Copyright Issues Again II

ムラカミFebruary 14, 20133min14612

ခုတလော ဘာသာပြန်ရတာ အရသာတွေ့နေတာ ကတကြောင်း

Copyright အကြောင်း စာကောင်းလေး ဖတ်ရတော့ ပြန်မျှဝေချင်တာကတကြောင်းကြောင့်

Lifehacker ဆိုတဲ့ နာမည်ကျော် Weblog မှာ ဒီနေ့ပဲ တက်တဲ့ စာကို

ဘာသာပြန်ပြီး ဖော်ပြလိုက်ရပါတယ်။

 

အကြောင်းအရာကတော့ Ralph လို့ခေါ်တဲ့ Liefhacker စာဖတ်သူတယောက်က

Lifehacker ကို မေးထားတာလေး စိတ်ဝင်စားဖို့ ကောင်းလို့ပါ

 

ကိုယ်ပိုင် DVD တစ်ချပ်ကို အရံအနေနဲ့ Backup ပွားတာ တရားဝင်ပါသလား ???

တဲ့

 

Dear Lifehacker,

 

ကျနော်ပိုင်ဆိုင်တဲ့ DVDs နဲ့ Blu-Ray discs တွေကို အရံအဖြစ် ကူးယူသိမ်းဆည်းထားမှုဟာ

တရားဝင်ပါသလား ။

ဒါနဲ့ပါတ်သတ်ပြီး ဆောင်းပါးတွေ အတော်များများ ဖတ်ဖူးပေမယ့် ရှင်းလင်းသေခြာခြင်းမရှိခဲ့ပါ။

သည်တော့ ကျနော် ရှင်းလင်းသေခြာတဲ့ အဖြေတစ်ခုကိုလိုချင်ပါတယ်။

ကွန်ပျူတာထဲ သိမ်းထားပြီး ဖွင့်ကြည့်ဖို့အတွက် ကူးယူမိတယ် ဆိုရင် ကျနော်တကယ်ကြီး တရားစွခံရမှာလားဗျာ??

Sincerely,

Rip-It Ralph

 

Lifehacker ပြန်ဖြေတာလေး ကြည့်ရအောင်ဗျာ။

 

Dear Ralph,

 

ခင်ဗျားရဲ့ မေးခွန်းမှာ အပိုင်းတွေအများကြီးပါဝင်နေလို့

တပိုင်းခြင်းစီ ခွဲခြားပြီး ဆွေးနွေးကြည့်ပါရစေဗျ။

rip လုပ်ခြင်း နဲ့ပါတ်သတ်တဲ့ တရားရေးပိုင်းဟာ အင်မတန် ရှုပ်ထွေးပါတယ်…

ဒါကြောင့်မို့လို့ အဖြေတွေအမျိုးမျိုး ကြားရပါလိမ့်မယ်

 

ပထမဆုံး သိထားရမယ့်အချက်က

ဆက်လက်ဆွေးနွေးသွားမယ့် အပိုင်းတွေဟာ US law အပေါ်မှာ ပြောဆိုသွားမှာဖြစ်ပါတယ်။

တခြား နိုင်ငံတွေမှာ ခြားနားတဲ့ law တွေ ရှိနေနိုင်လို့

US နေထိုင်သူမဟုတ်ရင် သင့်ရှေ့နေနဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

Ripp copy-protected လုပ်ထားတဲ့ DVD ကို Rip လုပ်ခြင်းဟာ တကယ်တော့ တရားမဝင်ပါဘူး။

 

To answer the legality question,

ဒီမေးခွန်းကိုဖြေဆိုနိုင်ဖို့အတွက်

 

ကျနော်တို့ရဲ့ legal expert Derek Bambauer ကို ဆက်သွယ်ခဲ့ပါတယ်။

သူကတော့ University of Arizona ဥပဒေရေးရာ တွဲဖက် ပါမောက္ခ ဖြစ်ပါတယ်။

သူ အထူးပြုတဲ့ ဘာသာရပ်ကတော့ internet law နဲ့ intellectual property တို့နဲ့ သက်ဆိုင်ပါတယ်။

 

Rip နဲ့ပါတ်သတ်တဲ့ တရားရေးဟာ အလွန်ရှုပ်ထွေးပါတယ်။

 

အထူးသဖြင့် copy-protected လုပ်ထားတဲ့ DVD နဲ့ Blu-Ray တွေကိုပါ..

ယနေ့ခေတ်မှာတော့ ဆိုင်တွေမှာရောင်းတဲ့ အားလုံးနီးပါးသော DVD နဲ့ Blu-Ray တွေဟာ

အဆိုပါ copy-protected ကို ထည့်သွင်းထားပါတယ်။

 

DVD တစ်ချပ်ကို Rip (ကူး) တော့မယ်ဆိုတာနဲ့ သင်ဟာ DRM (Digital Rights Managemnt)

ကိုချိုးဖောက်မိလျက်သား ဖြစ်သွားပါပြီ

 

ဒါဟာ Digital Millennium Copyright Act. 17 U.S.C. 1201  ရဲ့ Title I ကို ချိုးဖျက်ခြင်း ဖြစ်ပါတယ်။

အဲ့သည့်မှာ DRM ဆိုတဲ့ seal ကို မဖောက်ဖျက်ရဘူးလို့ အတိအလင်းပါရှိလို့ပါပဲ။

 

 

 

 

တချို့သော တရားရုံးတွေမှာတော့ ကံကောင်းနိုင်ပေမယ့် အများစုကတော့ ခွင့်မပြုကြပါဘူး

 

ဖောက်ဖျက်မှုနဲ့ ပါတ်သတ်တဲ့ အသေးစိတ် အပိုင်းကိုတော့ ရှင်းပြရတာ ခက်ပေမယ့်

ဖောက်ဖျက်မှု မြောက်သလား မမြောက်သလား ကသာ မေးခွန်းအနေနဲ့ ဖြေဆိုဖို့ရှိတာပါ။

ခွင့်ပြုထားတဲ့အခြေအနေအနည်းငယ် ရှိပေမယ့်

ကျနော်တို့ အိမ်တွင်းသုံး backup Rip လုပ်ခြင်းကတော့ အကျုံးမဝင်ပါဘူး

(ခွင့်ပြုထားတဲ့အခြေအနေတချို့ကို အောက်မှာ ထပ်ရှင်းပါ့မယ်)

တချို့သော Studio တွေဟာ DVD တွေကို DRM (Digital Rights Managemnt) နဲ့ ကာကွယ်ထားကြပါတယ်။

ဒါဟာ နည်းပညာပိုင်းအရရော ဥပဒေရေးရာအရပါ အားသာမှု အပြည့်အဝ ယူထားတာပါ

 

(DRM တွေအမျိုးမျိုးရှိတဲ့အနက် တခုကို ဥပမာပေးရမယ်ဆိုရင် မူရင်း DVD မှာ file သေးသေးလေးတခုထည့်လွှတ်လိုက်မယ်ဗျာ..

အနှီ file လေးဟာ အနှီ DVD ရဲ့ Playback ပိုင်းအတွက် functional မဖြစ်ဘူး ..အဲ ..တခုပဲ ..ကော်ပီကူးတဲ့အခါ အနှီ

file လေးက ပါမသွားအောင် ကူးမရအောင် ဖွက်ထား ဖျောက်ထား ခံရလေ့ရှိတယ်။

ကူးထားမိတဲ့အခွေကို စက်နဲ့ ယူစစ်ရင် …အဲ့သည့် DRM file မပါတာ သိရမှာဖြစ်ပြီး ကူးယူကြောင်းချိုးဖောက်ကြောင်း

သိသာစေမှာဖြစ်တယ် ဆိုတာပါပဲ။ စကားချပ်)

 

 

ဒီအကြောင်း အရင်ကလည်း ပြောဖူးပါတယ်

တကယ်တော့ ကျနော်တို့ဟာ အသေးစား ဥပဒေချိုးဖောက်မှုလေးတွေကို မသိလိုက်မသိဘာသာနဲ့

နေ့တိုင်းကျူးလွန်နေကြတာပါ။

အပေါ်မှာပြောခဲ့တဲ့ ခွင့်ပြုထားတဲ့အခြေအနေတချို့ အကြောင်း ဆက်ပါ့မယ်

ပညာရေးဆိုင်ရာ အတွက် အသုံးပြုမှု ဆိုရင်တော့ ကူးယခွင့်ပေးပါတယ်။

(ဒါတောင် အကန့်အသတ်တွေနဲ့ပါခင်ဗျ.. ဆိုပါစို့ သင်ထောက်ကူ DVD တစ်ချပ်။

ဈေးကြီးတာမို့ တခန်း၁ချပ် မဝယ်နိုင်ဘူး အခန်းက ၁ဝခန်း ပေါင်းကြည့်ဖို့လည်း အဆင်မပြေတဲ့အခါမှာ

ကျောင်းအနေနဲ့ DVD ပိုင်တဲ့ အဖွဲ့အစည်းကို ဆက်သွယ်ပြီး ကူးပါရစေ ခွင့်တောင်းရတတ်ပါတယ်။

ဒါတောင် အခန်းအရေအတွက်ထက် ပိုကူးလို့မရဘူး ဖတ်ဖူးပါတယ်။ Fairuse လို့ ခေါ်ပါရဲ့ ။ စကားချပ်)

 

သည်တော့ ယေဘုယျ ကျကျ ပြောရရင် ကိုယ်ပိုင် backup DVD ကူးယူထားခြင်းဟာ တရားမဝင်ဘူး

ဆိုတာ ဝမ်းနည်းစွာ သိရှိလိုက်ရပါတယ်။

 

 

ဒါဆို သင် အဖမ်းခံရမှာလား ..

 

အင်း ..ဒီကိစ္စနဲ့ ပါတ်သတ်ပြီးပြောရရင်တော့

 

အဖမ်းမခံရဖို့များပါတယ် ဆိုတာပါပဲ..

တကယ်လို့ သင်ဟာ ဥပဒေချိုးဖောက်မှု ကို အရေးမစိုက်ဘူး ဆိုရင်

တရားစွဲခံရ မခံရ ကိုသာစိုးရိမ်သူ ဆိုရင် သင့်မှာ ထင်သာမြင်သာရှိတဲ့ အားသာချက်ရှိပါတယ်။

အဲ့ဒါကတော့ သင်ဟာ ဖိုင်တွေကို မျှဝေခြင်း အင်တာနက်ပေါ်တင်ခြင်း စတာတွေ မလုပ်သမျှ ဆိုပါတော့။

တကယ်လို့ သင်ဟာ သင့်အိမ်က ကွန်ပြူတာထဲမှာပဲ ထည့်ထားမယ် အင်တာနက်လည်း ချိတ်ဆက်မထားဘူး ဆိုရင်

ဘယ်သူတဦးတယောက်ကမှ သင်ဘာလုပ်နေတယ်ဆိုတာကို သိရှိနိုင်ခြင်းရှိမှာ မဟုတ်လို့ပါပဲ။

 

တကယ်လို့ပေါ့လေ။ ကံမကောင်းမထောက်မစွာနဲ့ သင့်ရဲ့ Harddisk တွေကို အခြား အကြောင်းအရာ

တစုံတခုကြောင့် အာဏာပိုင်တွေရဲ့ စီးနင်းရှာဖွေခြင်း ခံရတဲ့အခါမှာတော့ ဒါတွေတွေ့ရှိသွားရင်

ပြဿနာ ဖြစ်လာဖို့ရှိပါတယ်။ ဒါဟာ ဘယ်သူမှ ကြိုမပြောနိုင်တဲ့ ကိစ္စ ဖြစ်လို့ပါပဲ။

(ယုန်ထောင် ကြောင်မိပေါ့ဗျာ..)

home theater PC ထဲကို ဖိုုင်တွေ ကူးထားသင့် မသင့်ကတော့ သင့်ဘာသာ ဆုံးဖြတ်ဖို့သာရှိပါတယ်။

ထုံးစံအတိုင်းပေါ့ ။ ဘာမဆို ဆုံးဖြတ်ရမှာ သင့်အလုပ်ဖြစ်ပါတယ်။ ဥပဒေရဲ့ မှန်ကန်တဲ့ ဘက်မှာနေမလား

 

ဒါမှမဟုတ် ဖြစ်နိုင်ချေနည်းတဲ့ Risk ကို ယူမလား ဆိုတာပါ။

 

…and hopefully, it won’t stay this way forever

ကိုယ်ဝယ်ထားတဲ့ ကိုယ်ပိုင် DVD ကိုတောင် ကိုယ့်ဟာကိုယ်သုံးဖို့အတွက် Backup လုပ်ယူခွင့်မရှိဘူး

ဆိုတာ အမြဲတမ်းတော့ တည်မြဲနေမယ့်အရာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပါပဲ။

 

 

ယခုထက်ထိတော့ တည်မြဲနေသေးသပေါ့ဗျာ ။Derek ကဆက်ပြောပါတယ်။

အချို့သော တရားရုံးတွေဟာ DCMA (Digital Millennium Copyright Act ) ရဲ့

ဒီအပိုင်းကို ပြင်ဆင်နိုင်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။

လက်တွေ့မှာ အောင်မြင်မှု မရသေးပေမယ့်ပေါ့လေ…။

 

အလားတူပဲ CDs တွေကို ကူးယူတာကိုလည်း တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

RIAA (Recording Industry Association of America) ဘက်က

တရားဝင် ခွင့်မပြုသေးသမျှ ဒါအတည်ပါ ။

 

(အချိန်ကြာလာတာနဲ့အမျှ အပြောင်းအလဲ အနည်းငယ်စီတော့ မြင်တွေ့လာရပါတယ်။).

 

အိမ်တွင်းသုံး Rip လုပ်မှုဟာ လူတွေအတွက်တော့ သာမန် လုပ်ရိုးလုပ်စဉ်တောင် ဖြစ်လာနေပေမယ့်

ဒါကို ခွင့်ပြုမပေးတဲ့ MPAA ဟာ ခေါင်းမာလွန်းတယ်လို့ နာမည်ကြီးပါတယ်။

အနာဂါတ်မှာတော့ ပြောင်းလဲမှုတခုခုရှိလာမယ် လို့မျှော်လင့်ရပါတယ်။

 

အနည်းဆုံးတော့ DRM မပါတဲ့ movies တွေကို online store တခုခုကနေ download လုပ်ခွင့်

ပြုတာမျိုးက စတင်ပြီးတော့ပေါ့။

 

အခုကတော့ သိတဲ့အတိုင်း မျှော်လင့်ယုံသာ မျှော်လင့်နိုင်တာပါ။

အချုပ်ပြောရရင် တွန်းလှန်ဖို့ ခက်ခဲနေပေမယ့်  ကိုယ်ပိုင် DVD တစ်ချပ်ကို Rip လုပ်ယူခြင်းဟာ

illegal ဖြစ်တယ် လို့ လက်ခံထားဖို့ပါပဲ။

 

Sincerely,Lifehacker

 

http://lifehacker.com/5978326/?post=56537379

ဒုတိယအပိုင်း ကိုရောက်ပါပြီ  ဒါကတော့ ကိုယ်ပိုင် အမြင် ကဏ္ဍဖြစ်ပါတယ်။

 

လောလောဆယ် လိုကယ် မားကတ်ထဲ တွေ့ရသမျှ နိုင်ငံခြား ဇာတ်လမ်း DVD

တွေရဲ့ ၉၉.၉၉% ဟာ ကော်ပီတွေပါ ။ တရုတ်ကော်ပီ ယိုးဒယားကော်ပီနဲ့

မိတ်ဒင်ဘားမား ကော်ပီတွေပါ။ ဆန်ရှင်ပင့်တင်ထားတယ်။ နိုင်ငံတကာ အကူအညီနဲ့

ရင်းနှီးမြှုပ်နှံမှုယူမယ် ။ နိုင်ငံတကာနဲ့ ဆက်ဆံမယ် ဆိုရင် နိုင်ငံတကာ စံနှုန်း

စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ် ကျင့်သုံးရမယ် ဖြစ်ပါတယ်။

အပေါ်က ရေးထားတာတွေက အမေရိက မှာ ဖြစ်နေတာတွေပါကွာ…

ဒို့နဲ့ မဆိုင်ပါဘူး .. ဝေးပါတယ် ဒို့ဆီလည်း မရောက်သေးပါဘူး။ လက်တလော

ပြောချင်ပြောနိုင်ပါလိမ့်မယ်။ မြေကြီးလက်ခတ်မလွဲ မကြာတော့မယ့် တနေ့

ရောက်လာမှာ သေချာနေတဲ့ ကိစ္စကြီးမို့လို့ ဒါတွေ ရေးနေတယ်လို့ပဲ ဆိုချင်ပါရဲ့…။

နက်ဖြန် သဘက်ဗျာ ..Copyright ကိစ္စ သတင်းစာထဲ ကြော်ငြာစာပါလာတယ်။ ဘာလုပ်ကြမတုန်း။

လက်ရှိအတိုင်းသွားလို့ကတော့ အိမ်တိုင်း အိမ်တိုင်း ဝင်ရှာကြည့် တစ်အိမ်မှလွတ်မှာမဟုတ်ဘူး..။

သဘောကိုပြောတာပါ လက်တွေ့မှာတော့ အဲ့သည့်လို ဘယ်အာဏာပိုင်မှ လုပ်မယ် မဟုတ်ပါဘူး..။

(လုပ်လည်း အနှီ အာဏာပိုင် အိမ်တောင် လွတ်မှာမဟုတ်ဘူးလေ..အာ..ဟိ)

သည်တော့ကာ ..အဲ့သည့်လိုကြေငြာချက်ထွက်တဲ့နောက် Copy ရောင်းတာတွေ ဖမ်းဟယ်

ဆီးဟယ် ဖြစ်ကုန်မယ် ယူဆပါတယ်။ တလောလေးက မော်ကွန်းထိန်း ..(မော်ကွန်းကိုထိန်းတာ သူ့အဖေပါ)

တယောက် ဌက္ကဥ ဖြစ်ပြီး မြန်မာကား ခိုးကူးနှိမ်နင်းရေး စီမံချက် ဆို လမ်းဘေး ခိုးကူး တွေဖမ်းတယ်။

ထုံးစံအတိုင်း လမ်းပေါ်တက် ဆန္ဒပြကြတယ်ပေါ့ ..။ ကျနော်ကျမတို့သည် စားဝတ်နေရေးအရ

နိုင်ငံခြားကား တွေရောင်းတာပါ။ မြန်မာကော်ပီမရောင်းပါ .. ထို့ကြောင့် မဖမ်းသင့်ပါ။ ဆက်လက်

ရောင်းချခွင့်ပေးသင့်ပါတယ်။ ဆိုပြီးတော့ပေါ့။ မြန်မာသက်သက် ကွက် စဉ်းစားရင်တော့

သူတို့အပြော က မှန်သပေါ့ဗျာ .. ။သို့သော် ကမာ္ဘတန်း စဉ်းစားရင်တော့ ဒါဟာ ပြစ်မှုမြောက်နေပြီဖြစ်တယ်။

 

ဂလိုဆို ယိုးဒယားမှာရောတရုတ်ပြည်မှာရော မရှိဘူးလား မေးရင် ..ဟုတ်ကဲ့ ရှိပါတယ်။

သို့သော် သူတို့ သိကြတယ်။ သိတယ်ဆိုတာ ဒါဟာ တရားမဝင်ဘူး။ တကယ်တမ်း ၁၀၀% အတိအကျ ဆောင်ရွက်ကြကြေး

ဆိုရင် တရားမဝင်တာ သူတို့သိတယ်။ ခိုးကူးကြည့်ရတာ သုံးရတာ ရှက်စရာကောင်းမှန်း (အများစု) လက်ခံထားကြ

သိထားကြတယ်။ ဒါတွေကို ခိုးဝှက်လုပ်ကိုင်နေကြ နေရတယ် ဆိုတာ သာမန်ပြည်သူ နားလည်တယ်။ ရှက်ကြတယ်ပေါ့။

ကျနော်တို့ဆီမတော့ လုံးဝနီးပါး နားမလည်ကြဘူး..။ ဗူးနဲကထည့်ထားတဲ့ စူပါမားကတ်က ရောင်းတဲ့ အခွေဆို

အော်ရီဂျင်နယ် ထင်ကြတဲ့လူတွေက များတုန်းမဟုတ်ပါလား…။ တကယ်တမ်း ပြဿနာရှာခံထိရင် အနှီ စူပါမားကတ်

တောင် ဒေဝါလီခံရမယ့် အနေအထားပါ။ ပြောချင်တာက မမှန်တာကိုသိပါ။ တိုးတက်မှု နောက်ကျလို့

မကင်း နိုင်သေးတာ သုံးနေရသေးတာ တနေ့နေ့ရပ်သွားမယ် ဆိုတာ နားလည်ထားပေးပါ။ ပြီးတော့ ..ရှက်ပါ။

ကိုယ့်ကိုကိုယ်နဲ့ပဲ ဥပမာပေးရရင် ငယ်ငယ်က သုံးကောင်းတဲ့ Software တခုခုတွေ့ရင် သူငယ်ချင်းချင်း လက်တို့ဖြစ်ပါတယ်။

ကောင်းတယ်ကွ သုံးကြည့် ဆိုပြီး ။ mindset ထဲ လက်ခံထားတာက အော်..အခွေဝယ်ထားတာပဲ ၁ယောက်သုံးလည်း ဒီဈေး

၁ဝယောက်သုံးလည်းဒီဈေး ။ ကိုယ် ရင်းနှီးကျွမ်းဝင်သူတွေ ပစ္စည်းကောင်းလေးသုံးရတာပဲ ဆိုပြီး မျှဝေဖြစ်ခဲ့တယ်။

ဒီအကြောင်းတွေ ထဲထဲဝင်ဝင်သိလာတော့ ..ကိုယ်တိုင်လည်း အပျော့ထည် ရေးတဲ့ရောင်းတဲ့ဘက်ရောက်လာတော့ …

ဒါဟာ မတရားမှု၊ ခိုးယူမှု ၊ တရားမဝင် ဖြန့်ဝေမှု ဆိုတာ သိလာတော့ .. ရှက်လာတယ် ၊ ဆင်ခြင်တယ် ၊ စွန့်လွှတ်တယ်။

အဲ့သည်လိုပါ။

 

ဒါကို ဘာလို့ ပြောနေရသလဲ ဆိုရင် ငွေကြေးဘက် နည်းနည်း တူးကြည့်မယ်နော…။

မြန်မာကား နိုင်ငံခြားကား ဘာကားမှ ခိုးမကူးရတော့ဘူး ဝယ်လို့မရတော့ဘူး အော်ရီဂျင်ဒယ်ပဲ အားပေးရတော့မယ် ဆိုရင်

(ဥပမာအနေနဲ့ ၂၀၁၂ထဲက ထွက်ထားတဲ့ ကျနော်အခု Avator တင်ထားတဲ့ the dictator 2012 DVD ကိုပဲ ပြပါ့မယ်)

အွန်လိုင်းကနေမှာတယ်ပဲ ထားပါတော့ DVD တစ်ချပ်ကို Dealer ကိုလိုက်လို့ ဒေါ်လှ၁၀-၃ဝ ကြားရှိပါတယ်။

ဟုတ်ကဲ့ ရုပ်ရှင်တစ်ကားရဲ့ တန်ကြေးဟာ (အမှန်အကန် ဆိုရင်) ၁သောင်းကနေ ၃သောင်းကြား ရှိပါတယ်။

ကျနော်တို့ ၅၀ဝ လောက်နဲ့ ကြည့်နေတဲ့ ရုပ်ရှင်တစ်ကားနော။ ဆိုတော့ ၅၀ဝတန်တွေ တရားမဝင်ဘူး မရောင်းဝယ်ဖောက်ကား

ရဘူး မကြည့်ရဘူး ဆိုတဲ့ ခေတ်ရောက်လာရင် ဆဲကြမှာလား ..။ ပစ္စည်းမဲ့မာန တွေ ကုန်းရုန်းထကြမှာလား ။ လမ်းပေါ်တက်ကြမှာလား

ဘူဇွာစီးပွားရေး ဆိုပြီး ရှုံ့ချကြမှာလားဗျာ … သိချင်သား။ ကမာ္ဘ့ရွာသား ဖြစ်ချင်ရင်တော့ ကမာ္ဘ့ စည်းမျဉ်းစည်းကမ်း လေးစားလိုက်နာ

ကြရမှာပေါ့။ အထက်ကရေးခဲ့တဲ့ MPAA, RIAA တွေ က အစိုးရအသိအမှတ်ပြုတရားဝင် ဆန်ဆန် သူတို့ပစ္စည်းတွေကို လုပ်ချင်သလို

လုပ်နေတာ သိပ်ကြာကြာ လက်သင့်ခံမယ် မထင်ဘူး ။ ဈေးကွက်အရွယ်အစားအရ သန်း၆ဝ ကိုး ..။ အမေရိက အခြေစိုက်တဲ့

ရုပ်ရှင်နဲ့ ဂီတ ကို ဘာလို့ ပြောသလဲ မေးရင်တော့ ဒီလောကတွေမှာ ကမာ္ဘ့အဆင့် သူတို့ ပဲ ဦးဆောင်သူတွေ ဖြစ်တော့တာကိုး။

(ဘောလီးဝုဒ် ကောလီးဝုဒ် ထားလို့ ..အနီးဆုံး ယှဉ်နိုင်တဲ့ ယူရုပ်တောင် ရုပ်ရှင်ဟေ့ ပြောရင် ဂျိမ်းစဘွန်းလောက်သာ

သူတို့ကို ယှဉ်နိုင်စရာ ထွက်တာရယ်)

သန်း၆ဝ ဆိုတဲ့ဈေးကွက်ဟာ မသေးပါဘူး။ သန်း ၇၀၀ဝ သောကမာ္ဘအနှံ့ ဖြန့်ကျက်ပြီးတဲ့ ဈေးကွက်တွေမှာ ဈေးကွက်ဝေစုသစ်

သန်း ၆ဝ ရဖို့ဆိုတာ တော်ယုံ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုလာနဲ့ ပက်ပစီ အပြိုင် ဝင်လာပုံကိုပဲ ကြည့်ပါ။

ဒါဆို အနုပညာရပ်ဝန်းက အဲ့သည့်ဆြာတွေ ဝင်လာရင်ရော …။ သတိလေးတော့ ရှိဖို့ကောင်းပါပြီဗျို့ …။

သည်လိုပြောလို့ ဝယ်ထားသမျှ အခွေ မီးပုံရှို့လိုက်ပါ မဆိုလိုပါဘူး။ ကြည့်လို့ရသလောက်ကြည့်ပါ။ သုံးလို့ရသလောက်သုံးပါ။

ထို့အတူ မတတ်သာလို့ သုံးနေကြည့်နေရတာကို (နည်းနည်း) ရှက်ပါ။ မကြာခင် သုံးလို့ကြည့်လို့ မရတော့မှာကို နားလည် လက်ခံပါ။

တန်ဖိုးမှန် ကို သိထားပါ။ ဈေးကြီးတယ် ဈေးချိုတယ် ဆိုတာက နှိုင်းရတန်ဖိုးတွေ ဖြစ်တာမို့ မပြောလိုပါ။

တိုင်းပြည် ခေတ်နောက်ကျတာ ။ဆန်ရှင်ထိတာ ။ အခြေအနေကို အမြတ်ထုတ်မယ့် အိမ်နီးနားချင်းဆိုး ရှိတာ စစ်အာဏာရှင်ကို

လက်ညှိုးထိုးချင်ထိုး ခရိုနီကို လက်ညှိုးထိုးချင်ထိုး သို့သော် Copyright ကို ချိုးဖောက်တာကတော့ မိမိကိုယ်တိုင်

အဒ္ဒိနဒါန ချိုးဖောက်မိတာ ဆိုပြီး နားလည်မိရင် တော်ပါပြီဗျာ။

 

တကယ်တော့ ကျနော်တို့ ခြံစီးရိုး ထင်းခွေခဲ့တာ လို့ပဲ မှတ်ပါတယ်။ နိုင်ငံတကာမှာ ဗီဒီယို(ယနေ့ခေတ် DVD or BlueRay ပေါ့လေ)

မရှိဘူးလား ဆို မရှိဘူး မဟုတ် ။ ရှိပါတယ်။အရင်နှစ်က ရုံတင်ခဲ့တာတွေကိုဒီနှစ်မှာ အိမ်မှာကြည့်ရအောင် ထုတ်ပြီးရောင်းပေးတဲ့

စနစ်ပါ။ ရုံမတင်တဲ့ ကားထုတ် အနေနဲ့ တော့ အများစုမှာ မရှိဘူး TV Drama Series တွေဆိုလည်း ထိုနည်းလည်းကောင်း ။ ချန်နယ်မှာအရင်ပြ

ပြီးမှ ခွေထုတ်ရောင်း ။ ကျနော်တို့ဆီမတော့ အိမ်ကြည့်သက်သက် ဗီဒီယို လိုင်း သီးသန့် ထွက်လာခဲ့တယ်။ အဲ့သည့်ကပဲ

ဆွဲချသွားတယ် မြင်မိပါတယ်။ ဘာကိုဆွဲချသွားသလဲ ဆိုတော့ ရုပ်ရှင်ရုံတင် ဇာတ်ကားတွေရဲ့ ဈေးကွက်ကိုပါ။ လူတွေ အိမ်ပြင်မထွက်ကြ

ရုပ်ရှင်ရုံမသွားကြတော့။ ရုံတင်သက်သက်ကားက နောင် ဗီဒီယို အဖြစ် ထွက်လာမှာမို့လို့ ။ လက်တလော ဟော့ တဲ့ ဗီဒီယိုတွေ

ထိုင်ကြည့်ရင်း ငှားကြည့်ရင်း စောင့်ကြသည်ပေါ့။ ရုပ်ရှင်ဈေးကွက် ကျဆင်းတော့ ဖန်တီးမှုတွေ ကျဆင်းလာသပေါ့။

ဂလိုနဲ့ ဂျာအေး သူ့အမေရိုက်ရင်း တနှစ်ထက်တနှစ် ပိုမို စုတ်ပြတ်လာသပေါ့။ ဆင်ဆာနဲ့ အာဏာရှင်စနစ်ကို လက်ညှိုးထိုးရင်လည်း

အပြည့်အဝတော့ မမှန်နိုင်ဘူးမဟုတ်လား ။ ရပ်တည်မှုအတွက် ဝမ်းရေးအတွက် ဗီဒီယိုအလွယ်လမ်းကို လိုက်ရင်း ဝမ်းစာမဖြည့်နိုင်တော့တဲ့

အနုပညာရှင်တွေ များများလာတယ်မဟုတ်လား။ ခုခေတ် RCကြေး အကြောင်းပြလို့ ပြည်တွင်းထုတ် ဗီဒီယိုတောင် ခိုးကူးလာလိုက်ကြတာ

အော်သံတွေကြားပါရဲ့။

 

 

လွန်ခဲ့တဲ့ ၅နှစ်က အချက်အလက်တွေကိုင်ပြီးပြောပါ့မယ် မြန်မာဗီဒီယိုကား(အဲ့သည့်တုန်းကတော့ VCD)

ပေါ့လေ အော်ရီဂျင်နယ် တစ်ချပ်ဟာ (မင်းသားရဲ့ RC ကြေးကိုလိုက်လို့)အများဆုံးမြန်မာငွေ ၅၀၀ဝကျပ် ကနေ

အနည်းဆုံး ၂၅၀ဝကျပ်လောက်ထိ ရှိပါသတဲ့ ။အခွေဆိုင်တွေမှာ အခွေ ငှားကြည့်ရင် တခွေကို ၂၀၀-၂၅ဝ ကျပ်ပါတဲ့။

သာမန် အခွေငှားဆိုင်တစ်ဆိုင် ရဲ့ တနေ့ ပျမ်းမျှ ဝင်ငွေဟာ ၁သောင်းဝန်းကျင်ဖြစ်ပါသတဲ့။

ရင်းနှီးတဲ့ ဟိုဘက်အိမ်သည်ဘက်အိမ် တန်အောင် ဆိုပြီး ကိုယ်စီငှားထားတဲ့အခွေကို လဲကြည့် ကြတယ်။

ကွန်ပူတာ သုံးတတ်တဲ့အိမ် ဆိုရင် ကားကောင်းလေးဟ ဆိုပြီး ၃ချပ်လောက်ပွားပြီး အမျိုးအိမ်တွေ ဝေလိုက်ဦး

အမျိုးတွေကနေ တဆင့် နီးစပ်ရာ မိတ်ဆွေတွေ မျှလိုက်ဦး ..

သည်တော့ အခွေဆိုင် ဝင်ငွေကျတယ် မကိုက်ဘူး။ နာမည်ကြီးမင်းသားဆို ၅၀၀ဝတန် အော် ၄ချပ်မှာနေကျကနေ

အော်၂ချပ် ကော်ပီ ၂ချပ် ဖြစ်လာတယ်။ ရုပ်ရှင်ကို ဗီဒီယို သတ်တယ် ၊ ဗီဒီယိုကို ခိုးမျှ က သတ်တယ် ခိုးမျှကို

ခိုးကူးကသတ်တယ်။ နောက်ဆုံးခိုးကူး ဘုရင်ဖြစ်လာတယ်။ ကိုယ့်ဟာကိုယ် အခွေလွတ်ဝယ်အုံးဟဲ့ CD-Writer

ဝယ်အုံးဟဲ့ အချိန်ပေးဦးဟဲ့ ကူးဦးဟဲ့ ဆိုတဲ့ ခိုးမျှ သမားတောင် ဒုက္ခခံစရာမလိုတဲ့ mass production လုပ်နေလို့

ဈေးသိပ်ချိုတဲ့ ခိုးကူးကို လက်မြှောက်ရသေးတာပဲ။ ဒါပေမယ့် ခိုးမျှ ပြန်ခေါင်းထောင်လာပါတယ် အဲ့ဒါကတော့

 

USB memory stick, Portable Hard drive နဲ့ Internet hosting ခေတ်မှာပါ။ ဘယ်လိုပဲဖြစ်စေ ခိုးကူးနဲ့ ခိုးမျှက

ခြံစည်းရိုးထင်းခွေတာ အမှန်ပါပဲ။

 

ဒီလိုပြောလို့ ဘာတွေ ဘယ်လို ဆုံးရှုံးသွားသလဲ ဆိုတာ ဆက်စပ်ကြည့်ပါ့မယ်။ တခေတ်က ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေ

အားကောင်းဖူးပါတယ်။ ရုပ်ရှင်ကြည့်ရင်း သီချင်းက ပေါက်သွား ။ သီချင်းအလွတ်ရအောင် ရုပ်ရှင် ၂-၃ခါ ကြည့်ရတယ်

ဆိုတဲ့ စကားတောင် ကြားဖူးရဲ့။ သီချင်းရှင်ဘက်ကလည်း နောက်ပိုင်း အနှီသီချင်းထည့်ပြီး အခွေထုတ် အခွေပါပေါက်။

ဒါမျိုး ယနေ့ခေတ် မရှိတော့ မကြားရတော့။ ဘယ်ကြားရမလဲ ရှိပြီးသားသီချင်းတွေ လိုက်ဝယ်ထည့် နေတာကိုး ။ရုပ်ရှင်အတွက်

သီးသန့် ခံစားဖန်တီးသီကုံးမှု မရှိတော့ ..။ ကမာ္ဘမှာတော့ ရုပ်ရှင်ဇာတ်ကြောင်းကို ခံစားသီကုံးထားတဲ့ main music တစ်ပုဒ်

ပါမယ်။ ကျန်တဲ့ သီချင်းတွေလည်းပါမယ်။ OST ပုံစံမျိုးထွက်ချင်ထွက်မယ်။ သီးခြား အယ်လဘမ် ထွက်ချင်ထွက်မယ်။

သည်နည်းနဲ့ ဆက်စပ်စီးပွားအနေနဲ့ လုပ်ကိုင်တယ်ပေါ့။

 

ဆိုတော့ အထက်ကပြောတဲ့ ရုပ်ရှင်ကို ဗီဒီယို သတ်တယ် ၊ ဗီဒီယိုကို ခိုးမျှ က သတ်တယ်

ခိုးမျှကို ခိုးကူးကသတ်တယ်။ ဆိုတဲ့စကားအရ ရုပ်ရှင်ကို ထိခြင်းသည် ဂီတ ကို ထိခြင်း ဖြစ်လာတယ်။

(ဒီနေရာက စလို့ ရုပ်ရှင်ကို ခနချန်ထားလို့ ပို ထဲထဲဝင်ဝင် လိုက်စားမိတဲ့ ဂီတဘက်ကို သွားပါမယ်)

သီချင်းရေးဆြာတွေက စမယ်ဗျာ .. မယ်လိုဒီရေးမယ် (ကဗျာဆြာတွေ ကဗျာရေးမယ်) စာသားရေးမယ်

ဒါမှမဟုတ် ၁ယောက်တည်းက ၂ခုလုံးရေးမယ် … ရေးပြီးရင် မှတ်ပုံတင်မယ် ။ band ငှားပြီးတော့

ကိုယ်တိုင်ဖြစ်စေ တစုံတယောက်ကိုဖြစ်စေ ဆိုခိုင်းပြီး Record Labels လို့ခေါ်တဲ့ တေးသံသွင်းတွေဆီ

(နောက်ကွယ်မှာ Producer ဖြစ်လာမယ့်လူရှိတဲ့နေရာ) ကိုပြကြည့်မယ်။

 

အဆင်ပြေရင် စာချုပ်ချုပ် တီးပါဟ ထပ်ပါဟ ဆိုပါဟ ကူးပါဟ ဖြန့်ပါဟ

ဆိုပြီး ဖြစ်လာသတဲ့ … လေထဲကလွှင့်တိုင်း၊ တီဗီမှာ ပါတိုင်း ။ ကြော်ငြာမှာသုံးတိုင်း

ရုပ်ရှင်နောက်ခံဖွင့်တိုင်း ပိုက်ပိုက်ရပါသတဲ့ ။ ဆိုတဲ့ တီးတဲ့ဘက်ကလည်း ထိုနည်းတူစွာပါ။

အောင်မြင်တဲ့ ဘန် တခုဖြစ်လာရင် တီးဖို့ တူရိယာ ကန်ပနီတွေ လွှင့်ဖို့ ရေဒီယို စတေရှင်တွေ

တီဗီစတေရှင်တွေ ပွဲသွင်းမယ့် ကန်ထရက်တွေ နဲ့ စာချုပ်ပေါင်းစုံချုပ်ကြရပါတယ်။

ဂီတသမားဟာ ဂီတသမား သက်သက်ဖြစ်လို့ ဥပဒေရေးရာ မသိ မတတ်တာမို့

ရှေ့နေရှေ့ရပ်တွေ ခေါ်ငှားသုံးရပါတယ်။ အဲ ..အဝတ်အစားပိုင်း အတွက်ဆို ဒီဇိုင်နာ

စတိတ် အပြင်အဆင်အတွက် ဆို အင်ဂျင်နီယာ ခေါ်ရမယ် ။ ခရီးတွေအတွက်

သယ်ယူပို့ဆောင်ရေးယာဉ်တွေလုပ်သားတွေ သုံးရမယ်။ ငွေကြေးအတွက် စာရင်းကိုင်တွေ

ဈေးကွက်အတွက် စီမံသူတွေ အပြင် ဒါတွေကို အုပ်ချုပ်ဖို့အတွက် မန်နေဂျာထားရမယ်။

ပြည်တွင်း မှာ ဒါတွေအားလုံး တခုမှ ဖြစ်မလာတာကတော့ သိတဲ့အတိုင်း

အပေါ်ကပြောခဲ့တဲ့ ခြံစည်းရိုးထင်းခွေမှု ကြောင့်ပါပဲ။

ဆုံးရှုံးလိုက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ။ ရုပ်ရှင် တို့ ဂီတ တို့ ဆိုတာ

ဖြော်ဖြေရေးနယ်ပယ် ကွ ဆိုပြီး သီးခြားနေတာမဟုတ်ဘဲ ဆက်စပ်စီးပွားတွေပါ

တည်ရှိနေတာမို့ ..အားလုံး အလုံးစုံ ကျဆင်းထိခိုက်စေပါတယ်။

တကယ်တမ်းသာ ရောင်းရမယ် ဆိုရင် ထုတ်လုပ်မှုစားရိတ် လျော့ကျပါတယ်။

ဆိုလိုသည်မှာ အခွေ ထောင်ဂဏန်းရောင်းရဖို့ production stage မှာ သိန်း၅၀

ကုန်တယ်ဆို.. အခွေ သိန်းဂဏန်း ရောင်းရလည်း ဒီစားရိတ်ဟာ (အခွေလွတ်ဖိုး)
ကလွဲလို့ ဂျူတီဖိုး အနုပညာကြေး စတာ ပိုမကုန်မှာမို့ စားရိတ်ကျတယ် ယူဆနိုင်တာပါ။

ဆိုတော့ ထောင်ဂဏန်းသာရောင်းရတဲ့ ဈေးကွက်ကို အရင်းကျေ အမြတ်ကျန်စေဖို့အတွက်

၂၀၀ဝ နဲ့ရောင်းပါတယ်ဆိုတဲ့ အခွေတွေဟာ သောင်းဂဏန်း သိန်းဂဏန်းသာရောင်းရမယ်

ဆိုရင် ဈေးလျှော့ပြီး တခွေ ၁၀၀ဝ အောက်နဲ့ ရောင်းနိုင်မှာပါ။

ဒါဆိုရင် စီးပွားတွေ ပြန်ကောင်းလာဖို့ ဖြစ်လာပါလိမ့်မယ်။ quality ပိုင်းလည်း တက်လာပါလိမ့်မယ်။

 

 

ကြုံလို့ပြောရရင် EP ကိုတော့ ဆန့်ကျင်ပါတယ်.. ဘာကြောင့်လဲဆို

media စားရိတ်သက်သက်တင် ပျမ်းမျှ ၂ဆ တက်လို့ပါ…

တခွေ ပျမ်းမျှ ၁၂ပုဒ်နှုန်းနဲ့ ထုတ်နေတာ ကမာ္ဘ လက်ခံထားတဲ့ စနစ်ဖြစ်ပါတယ်

Cover song တွေဘက်ကရှေ့နေလိုက်ရရင်တော့ သူတို့ ခိုးတာ သူတို့နဲ့ original artist

ကြားက ကိစ္စသာ ဖြစ်ပြီး ပြဿနာတက်ရင် သူတို့ဟာသူတို့ရှင်းကြရမှာပါ…

အဲ …သူတို့သီချင်းတွေ ကိုယ်ကြိုက်သလိုကိုယ်လုပ်နေတာတော့ သူတို့နဲ့ ကျနော်တို့ကြားက

ပြဿနာသာဖြစ်ပါတယ်…။ မှန်တယ်ထင် လုပ်ရုံပေါ့ဗျာ ..။ မတားပါဘူး..။

မင်းကိုယ်တိုင်ရော ..ကင်းခဲ့လို့လား မေးရင် မကင်းခဲ့တာ ဝန်ခံရမှာဖြစ်ပါတယ်..

ဒါပေမယ့် ဒီရက်ပိုင်း မူပိုင်ခွင့်ကိစ္စ မကြာခန စကားစပ်နေလဲ မေးရင်တော့ ..

တလောက ရုပ်ရှင်လုပ်ငန်းစုဘက်က သတင်းထွက်ပါတယ်.. သူတို့ရုပ်ရှင်တွေ တင်ရောင်းမှာမို့..

free hosting တွေကို ဖြုတ်ခိုင်းတဲ့ကိစ္စပါ … ၁လပိုင်းတုန်းက ဂီတ အသိုင်းအဝိုင်းက အသံထွက်ပြန်

ပါတယ်။ သူတို့ တင်ရောင်းတော့မှာပါတဲ့ …။ ရပ်ရမယ့် အချိန်လား စရမယ့်အချိန်လား သိစေ

ချင်တာပါ။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့ယခု အချိန်က စတင် ဆင်ခြင်ရတော့မယ့် ကာလ

မဟုတ်ပါလား ..။ ဒီနှစ်ကုန်ပဲ Copyright က အပြည့်အဝ သက်ရောက်မှု ရှိတော့မယ် မှတ်သားဖူးရဲ့။

ဆန်ရှင်တွေလည်း ပင့်ထားတာမို့ .. တချိန်က အဖက်မလုပ်ခဲ့တဲ့ Software companies တွေလည်း

ပြည်တွင်း ဝင်လာကြပြီမို့ … မူပိုင်ခွင့်ကို စတင် အလေးထားကြရမယ့် ကာလရောက်လာပါကြောင်း

နဲ့ သတိမပြုလိုက်မိမှာ အမှတ်မထင်ဖြစ်လိုက်မှာ စိုးလို့ လက်တို့လိုက်ရပါတယ်။

သိပ်စည်းကမ်းကောင်းတဲ့ တိုင်းပြည်တွေမှာရော ခိုးကူး မရှိဘူးလား မေးစရာရှိပါရဲ့…

ရှိတာပေါ့ ..။ လူပဲ ..အလွယ်လိုက်ချင်တယ် အချောင်လိုချင်တယ် အလကားရချင်တယ်..

လူ့သဘာဝကိုး …။ သိပ်စည်းကမ်းကောင်းပါတယ်ဆိုတဲ့ ..တရားဥပဒေ စိုးမိုးပါတယ်ဆိုတဲ့

တိုင်းပြည်တွေမှာတောင် ခိုးကူးရှိသေးတာ ..။ တချိန်က မြန်မာတူတိုရီရယ်က ဆြာသမားတယောက်

ရေးဖူးတာ ပြန် မှတ်မိသေးရဲ့… ။ သူရေးထားတာ ယိုးဒယားကအကြောင်းပါ…။

ခိုးကူးမရှိဘူးမဟုတ် ရှိတယ်..။ မသုံးဘူးမဟုတ် သုံးကြတယ်… ။ သို့သော် တတ်နိုင်သလောက်

ဆင်ခြင်ကြတယ် …နောက်ပြီး ဒါဟာ မကောင်းတာလုပ်တာပါလား ဆိုပြီး ရှက်ကြတယ်..။

ဒီသဘောပါပဲ. .. ။ လုံးဝ စည်းကမ်း မချမှတ်ချိန်တော့ လုပ်ချင်သလိုလုပ်ခဲ့ကြ … စည်းကမ်း

ချမှတ်လာရင်တော့ လိုက်နာနိုင်သမျှ လိုက်နာကြ.. အဲ …ရေမြောင်းထဲ ဆေးလိပ်တိုပစ်တာလောက်

တော့ ချိုးဖောက်ချင် ချိုးဖောက်ဦးမပေါ့ ..သို့သော် ဒါကိုရှက်ဖို့ မကောင်းမှန်းသိဖို့ပါပဲ…။

 

အပျော့ထည် ကိစ္စကတော့ ပြောရရင်

ဟော်တယ် ချက်အင် ချက်အောက် လောက်မှတ်တဲ့ ဆော့ဖွဲရေးတာတောင်

၁-၂သိန်းလောက် လခပေးရမယ့် ပရိုဂရမ်မာ ၅ယောက်လောက်ကို ဦးစီးပြီး

၁လလောက် ရေးရမှာ(ဒေါ့ကုမန့်တေးရှင်းပါအပြီးအစီး) ဆိုတော့ ..

ဒီအပျော့ထည် အသေးစားတောင် ဘယ်လောက် ဈေးလောက်ပေါက်မယ်ဆိုတာ

မှန်းလို့ရနေပါပြီ ..

ကမာ္ဘ့အဆင့် ပရိုဂရမ်မာလူတလှေကြီးနဲ့ အကြာကြီး develop လုပ်ယူထားရတဲ့

OS ကအစ ၅၀၀-၁၀၀ဝ နဲ့ ခိုးသုံးလို့ရနေတော့

တန်ဖိုးမသိတာတော့ မဆန်း ..။ တကယ်က

တန်ဖိုးသိဖို့ လိုပါတယ်။ ဘာဖြစ်လဲ ဘာဖြစ်လဲ အော်နေရင်တော့ ဘာမှ မဖြစ်ပါဘူး။

ဒါတွေမကြာခင် ရောင်းကုန်ဖြစ်လာတော့မယ် ဆိုတာ လေး သတိချပ်ဖို့ပါ..။

ကမာ္ဘတန်း ဈေးမဟုတ်ရင်တောင် သင့်တင့်မျှတတဲ့ ဈေးတခုပေးပြီး သုံးရမှာပါ..။

သာမန်ရုံးသုံး ကွန်ပြူတာ တလုံးဟာ လက်ရှိအချိန်ထက် အနည်းလေး ဒေါ်လှ ၁၀ဝလောက်

ပိုဈေးမြောက်လာမှာပါ.. ။

မပေးနိုင်ဘူးကွာ မသုံးဘူးကွာ ဆိုပြီး စက်တွေ ပိတ်ထားလို့မှ မရတာပဲ … ပေးကြရမှာ

သုံးကြရဦးမှာ ဖြစ်ပါတယ်။ ဘစ်ဇနက်တွေ အစာအိမ်တွေက ရပ်ထားလို့မှ မရတာပဲ …။

ကျနော်တို့ အကြာကြီး အလကား သုံးခဲ့ကြရပြီးပြီ မဟုတ်လား..။ ဒါဆို သူတို့ ဆီမှာလည်း

အစာအိမ်တွေရှိတာ လက်ခံရပါလိမ့်မယ်။

အတိတ်က ဖြစ်ရပ်တွေအတွက်တော့ ..သိပ်တော့လည်း စိုးရိမ်စရာမလိုပါဘူး။

Official technical support မပေးခဲ့တဲ့ ကာလ Copyright မရှိသေးခင်ကာလမို့

..လက်လျှော့ထားကြမယ်ပဲမှတ်ပါတယ်။ အခုရှိလာရင်လည်း ဇာတ်ညွှန်းတို့ ဂီတတို့ဆိုရင်

သန်း ၇၀၀ဝ ကို ဖြန့်တဲ့ဈေးနဲ့ သန်း၆ဝအတွက် cover ပြန်လုပ်ရင်ပေးရတဲ့ဈေး အဆ၁၀၀

လောက်ကွာပြီး ရောင်းပေးမယ် မြင်ရပါတယ်။ Software တွေအတွက်ကတော့ regional

license လာမပေါ့လေ…။ ပြည်တွင်းသုံးဖို့ .. လက်လှမ်းမီလောက်မယ့် ဈေးမျိုးနဲ့

ရောင်းချပေးမယ် မျှော်လင့်ရပါတယ်။ (ပြည်ပ IP ကနေ access လှမ်းလုပ်ရင် full version

ဝယ်ရမယ့် warning တက်မယ့် setting မျိုးနဲ့ဆိုပါတော့ )

သေချာတာကတော့ ဒါဟာ စီးပွားရေးတခုဖြစ်ပြီး ကြိုးစား ဖန်တီးမှုတွေရဲ့ အသီးအပွင့်တွေပါပဲ..။

ကိုယ်မပိုင်တဲ့ ပစ္စည်းကို ကိုယ်လုပ်ချင်သလိုလုပ်နေတာ မကြာခင် တရားမဝင်မှုအဖြစ်

ဥပဒေအရ ပြဌာန်းတော့မှာမဟုတ်လား ..။ အရင်က မပြဌာန်းနိုင်ခဲ့ပေမယ့် လုပ်ချင်ရာ လုပ်နိုင်

ခဲ့ပေမယ့်ပေါ့လေ….။ ဒါက တရားသလားဆိုတော့ …တရားပါတယ်ဗျာ .. ကျနော်တို့တောင်

အပျော်တမ်း ရေးနေတဲ့ ဆိုက်ဒ်ထဲက စာတွေ သူများ ခိုးခံထိရင် ခရက်ဒစ်မပေးဘဲ

ရှယ်ခံထိရင် … စိတ်ဆိုး စိတ်ကွက် သေးတာမဟုတ်လား …။ ဟိုက မီလျှံဒေါ်လာ ဘစ်ဇနက်ပဲကို..

