ကျန်းမာရေးအတွက် စုစည်းမိတာလေးတွေပါ။

ခင္ခJanuary 24, 20131min15816

ကျန်းမာရေးအတွက် စုစည်းမိတာလေးတွေပါ။

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်း တွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်း တွင်လည်းထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည် ။ ထို့ပြင်ကိုယ်ခန္ဓာ အတွင်းရှိဗိုင်းရပ်(စ် )ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၄. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီမှ မနက်စောစော (၃) နာရီ ကြား တွင် ဖြစ်သည် ။ထို့ကြောင့် ည (၁၁) နာရီနောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများစားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသောအဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန် မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျ သဖြင့်မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေး အိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၅. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံစားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာ ကျေလွယ်သည် ။ အသားသည် စားသုံးပြီး(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများ များနှင့်ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှား နေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ
အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထ တွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၆. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၇. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၈. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်း ကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစား မှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၉. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်အသည်းအတွက် မကောင်းပါ ။ တရုတ် ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။

၁၀. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဉာဏ်နှင့်စဉ်းစားဉာဏ် ကို အားနည်းစေသည် ။

၁၁. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကိုကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၂. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး စားသုံးခြင်း ၊ စည်သွပ် အချိူရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၃. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာအောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ၊ တန်ဖိုးမရှိသော ဘဝနှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက် ၏ အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊စိတ်ကောက်လွယ်ခြင်း များကိုဖြစ်ပေါ်ခံစားရသည် ။

၁၄. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ် ခြင်းပင် ဖြစ်သည် ။လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

၁၅. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါး သွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံး ရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့် ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၆. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်ကောင်းပါသည် ။

၁၇. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၈. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေး လာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ် စေသည် ။

၁၉. ဝသော သူများသည် ပုံမှန်အားဖြင့် အစားအစာ တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၀. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၁. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂) ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေး ခြင်းဖြင့် ကျန်းမာစေသည် ။

၂၂. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကိုထိခိုက် စေပါသည် ။ နှစ်စဉ်ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ် ၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေခွဲစိတ်မည်ဆိုလျှင် ၊ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်တောင်းပါ ။

၂၃. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ် ရာ၌ အလွန် အသုံးဝင်သည် ။

၂၄. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ထိုအကြောင်း များကြောင့်ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၅. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင် ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၆. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေ နှင့် ကျောက်ကပ်ကိုသန်မာစေသည် ။

၂၇. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၈. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။ အဝါရောင် ရှိသော အသီးအရွက်များသည်အစာချေခြင်းအတွက်ကောင်း၏ ။

၂၉. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၀. မျက်နှာတွင် ဝက်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှအဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၁. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။ညနေခင်း အချိန် တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၂. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၃. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင် အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

၃၄. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ် ရပါမည် ။

 

ဟိုက ဒီက စုစည်းမိတာလေးတွေကို ဗဟုသုတအဖြစ် မျှဝေရေးပေးတာပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

16 comments

  • Thu Wai

    January 24, 2013 at 1:34 pm

    ကိုခင်ခ ရေ ကျေးဇူးပါဗျာ သေသေချာချာကို နှစ်ခေါက်ပြန်ဖတ်သွားပါတယ် ။
    စောစောထ ၊ စောစောသောက် ၊ အသီးအနှံနှင့်မြည်း ၊ စောစောမူး ၊ စောစောအိပ် ၊ ဟီးဟီး နောက်တာနော်

    • ခင်ခ

      January 24, 2013 at 1:45 pm

      ဦးစွာကွန့်၍ အားပေးသူ ကိုသုဝေ ရေ အလွန်ကျေးဇူးပါဗျာ။
      ကျွန်တော်တို့ကတော့ နောက်ကျမှသောက် နောက်ကျမှရောက် နောက်ကျမှအိပ် အဲလိုဘဲ
      ဆုံမိသဗျို့။

  • moonpoem

    January 24, 2013 at 2:01 pm

    ကျွန်မ မျက်ကွင်းတွေဆို ၁ဝတန်းနှစ်ကတည်း ညိုနေတာ အခုချိန်အထိလည်း ညိုနေတုန်းပါပဲ။ ၁ဝတန်းတုန်းကတော့ ညဉ့်နက်တဲ့အထိ စာကျက်လို ့မျက်ကွင်းညိုတယ်လို ့ထင်ပေမယ့် အခုကတော့ စောစောစီးစီး အိပ်ပေမယ့် ဘာကြောင့်မှန်းမသိ မျက်ကွင်းညိုနေတာ ကိုခင်ခ ပို့စ်အရ ဆိုရင်တော့ အသည်းနှင့် ကျောက်ကပ်အားနည်းလို ့ပဲလို ့ထင်ပါတယ်။ ကျန်းမာရေး အတွက် သိကောင်းစရာလေးတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်နော် ကိုခင်ခရေ။

  • ရွာသူ jujuma .

    January 24, 2013 at 2:27 pm

    ဖတ်ရှု့လေ့လာ .. မှတ်သား သွားပါ တယ်ဗျာ ..
    ထုံးစံအတိုင်း Print ထုတ်ပြီး ဖိုင်တွဲလိုက်ပီ ဖြစ်ပါကြောင်းး…. :hee:
    ရှဲရှဲ ပါ …

  • Tin Tin

    January 24, 2013 at 3:10 pm

    ကျန်းမာရေးနဲ့ပါတ်သက်တဲ့၊ သိသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ကိုခရေ…. ဖတ်ပြီး မှတ်ထားတဲ့အပြင် print ပါထုတ်ပြီးသိမ်းထားပါတယ်နော်…..

  • မောင်ပေ

    January 24, 2013 at 7:58 pm

    လေးခရေ
    ဖတ်ရှု အားပေးသွားပါတယ်ဗျို ့
    ဘော်ဒါများကိုလဲ ပြန်ရှဲပါမယ်
    ကျေးကျေးပါ

  • ခိုင်ဇာ

    January 25, 2013 at 8:52 am

    အသည်း လေး သနားပါတယ် နော်။ :mrgreen:
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    ဘာမှ ဟုတ်ဘူး။ ကော်မန့် ရှည်ရှည်ရေးဆိုလို့ ကော်မန့်ဘောက်ကြီး ကြီးအောင်လုပ်တာ။ :harr:

  • ခင်ခ

    January 25, 2013 at 9:17 am

    ဖတ်ရှု့ကွန်မန့်ပေးသူများကျေးဇူးပါနော်။
    မခိုင်ဇာရဲ့ ကွန်မန့်ဘောက်ကြီးကြီးနဲ့ ကွန်မန့်တွေလည်း သေချာဖတ်သွားပါတယ်လို့။

  • မိုချို

    January 25, 2013 at 11:40 am

    လေးခင်ခ ရေ
    ကျန်း မာရေး နဲ့ ပက်သက်တဲ့ မှတ်သား စရာတွေပါတဲ့ စာတွေ ဖတ်ရတိုင်း မှာ စိတ် အတော် ဆင်း ရဲ ရတယ်။ ဘာလို့ လဲ ဆိုတော့ မိုချို့ ချစ်ချစ် ကြီး က လိုက်နာ ရမယ့် အချက်တွေ မှန်သမျှ ရှောင်ပြီးတော့ ၊ ရှောင်ရ မယ့် အချက် မှန် သမျှ ကျင့် သုံးနေလို့ ။သူလဲ စာတွေ မဖတ်တာလည်း မဟုတ်၊ မသိတာလည်း မဟုတ် ပါပဲနဲ့ အမူ အကျင့် အလေ့အထတွေ ၊ အကြိုက်တွေကို မပြင်တာ။ သူ့ ကို အသက်တို မှာစိုး ရိမ်လို့ ပူပန်ရ ၊ ကြောင့် ကြ ရ နဲ့ ကိုယ့် က နှလုံးရောဂါ ရပြီး မြန်မြန် အသက်ထွက် မှာ စိုး ရတယ်။

