျွန်တော်က အစီအစဉ်တွေကို ရွတ်ပြပြီး မန်းလေးဂဇက်ပွဲ စတင်ကြောင်းကြေငြာအပ်ပါသည်ခင်ဗျားးးးးး လို.ပြောလိုက်တော့……ဖြောင်းဖြောင်းဖြောင်းးးးးးးးးးဆိုပြီး အားရပါးရ တီးလိုက်ကြတာ လက်ခုပ် ပြောပါဒယ်… ကျွန်တော်တောင် လန်.သွားပြီး မိုက်လွတ်မကျအောင်မနဲထိန်းလိုက်ရတယ်… အဲလိုပရိတ်သတ်နဲ. ကြုံဖူးဘူးကိုဗျ.. အဟီးးးးးးးး

အဲလို ကြေငြာနေတော့ ဝိုင်းတွေမှာ ထိုင်နေကြတဲ့သူတွေ အလုပ်ရှုပ်နေကြတယ်လေ.. ဒီက ကြေငြာတာလဲ နားထောင်ရ ပြီးတော့ လာမေးတဲ့ ဝိတ်တာတွေကိုလဲ မှာရ… အချိန်ကြာမှာဆိုတော့ ဗိုက်အဆာခံမယ့် အသီးဖျော်ရည် စဉ်းစားရနဲ. ဟေဟေဟေဟေ..

ပြီးတော့ အခုလက်ရှိအုပ်ကထကြီးက အဖွင့်အမှာစကားပြောကြား တော့လဲ တိုတိုတုတ်တုတ် နဲ.ပြောသွားသေး.. အဲဒီ အုပ်ကထကြီး နှစ်ယောက် စကားပြောဖို. နှစ်ရက်လောက်အလိုကတဲက ရှင်ပြောလိုက် ကျမမပြောဘူး ဆိုပြီး တာဝန်ခွဲနေကြတာ… ပွဲစမယ့်အချိန်အထိ ဘယ်သူပြောမယ် မသိသေးဘူး.. ဒါနဲ. ကျွန်တော်လဲ မိုက်နဲ.အော်မှ အခု အုပ်ကထကြီးက ထပြောတော့တယ်… မိုက်နဲ.အော်မှတော့ ထမပြောလို.လဲ မရဘူးဆိုပြီး ပြောရတော့တာပေါ့…… ဘယ်ရမလဲ ဟဲဟဲဟဲ….. အဲဒါပြီးတော့ အစီအစဉ်ထဲမှာ အုပ်ကထကြီးရဲ. အမှာစကားကို ဖြည့်စွက်ပြောကြားပေးဖို. နိုင်ဂံဂျားက လာတဲ့ အဘဖော ဆိုလဲ့ စမတ်ဘွိုင်းလေးကို မိုက်နဲ. ထပ်အော်ခေါ်ရသေးတယ်…… နို.မို.ဆို သူတို.ဟာသူတို.ဆို သူပြော ကိုယ်ပြော နဲ. ခွဲဝေနေကြအုံးမှာလေ…

အဲလို ပြီးတော့ ရွာသူားတွေ မိတ်ဆက်စကားပြောကြတာပေါ့………ဒါကတော့ ဒီမှာရှု

https://myanmargazette.net/164389/creative-writing

အဲလိုလဲပြီးရော… ဆုရတဲ့သူတွေ ဆုပေး ပွဲစတင်တာပေါ့…. ဒါကတော့ ဒီမှာရှု

https://myanmargazette.net/164538/creative-writing

https://myanmargazette.net/164630/creative-writing

https://myanmargazette.net/164647/creative-writing

အဲဒီမှာ ပေးမယ်ဆုတွေကို ဆုဗန်းကိုင် မယ့် နန်းခင်ဇေယျာလေးကို ဖိတ်ထားပေမယ့် သူမလာအားတော့ နန်းခင်ဇေယျနဲ.ခပ်ဆင်ဆင်  အုပ်ကထကြီး ဦးပါက ဗန်းကိုင်အဖြစ် ပါဝင်ကူညီပေးပါတယ်….အဟိ..

