ဗိုက်ဆာရတဲ့ ညတစ်ည…

နှာခေါင်းကထွက်ကျတဲ့ နှာရည်တွေကိုသုတ်ရင်း
ယိုင်နဲ့နဲ့ အိမ်ကလေးရဲ့ အပြင်ဘက်ဖေဖေပြန်အလာကို မျှော်နေမိတယ်..
ဗိုက်ဆာနေတာကိုလည်း မျက်နှာညိုးညိုးနဲ့အမေ့ကိုမပြောရက်ဘူး
ဖေဖေပြန်လာပါတော့..သားဗိုက်ဆာနေပြီ..
သားတို့ရဲ့ယိုင်နေတဲ့ အိမ်လေးအပြင်ဘက်မှာအလင်းတွေတောင် ပျောက်ကုန်ပြီ..
ဒီနေ့ဖေဖေ နည်းနည်းနောက်ကျနေတယ်….
မေမေ့ကို လှမ်းကြည့် တော့ မေမေက အရင်အတိုင်းမတုန်မလှုပ်ဘဲ.. တွေဝေ နေတုန်း..
ဒီနေ့ ဖေဖေ နောက်မကျစဖူး တော်တော်နောက်ကျနေတယ်…
သားဗိုက်တွေဆာနေပြီဖေဖေ..မေမေ့ကိုလည်းမပြောရဲဘူး..
ခနနေရင်တော့ ပြန်လာပါတော့လို့ စိတ်ထဲကနေဖေဖေကိုလှမ်းခေါ်မိတယ်..
မေမေကတော့ သူထိုင်နေတဲ့နေရာလေးမှာပဲ..အိပ်ပျော်သွားပြီ
မနေ့က ဖေဖေ နဲ့ မေမေ စကားများထားတော့ ဒီနေ့ဖေဖေများ မူးလာမလားပဲ…
ဒီနေ့ည လည်း ဖေဖေ ပြန်မလာတော့ဘူးနဲ့ တူပါတယ်..
ခနနေရင် မေမေ့ ကို နှိုးပြီး ခြင်ထောင်ထဲဝင်အိပ်ဖို့ပြောရမယ်…
ကျွန်တော် ကတော့..ဖေဖေ အခုချိန်လေးများ ပြန်ရောက်လာခဲ့ရင်..ဆိုပြီး..
အိမ်အပြင်ဘက် လမ်းမှောင်မှောင်လေးကို ငေးလိုက်..နဲ့…….။
အိပ်ပျော်နေတဲ့ အမေ့ ကို ကြည့်လိုက်နဲ့ ………………။
ဒီညလဲ သား ဗိုက်ဟောင်းလောင်းနဲ့.အိပ်ရတော့မယ်…ဖေဖေ…..

17 comments

  • Mobile

    January 24, 2013 at 6:44 pm

    ကိုရဲလေးကတော့ အိမ်…. ညနေဘယ်နှယ်နာရီလောက်ဆိုရင် အဖေရယ်ပြန်လာပေးပါဆိုလား
    ကြားဖူးတယ်ဗျ။
    အားပေးသွားပါတယ် မောင်တင့်တယ်ရေ

  • padonmar

    January 25, 2013 at 1:13 am

    မိဘတွေဖက်ကလည်း သားသမီးတွေရဲ့ ခံစားချက်ကို ထည့်တွေးကြဖို့လိုပါတယ်။
    မိဘချင်း အဆင်မပြေတဲ့ မိသားစုကမွေးလာတဲ့ ကလေးတွေဟာ Problem Child လို့ခေါ်တဲ့ သူတပါးနဲ့ အတွေးအမြင်မတူ ချော်နေတဲ့ ကလေးတွေဖြစ်လာတတ်ပါတယ်။

  • Foreign Resident

    January 25, 2013 at 7:13 am

    ဇာတ်လမ်း မရှိပေမယ့် ၊ တိုပေမယ့် ၊
    အရေးအသား ကတော့ တော်တော် ကောင်းတာပဲ ။

  • MaMa

    January 25, 2013 at 8:54 am

    စာရေးဆရာက များများ မရေးပဲ……
    ၅၀-၅ဝ
    စာဖတ်သူကို များများဆက်တွေးဖို့ ချန်ထားပေးခဲ့တယ်။ :hee:

  • ခိုင်ဇာ

    January 25, 2013 at 9:22 am

    သနားစရာ…….
    .
    .
    .
    .
    .
    .
    .