တော်သေးဘီ။။

 

copyright

 

12 comments

  • ခိုင်ဇာ

    February 14, 2013 at 11:54 am

    ဟုတ်။
    ဒီ ကိစ္စတွေတော့ ၃ ခေါက်ဖတ်ပြီး နားလည် သလိုလို ရှိပါဘီ ဆရာ ဂီ။
    မေးချင်တာလေး တစ်ခုရှိလို့။
    အဟွာပါ။
    သူကလေး ဖေ့ဘုတ်ထဲက ဓာတ်ပုံကို ကူးပြီး ဖုန်းထဲမှာ ထည့်ပြီး နေ့တိုင်းကြည့်မိဒါကရော ကော်ပီရိုက်နဲ့ ငြိ/မငြိ။ ??

    :kwi:

    • kai

      February 14, 2013 at 1:40 pm

      ဓါတ်ပုံရိုက်ရင်.. ဓါတ်ပုံဆရာမှာသာ Right ရှိတယ်ဗျ…
      မိုဒယ်ကိုရိုက်ရင်.. ဓါတ်ပုံဆရာက မိုဒယ်ရလိစ်လက်မှတ်ထိုးခိုင်းပြီးရင်.. ဓါတ်ပုံဆရာမှာသာ မူပိုင်ရှိပါတယ်..
      အဲဒါနားလည်ရင်.. သူကလေးပုံဘယ်သူရိုက်သလည်း.. ရလိစ့်ရှိလား ပေါ်မူတည်ဆုံးဖြတ်ပေါ့… :kwi:

      ကြုံတုံးဆက်ပြောရရင်…
      ပါ့ဗလစ်ရှု့ခင်းရိုက်ရင်တောင်. ဟိုမှာဖက်က.. ဓါတ်ပုံမရိုက်ရကြေငြာထားရင်.. ရိုက်ရင်.. တရားမဝင်ပါဘူး..

      ဥပမာ..
      ယူအက်စ်ရဲ့ နာမယ်ကြီးဒေသတွေ.. ဟောလိဝုဒ်ရပ်ကွက်ဆိုပါတော့..
      ကိုယ့်ကင်မရာကိုယ်ဆွဲပြီး.. လိုက်ရိုက်နေလို့မရဘူးဗျ..
      တခါ.. ပရိုတန်းဗီဒီယိုကင်မရာကြီးနဲ့.. သွားရိုက်နေတာ.. ရဲကလာမေးတယ်.. လိုင်စင်ရှိလားတဲ့..
      မရှိရင်.. ဒဏ်ကြေးဆောင်ပေးတော့ပဲ..

      ဟောလိဝုဒ်ကားတွေထဲ.. မြို့တွေ.. ရပ်ကွက်တွေထဲ.. ရိုက်ထားတာတွေ့တယ်မဟုတ်လား..
      အဲဒါ.. အဲဒီထဲပါတဲ့လူတဦးချင်းစီကို… အခကြေးငွေပေးပြီး.. ရလိစ်တောင်းထားတာခင်ဗျ..
      အကုန်ဆက်တင်ပဲ..
      မက်ခ်ဒေါ်နယ်ထဲဝင်ရိုက်ရင်.. အထဲတခြားစားပွဲထိုင်နေသူတွေတဦးချင်းစီက.. ရွေးထားတဲ့သူတွေ…
      အခကြေးငွေပေးထားတာတွေ..
      အဲဒါလေး… :528:

      • ခိုင်ဇာ

        February 14, 2013 at 1:44 pm

        အမ်း။ အမ်း။
        တဂျီးပြောတာ သဘောပေါက်တယ်။။
        ဒီအပြောကို အခြေခံရရင်ဖြင့် မငြိဘူး။ (ဘာလို့တုန်းတော့ ပြောဘူး :mrgreen:)
        ဆက်ခိုး (အဲ) ဆက်ယူမယ်။ ဆက် ကြည့်မယ်။
        :kwi:

  • Ghi Ghi ThE KiD

    February 14, 2013 at 1:53 pm

    medium ဘက်က လှည့်ရေးချင်တာ uncompressed format, lossless format,lossy format
    တေလျောက်တူးရင် codec တွေပါထွက်ကျလာပြီး ချာလပတ်ရမ်းမှာစိုးလို့ ..
    ဆိုတော့ ဂီတမူပိုင်ခွင့်အကြမ်းဖျင်း-၃ နေရာပေးရပါကြောင်း

    ၁။ recorded-media နဲ့ရောင်းတာ
    ၂။ live performance ဖျော်ဖြေတာ
    ၃။ sync ခေါ်မလား ကြော်ငြာ မှာ ရေဒီယိုမှာ လွှင့်တာ ..

    ဖြစ်ပုံက ဒီ၃ခုမှာ ၁ က ဆိုးဆိုးဝါးဝါး ထိခိုက်ခံထိတယ်။ ၃ က အားမကောင်းသေးတော့။
    ၂ နဲ့ချည်းရပ်တည်ရသလိုဖြစ်လာတယ်။

    စကားမစပ် သင်္ကြန်သီချင်းကောင်းကောင်း မထွက်တာကြာပြီနော…။
    ကြာမပေါ့

    ရှေ့လူတွေ တော်လွန်းပြီးနောက်လူတွေ ညံ့လွန်းသလား ဆိုရင်တော့
    အကြမ်းဖျင်း ဒီအယူကို လက်မခံထားပါဘူး ဘာလို့လည်းဆို
    အကြံတူနောက်လူသာစမြဲ ဆိုတဲ့ စကားပုံရှိသလို

    နောက်လူက ရှေ့လူရဲ့ အတွေ့အကြုံဖြတ်သန်းမှုကို အမွေရသလို
    အသစ်အသစ်ပေါ်ထွန်းလာတဲ့ နည်းပညာလည်း သုံးလာနိုင်လို့ပါပဲ..။
    ဒါဖြင့် ဘာကြောင့် မထွက်သလဲ ဆိုရင်တော့ဖြင့်
    ၂။ နဲ့ စားဝတ်နေရေးဖြေရှင်းနေရလို့ပါပဲ။

    • kai

      February 14, 2013 at 2:28 pm

      အခုယူအက်စ်ကလူတွေ.. Amazon Prime လို… Netflix လို Hulu လိုဟာတွေနဲ့.. ရုပ်ရှင်ကို.. အိမ်က Streaming ထိုင်ကြည့်တယ်..
      အဲဒါ.. ကြိုက်သလောက်ကြည့်… တလ.. ရဒေါ်လာ.. ၈ဒေါ်လာစသဖြင့်သွင်းထားရတယ်လေ..