အဲလိုနဲ.ဆုရတဲ့သူတွေ ဆုပေး လက်ခံရရှိသူတွေက ဆုယူ ကျေးဇူးတင်စကားပြောကြတာပေါ့… အဲအဲ ဆုရတဲ့သူတွေထဲမှာ ကျေးဇူးတင်စကားကို နှစ်ခါပြောသွားတဲ့သူရှိတယ်.. အဲဒါ ဦးကျောက်ခဲ.. သူက ဆုယူပြီး တစ်ခါတည်းကျေးဇူးတင်စကားပြောသွားတာလေ… ဂရမ်မီဆုယူတုံးက အကျင့်ပါနေတယ်ထင်တယ်…နောက်တစ်ခါ ဆုရတဲ့သူတွေ ကျေးဇူးတင်စကားပြောပါဆိုတော့….. ပါးစပ်အဟောင်းသားနဲ. ဟဲ့ကိုရွှေတိုက် နင်အစောကြီးကတည်းကပြောပါလား.. ငါက ပြောပလိုက်ပီ… အဟင့်ဆိုပြီး…… မပြောတော့ဘူးမထင်နဲ. ထပ်ပြောသွားသေးတယ်…….ဟေဟေဟေဟေ့

ဆုရတဲ့သူတစ်ယောက်ချင်း ကျေးဇူးတင်စကားပြောလဲပြီးရော ကျွန်တော် ရွာသူားတွေကို ကြည့်လိုက်တော့ ဗိုက်တွေထောက်ပြီး ဆာနေကြတာတွေ.ရတော့……. ဝမ်းသာသွားအောင် အစားအသောက်အစီအစဉ် စတင်ကြောင်းကြေငြာလိုက်တာပေါ့……ဟိဟိ ရွာသူားမျက်နှာတွေ ဝင်းလက်သွားကြတာ….. ဒါပေမယ့်.. အစားအသောက်တွေက ကြော်တုန်းတဲ့…….. ဒါနဲ. ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ.. မနိုဗွီကံစမ်းမဲကို ကြားထဲ မှာ ဖောက်ပေးရတော့တာပေါ့……ဟူးးးးးးးးးးးတော်ပါသေးရဲ. မနိုဗွီကယ်လို….. ကျေးဇူးမနိုဗွီ..

ဒါနဲ. ကံစမ်းမဲ ကို စိတ်ဝင်တစားပျော်နေကြတော့ အစားအသောက်မေ့သွားကြပြန်ရော…..အားလုံးလဲ ကံစမ်းမဲဖောက်ပြီးတော့…. အစားအသောက်တွေရောက်လာတာနဲ.ကွက်တိ ပဲ…….ပျော်ပျော်ပါးပါးစားလိုက်သောက်လိုက်ကြတာ……. အခုထိကို ပျော်နေုတုန်းပဲ….. အစားစားကြတာထက် စကားလုပြောကြတာပိုများသေး…….. ကျွန်တော်လဲ စားနေရင်း မန်းလေးက လေးပေါက် မက်စိပို.ထားတာ တွေ.တော့ အကြံရသွားတယ်ပေါ့.. ကျွန်တော်လေးပေါက်ဆီ ဖုန်းခေါ်ပြီး ဖုန်းနဲ.ကျေးဇူးတင်စကားပြော မလားမေးတော့ ပြောမယ်တဲ့…….

ဒါနဲ. အစားအသောက်အမြန်စားပြီး မိုက်ဆီပြေးရတာပေါ့….မပြေးလို.မရဘူးလေ….ရှေးဆုံးဝိုင်းမှာ မိုက်လုမယ့် နှစ်ယောက်က ရှိသေးတယ်….တော်ကြာ သူတို.ဆီမိုက်ရောက်သွားရင်…..ဟိဟိဟိ..

ဒါနဲ. အားလုံးကို မိုက်နဲ.အော်ပြီး လေးပေါက်ဆီဖုန်းခေါ် ဖုန်းစပီကာဖွင့် မိုက်နဲ.ကပ်ပေးလိုက်တော့ ဘာပြောကောင်းမလဲ.. မန်းလေးကနေ လေးပေါက်က အားရပါးရ ကျေးဇူးတင်စကားပြောတော့တာပေါ…. အော် ဖုန်းလေးကလဲ တော်တော် အသုံးဝင်သားဗျနော်…….. လေးပေါက် ပြောပြီးတော့ လက်ခုပ်သံတွေ ကြားတော့ မန်းလေးက လေးပေါက်ကြီးလဲ ပျော်လို.ပေါ့….

