တိုးတက်လာတယ်

မောင် ပေJanuary 24, 20131min19017

နေ ့ရက်တိုင်းမှာ
မနက်စာစားပြီးရင်
ရေအေးမသောက်ရဘူး
ရေနွေးပဲသောက်ရမယ်တဲ့
အစာစားရင်
ပူတဲ့အစာမစားရဘူး
အူတွေ ဒုက္ခများမတဲ့
အေးတဲ့အစာစားရင်
အစာမကြေဖြစ်သတဲ့
စားပြီးရင်
ထိုင်မနေရဘူးတဲ့
လမ်းလျှောက်နေရမယ်
ပြေးနေရမတဲ့
အဲ.. နောက်တစ်ခုကြတော့
စားပြီးရင် ဘာမှမလုပ်ပါနဲ ့တဲ့
စေတနာတွေ…
ဝေဒနာတွေမဖြစ်ခင်
တိုးတက်လာတဲ့ စာရေးသူများအကြား
ဘီယာမသောက်ပဲ
မူးနောက်ခဲ့ရပြီကွယ် ။
*******

17 comments

  • ခင်ခ

    January 24, 2013 at 12:46 pm

    မူးနောက်လို့ ရူးလောက်ရင်
    မိတ်ဆွေကြီးကို အကြံတစ်ခုပေးမယ်
    နေသာသလိုသာ နေလိုက်ပေါ့ဗျာ။

    • မောင်ပေ

      January 24, 2013 at 12:50 pm

      လေးခရေ
      ပိုက်ဆံပေးဝယ်ဖတ်ရတဲ့ ဂျာနယ်တွေနဲ ့
      နာမည်ကြီး သတင်းဝက်ဆိုက်တွေမှာ
      တစ်နေ ့တစ်မျိုး ရေးနေကြတာတွေ
      ချဉ်လာလို ့ပါဗျာ
      ပထမဦးဆုံး ကွန်မင့် ဈေးဦးဖောက်ပေးတာအတွက် ရှဲရှဲပါ

  • ရွှေတိုက်စိုး

    January 24, 2013 at 1:02 pm

    အမလေး ကိုပေရယ်.. မသောက်ပဲမူးတယ်ဆို တာ နဲ.တဲ့ကုသိုလ်ကံမဟုတ်ပါလား..
    ကျွန်တော်မန်းလေးလာရင် တွေ.ကြမယ်ဗျို. ရယ်ဒီနော်.ဟဲဟဲဟဲ

  • Thu Wai

    January 24, 2013 at 1:12 pm

    ကြုံရင်လာခဲ့ မပြော မမြင် မကြား ဆိုတဲ့စာ သရုပ်ဖော်တက်တူးလေးထိုးပေးမယ်

  • may flowers

    January 24, 2013 at 4:47 pm

    အဲ ဖတ်ကြည့်ပြီး ဘာပြန်ပြောရမှာလည်းမသိတော့ဘူး။ဒီတော့

    ကိုယ်အဆင်ပြေသလို နေချင်သလိုနေတော့မယ်:)

  • Mobile

    January 24, 2013 at 6:58 pm

    ဘဂျီးပေရယ် ဂျာနယ်သမား တင်မကပါဘူးဗျာ လူတွေပြောနေဒါတွေကိုဂ ဒီလိုပါပဲ
    နွားစီးတဲ့သားအဖပုံပြင်လိုပေါ့ဗျာ စီးတော့စီးပြန်ပြီး မစီးတော့မစီးပြန်ဘူး မလွတ်တမ်းပြောတာပါပဲ
    ဘယ်သူပြောတာမှန်တယ် ဘယ်သူပြောတာမှားတယ်ဆိုတာတော့ မိမိဖာသာဆုံးဖြတ်ပြီး
    မိမိ အဆင်ပြေသလို ကျင့်ကြံနေထိုင်တာ အကောင်းဆုံးဖြစ်မည်လို့ ထင်မိပါကြောင်းးးးးးးးးးးးးးးး

  • ဦးဦးပါလေရာ

    January 24, 2013 at 11:25 pm

    ကိုပေရေ-
    အဲဒါတွေကတော့ ဘယ်ဟာမှန်တယ်လို့ ကျုပ်မသိဘူးဗျာ
    ကျုပ်သိသလောက်ကတော့
    အဆင်ပြေသလိုနေရင် စိတ်ချမ်းသာတယ်ဗျို့…..

    :harr:

  • ခိုင်ဇာ

    January 25, 2013 at 8:34 am

    ဘဝမှာ
    လုပ်ချင်တာလုပ်။
    မလုပ်ချင်တာမလုပ်နဲ့။
    ကိုယ်လုပ်ချင်တာ ကိုယ်လုပ်။ (ကိုယ်ဖြစ် ကိုယ်ခံ) :mrgreen:

    အော်ပီကျယ်ရဲ့ ကျကျမ်းကို များများဖတ်။
    “လုပ်သင့်တာထက် လုပ်ချင်တာ ဦးစားပေးပါ”
    “လုပ်သင့်တာကို သူများတွေလုပ်ကြပါလိမ့်မည်”
    :harr:

  • surmi

    January 25, 2013 at 9:37 am

    အတူတူပဲ
    ဒီလိုတွေ ့နေရတာ မရူးအောင်သတိထားရမယ်
    သတင်းတွေအကြောင်းကတော ့ ??????

  • ဦးကြောင်ကြီး

    January 25, 2013 at 11:02 am

    တနေ့တမျိုး
    ကပေ့အချိုး
    ဓလေ့မရိုး
    အဖေ့ပုဆိုး..

