နမိတ်ဖတ်ခြင်း(သို ့မဟုတ်) ဂိုက်ဘဝ အလွဲပေါင်းများစွာ

moonpoemJanuary 24, 20131min17012

မြန်မာလူမျိုးများသည် နမိတ်ဖတ်ခြင်းကို ယုံကြည်ကြသည်ဟု ကျွန်မထင်သည်။ မနက်စောစောစီးစီး အဆင်
မပြေတာနှင့်ကြုံလျှင် တစ်နေကုန် ကံမကောင်းနိုင်တော့ခြင်း၊ အလုပ်တစ်ခု စတင်ချိန်တွင် ဘေးကျရောက်ခဲ့ပါ
က ထိုအလုပ်သည် ဆက်လုပ်ရာတွင်လည်း အဆင်မပြေနိုင်တော့ခြင်း စသဖြင့် ဖြစ်ပါသည်။ ကျွန်မသည်
အယူသီးသူ တစ်ယောက်မဟုတ်ပါ။

တစ်နေ ့တော့ ကျွန်မကျိုက်ထီးရိုးကို နေ ့ချင်းပြန်သွားဖို ့ဖြစ်လာပါသည်။ နေ့ချင်းပြန်ကျိုက်ထီးရိုး ခရီးစဉ်သည်
အထူးရှင်းပြစရာမလိုအောင် တစ်ညအိပ်ခရီးထက်တော့ ပိုပင်ပန်းပါသည်။ မနက်၄နာရီခွဲ ရန်ကုန်မှထွက်ပြီး
ည ၈နာရီလောက်ပြန်ရောက်သော ခရီးစဉ်ဖြစ်ဧ။် ။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရသေ့တောင်ထိသာကားစီးခွင့်ရပြီး
တောင်ပေါ်ထိ ကားဖြင့် တက်ခွင့်မပေးသောကြောင့် နေ ့ချင်းပြန်ခရီးစဉ်တွင် အတက်ရော အဆင်းရောခြေကျင်တက်ရ ဆင်းရဖြင့် ပင်ပန်းပါသည်။
သွားရင်လည်း မြန်မြန်ရောက်အောင်သွား၊မြန်မြန်တောင်တက်၊ မြန်မြန်ဘုရားဖူး၊ မြန်မြန်ပြန်ဆင်း နှင့် အပန်းဖြေခရီးစဉ်ဟု ဆိုခြင်းထက် အမောဖောက်ခရီးစဉ်ဟု ကျွန်မက ကင်ပွန်းတပ်ထားပါသည်။

သွားမည့်နေ ့မနက်က အစောကြီး လန်းအောင်ဆိုသော ရည်ရွယ်ချက်ဖြင့် ကျွဲရို်င်းသောက်သည်။ ထမင်းကြော်
စားသည်။ ထမင်းကြော်စား ပန်းကန်ဆေးအပြီး ပန်ကန်စင်ပေါ်အတင် ရုတ်တရတ်ခလုပ်တိုက်ပြီး ပန်းကန်ကျကွဲသွားသည်။
ကျွန်မ ဒီတစ်ခါတော့ စိတ်ထဲ နည်းနည်းထင့်သွားသည်။ သို ့သော် ဥပါဒန်ကြောင့်
ဥပဒ်ရောက်နေပါဦးမည်ဟူသော အတွေးဖြင့် ဖြေတွေးတွေးပြီး ဘုရားကန်တော့ကာ
ကျွန်မထွက်လာခဲ့သည်။

ရန်ကုန်အထွက် ရှင်လောင်းလှည့်တစ်ခုနှင့်ကြုံသဖြင့် ကားဆရာမှ ဖြည်းဖြည်းချင်းနောက်မှ လိုက်ရင်းမောင်းခဲ့လေသည်။ ရှင်လောင်းလှည့်သည့်
ကားတန်းက တိုက်ကြီးသွားသည့် လမ်းကွေ ့ချသွားသလို ကျွန်မကားဆရာကလည်း အလားတူ ကွေ ့ချသွားပါသည်။