အဲဒါလဲပြီးရော သူကြီးပေးလိုက်တဲ့ ပစ္စည်းတွေကို မဲဖောက်ပေးတာပေါ့… ပေါက်မဲတွေအော်တော့ ပေါက်တဲ့သူတွေက် ရွာသူား အဟောင်းတွေပဲဖြစ်နေတယ်…

အကုန်လုံးပေါက်မဲတွေအော်ပြီးတော့ ဝယာလက်မောက်စ်စ် ပေါက်မဲကို ဘယ်သူမှ မပေါက်ကြတော့ မဲလိပ်လက်ကျန်ထဲမှာ ကျန်တာပေါ့……ဟေဟေဟေ ဒါဆိုရင်တော့ သေချာပီး ဟိဟိဟိ..

ဒါနဲ. ကျွန်တော် ကျန်တဲ့ မဲ၈လိပ်ထဲက တစ်ခုကို ဖွင့်လိုက်တယ်ဆိုရင်ပဲ.. WireLess Mouse ဆိုတဲ့စာတန်းလေး ပေါ်လာရော……ပေါက်ပီ… မပေါက်လဲ ကျန်တဲ့မဲတွေ ဆက်နှိုက်အုံးမလို… ပထဆုံးအလိပ်က ပေါက်တော့…. တော်သေးတာပေါ့.ဗျာ…….. ဟဲဟဲဟဲ.. အဲအဲ သူကြီးမင်းပို.သတဲ့ မေတ္တာထင်ပဗျာ…… ကံကောင်းချက်……အကုန်လုံးပြီးသွားတော့ အပြုံးကိုယ်စီနဲ. ဂရုဖိုတိုရိုက်ကြတာပေါ့…

ဆရာအုပ်က သူကင်မလာကြီးကို နွားလှည်းဒေါက်ကြီးနဲ.ထောက်ပြီး ချိန်ထားတယ်.. ခြောက်ပုံ ဆက်တိုက်ရိုက်မယ်ဆိုတော့…… အပြုံးခြောက်မျိုးပြုံးပြီး အရိုက်ခံကြတာပေါ့ဗျာ……………….ဓာတ်ပုံရိုက်ပြီးလို. ဂဇတ်ပွဲပြီးဆုံးကြောင်းကြေငြာတော့ လက်ခုပ်လက်ဝါးတီးလိုက်ကြတာ……ဘေးက ဖြတ်သွားတဲ့သူတွေတောင် ရပ်ကြည့်နေကြတာ အများကြီး….တစ်ယောက်နဲ.တစ်ယောက် နှုတ်ဆက် ပြန်သွားကြတော့လဲ စိတ်ထဲ လွမ်းသလိုလို ပဲ ကျွန်တော်ကတော့ ဘယ်သူမှကို နှုတ်မဆက်လိုက်ရဘူး…..အဟင့်..

ဆောင်းဘောက်စ်တွေနဲ. စာတမ်းတွေ ဖြုတ်နေတာနဲ. ……………

ဘာပဲပြောပြော ဒီပွဲလေးကို ပျော်ပျော်ရွှင်ရွှင် နဲ. အောင်မြင်စွာပြီးဆုံးသွားတာ အရမ်းကိုဝမ်းသာမိပါတယ်..

ကျွန်တော့်ကို ဝိုင်းကူပေးကြသော ဦးကြီးမိုက်၊ကိုအမတ်မင်း နဲ. ဦးပါ..

ကြွရောက်အားပေးကြတဲ့ ရွေးဖတ်အဖွဲ.ဥက္ကဋ္ဌနဲ.အဖွဲ.ဝင်များ၊ရွာသူားများ ……..

ကန်တော်ကြီးက P3 ဆိုင်က ကျွန်တော် ဂျီးကျတိုင်းလုပ်ပေးတဲ့ ဝိတ်တာများ…….

ကျွန်တော့် အုပ်ထိန်းသူ ချစ်သုအုပ်…..ဘာမှလဲမဆိုင်…. ခစ်ခစ်(ဟိဟိ သူ.ထည့်ကျေးဇူးမတင်လို.မဖြစ်ဘူး… စိတ်မထင် ပို.စ်ဝင်ဖတ်တတ်လို. အဟီးးးးးးးး)…

ဗလာမပါ ကံစမ်းမဲ အတွက် မနိုဗွီ

ကီးချိန်းလေးတွေအတွက် ကိုပီချိုကြီး……

စာရင်းပေးပြီး မလာတဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်…………ဟွန်.

ပြီးတော့ မလောက်မင ကံစမ်းမဲဖောက်ပေးတဲ့ သူကြီးမင်းကို လဲ ကျေးဇူး …….

အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ………….

အဲဒီနေ.ကို ကျွန်တော်အခုပြောအခုမျက်စိထဲကမထွက်ပါဘူး…. မန်းလေးက လေးပေါက်ပြောနေတဲ့ စကားအတိုင်းပြောရရင်……..

၂၀.၀၁.၂၀၁၃ နေ.ရက်လေးဟာ ရွာသူားတွေရဲ. အပျော်တွေစွန်းနေတဲ့ နေရက်လေးပါပဲဗျာာာာာာာ…

39 comments

  • P chogyi

    January 23, 2013 at 5:12 pm

    မိတိုက်က မင်းမော်ကွန်းထက်ပိုလှတာပေါ့။

  • Mr. MarGa

    January 23, 2013 at 6:47 pm

    မလောက်မငှ ကံစမ်းမဲဖောက်ပေးတဲ့ သဂျီး
    (မကျေနပ်ဘူးဗျ မပေါက်လို့ :chee:)
    ဗလာမပါ ဖောက်ပေးတဲ့ မနိုဗွီ
    စီစဉ်သူများ
    တက်ကြသူများ
    နှုတ်ဆက်သူများ
    မနှုတ်ဆက်နိုင်ခဲ့သူများ
    အားလုံးကို ကျေးဇူးတင်ပါတယ် လို့
    အခုထိ သတိရဆဲပဲ ဗျာ အားလုံးကို

    • ရွှေတိုက်စိုး

      January 24, 2013 at 8:56 am

      ဦမာဃပြန်တော့ ကိုယ်ရောင်ဖျောက်ပြန်သွားတာလား…..မမြင်လိုက်ရဘူး….
      စီးတော်ယာဉ်ကြီး ကျန်ခဲ့လို. လေလံပစ်ရောင်းစားပလိုက်ပီ…

  • Foreign Resident

    January 23, 2013 at 7:07 pm

    ရှေ့ Post တွေမှာလည်း ပြောခဲ့ပါတယ် ။
    အခုလည်း ထပ်ပြောပါအုန်းမယ် ။

    အခုပွဲမှာ တကယ် စိတ်ရော ကိုယ်ပါ အပင်ပန်းခံပြီး ရှေ့ဆောင် လုပ်ခဲ့တာ ၊
    ရွှေတိုက် ၊ အမတ်မင်း ၊ ဦး ကြီးမိုက် ( တစ်ချို့ ထပ်ရှိပါသေးတယ် ) တို့ပါ ။

    သူတို့ကြောင့်သာ အဘ ၊ ဦးပါ ၊ မပဒုမ္မာ တို့ လူ မ ပင်ပန်းခဲ့ရပါဘူး ။
    အထူး ကျေးဇူးတင် ၊ အသိအမှတ် ပြုပါတယ် နော် ။

    • Mr. MarGa

      January 23, 2013 at 7:14 pm

      ပွဲပြီးလို့ လူချင်းခွဲမှ လာတုန်းက အတွေးက ပြန်ဝင်လာတယ်
      အဲဒါက
      အဘဖောနဲ့ ဓာတ်သေ တွဲမရိုက်လိုက်ရတာပဲ
      အဲဒီလောက် မေ့တတ်တဲ့ ကိုယ့် မှတ်ဉာဏ်ကိုပဲ အပြစ်တင်ရမလားဟင်