    • ဂန္ဓာရီ ဆြာအုပ်

      January 25, 2013 at 6:06 pm

      ဥကြောင်ဂျီးက ကဗျာတွေစပ်
      ဒူးထောင်ငြီးကာ ဘာတွေဖတ်
      အရူးထောင်ကြီးမှာ စာတွေကပ်
      လူ့ဘောင်ကြီးမှာ အညာတွေ ပါတ်

      • မောင်ပေ

        January 25, 2013 at 8:09 pm

        ဆြာအုပ်
        ဖာထုတ် (ထန်းခေါက်ဖာကိုပြောတာနော… )
        လျှာကုတ်
        နှာမှုတ်
        ကြာလုပ်
        ကာဖုတ် (ထန်းပင်မြစ် ကို လေကာပြီး မီးဖုတ်ပေါ့)

  • ခင်ခ

    January 25, 2013 at 12:39 pm

    ဆရာပေရေ ကျန်းမာရေး သုတေသီတွေကလည်း အမြဲစမ်းသပ်နေတော့ အကျိုးအပြစ်တွေကလည်း အမြဲပြောင်းလဲနေသလို ရောဂါဆန်းတွေလည်း အမြဲပေါ်နေတာဘဲလေ။ အဲဒါတွေကို ရေးတဲ့ ကျွန်တော်တို့ တွေကျတော့ အမျိုးမျိုးရေးတယ်ဖြစ်ရော အမှန်တော့ သုတေသီတစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူ ပေမယ့် ရေးတဲ့သူ ကျတော့ သွားတူတာကြောင့်ပါ။
    ဥပမာတစ်ခုရေးပြမယ်- ကော်ဖီကို သောက်ခြင်းဟာ ကော်ဖီမှာပါတဲ့ ကဖင်းက အသည်းကိုထိခိုက်စေတယ် လို့ ပထမသုတေသီက သူရှာတွေ့တာပြောတယ်၊ အဲဒီတော့ ကျွန်တော်တို့က ရေးမယ် ကော်ဖီသောက်တာ မကောင်းဘူးလို့။ ဒုတိယ သုတေသီက ကော်ဖီမှာပါတဲ့ဓာတ်တစ်မျိုးက ကင်ဆာဖြစ်ဖို့ပေါက်ဖွားတဲ့ ဆဲလ်တွေ ကို တားစီးနိုင်စွမ်းရှိတယ် အထူးသဖြင့် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်မှု့ကို ကာကွယ် တယ်မို့ ကော်ဖီသောက်သင့်တယ်လို့ သူတွေ့ရှိချက်ကို ပြောတယ်၊ အဲဒီတော့ ကျွန်တော်တို့က ရေးပြန်တယ် ကော်ဖီသောက်သင့်တယ်၊ အဲဒီတော့ မသောက်သင့်ဘူးပြောတဲ့ ပထမသုတေသီက ပြန်စမ်းသပ်ပြီး သူတွေ့ရှိ ချက်ကို ပြောတယ်၊ အဲဒီတော့လည်း update သတင်းမို့ ကျွန်တော်တို့က ရေးပြန်တယ် ကဖင်းမှာပါတဲ့ဓာတ် တစ်မျိုးက ကင်ဆာမဖြစ်ဖို့ အထောက် အပံဖြစ်လို့ ကော်ဖီသောက်သင့်တာမှန်ပေမယ့် တစ်နေ့ကို ကဖင်းပါ တဲ့ ကော်ဖီ၊ လက်ဘက်ရည်ကို တစ်နေ့ ၃ ခွက် ထက်ပိုပြီးမသောက်သင့်ဘူး ၃ ခွက်ထက်ပိုသောက်ရင် ကဖင်း ဓာတ်များလို့ အသည်းထိခိုက်ပါတယ်လို့။ အဲဒီတော့ စာဖတ်ပရိတ်သတ်ကပြောတယ် အမျိုးမျိူးရေးနေကြ တာဘဲလို့။ အဲလိုဖြစ်တာပါဗျာ။ ဗဟုသုတအနေနဲ့ဖတ်ပြီး ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ဖာကိုယ်ဘဲ ဆုံးဖြတ် ကာ နေသာသလိုသာနေပါလို့ဘဲ ပြောရတော့မယ်ဗျာ။

  • panpan

    January 25, 2013 at 2:46 pm

    ယောနိသောစိတ်ထားပီး မဇ္ဇျိမအတိုင်း လေးသာနေပေ့ါ ကပေရေ့ :hee:

  • နေဝန်းနီ

    January 25, 2013 at 5:45 pm

    ကပေ ရေ…။ ကျွန်တော်ကတော့ ကိုယ်ဖတ်နေကျ နစ်နိမ်း မဟုတ်ရင်ကျော်သွားတာများတယ် …။ ခေါင်းစဉ်ကိုစိတ်မဝင်စားရင်လည်း ဘယ်သူရေးဖြစ်နေပါစေ ကျော်သွားလိုက်တယ် …။ တွေ့သမျှ အကုန်လိုက်ဖတ်နေရရင် ညစာချက်စားရမှာမဟုတ်တော့လို့ ………..

  • မောင်ပေ

    January 25, 2013 at 8:10 pm

    ဖတ်ရှုအားပေးသွားသူများနဲ ့
    ကွန်မင့်ပေးကြပါသော ချစ်မိတ်ဆွေများအားလုံးကို
    ကျေးဇူးတင်ရှိပါတယ်ခင်ဗျ

Leave a Reply