မနေ့တုန်းက ကျွန်တော်ရေးခဲ့တဲ့ မိန်းမနိုင်နည်းရဲ့ အဆက်လို့ ယူဆချင်လဲ ယူဆကြပါတော့…နားလည်မှု ဆိုတာနဲ့ပတ်သက်ပြီးရေးချင်တာပါ…အောက်ကတက်လာတဲ့ ကောမန့် တော်တော် များများ မှာ ကျွန်တော်တို့ ကျွန်မတို့ကဖြင့် နားလည်မှု အပြည့်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဖြစ်ကြောင်း အိမ်ထောင်သည်တွေကလဲ ပြောကြတယ်…လူပျို အပျိုတွေကလဲ အိမ်ထောင်ပြုလို့ကတော့ ဘယ်တော့မှ ရန်မဖြစ်တဲ့ နားလည်မှုအပြည့်ရှိတဲ့ အိမ်ထောင်ရေးဖြစ်အောင်တည်ဆောက်မယ် ဆိုပြီး စိတ်ကူးယဉ်တတ်ကြတယ်…ဒီ နားလည်မှုဆိုတဲ့ စကားဟာ စာလုံးနဲ့ရေးရင် ၃ လုံးထဲ ရှိပေမယ့် တကယ့်တကယ်တော့ တော်တော် မလွယ်တဲ့ အမျိုးပါ…ဘာလို့လဲ ဆိုတော့ အိမ်ထောင်ပြုပြီဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ဘ၀နှစ်ခုကို တစ်ခုထဲ ဖြစ်အောင် ဇွတ်တွဲစပ်ရတဲ့ အမျိုးကိုး…အဲ့ဒီမှာ မတူညီတဲ့ ဘ၀လို့ပြောလိုက်တာနဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဆိုတာက ၀ါသနာ..နေထိုင်မှုပုံစံ..စိတ်ဝင်စားမှု..အများကြီး အများကြီးပါ…တူတာထက် မတူတာက ပိုများတာပါကလား…ရည်းစား ဘ၀တုန်းကတော့ ချစ်တဲ့စိတ် အပြည့်နဲ့ ကြည့်တဲ့အခါကျတော့ အပြစ်ဆိုတာ ဘယ်မြင်မှာလဲ…ညားကာစလဲ အချစ်တွေ ပြည့်နေတုန်း ဘာမှ မဖြစ်သေးဘူး…အဲ…နဲနဲ ကြာလာမှ တစ်ယောက်နဲ့တစ်ယောက် ဇာတ်လမ်းလေးတွေ စလာတော့တာ…ဥပမာ ပေါ့ဗျာ..ကျွန်တော့် အိမ်ထောင်ရေးဆိုပါတော့ မိန်းမက ညဆို ၉ နာရီလောက်ဆို အိပ်ပြီ…ကျွန်တော်က ည ၁ နာရီ ၂နာရီမှ အိပ်ပျော်တယ်…ဒီလို အသေးအဖွဲလေးတွေကစပြီး နားလည်မှု ရှိအောင် တော်တော့်ကို လုပ်ယူရတယ်…ကျွန်တော်က အခုလို စာရေးနေတဲ့အချိန်ဆို သူက အပြင် မုန့်ထွက်စားချင်လို့ လိုက်ပို့စေချင်တယ်…ကျွန်တော်က စာရေးနေတာမပြတ်သေးလို့ အေး…ခဏလေးစောင့်ဦး…လို့ပြောလိုက်ရင် သူက အကိုကလဲ အရည်မရ အဖတ်မရ ရေးနေတယ်…ဒီမှာဗိုက်ဆာလှပါပြီဆို..လို့လဲ ပြောလိုက်ရော ဒေါသတွေတချောင်းချောင်းထွက်ကုန်တော့တာပဲ..ကိုယ်က မုဒ် အပြည့်နဲ့လုပ်နေတဲ့အလုပ်ကို ဒီလိုလာပြောလို့ကတော့ ကိုယ်ကလဲ လူပဲလေ…စိတ်တိုတတ်တာပေါ့..သူ့ဘက်က စဉ်းစားတော့လဲ သူ့စိတ်ထဲ ဗိုက်ဆာတာ…ဂရုစိုက်ခံချင်တာ…လိုက်ပို့ပေးစေချင်တာ ဒါတွေပဲ ရှိတာကိုး…ဒီလို အသေးအဖွဲလေးတွေကစပြီး အိမ်ထောင်တစ်ခုမှာ စကွဲပြားလာတော့တာပါပဲ…ဒီနားလည်မှုဆိုတာ ပြောတော့တာလွယ်တာ..