သွားနေကျကားဆရာဖြစ်သလို ကျိုက်ထိုသို ့တခြားသွားစရာ မြို ့ရှောင်လမ်းလည်း မရှိ်သည်ကို
သတိထားမိသဖြင့် ကားဆရာကို သတိပေးသည့် သဘောဖြင့် ဦးလေးကြီး ဘယ်သွားနေတာလဲဟု
မေးကြည့်လိုက်သည်။ ထိုအခါမှ ကားဆရာ ဦးလေးကြီးက ဟာ..ဟုတ်သားပဲ ငါကြောင်ပြီး လျှောက်လိုက်နေတာဟု ဆိုလာသည်။
ကားကို ပြန်ကွေ ့ပြီး မိန်းလမ်းမပေါ်ပြန်ရောက်ပြီး သိပ်မကြာခပ်လှမ်းလှမ်းမှ ဝက်မိသားစု အုပ်လိုက် လမ်းကူးနေသည်ကို မြင်လိုက်ရသဖြင့်
ကားဆရာမှ ကားကို အရှိန်လျှော့ကာ ခပ်ဖြည်းဖြည်းပင် မောင်းနေဧ။် ။ ဝက်အုပ်လိုက်ကြီးကုန်သွားပြီး ကားပြန်ထွက်သောအခါ
ရုတ်တရုတ် ဝက်တစ်ကောင်မှ နောက်ကြောင်းပြန်လှည့်လာလေရာ ရုတ်တရတ်ဆိုတော့ ထိုဝက်ပေါက်ကို ဝင်တိုက်မိလေသည်။
ကျွန်မတို ့ကားမှ အရှိန်နှေးနေသဖြင့် ဝက်မသေတာပဲ တော်သေးတော့သည်။

ဒီလိုနှင့် ကျိုက်ထီးရိုးတောင်တက်ကား စီးပြန်တော့ ရုတ်တရတ်ဆိုသလို ဝုန်းခနဲ အသံကြားပြီး လေးကျိုးကျသွားဧ။် ။ ဘေးနားမှာ
ချောက်ကမ်းပါးသာ ရှိသည်။ လူတွေ အားလုံးလည်း ဘုရား အမေကယ်ပါ စသည်ဖြင့် အော်ဟစ်နေကြသည်။ ဧည့်သည်လည်း ကြောက်နေရှာသည်။
ကျွန်မပင် ကြောက်နေသေးသမို သူ ့ကို နှစ်သိမ့်ရန် စကားလုံး ရှာ မရနိုင်။

ကံကောင်းသည်က မတ်စောက်သော အတက်မဟုတ်သေးခင် ပြေပြစ်သော နေရာဖြစ်ရျ်သာ
တော်သေးဧ။် ။ နောက်ထပ် တောင်အောက်မှ ကားအလွတ်လာရန် အကြောင်းကြားဖို ့ ဆင်းလာသော ကားတွေကိုသာ မှာရဧ။် ။ ထိုနေရာတွင်
စောင့်လိုက်ရသည်မှာ၁နာရီခွဲခန် ့ကြာသွားသည်။ ပန်းကန်လွတ်ကျသော နိမိတ်က ဒါကို ပြတာပဲနှင့် တူသည်ဟုတော့ သတ်မှတ်လိုက်လေသည်။
ကိုယ့်ကိုကိုယ် စိတ်ငြိမ်အောင် ထိန်းလောက်ပြီး ဧည့်သည်ကို လည်း အားပေးစကားပြောလိုက်သည်။

ဘုရားဖူးပြီး ဧည့်သည်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကာ ရယ်ရယ်မောမောဖြစ်လာသည်။ အပြန်လမ်းမှာတော့ သူက အိပ်ရင်းလိုက်ပါလာသည်။
တော်ပါသေးရဲ ့ ဘာမှ မဖြစ်ပေလို ့။ မနက်က စောစောထရသဖြင့် ဧည့်သည်အိပ်နေသောအခါ ကျွန်မလည်းက ားအဲကွန်းလေးဖွင့်ကာ
ငိုက်ပြီး ရန်ကုန်ရွှေမြို ့တော်အပြန်ခရီးသို ့လိုက်ပါလာသည်။