      အဲဒါ..
      တချို့ဟတ်ဒရိုက်ကုမ္ပဏီတွေ.. Western Digital ဆိုပါတော့… အဲဒီကြည့်ထားတာတွေနောင်ပြန်ကြည့်လို့ရအောင်.. သိမ်းတဲ့.. ဟတ်ဒစ်ရောင်းတယ်..
      Open Source မှာလည်း.. (XBMC) http://xbmc.org/ ဆိုတာရှိပြီး.. ကိုယ်ကြိုက်တာတွေအကုန်.. စီထားလို့ရလေရဲ့..
      အိုင်ဖုံး..အိုင်ပက်ထဲက.. သီချင်းတွေသိမ်းထားပုံနဲ့ဆင်သလားတော့မသိ…

      မူပိုင်ခွင့်က.. သက်ရောက်နေပုံမရကြောင်း…

      ဂီဂီက.. စိတ်ဝင်စားရင်… မြန်မာပြည်သီချင်းတွေအတွက်.. iTunes လို တခုခုကို.. လုပ်ကြည့်ဖို့ကောင်းတယ်..။
      ကျုပ်လည်း စိတ်ဝင်စားသမို့.. အဲဒီလိုနည်းပညာပိုင်းလေး.. ဆွေးနွေးကြည့်ချင်သား…
      =
      Amazon Prime – Amazon.com
      http://www.amazon.com/gp/prime
      After your free trial, Amazon Prime is just $79/year. › Already a member? (Sign in) … Frequently Purchased Prime Eligible Items. Apple iPod touch 32GB Black .
      =
      Netflix – Watch TV Shows Online, Watch Movies Online
      https://signup.netflix.com/
      Watch Movies & TV Shows Online or Streaming right to your TV via Xbox, Wii, PS3 & many other devices. Only $7.99/mo. Start Your Free Trial Today.
      =
      hulu.com – Hulu Plus Official Site
      http://www.hulu.com/plus
      Watch TV Shows Anytime, Anywhere. Get a Free Week of TV. Try it Now!

      • Ghi Ghi ThE KiD

        February 14, 2013 at 2:50 pm

        လုပ်ဖူးပါတယ်… ခိုးချင်လို့ ထွင်တယ် ပြောဂျပါဒယ်ဆို….
        တချပ် ၃၀ဝ သံသရာ က လွတ်ဦးမယ်…

        :byae:

        • kai

          February 14, 2013 at 2:59 pm

          အဲဒီဆော့ဖ်ဝဲရှိသေးလား..
          အဲဒါ အောင်မြင်တဲ့ဘစ်ဇနက်မိုဒယ်ပဲ..
          ဒါက.. ခိုးကူးခွေကို တားနည်းထဲ..အကောင်းဆုံးနည်းပဲ..။

          အရင်းအနှီးရဖို့လွယ်ပါတယ်..
          အမေရိကန်သီချင်းတွေရဲ့ မူရင်းကုမ္ပဏီလှမ်း.. သူခိုးဖမ်းပေးမယ်ပြောပြီး.. ကော်ပီဆိုထား.. သုံးထားသူတွေကို.. ရှေ့နေငှား.. ကိုယ်စားဖမ်း..တရားစွဲ.. ဒဏ်ကြေးဆောင်ရအောင်.. လုပ်ပေးလိုက်ပေါ့…
          သူတို့(မူရင်းထုတ်ဝေသူတွေဆီက) ကော်မရှင်ပြန်ရမှာပါ…။

          IC ဆို..စီးပွားရေးအရ.. အောင်မြင်ထားတာမို့.. တော်တော်လျှော်ရမှာ..
          ပြေးလို့လည်း.. မလွတ်…။ :kwi:

        • Ghi Ghi ThE KiD

          February 16, 2013 at 4:31 pm

          ရှိပါပေ့သဂျီး ရယ်. ဘစ်ဇနက်မော်ဒယ်နဲ့တကွ နိုးဟောင်းတွေအစုံအလင်ရှိပါပေ့
          အလကားရမှ တန်တယ်ထင်တဲ့ပိတ်သတ်ကြီးနဲ့. ဒီလိုပြောင်းမှ ခိုးကူး ခိုးရှဲ
          ကာကွယ်နို်င်မယ် နားမလည်တဲ့ ဒီလောကသားတွေကြားမှာ ထပ်မခင်းကျင်း ချင်တော့ပါပူး
          အဟိ
          MLTR ရန်ကုန်လာမတဲ့
          အဲ့အူးဆလးဆတွရဲ့ သီချင်းတွေယူဆိုထားသူတွေ ဘယ်မျက်ခွက်နဲ့လာကျိမယ်မသိ
          အဲ့ တခုတော့ပြောပါရဇီ. သူတို့ခိုးဆိုတာ. သူတို့နဲ့ MLTR ကြားက ကိစ္စ
          သူတို့ဆိုထားတာကို ခိုးရှဲတာ သူတို့နဲ့ ကျနော်တို့ကြားက ကိစ္စ မဟုတ်ပါလား.

          ဘာရယ်မဟုတ်. ဂီတအစီးအရုန်းက တရားဝငင်ရောင်းပေးမယ် ဆိုတာတောင် ခိုးကူးတွေခိုးရှဲတွေ ခေါင်းထောင်လာလွန်းလို့မန့်ကျိတာပါ

          ဟိ. ကိုယ့်ဟာကိုယ် ဝါးလက်ခုတ်လောက်.စီးချက်ကျအောင်တီးကျိပါအုံး.
          သူများကို အုန်းကျုံးကြီးကွ ကော်ပီယီးကွာ ပြောနေမယ့်အစား.
          အချိန်တန်တော့လည်း မန်မိုရီစတစ်လေးတွေအလုပ်ရှုပ်ရတာပါပဲလေ. အဟတ်.

  • pooch

    February 16, 2013 at 7:33 pm

    Rip လုပ်တာ တရားမဝင် ဘူးလို့ပြောမဲ့အစား တခါထဲ ခွေမှာ ဖိုင်ပြောင်းထည့်ပေးရင်ကောင်းမလားလို့
    တကယ်ဆို အချိန်ပြည့်နေရာတကာ အဲ့ခွေနဲ့ကြည့်ဖြစ်နားထောင်ဖြစ်တော့တာမှမဟုတ်တာ
    ဒါကရေစီးကြောင်းအရ Rip လုပ်ကိုလုပ်ဖြစ်နေတာမျိုး
    ဒါကိုတရားမဝင်ဘူးပြောတော့
    ဘယ့်နှယ့်ပြောရမယ်မသိဘူး

    ကိုယ်ကလည်းပိုက်ဆံပေးဝယ်ထားရသေးတယ်

    မိုက်ကယ်လန်း ကြီးဒီလာလည်း အိုင်စီကိုခွင့်လွှတ်တန်ကောင်းပါရဲ့

    ဒါပေမဲ့အိုင်စီကိုတခါလောက်တော့ အုန်းကျူးလေးနဲ့ အားပေးချင်သေးတယ်

  • padonmar

    February 16, 2013 at 10:41 pm

    ရုပ်ရှင်နဲ့ သီချင်းကတော့ သိပ်စိတ်မဝင်စားတော့လို့ လွတ်စပြုလာပြီ။
    ကျန်တာတော့ ကျုပ်တို့က ခိုးမျှနေမိတုံးပါပဲ။
    ကော်ပီရွိုက်ကို မကြောက်သေးပေမယ့် အဒိန္နာဒါနာ ကြောက်တတ်လာတော့ စိတ်မလုံချင်ဘူး။
    ဒါပေမယ့် မိုးခါးရေ မရှောင်နိုင်သေးတော့ ………
    အဲဒီ ကော်ပီရွိုက်ကြီး မြန်မြန်လာမှအေးမှာပါ။

  • uncle gyi

    February 16, 2013 at 11:23 pm

    က်ိုဂီရေ
    မြန်မာ့စိတ်လည်းသိသားနဲ့
    ဒီအစားအစာမစားနဲ့နောက်၁ဝနှစ်နေရင်မုချသေမယ်ပြောလည်း
    စိတ်ချရတဲ့အစာနဲ့ယှဉ်လိုက်ရင်ဈေးကွာနေလို့ကတော့လာမပြောနဲ့စားမှာပဲ
    ဟ.. မဟုတ်ဖူးမှားလို့အခုစားရင်အခုသေမှာဆိုရင်တော့စားဖြစ်မှာမဟုတ်ဖူးလေ
    အဲတော့ကာကော်ဖီအရသာဘယ်လိုရှိရှိအခုတော့လက်ဘက်ရည်ကလေးနဲ့ပဲ
    ဆိုတဲ့သူတွေချည်းပဲလို့ပြောရင်
    ဟောရင်းနဲ့ပျံလွန်တော်မူပါပြီလို့တော့မအော်လိုက်နဲ့နော်

  • ဦးဖွတ်ကျား ရေ …

    ကျနော် ဖိတ်စာ လိုက်ဝေနေတာပါဗျို့ ….
    နောက်ကျနေတဲ့အတွက်တော့ ခွင့်လွှတ်ပါဗျာ ….
    ဖေဖော်ဝါရီ …..
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
    အိမ်တိုင်ရာရောက် လာရောက် ဖိတ်ပါတယ်ဗျို့ ….
    ကြွခဲ့ပါဦးလို့ … ကြွပီးရင်လည်း ထပ်ကြွခဲ့ပါဦးလို့ .. :mrgreen:

    ဒု – အတွင်းရေးမှူး
    မဟာအံ

Leave a Reply