တကယ့်လက်တွေ့ တည်ဆောက်ရင် လုံးဝမလွယ်ဘူးနော…ဘာမဟုတ်တဲ့ တီဗီကြည့်တာတောင်မှ ကိုယ်က မန်ယူနဲ့ ချလ်ဆီးကန်တဲ့ တကယ့်ပွဲကြီး ပွဲကောင်းမို့လို့ကြည့်ဖို့အားခဲထားတယ်…တကယ့်အချိန်လဲရောက်ရော သူက ဖက်ရှင်ရှိုးပွဲက အ၀တ်အစားပြပွဲကြည့်နေတယ်..ကိုယ်ကလိုင်းပြောင်းလိုက် သူကပြောင်းလိုက်နဲ့ ပြသနာ စတက်တော့တာပါပဲ…ချစ်လို့ယူထားတာလားလို့မေးရင် ချစ်တာပေါ့ဗျာ…ဘာလို့ ရန်ဖြစ်တာလဲ မေးရင်လဲ ဖြစ်တာပေါ့ဗျာ…ရန်ဖြစ်တာပဲဗျာ.. အကြောင်းပြချက်မလိုပါဘူး လို့ပဲ ဖြေယုံပဲ…ဘာဖြစ်လို့လဲ  ဆိုတော့ ရန်ဖြစ်တိုင်းလဲ အကြောင်းပြချက် ရှိမှမရှိတာ..သက်တူ ရွယ်တူ ယူထားတဲ့ အိမ်ထောင်ရေးဆိုနည်းနည်းတော်ဦးမယ်ထင်တယ်…မိန်းမက ၁၀ နှစ်နီးပါးငယ်နေတော့ ပိုဆိုးပေါ့ဗျာ…အင်ဂျင်နီယာတွေ ဘာမှလဲမတတ်ပါဘူး..ပြောရင် ကိုယ်ကဒေါသထွက်…ဆရာဝန်တွေ ဆေးရုံတွေ ဆေးခန်းတွေကတော့ ၀ိုက်တီးတွေချည်းပဲ ..ဒီကြားထဲ ပိုက်ဆံလဲယူသေး..ကျေးဇူးရှင်စတိုင်က ချိုးသေးလို့ပြောလိုက်ရင် သူက စိတ်ဆိုး..ဟိုး..ဟိုး..အမျိုးမျိုးပဲဗျို့…စိတ်ဆိုးကြပြီးတော့လဲ ပြီးသလားမထင်နဲ့…သူကလဲ သူ့မိသားစု အသိုင်းအ၀ိုင်းမှာ ဆရာ…ကျွန်တော်ကလဲ အိမ်မှာ ဗိုလ်…ငယ်ငယ်ထဲက အိမ်ကလူတွေနဲ့ စိတ်ဆိုးရင်တောင် တစ်ခါမှ ကိုယ်က စခေါ်ဘူးတာမဟုတ်ဘူး…သူလဲ ဒီအတိုင်းပဲ…ဒီနှစ်ယောက် ရန်ဖြစ်တော့ ပြန်ခေါ်ဖို့ဟာ တော်တော် ကြာတယ်…သူကလဲ မလျှော့..ကိုယ်ကလဲ တင်းနဲ့…အစုံပါပဲ…အခု ကလေးတွေရသွားမှ ဘာပဲပြောပြော တော်တော်တော်သွားသေးတယ်…အိမ်ထောင်တစ်ခု တည်မြဲဖို့က သားသမီးကလဲ အခရာ ကျတယ်ထင်တာပဲ…ဘာပဲပြောပြော သားသမီးမျက်နှာ ရှိသေးတော့ တော်ယုံတန်ယုံ သိပ်မဖြစ်တော့ဘူး…ဖြစ်ရင်လဲ ကွဲမယ် ကွာမယ် ဆိုတဲ့ အဆင့် မရောက်တော့ဘူး…အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ကွဲမယ်ဆိုတာက စတာပဲ…အိမ်ထောင်သက် လေးနှစ်လောက်ကျော်လာပြီးမှ နည်းနည်းငြိမ်သွားတာ…ဒါတောင် ၆ နှစ်လောက်ကြိုက်ပြီးမှ ယူထားလို့နော…မိဘ ပေးစားတာယူထားလို့ကတော့ ဘယ်လိုလာမလဲ မသိဘူး…ယောက်ကျားတစ်ယောက် စိတ်အညစ်ရဆုံးအချိန်ကကော ဘယ်အချိန်လဲ သိလား…မိဘနဲ့ မိန်းမ အဆင်မပြေတဲ့အချိန်ဆို တကယ်စိတ်ညစ်စရာကောင်းတာပါကလား…တဘက်ကလဲ မိဘ..