    • အရီးခင်လတ်

      January 23, 2013 at 7:16 pm

      စိတ်ဘဲပင်ပန်းခဲ့ရတာ မဟုတ်လား။။
      နောက်တာပါ။ တကယ်။
      လူတွေအကြောင်းပိုပို လေ့လာပြီး ဖြစ်တာပေါ့။ 😆

  • မောင်ပေ

    January 23, 2013 at 7:41 pm

    အားလုံးကို ကျေးဇူးတင်ပါတယ်
    လာမယ့်ပွဲကြရင်
    တစ်ခုခုပါဝင်ပေးနိုင်အောင်
    စုဆောင်းတော့မယ်လို ့
    အဲဒါ အဲဒါ

      • ဦးဦးပါလေရာ

        January 23, 2013 at 8:30 pm

        သူလိုချင်တာတွေ စကားဦးသန်းနေတာ…
        :harr:

        မောင်ပေရေ-
        နင့်ဆီ အံစာလာလည်ရင် ဆယ်ခွက်စာလောက် တစ်ခါတည်းတိုက်လိုက်…
        :mrgreen:

        • အိုက်လိုဂျီးဒေါ့ဖင့် ..
          မကျံဂေါင်း မစီရာ …
          လုပ်ဂျဘာနဲ့ဂျာ …… အဟီးးး :mrgreen:

    • ရွှေတိုက်စိုး

      January 24, 2013 at 8:57 am

      ကိုပေ ဘောလုံးလေးတွေ လက်ဆောင်ပေးပေါ… ကိုပေလက်မှတ်လေးထိုးပြီး……
      အကောင်းစား ကြိုးချုပ်ပေးနော်..

  • ဒီပွဲမှာ ….
    မိတိုက်က ကျုပ်နား ကပ်ပြီး
    တိုးတိုးလေး ကပ်ကြွားသွားသေးတယ် ….။
    သူ့မှာ နောက်တြောက်ချိဒေးဒယ် …. ဒဲ့ … :mrgreen: :mrgreen:

    ဒီကွန်မန့်ကို မိတိုက် အုတ်ဒိန်းဒူဂျီး ဖတ်မိဘာစေ .. ဖတ်မိဘာစေ …
    ဟီဟိ …

    • ရွှေတိုက်စိုး

      January 24, 2013 at 9:00 am

      အဲဒီကော့မန်. ဟိုက်ဒ် လုပ်ထားလိုက်ပီ ဟိဟိဟိ…
      ဟွန်.နော်.. ကိုကိုအံ..သများကို အချွန်နဲ.မဒယ်……မုန်းထာအေ…..

    • ဆူး

      January 24, 2013 at 12:42 pm

      သူမှာ နောက်တယောက် ရှိတာ အုပ်အုပ် ဗိုက်ထဲမှာ သိမ်းထားပြီ ဆိုလား..

  • ဦးဦးပါလေရာ

    January 23, 2013 at 8:38 pm

    အဲဒါ… ပြောလိုက်ပါ…
    အမတ်မင်းလဲ ပိုစ့်တင်ဘို့ ကျန်သေးတယ်နော…
    အတွေ့အကြုံရှင်းတမ်းလေးပေါ့
    :hee:

    …………………………
    အင်း…
    အဲဒီမနက်က ကျုပ်က အခန်းအနားပြင်တဲ့သူတွေ မနက်စာစားလာကြမယ်မထင်ဘူး
    လုပ်ရင်းကိုင်းရင်းဝါးရအောင် (ကိုယ်လဲစားရအောင်)ဆိုပြီး
    ဟန်းဖု လေးတချို့ သွားဝယ်ခိုင်းထားတယ်
    အသွားအပြန် ၃၅ မိနစ်အကြာအထိ ရောက်မလာတာနဲ့ စိတ်လောပြီးထွက်လာတော့
    ပွဲနဲ့ဆိုင်တဲ့ပစ္စည်းကျန်ခဲ့လေရော…
    ကံကောင်းပြီးလမ်းရှင်းလို့ အချိန်မီပြန်ရောက်တာ..