    • ခင်ခ

      January 25, 2013 at 12:33 pm

      မမိုချိုရေ ကျွန်တော်က ရွာသူားတွေကို ပျော်ရွှင်စေချင်တဲ့သူပါ။
      အခုလို ကျန်းမာရေးအတွက် မှတ်သားစရာတွေပါတဲ့ စာတွေဖတ်ရတိုင်း စိတ်အတော် ဆင်းရဲတယ် လို့သိရတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ။ လူတစ်ယောက်စိတ်ဆင်းရဲတဲ့ အရေးတွေလည်း မရေးချင်ပါဘူးဗျာ။ အခုလို ပွင့်လင်းစွာ ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါဗျာ။

      • မိုချို

        January 30, 2013 at 7:06 pm

        လေးခင်ခ ရေ
        ကျန်းမာရေး ကို လျစ်လျု ရှု လွန်းတဲ့ အိမ်က လူကြောင့် ကျန်း မာရေး ဆောင်း ပါးတွေ၊ ဆေးရွက်ကြီးရဲ့ ဆိုးကျိုးတွေ ဖတ်ရတိုင်း စိတ် ဆင်း ရဲ ရ တယ် လို့ ပြောချင်တာပါ။ လေးခင်ခ ရဲ့ စာတွေဖတ်ရလို့ စိတ်ဆင်းရဲ ရ တယ် လို့ ပြောတာ မဟုတ်ပါဘူး။ အဲလို သဘောမျိုး ဖြစ်သွား တယ် ဆို ရင် တောင်း ပန် ပါတယ်။ ကြားထဲ မှာ ရွာထဲ မဝင်ဖြစ်ပဲ ခုမှ ပြန် ဖတ်မိလို့ ခုမှ ပြန်ရှင်းပြရတာလည်း ခွင့် လွှတ်ပါအုံးနော်။ လေးခင်ခ ရဲ့ ဆောင်း ပါးတွေက တကယ် တန်ဖိုး ရှိပါတယ်။

  • candle .

    January 25, 2013 at 1:20 pm

    ကိုခင်ခ..ရေ ..ကျေးဇူးတင်စွာနဲ ့ကော်ပီယူသွားပြန်ပြီနော်..
    ူသူငယ်ချင်းတွေကိုလည်းမျှဝေချင်လို ့ပါ..

  • ဗုံဗုံ

    January 25, 2013 at 4:56 pm

    အင်းးး အဲ့ဒါဆို မိဗုံလည်း ဆင်ခြင်ရတော့မယ် ဝ ချင်လို့ အိပ်ရာပေါ်ရောက်မှ မုန့်စားတာ တစ်ခါတစ်လေ တစ်ရေးနိုးထစားတာ အသည်းကို ဒုက္ခပေးသလို ဖြစ်နေပြီ ကျေးကျေးပါ လေးခ (အသည်းကောင်းအောင် ဂရုစိုက်ရမယ် ဒါမှ တရားအားထုတ်နိုင်မှာလေ :mrgreen: )

  • uncle gyi

    January 25, 2013 at 9:36 pm

    ကိုခ
    နံနက်စောစောလေ့ကျင့်ခန်းလုပ်တာကောင်းတယ်ဆိုတာအရင်တုန်းကဗျ
    အခုကညနေ၅နာရီမှည၈နာရီလို့ပြန်ပြောင်းပြောနေကြတာဖတ်လိုက်ရတယ်

  • MaMa

    January 25, 2013 at 9:55 pm

    ရှောင်သင့်တာ ရှောင်
    ဆောင်သင့်တာ ဆောင် နိုင်ဖို့ အသိပေးစာမို့ အကျိုးများပါတယ်။
    :hee:

Leave a Reply