ငိုက်နေစဉ်မှာပင် ကျွန်မ ရုတ်တရုတ် ကားဒက်ရှ်ဘုတ်နှင့် ခေါင်းဝင်ဆောင့်မိသွားသည်။ဪ ငါတော့
အိပ်ငိုက်တာ အရှိန်လွန်သွားပြီ ရှက်လိုက်တာဟု တွေးနေစဉ် ကားဆရာမှ ညီမလေး အောက်ကို ဝပ်လိုက် ဧည့်သည်လည်း
အောက်ကို ဝပ်ခိုင်းလိုက်ဟု အော်သဖြင့် ဧည့်သည်ကို လည်း စကားပင် မပြောနိုင်တော့
ခြေဟန်လက်ဟန်နှင့် အောက်ကို ဝပ်ခို်င်းလိုက်ပြီး ကျွန်မလည်း မတတ်နိုင်တော့ ကားဆရာပေါ်သို ့ လှဲအိပ်ချလိုက်သည်။

ဘေးနားမှ ဆူဆူညံညံအသံတွေကြားရသည်။ဆဲသံတွေက အကြားရဆုံး။ ဘာမှ မဖြစ်တော့ဟု
ကားဆရာပြောအပြီး ကျွန်မလည်း ထကြည့်လိုက်သည်။ကျွန်မတို ့ကားသည် ရှေ ့ပိုင်း ဘာမှ ရစရာမရှိတော့။
ကျွန်မတို ့ရှေ ့က ဝါးကားက နောက်ပြန်ဆောင့်လိုက်ခြင်းဖြစ်ဧ။် ။ လူမသေတာသည်ပင် ကံကောင်းလို ့ပါလား ။ရောက်နေသည်ကတိုးဂိတ်မှာ ဖြစ်သည်။ တိုးဂိတ်ဆိုသည်မှာ ထုံးစံအတိုင်း ပိုက်ဆံပေးပြီးသော ကားသည် ရှေ ့သို ့ဆက်ထွက်ရန်သာ ဖြစ်သည်။

သို ့သော် ဝါးလုံးတွေ တင်ဆောင်လာသော ဝါးကားက တိုးဂိတ်တွင် ပိုက်ဆံပေးအပြီး ရှေ ့ထွက်ပြီးမှ
ကောင်မလေးကို ဖွန်ကြောင်ပြီး ပြန်လည် နောက်ဆုတ်ကာ နှုတ်အဆက်တွင် ထိုကားထွက်သွားသဖြင့်
ရှေ ့သို ့တိုးလာသော ကျွန်မတို ့ကားကို ဝင်ဆောင့်ခြင်းဖြစ်ဧ။်။ တော်သေးသည် အောက်ဘက်ရှိဝါးလုံးတိုများဖြင့် တိုက်မိသောကြောင့်
ကျွန်မတို ့ကား ဘန်ပါ ပျက်စီးသွားသည်သော်လည်း ကားမှန်ကိုတော့ ဖောက်ထွက်မလာ ။ ဖောက်ထွက်လာပါက ကျွန်မ ဒီပိုစ့်ကို ပင် ရေးခွင့်ရှိတော့မည် ဟုတ်။
သေဖို ့သာ ရှိပါသည်။ အိပ်ငိုက်မိသော ကိုယ့်ကိုကို်ယ်လည်း မုန်းမိသည်။ ဒီတစ်ခါသော ဧည့်သည်ကောင်မလေးသည် မရတော့ပါ။
အရမ်းကြောက်ပြီး တုန်နေပါပြီ။

ကျွန်မတို ့မသေပါ။ ကံကောင်းပါသည်။သို ့သော် ရန်ကုန်ရောက်အောင် ဘယ်လို ဆက်သွားကြမည်လဲ။
ဝင်း ကျိုက်ထီးရိုးကားများ၊ တခြားကားများကို တားပါသည်။ သူတို ့သည်လည်း ကျိုက်ထီးရိုးကတည်းက
လူပြည့်အောင်တင်လာသဖြင့် ထိုင်ခုံနေရမရပါ။ တခြားသော ကားများ ငှားလို ့ ရလို ရငြားအကူအညီတောင်း
သော်လည်း မရပါ။ မိုးချုပ်နေပြီ ဖြစ်သဖြင့် ရန်ကုန်မှ ကားအစားထိုးရန်ကားက လာလည်း အချိန်က လမ်းပိတ်တာနဲ ့ကြာဦးမည်။

ကျွန်မကြံရာမရတော့ပါ။ ဘာလုပ်ရမလဲ မသိတော့ပါ။ ဂိုက်အလုပ်သည် ဒီလောက်ခက်ခဲပါသလား မိုးလည်း ချုပ်နေပြီ။ ခရီးစဉ်တွင် ဦးဆောင်ရသည့် ဧည့်လမ်းညွှန်ကျွန်မ စိတ်ညစ်နေလို ့တော့ မဖြစ်ပါ။ ကျွန်မတောင်
ဒီလောက်ဖြစ်နေလျှင် တိုင်းတပါးမှ လာရောက်ရသော သူလေးဘယ်လို ခံစားနေရရှာမည်လဲ စာနာမိပါသည်။
ထိုအချိန်တွင် ကြက်ခြင်းများ သယ်လာသော ကားက အကျိုးအကြောင်းမေးလာသည်။ ရှေ ့ခန်းတွင် အမျိုးသမီးတစ်ယောက်ပါသဖြင့် တစ်ယောက်တော့ ဆံ့သည်။ နောက်ခန်းတွင် ကြက်ခြင်းများနှင့် လိုက်နိုင်ရင်တော့ အဆင်ပြေနိုင်သည်ဟု ပြောလာသည်။ စကားဆုံးအောင်မစောင့်တော့ပါ ။ဧည့်သည်ကောင်မလေးကို ရှေ ့ခန်းမှ ထိုင်ခို်င်းလိုက်ပါသည်။ကျွန်မကတော့ ကြက်ခြင်းထဲမှ ကြက်များကို အဖော်လုပ်ပြီး ရန်ကုန်ကို လိုက်ပါလာပါသည်။

ရန်ကုန်ရောက်တော့ ကျွန်မတို ့ကို တင်ဆောင်လာသော ကားဆရာနှင့် အမျိုးသမီးကို အားရပါးရ ကျေးဇူးတင်စကားဆိုကာ တက်စီငှားပြီး ဆေးခန်းပြေးရပါဧ။် ။ ဆေးခန်းကို ဝင်ပြီး ဧည့်သည်ကောင်မလေးကို ဆရာဝန်နှင့်ပြသပေးလိုက်ပါသည်။ သူမလည်း ရန်ကုန်ရောက်ပြီ ဖြစ်သောကြောင့်ရယ်လားမသိ လန်းလန်းဆန်းဆန်းလေး ဖြစ်နေပါပြီ။ တည်းခိုရာ ဟိုတယ်ပြန်ရောက်တော့ ကျွန်မဧ။် စောင့်ရှောက်မှုတွေ အတွက် ကျေးဇူးတင်ကြောင်းပြောပါသည်။ သူ ့ဘဝအတွက် ဘယ်တော့မှ မမေ့နိုင်တော့သော ခရီးစဉ်ပါလို့ လည်း ဆိုပါသေးဧ။် ။(ကျွန်မအတွက်လည်း အသက်တမျှ မမေ့နိုင်သော ခရီးစဉ်ပါ)

ထိုနေ ့က ကျွန်မအိမ်ပြန်ရောက်တော့ အစ်မကို ဖက်ကာ လှိုက်လှဲစွာ ငို်မိပါသည် ။ ငါမသေလို ့ပြန်တွေ ့ရတာပဲဟုလည်း တွေးမိသည်။ ထို နေ့မှ စတင်ပြီး ၁ပတ်ကြာသည်အထိ ကျွန်မ တိုးမလိုက်ခဲ့ပါ။ စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ ကံမကောင်းတာတွေများသည်ဟု ထင်သဖြင့် ကုသို်လ်လုပ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေခဲ့သည်။ ဒါသည်ပင် အရှူံးထဲက အမြတ်ပဲ မဟုတ်ပါလား။

12 comments

  • ခင်ခ

    January 24, 2013 at 4:39 pm

    ကျိုက်ထီရိုးတောင်အတက် ကားလေးကျိုးတာတော့ ကြောက်စရာကြီးနော်။
    အရမ်းမက်စောက်တဲ့နေရာဆို ဘာဖြစ်မလဲ မတွေးဝံစရာပါလားနော်။

  • ဆူး

    January 24, 2013 at 4:44 pm

    ဧည့်သည်က တယောက်တည်းလား..
    တိုးဂိုက် လုပ်ရတဲ့ အတွေ့ အကြုံ ခါးခါးလေးတွေ ရေးပြီးရင် ချိုတာလေးတွေလည်း တခါတရံ ညှပ်ပြီး ရေးနော်..
    ဖတ်လို့လည်း ကောင်းပါတယ် ဗဟုသုတလည်း ရပါတယ်။

    ဆူး လည်း တောင်ကြီးက အပြန်မှာ မိုးရွာပြီး တောင်ပြိုတာနဲ့ ကြုံဖူးတယ်.. တောင်ပေါ်က မြေကြီးတွေ ဂဲ တွေ ကျတာ မောင်းနေတဲ့ ကားရဲ့ အရှေ့ ပေ ၁၀ဝ လောက်သာ ကွာမယ်.. မျက်စိရှေ့မှာတင် မြေ အပုံ လိုက် နဲ့ ဂဲတွေပါ ကျလာလို့.. ကားရပ်ပြီး ကားသမားတွေ ရှင်းလင်းပြီး ဖြတ်မောင်းဖို့ ကြိုးစားတာ ကြုံဖူးတယ်.. လမ်းမှာ ည အိပ်ခဲ့ ရတယ်။

    လေယာဉ် စီးတာ မုန်တိုင်းမိ လို့ ကောင်းကင် မှာ လေယာဉ် ခုန်ပေါက် နေလို့ နှလုံးတွေ ပြုတ်ထွက်မတတ် ခံစားဖူးတယ်။

  • Mobile

    January 24, 2013 at 6:21 pm

    အတိတ်တို့နိမိတ်တို့ဆိုတာတွေက ပြောရမယ်ဆိုရင်တော့ အခက်သားလားဗျ။
    သိုပေသော်ငြားလည်း ဗုဒ္ဓဘုရား မဖွားမြင်ခင်ကတည်းက မယ်တော်မာယာမှာ အတိတ်တွေ
    နိမိတ်တွေ အိပ်မက်မယ်တယ်ဆိုလားပဲ။ ပြီးတော့ ကောသလ မင်းကြီးရဲ့ ကြိုတင်ရှေ့ပြေးနိမိတ်
    အိပ်မက်ဆိုတာ (၁၆)ချက် မက်တာတွေရှိတယ်ဆိုလားပဲ။ ကျုပ်တော့ အသေအချာမသိပါဘူး
    စာမှာဖတ်ဖူးတာကိုပြောတာပါ။
    ကျုပ်ကြုံဖူးတာကတော့ အရင်က သူငယ်ချင်းတစ်ယောက်နဲ့အတူ ဘောလုံးပွဲလောင်းတာ ညနေခင်းမှာ အခွေးလိုက်ဆွဲခံရတယ် ညကျတော့ ခွက်ခွက်လန်အောင်ရှုံးတော့တာပဲ။
    နောက်နေ့ကျတော့လဲ ခွေးကလိုက်ဆွဲပြန်တယ် ဒါနဲ့ကျောက်ခဲနဲ့ ပေါက်ထားခဲ့တယ် အဲ့ဒီညက
    အတော်လေးပြန်နိုင်တယ်။ ခွေးလိုက်ဆွဲခံရရင် လပ်ကီးမကောင်းဘူး ခွေးကိုခဲနဲ့ပေါက်ရင်
    ဘောလုံးပွဲနိုင်တယ်ဆိုပြီး ကျုပ်တို့သူငယ်ချင်းနှစ်ယောက် ဘောလုံးပွဲရှိတဲ့နေ့ဆို ခွေးတွေ့ရင်
    ဆိုကယ်နဲ့သွားနေရင်းတောင်မှ ဆိုင်ကယ်ရပ်ပြီး ခဲနဲ့ထုတယ် ခွေးကိုခဲနဲ့ထုတိုင်း နိုင်တယ်ဗျ။
    နောက်တော့ သူငယ်ချင်းနဲ့ကွဲးသွားလို့ အဲ့ဒီအယူအဆလေးတောင်မှ မလုပ်ရတာကြာနေပြီ။
    (ကိုယ်နိုင်ဖို့အရေး ခွေးကအချောင်ခံရပါလားနော် အတွေးလေးဝင်မိကြောင်းပါ)
    တောင်ရေးမြောက်ရေး ရေးသား၍အားပေးထားခဲ့ရပါကြောင်းးးးးးးးးးးးးးးးးးးးးးးး