    🙁

  • padonmar

    January 23, 2013 at 8:58 pm

    တိုက်တိုက်ရဲ့ ဗားရှင်းကတစ်မျိုး ကောင်းပြန်ရော။
    ဦးကြီးမိုက် ရဲ့ ဗားရှင်းက ခပ်တည်တည်။
    မိတိုက်ရဲ့ ဗားရှင်းက တခိခိ။
    ဆယ်အိမ်ခေါင်းကြီး တိုက်တိုက်နဲ့ လူပြိုကြီး မတ်မတ်တို့ကို ကျေးဇူးအများကြီးတင်ပါဂျောင်း။

  • လုံမလေးမွန်မွန်

    January 23, 2013 at 10:15 pm

    ဗားရှင်းတွေကို အကုန်လိုက်ဖတ်ရင်းနဲ့ အဲ့နေ့ကို ပြန်ရောက်သွားသလိုပဲ..
    တကယ်ကို ပျော်ခဲ့တာဘာ..ဒါတောင် လေမပေါလိုက်ရတဲ့သူဒွေချိလို့.. စိတ်ထဲမကောင်းဝူး.. :mrgreen:

    တကယ့်တကယ်ကို ကျေးဇူးအကြီးကြီးဘာလို့… ရုံးမှာလည်းကြွား..အိမ်မှာလည်းကြွားနဲ့…. ပုံတွေဆို တစ်ချိန်လုံးထိုင်ကြည့်… 🙂
    ပွဲပြီးကတည်းက ရောဂါအရှိန်မသေသေးဝူးလားလို့ အပြောခံနေရတယ်…

    • ရွှေတိုက်စိုး

      January 24, 2013 at 9:06 am

      အလုံမှာမနေတဲ့ မလုံမလေးရေ..
      အရှိန်မသေသေးတာက ပွဲအရှိန်လား စနေနေ.ညကအရှိန်လားဟင်…..
      ဗက်-69 ကို ကြိုက်လို.ဒဲ့ အံ့ပါရဲ.တော်……..

      • မောင်ပေ

        January 24, 2013 at 11:42 am

        ဗက်69 နဲ ့ဧည့်ခံတာလား
        ကိုကိုတိုက်ရဲ ့
        ကျုပ်အလည်လာတဲ့အခါကြရင်လဲ
        ဗက်69 လေး မြင်ရရင် ကောင်းမှာပဲဗျို ့

        • ရွှေတိုက်စိုး

          January 24, 2013 at 11:45 am

          လာသာလာခဲ့ဘာဗျာ….. ဗက်၆၉ က တစ်လိုနေတာဖြည့်ပြီး ဗက်၇ဝ တိုက်မယ် လာခဲ့

  • MaMa

    January 23, 2013 at 10:45 pm

    ကိုယ်တိုင်ကိုယ်ကျ အားကြိုးမာန်တက် ကြိုးစားခဲ့ကြတဲ့ …
    ဆယ်အိမ်ခေါင်းတိုက်တိုက်
    လူပြိုကြီး မောင်မတ်
    လူငယ်တွေကို အနီးကပ်ကြီးကြပ်သူ ဦးမိုက်
    ဗန်းကိုင် (ဗန်းရွက်ရှာမရလို့) ဦးပါ
    ကျရာနေရာမှ ပါဝင်အသုံးတော်ခံသူ…. မောင်လုလင်၊ ဆြာအုပ်နဲ့ အပေါင်းအဖော်များကို
    နောက်လုပ်မယ့်ပွဲအတွက် ကြိုတင်စရံပေးချင်ပါတယ်။ :harr:

  • Thu Wai

    January 24, 2013 at 9:00 am

    ကိုရွှေတိုက်စိုး က တကယ်တန်းကျတော့ MRTV4 & Channel 7 က presenter တွေထက်တော့ အများကြီးသာတယ်ဗျ ဟဲဟဲ အရပ်အမောင်းလေးကလွဲလို့ :harr:

    • ရွှေတိုက်စိုး

      January 24, 2013 at 9:02 am

      တိန် အပေါ်က မြှောက်လာပြီးမှာ အဲဒီ အရပ်ကျမှ အောက်ထိုးဆင်းသွားဒယ်……
      ရပါဒယ် ရပါဒယ်.. အောက်က စာကြောင်းကို မမြင်ချင်ယောင်ဆောင်လိုက်မယ်..
      ကျေးဇူး ကိုတုဝေ ရေးးးးးးးးး ခိခိခိ
      ပုုပုလေးနဲ. ချောဒါ အမ်အာတီဗွီဖိုးတို.၊ချန်နယ်ချဲဗမ်းတို.မှာ ချိဘူးလေဂျာ…ဟေဟေဟေ့

      • Novy

        January 24, 2013 at 9:37 am

        မိတိုက်ကို ပုတယ်လို့မပြောကြပါနဲ့ဟယ်
        သူ့ခမျာ မရှည်ရှည်အောင် ဂျယ်လေးလိမ်းပြီးထောင်လာရတာ
        သူ့ဆံပင်လေးကိုလေ:harr:

        • ဂန္ဓာရီ ဆြာအုပ်

          January 24, 2013 at 12:31 pm

          အော်အဲဒါ ဂျယ်နဲ့ထောင်ထားတာလား
          တိပါဘူး..ကြက်တောင်စည်းလေး အာက်မေ့လို့

        • ရွာသူ jujuma .

          January 24, 2013 at 2:11 pm

          အကယ်ဒမီ တိုက်ကို အဲလိုပြောပါနဲ့နော် .. (ကိုယ့်ဘာသာအကယ်ဒမီပေးလိုက်တာ)
          တိုင်းကြည့်လိုက်ပါတယ် သူကပိုရှည်တယ်အေ့ (အရပ်ပြောပါဒယ်) ….
          (ဆြာအုပ် မိတ်ဆက်စကားပြောတော့လေ မသိမသာလေး မှန်းတိုင်းလိုက်တာ) 😆
          ချိတ်ချိုးနဲ့နော် ဆြာအုပ် .. :kwi:

  • အရီး လေး

    January 24, 2013 at 11:52 am

    တိုက်တိုက် ကတော့ ပင်လည်းပင်ပန်း
    ပျော်လည်းပျော် နဲ့
    ပန်းပျော်ကြီး ဖြစ်နေပုံဘဲ

    နောက်ထှာ ခင်လို့

  • အရီး လေး

    January 24, 2013 at 11:54 am

    တိုက်တိုက် ကတော့ ပင်လည်းပင်ပန်း
    ပျော်လည်းပျော် နဲ့
    ပန်းပျော်ကြီး ဖြစ်နေပုံဘဲ

    (နောက်ထှာ ခင်လို့)
    :harr:

  • အရီး လေး

    January 24, 2013 at 12:01 pm

    အီးးးး
    မန့်တာ ၃ခုတောင် တက်နေတယ် ဖျက်ပေးကြပါအုံး

  • မိတိုက်ရေ
    အဲဒီနေ့က ကံစမ်းမဲအဖုံးတွေကို ကျိတ်စက်နဲ့ဖျက်ဆီးနေတာအေ့။
    စက်မူ့ဇုံမှာရောက်နေတာအေ့။
    စက်သံတွေတဂွမ်းဂွမ်းဆူညံ။
    အလုပ်သာလုပ်နေရတာ
    စိတ်ကတော့ အဲဒီရောက်လို့နေ။
    နောက်တော့ လုလင်ဆီက မတ်စိရောက်လာတယ်။
    ငါ့ရတဲ့လက်ဆောင်လေးကို အကျိုးရှိစွာအသုံးချပေးမယ့် ဒါဇင်ပလပ်အဖွဲ့ကိုပေးအပ်ပြီးကြောင်းပေါ့။
    တစ်ခုတော့အောင်မြင်သွားပြီပေါ့။
    ခဏနနေတော့ညည်း က ကျေးဇူးတင်စကားပြောမလားဆိုတော့
    အရမ်းကို စိ်တ်တွေဆိုးသွားတာပေါ့။
    အဝေးက မိတ်ဆွေတွေဆီကိုဖုန်းလေးနဲ့အရောက်သွားလိုက်တော့
    အသံနဲ့အတူစိတ်ပါရောက်သွားတာပေါ့။
    လက်ခုပ်သံတွေရော ကိုကိုကျောက်အသံပါ ကြားလိုက်ရတော့ပျော်သွားတာပေါ့အေ့။
    တကယ်ပါ 20-1-2013 နေ့ကတော့ တက်ရောက်နိုင်သူရော မတက်ရောက်နိုင်သူများပါ
    အပျော်တွေလိမ်းကျံထားတဲ့နေ့ဆိုတာကတော့ အသေအချာပါဘဲ။
    နောက်အကြိမ်ပေါင်းများစွာဆက်လက်ချီတက်နိုင်အောင်ကြိုးစားကြပါစို့အေ့။