    :byae:

  • Crystalline

    January 25, 2013 at 1:35 pm

    အဲဒါမျိုးတွေ့ရ ကြားရရင်စိတ်ထဲတော်တော်မကောင်းဘူး… ကို်ယ့်မလဲမထူးပါဘူး..ကိုယ့်ဝဋ်နဲ့ကိုယ်..ညတိုင်းဗိုက်ဟောင်းနဲ့အိပ်ရတယ်.. နည်းနည်းစား များများဝလို့ 🙁

    • မောင်တင့် တယ်

      January 25, 2013 at 5:56 pm

      ကျန်းမာရေးတော့ဂရုစိုက်ဗျို့…အထူးသဖြင့် အစာအိမ်ပေါ့..
      (အရေးကြီးပါကြောင်း သတိပေးလိုက်ရပါသည်)

  • kai

    January 25, 2013 at 1:39 pm

    မေမေ့ကို ခြင်ထောင်ထဲတွဲထည့်ပြီး ဗိုက်ဟောင်းလောင်းနဲ့အိပ်တဲ့သား အိပ်မက်မက်တယ်..
    အိပ်မက်ထဲ မေမေက လောကဓံတွေစိတ်ကုန်သွားပြီတဲ့
    စစ်ကိုင်းချောင်သွားပြီး သီလရှင်ဝတ်တော့မယ်ပြောတာ..
    မေမေရယ်မသွားပါနဲ့လို့ မပြောရဲဘူး
    ဟိုလမ်းထိပ်က ဒေါ်ဘုမကြီးပြောတဲ့ ငရဲကိုကြောက်တယ်။

    ဖေဖေက ရုတ်တရက်ကြီးပေါ်လာပြီး သားကျောင်းတက်ရင်သုံးဖို့စုထားတဲ့ ငွေကိုယူသွားလို့ပြောတယ်။
    ဟင့်အင်း..
    သား.. ကုသိုလ်မလိုချင်ပါဘူး
    ကျောင်းတက်ချင်တာ

    အဲဒီလိုပြောလိုက်တော့ ဖေဖေက စိမ်းစိမ်းကြည့်ပြီး မျက်နှာကို လက်နဲ့ဖြတ်ရိုက်လိုက်တယ်။

    အဲဒါနဲ့ အိပ်ယာကလန့်နိုးတော့ ချဉ်စူးစူးအနံ့တထောင်းထောင်းထလို့ပေါ့..
    ဘေးမှာ မှောက်ရက်ကြီး.. အံဖတ်တွေကြားအိပ်နေတဲ့ ဖေဖေ..။

    • မောင်တင့် တယ်

      January 25, 2013 at 5:53 pm

      ကျွန်တော့် မျက်စိထဲမှာ အန်ဖတ်တွေကြားမှာ
      မှောက်လျက် လဲနေတဲ့ အဖေ ပုံစံ ကို မမြင်မိလို့ပါ..
      (ပြီးတော့မမြင်ချင်လို့လေ…)

  • Mon Kit

    January 25, 2013 at 1:58 pm

    ဒို့ သူကြီး ဖြည့်ပေးလိုက်တော့ ပိုမို ပြည့်စုံသွားသတော့….
    :hee:

  • ခင်ခ

    January 25, 2013 at 2:08 pm

    သီချင်းလေးတစ်ခုကတော့ စိတ္တဇညများလွန်မြောက်ပါစေကွယ် လို့ ကြားဖူးတယ်။
    အခု ကလေးလည်း ဗိုက်ဆာတဲ့ ညများလွန်မြောက်ပါစေကွယ်လို့………..။

  • Novy

    January 25, 2013 at 4:05 pm

    ပင့်သက်တစ်ခုရင်ထဲမှာဖြစ်သွားတယ်

  • Shwe Ei

    January 25, 2013 at 4:27 pm

    ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဆိုတဲ့ စကားကို သိပ်မယုံချင်တော့ဘူး။
    ဉာဏ်မရှိလို့ မွဲနေကျတာတွေ မြင်ရဖန်များလာတော့လေ……… :gee:

  • အရီးခင်လတ်

    January 25, 2013 at 5:00 pm

    အိမ်မှာ အိပ်နေမဲ့ အစား ကလေး ကိုခေါ်၊ အနီးအနား မှာ သန့်ရှင်းရေး ဖြစ်ဖြစ် အဝတ်လျှော်ဘဲ ဖြစ်ဖြစ် ရရာ လုပ်ပြီး ထမင်းဖိုးလေး ရှာလိုက်ပါလို့ တိုက်တွန်းရင် ဘယ်လိုနေပါ့မလဲ။ 🙄

  • ရွှေ ကြည်

    January 25, 2013 at 5:54 pm

    ကိုယ်ချင်းစာတတ်တဲ့သူမဖြစ်ချင်ဘူးဗျာ ရင်ထဲမှာအောင့်မျက်မျက်နဲ့ နေရထိုင်ရခက်လွန်းလို့ ။

  • ဗိုက်ဆာနေတဲ့သားအတွက် အမေဖြစ်သူက တစ်ခုခုလုပ်ပေးရင် ကောင်းမှာပဲ.. အဖေကို မျှော်နေမှာထက်စာရင်ပေါ့နော်… 🙂
    အိုဘယ့် မိန်းမ…

Leave a Reply