  • မောင်ပေ

    January 24, 2013 at 8:19 pm

    စိတ်သာရှင်စော ဘုရားဟောအိ တဲ့
    လကဗျာလေးက ဘုရားတရား အမြဲစိတ်မှာ ရှိတဲ့သူဆိုတော့
    နောင်ကို ထပ်ဖြစ်မှာ ကြုံမှာ မဟုတ်တော့ပါဘူးကွယ်
    မောင်ပေပြောတာကို ရဲရဲကြီးယုံလိုက်တော့နော်
    ခြစ်တယ်ကွယ်

  • လုံမလေးမွန်မွန်

    January 24, 2013 at 10:00 pm

    ဟူး… ဟူး… ကံကောင်းလို့ပါလား အစ်မရယ်…
    ဂိုက်လုပ်ရတာလည်း မလွယ်ပါဘူး.. တော်ရုံအပင်ပန်းခံနိုင်ရုံနဲ့ မရဘူးလေ…
    Fighting!!!! 🙂

  • ဦးဦးပါလေရာ

    January 24, 2013 at 11:56 pm

    အဲဒီ ဧည့်သည်တော့ တန်လိုက်တာ…
    တသက်လုံးပြောမကုန်လောက်တဲ့ အတွေ့အကြုံမျိုးရသွားတယ်…

    ကျိုက်ထီးရိုးကားလမ်းကတော့ လုံးဝအန္တရယ်မကင်းပါဘူး…
    တောင်ပေါ်မှာလဲ ဘုရားဖူးတွေအတွက်လဲ နေရာကျဉ်းတယ်-
    တည်းခိုဘို့လဲ နေရာနည်းလွန်းတယ်။

    ကျိုက်ထီးရိုးရဲ့ တကယ့်အရသာက ည အချိန်ဖြစ်တယ်။
    ညအထိရင်ပြင်တော်ပေါ်နေပြီး
    ည၁ဝးဝဝ နာရီမှ ၁းဝဝ နာရီလောက်ကြားမှာ တောင်အောက်ပြန်ဆင်း- ကျိုက်ထို/ကင်ပွန်းစခန်းမှာ ပြန်အိပ်နိုင်အောင်စီစဉ်နိုင်ရင် အရမ်းအဆင်ပြေမယ်။
    တတောင်လုံးကို master plan ချ ပြင်ပြီး ပြန်လည်တည်ဆောက်သင့်ပါတယ်။

  • MaMa

    January 25, 2013 at 8:51 am

    အပန်းဖြေခရီးစဉ်ဟု ဆိုခြင်းထက် အမောဖောက်ခရီးစဉ်လို့ ကင်ပွန်းတပ်ထားတာကို သဘောကျတယ်။
    အပြင်ပန်းအမြင်ကိုကြည့်ပြီး ဂိုက်တွေဆိုတာ မြန်မာဆန်ဆန်ဝတ်ပြီး ရှင်းလင်းပြောပြရုံပဲလို့ ထင်ထားတာ။
    အမောပြေခရီးလေးတွေလည်း ဖတ်ချင်ပါသေးတယ်။ :hee:
    အခုလို အဖိုးတန် အသိလေးတွေ ဟိုးးးးး အရင်ကတည်းက ဖတ်ရမှာ။
    နာ ထှာ။ :kwi:

  • Ma Ei

    January 25, 2013 at 9:29 am

    ဂိုက် သူငယ်ချင်း တစ်ယောက်ရှိလို့ သူတို့ဘဝ
    အတွေ့အကြုံလေးတွေတစ်ချို့သိခွင့်ရခဲ့တယ်…
    ခရီးစဉ် တစ်လျှောက်မှာအခက်ခဲ မကြုံရရင်တောင်မှ
    ဧည်သည်ကိုဘဲ အချိန်ပြည့် ဂရုစိုက်နေရတဲ့ တာဝန်ခရီးမို့
    လူရောစိတ်ပါပင်ပန်းကြရတယ်…
    အန်တီအိတို့ ခရီးသွားတုံးက သူလိုက်မယ်ပြောလို့..
    နေ့တိုင်းခရီးထွက်နေရတဲ့သူက လိုက်မယ်လားဆိုတော့
    ခုမှအပန်းဖြေရမှာတဲ့လေ…

    • moonpoem

      January 25, 2013 at 9:49 am

      ဟုတ်တယ် အန်တီမအိရေ ဧည့်သည်တွေနဲ ့ဘယ်လောက်ပဲ ပုဂံတွေ၊အင်းလေးတွေ၊ တခြားခရီးစဉ်တွေ သွားနေပါစေ ပတ်ဝန်းကျင် အလှအပကို ခဏသာ ခံစားရပြီး သူ ့အတွက် နေ့လည်စာ ၊ ညစာစီစဉ်ဖို ့နောက်ထပ် ပို ့မယ့် နေရာရဲ ့သမိုင်းအကျဉ်း သိသင့်တာလေးတွေကို ဘာပြီးရင်ဘာပြောရမယ်ဆိုတာတွေးတာမျိုး၊ နောက်နေ ့ထွက်မယ့် လေယာဉ်ချိန်ပြောင်းတာ ရှိမရှိ စုံစမ်းဖို ့ပဲ ခေါင်းထဲရောက်နေပြီး အပန်းဖြေဖို့ ဆိုတာ သိပ်မပါပါဘူး။ အဲဒါကြောင့် အန်တီမအိလိုပဲ တခြားသူငယ်ချင်းတွေက တစ်နေရာရာ သွားလည်မယ်ဆိုရင်လည်း အားတဲ့အခိုက်နဲ ့ကြုံရင် လိုက်ဖို ့ပဲ စဉ်းစားပါတယ်။ ပျော်ရတာကိုး။

  • Shwe Ei

    January 25, 2013 at 1:17 pm

    ဂိုက်ဘဝ အလွဲဆိုတာထက် ဂိုက်ဘဝရဲ့
    သည်းထိတ်ရင်ဖိုအတွေ့အကြုံတွေပေါ့ လကဗျာရေ။ ခုရက်ပိုင်း
    ခရီးသွားလုပ်ငန်းနဲ့ ပတ်သတ်တဲ့ ပို့စ်တေ စုံစုံလင်လင် ဖတ်ရတာ
    အမှန်တကယ် ဗဟုသုတရပါတယ်။ အားပေးနေပါဂျောင်းး။

  • Mon Kit

    January 25, 2013 at 2:18 pm

    ညီမလေး လကဗျာရေ…..
    စိတ်ထားကောင်း ရင် ကံကောင်း၏ တဲ့။
    တကယ့်ကို စေတနာ ပါပါလေးနဲ့ အလုပ်လုပ်ရင် ကိုယ်စောင့်နတ်က စောင့်ရှောက်ပါတယ်ကွယ်..
    ညီမ စိတ်ထားဖြူစင်နေတာလေး မြင်တွေ့နေရပါတယ်။

  • surmi

    January 25, 2013 at 6:49 pm

    အချိန်နဲနေလို ့ပိုစ် ့ကောင်းလေးတွေ မနဲလိုက်ဖတ်နေရတယ်
    ခရီးသွားစာတန်းလေးတွေကိုနှစ်သက်တာမို ့အကြိုက်တွေ ့မိပါတယ် ။
    ကျုပ်ကိုယ်တိုင်လည်း တချိန်က ခရီးသည်ကြီးဆိုတော ့………

Leave a Reply