ဦးကြောင်ကြီးရည်းဇား အပျိုဆင် ရှာရာပိုဗာလေးနှင့် ခြစ်သောကြေးမုံဂျီးအမျိုး နလီတို့သည် နယူးယောက်စံတော်ချိန် ၂၃ရက်နေ့  ည ၉:၃၀  ဝန်းကျင်  သို့မဟုတ်  မြန်မာစံတော်ချိန် ၂၄ရက်နေ့ နံနက် ၉နာရီ တဝိုက်တွင် ဩစတေးလျအိုးပင်းတင်းနစ် ၂၀၁၃ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဦးကြောင်ကြီးမှ သူ၏ရည်းဇား ရှာရာပိုဗာကြောင်ကြီး ရှုံးလျင် ကြေးမုံဂျီးထံ သူ့ဘဝတခုလုံး ပုံအပ်မည်ဖြစ်ကြောင်း၊ မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှရေ ကြိုက်သလို ပြုမူနိုင်ကြောင်း၊ လည်ဖြတ်လျင်လည်း သေခံဝံ့ကြောင်း စိန်ခေါ်ထားသည်။ ယခင်အကြိမ်များကလည်း ယခုကဲ့သို့  စိန်ခေါ်လောင်းကြေးထပ်မှုများစွာ ရှိခဲ့သော်လည်း ရပ်ထဲရွာထဲ ခုနှစ်အိမ် ရှစ်အိမ်ကြား အော်ဟစ်သောင်းကျန်းလေ့ရှိသူ ကြေးမုံဂျီး လေသံမျှပင် ထွက်မလာခဲ့သဖြင့် ဦးကြောင်ကြီးတယောက် ပွဲမစခင်ကပင်လျင် နိုင်နေပြီဖြစ်ကြောင်းနှင့် ဥပဒေကြောင်းအရဆိုလျင် ကြေးမုံဂျီးအား မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှာရေစက်ပမာ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်မှ အသိမှတ်ပြု ပြောကြားသည်။ ဦးကြောင်ကြီးကလည်း ယခုအကြိမ်တွင် ကြေးမုံဂျီးမှ မူလကျီလုပ် အသံတိတ်နေပါက ပြည်သူ့လွှတ်တော် တယားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ယေးကော်မတီထံ ဖင်ပြမည်ဖြစ်ကြောင်း ကြိမ်းမောင်းထားသည်။  ရှာရာပိုဗာလေးအား ဝေဖန်လေ့ရှိသူ ရွာသူ ခရစ်စတယ်လိုင်းဂလေးအားလည်း မဆိုင်လျင် ဝင်မရှုပ်ရန်နှင့် သတ္တိရှိပါက ဦးကြောင်ကြီးကဲ့သို့ ပေါ်တင်စိန်ခေါ်ရန် ဆယ်လေးတလေး ကြေးဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

အခြစ်ပြင်းသော ရှာရာပိုဗာကြောင်ကြီး

အခြစ်ပြင်းသော ရှာရာပိုဗာကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး