ဘဝတွက်တာ သိမှတ်စရာ

ခင္ခJanuary 24, 20131min12913

ဘဝတွက်တာ သိမှတ်စရာ

(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။

(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။

(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။

(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

(၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။

(၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

(၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။

(၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။

– မှတ်သားဖူးသလောက် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

13 comments

  • မောင်ပေ

    January 24, 2013 at 12:41 pm

    လေးခရေ မှတ်သွားပါတယ်ခင်ဗျ
    စာဖတ်ပြီး အတိတ်ကို ပြန်စဉ်းစားမိတော့
    အချိန်တွေဟာ နှမြောစရာပါပဲ

  • ခင်ခ

    January 24, 2013 at 12:51 pm

    ဦးဆုံးကွန်သူ မိတ်ဆွေကြီး ဆရာပေ ကျေးဇူးဗျာ။
    ပိုစ့်ရေးချင်လို့ ဘာရေးရမှန်လည်းတွေးမရတာနဲ့ ဖတ်မိတာတွေ ပြန်စဉ်းစားရေးပစ်လိုက်တာပါ။

  • Novy

    January 24, 2013 at 1:20 pm

    ကိုခရေ..
    အပေါ်က 12ချက်လုံးကို ထောက်ခံပါတယ်
    ဘဝတွက်တာ သိမှတ်စရာ တွေကိုလည်းမှတ်သားနာယူသွားပါတယ်

  • Tin Tin

    January 24, 2013 at 2:42 pm

    ဘဝတွက်တာ သိမှတ်စရာများကို ဖတ်ရှုမှတ်သား သွားပါတယ်ရှင့်….
    လူတိုင်းလိုက်နာသင့်၊ သိသင့်တာလေးတွေကို ပြန်လည်မျှဝေပေးတဲ့ ကိုခ ကိုကျေးဇူးအများကြီးတင်ပါတယ်နော်…

  • ရွာသူ jujuma .

    January 24, 2013 at 2:45 pm

    တတ်ချင်ရင်သင်..တော်ချင်ရင်ကျင့် ..

    မမေ့ချင်ရင် စိတ်ဝင်စား …မမှားချင်ရင်ပြန်စစ် ….

    အလုပ်ခွင်မှာ ပြောနေကြစကားလေး … :hee:

    • ခင်ခ

      January 24, 2013 at 2:55 pm

      ရွာသူ jujuma ရဲ့ အလုပ်ခွင်က စကားလေးကိုလည်း ကြိုက်နှစ်သက်လို့
      မှတ်သားသွားပါကြောင်းဗျာ။

  • may flowers

    January 24, 2013 at 4:51 pm

    မှတ်သားဖွယ်ရာ စာသားလေးတွေမို့ မှတ်လည်းမှတ်သွားပါတယ်။

    ထောက်လည်းထောက်ခံ အားပေးသွားပါတယ် ကိုခင်ခရေ။

  • cherry kyawlin

    January 24, 2013 at 5:15 pm

    ဦးခရေ စာသားတွေအားလုံးက ဝန်ထမ်းတွေအတွက်
    ကတော့ အသုံးဝင်တဲ့စာသားတွေပါဘဲ
    ချယ်ရီကတော့ အရမ်းမေ့တတ်တာ မလေးစားလို့မဟုတ်ပါဘူး
    မေ့လို့ ခဏခဏ အဆူခံရတယ်

  • Mobile

    January 24, 2013 at 7:43 pm

    အထူး အထူး အထူး အထူးကိုကျေးဇူးတင်လှပါကြောင်းဗျာ။
    စာသားများကိုအရမ်းခိုက်မိပါတယ်ခင်ဗျ။ ၂ . ၄ . ၅ ဒီသုံးခုရဲ့ ဖွင့်ဆိုချက်တွေကို
    ကြိုတ်တယ်။ ကူးယူထားလိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးး

  • ခင်ခ

    January 25, 2013 at 9:25 am

    ဖတ်ရှု့ကာ ကွန်မန့်ပေးကြသူများ ကျေးဇူးပါဗျာ။

  • water fish

    January 25, 2013 at 9:57 am

    လေးခရေ ……လောကမှာလွယ်တဲ့အလုပ်ကိုမလုပ်ပဲနဲ့ ခက်တဲ့အလုပ်ကို ရွေးလုပ်ကြည့်ပါတဲ့..
    ခက်တဲ့အလုပ်ဆိုတာတွေက တပါးသူကိုချီးကျူးဖို့ရာခက်တယ်တဲ့…… .(လူတွေကသူများကောင်းကွက်တွေကိုချီးကျူးဖို့က သိပ်မလုပ်သိပ်မကြိုက်ချင်ဘူးတဲ့)…
    ပီးတော့ တဖက်သားကိုခွင့်လွှတ်ဖို့ဆိုတာလဲခက်ပါတယ်တဲ့…..
    (ကိုယ့်အပေါ်ကို ဒုက္ခရောက်အောင်လုပ်ထားတဲ့သူ အပေါ်ကိုတော်ရုံ ခွင့်လွှတ်ပေးဖို့ကခက်ပါတယ်တဲ့)……ခက်ပေမဲ့လဲ ခက်တဲ့အလုပ်တွေကိုရွေးလုပ်ကျပါတဲ့
    မေတ္တာရှင်ဆရာတော်ကြီးပြောခဲ့တာပါ………
    ရန်ကိုရန်ချင်းမတုံ့နှင်းပဲ မေတ္တာတရားလက်စွဲထားနိုင်ကျပါစေ…
    လေးခပြောတဲ့အချက်များကိုလဲမှတ်သားသွားပါကြောင်း….

    • ခင်ခ

      January 25, 2013 at 10:51 am

      ခက်ခဲသောအလုပ်တွေဆိုတာ လူတိုင်းမလုပ်နိုင်ကြတာများတယ်လေ။ သူတစ်ပါးကို မိမိရင်ကဖြစ်တဲ့ တစ်ယောက်ထဲသော သားကိုချစ်တဲ့ မိခင်စိတ်မျိုးမွေးရမယ်၊ အဲလို ခက်ခဲတဲ့အလုပ်တွေ အများမလုပ်နိုင်တာတွေကို လုပ်နိုင်သူဟာ စွမ်းရည်ပြည့်ဝသူ စွမ်းဆောင်နိုင်သူ ဖြစ်တယ်လို့ သီတဂူဆရာတော်ကြီးရဲ့ မေတ္တာသုတ်တရားမှာလည်း ဟောထားတာ နာဖူးတယ်လေ။
      water fish ပြောတဲ့အဓိပ္ပါယ်နဲ့ အတူတူဘဲပေါ့နော်။
      ကွန်မန့်လေးအတွက်ကျေးဇူးနော်။

Leave a Reply