နှာခေါင်းကထွက်ကျတဲ့ နှာရည်တွေကိုသုတ်ရင်း
ယိုင်နဲ့နဲ့ အိမ်ကလေးရဲ့ အပြင်ဘက်ဖေဖေပြန်အလာကို မျှော်နေမိတယ်..
ဗိုက်ဆာနေတာကိုလည်း မျက်နှာညိုးညိုးနဲ့အမေ့ကိုမပြောရက်ဘူး
ဖေဖေပြန်လာပါတော့..သားဗိုက်ဆာနေပြီ..
သားတို့ရဲ့ယိုင်နေတဲ့ အိမ်လေးအပြင်ဘက်မှာအလင်းတွေတောင် ပျောက်ကုန်ပြီ..
ဒီနေ့ဖေဖေ နည်းနည်းနောက်ကျနေတယ်….
မေမေ့ကို လှမ်းကြည့် တော့ မေမေက အရင်အတိုင်းမတုန်မလှုပ်ဘဲ.. တွေဝေ နေတုန်း..
ဒီနေ့ ဖေဖေ နောက်မကျစဖူး တော်တော်နောက်ကျနေတယ်…
သားဗိုက်တွေဆာနေပြီဖေဖေ..မေမေ့ကိုလည်းမပြောရဲဘူး..
ခနနေရင်တော့ ပြန်လာပါတော့လို့ စိတ်ထဲကနေဖေဖေကိုလှမ်းခေါ်မိတယ်..
မေမေကတော့ သူထိုင်နေတဲ့နေရာလေးမှာပဲ..အိပ်ပျော်သွားပြီ
မနေ့က ဖေဖေ နဲ့ မေမေ စကားများထားတော့ ဒီနေ့ဖေဖေများ မူးလာမလားပဲ…
ဒီနေ့ည လည်း ဖေဖေ ပြန်မလာတော့ဘူးနဲ့ တူပါတယ်..
ခနနေရင် မေမေ့ ကို နှိုးပြီး ခြင်ထောင်ထဲဝင်အိပ်ဖို့ပြောရမယ်…
ကျွန်တော် ကတော့..ဖေဖေ အခုချိန်လေးများ ပြန်ရောက်လာခဲ့ရင်..ဆိုပြီး..
အိမ်အပြင်ဘက် လမ်းမှောင်မှောင်လေးကို ငေးလိုက်..နဲ့…….။
အိပ်ပျော်နေတဲ့ အမေ့ ကို ကြည့်လိုက်နဲ့ ………………။
ဒီညလဲ သား ဗိုက်ဟောင်းလောင်းနဲ့.အိပ်ရတော့မယ်…ဖေဖေ…..

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်