တဘက်ကလဲ မိန်းမ တော်တော် ကြားညပ်ပြီး တအားစိတ်ညစ်စရာ ကောင်းတယ်…မိန်းမကလဲ ကလေးစိတ်ဆိုတော့ ထင်ချင်ရာထင် လုပ်ချင်ရာလုပ် ပြောချင်ရာပြော…မိဘကကျတော့ အသက်က ကြီးလာတော့ စကားတစ်ခွန်းကို ထပ်ကာထပ်ကာပြော…ပြသနာတွေတက်…မိန်းမက ကျတော့ အကို့ အမေက ဘာပြောတယ်…အဖေက ဘာပြောတယ်…ကိုယ့်လာပြော…အမေနဲ့ အဖေကျတော့ ဟေ့ကောင် မင့်မိန်းမက ငါတို့ကို ဘယ်လိုပြောသွားတယ် ကြည့်ပြောထားဦး…ငါတို့အိမ်မှာနေပြီး သူ့မျက်နှာ ငါတို့ ကြည့်မနေနိုင်ဘူး ဆိုပြီးခေါ်ပြော…တခါတလေ ကိုယ့်ကို ကိုယ် သတ်တောင်သေပစ်လိုက်ချင်တယ်…မိန်းမဘက် ပါပြန်တော့ကျ မိဘတွေ စိတ်မကောင်းဖြစ်ပြီး ကိုယ်က သားဆိုးဖြစ်ဦးမယ်…မိဘဘက် ပါပြန်တော့ကျ အိမ်ခေါ်ထားပြီး တမိသားစုလုံး နှိပ်စက်တယ်ဖြစ်ဦးမယ်..တကယ့် ကျဉ်းထဲ ကျပ်ထဲပါပဲ…ဒါကြောင့် မိန်းမကို နဲနဲတော့ နိုင်ထားသင့်တယ်လို့ ကျွန်တော်ကရေးတာ…နိုင်ထားတော့ တခြမ်းတော့  စိတ်ချမ်းသာတာပေါ့ဗျာ…ဒီ နားလည်မှု ဆိုတာကတော့တကယ့်လက်တွေ့ဘ၀မှာ တကယ်တမ်းတည်ဆောက်ကြည့်ရင် တော်တော်မလွယ်တာပါလား လို့ပဲပြောချင်တော့တယ်…အများကြီးပါဗျာ…ထပ်ရေးပြရရင်တော့ လုံးချင်းတအုပ်လောက်ရေးလို့ရလောက်တယ်…လူပျို အပျိုတွေကလဲ စိတ်ကူးယဉ်တတ်ကြတယ်..ဒီ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး…သူများနဲ့ မတူအောင် စံပြ အိမ်ထောင်ရေးတည်ဆောက်ကြမယ်…သားသမီးကိုလဲ စံပြမိဘဖြစ်အောင် မွေးမြူကြမယ်…ဒီလို စိတ်ကူးယဉ်တတ်ကြတယ်…(စကားမစပ်…ကျွန်တော်က စီးပွားရေးအနေနဲ့ ဟိုတယ်ဖွင့်ထားတယ်..မင်္ဂလာခန်းမပါပါတယ်…ခန်းမလာဌားကြရင် ကျွန်တော့်ကိုပြောကြတယ် ကျွန်တော့်တို့ မင်္ဂလာဆောင်ကို သူများနဲ့ လုံးဝမတူချင်ဘူး…မုန့်ကစပြီး သူများကျွေးတာ မကျွေးချင်ဘူး…ခန်းမလာရင်လဲ ဘယ်လိုထွက်ချင်တယ်..ဘာညာ နဲ့ အစုံပဲတောင်းဆိုကြတယ်) ရှေ့မှာတော့ ကျွန်တော် ကောင်းကောင်းမွန်မွန် ပြောပေးပါတယ်…ဒါပေါ့..တသက်မှာ တခါပဲဆောင်ရတဲ့ မင်္ဂလာဆောင် သူများနဲ့တူလို့  ဘယ်ဖြစ်မှာလဲ ဆိုပြီး….ဒါကတော့ စီးပွားရေးကိုးနော့…သူတို့ ပြန်သွားရင်တော့ တစ်ယောက်ထဲ ပြုံးမိတယ်…သုံးမိနစ် စောင့်…အဲလေ ဟုတ်ပါဘူး…သုံးနှစ် စောင့်ကြည့်လိုက်ဦးမယ်လို့…အဲ့ သုံးနှစ်ပြီး ဘယ်လိုလာကြဦးမလဲလို့…(အားလုံး  စိတ်ကူးယဉ်ထားသလို နားလည်မှုအပြည့်နဲ့ အိမ်ထောင်ရေး တည်ဆောက် နိုင်ကြပါစေ)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...