    • ရွှေတိုက်စိုး

      January 24, 2013 at 1:23 pm

      ဟုတ်ကဲ့ပါအေ……….ဟိဟိ..
      နောက်တစ်ခါကျရင်လေးပေါက်ကြီး လာဖြစ်အောင်လာဗျာ..

  • surmi

    January 24, 2013 at 1:38 pm

    အင်းးးးး ……….
    ကိုရွှေတိုက်အလုပ်များနေတာနဲ ့ နှုတ်တောင်မဆက်ဖြစ်ဘူး
    နောက်တစ်ခါ ……… 🙂

  • kyeemite

    January 24, 2013 at 4:03 pm

    ဒါမှ ရွှေတိုက်လက်ရာကွ…ဖြောင်း..ဖြောင်း…ဖြောင်း…
    ထပ်ဖြည့်ပြောရရင် တက်ကြွစွာအစောဆုံး(ဗွီနိုင်းဆိုင်းပုဒ်တောင်မချိတ်ရသေးခင်)
    ရောက်လာပြီး အခန်းအနားကို ကူညီပြင်ဆင်ပေးသူ နှစ်ယောက်ရှိပါသေးတယ်…
    ပထမတစ်ယောက်က အလက်ဆင်း
    ဒုတိယတစ်ယောက်က..အပြာရောင်ချစ်သူ..`ကိုသွင်ဇေယျာမျိုး´ ပါ
    နှစ်ယောက်လုံးကိုကျေးဇူးပါနော… :hee:

  • uncle gyi

    January 24, 2013 at 11:45 pm

    ပွဲတခုစီစဉ်တာတကယ်လုပ်ကြည့်မှဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာလက်တွေ့သိရတာ
    လူပင်ပမ်းစိတ်ပင်ပမ်းငွေကုန်နဲ့
    အောင်မြင်စွာပြီးသွားတော့လည်းဝမ်းသာကျေနပ်ရပြန်ရော
    ပြီးခဲ့တဲ့ပေးဆပ်မှုတွေကတန်သွားပြန်ရော
    လုပ်ကြည့်မှသိတဲ့သိချင်းတွေလေကိုတိုက်ရဲ့

  • ရွှေ ကြည်

    January 25, 2013 at 5:41 pm

    ကိုရွေတိုက်အရေးအသားကတော့ရှယ်ပဲဗျာ ဖတ်နေရင်းကို ပြုံးပျော်နေမိတယ်။
    အခမ်းအနားစီစဉ်သူတယောက်ရဲ့ခံစားချက်ကိုနားလည်ကိုယ်ချင်းစာမိပါတယ်။
    အခမ်းအနားဖြစ်မြောက်အောင်စီစဉ်သူရောအားသွန်ခွန်စိုက်အားဖြည့်ကူညီကြသူတွေရောအားလုံးကို လေးစားပါတယ်ဗျား

  • အလင်းဆက်

    January 25, 2013 at 9:08 pm

    ကျန်ခဲ့တယ် ။
    သားသား အရင်ဆုံးရောက်တာလေ ။
    လေးလေးတိုက်နဲ ့… ဦးမိုက်ပြီးရင်..သားသားအရင်ရောက်တာ ။
    :kwi:

    • ရွှေတိုက်စိုး

      January 26, 2013 at 9:14 am

      ဟုတ်ကဲ့ ဟုတ်ကဲ့ တားတား ဂိုမေ့တွားလို.ဘာဂျာ..
      လေးလေး တောင်းရော စကောရောပန်ပါဒယ်နော်.. နိုနဲ.တိတ်တိတ်…

Leave a Reply