သစ္စာရှင်

တောက ကိုရင်January 25, 20131min954

သစ္စာရှင်

အပင်မြင့်သလား ခင်
ရင်နှင့်ဖြားယောင်း
အချစ်ကို ခါးစောင်းမှာတင်…။

နေညိုရင် ဆည်းဆာလှ
လကွယ်ညမှာ ကြယ်ရောင်မြင်
လိပ်ပြာပင် တောင်ပံခတ်
သံယောင်လိုက်လို့ ငိုပွဲဆင်…။

ခင်… မကြင်နာ
ရင်မနာပါ ခင်
ခင်သာ ရင်မှာ
အကြင်နာဝင်
နာချင်အိပ်မက်
နှိပ်စက်မယ်ပြင်
အိပ်ရာထက်တွင် လွန့်လူး
မုန်တိုင်းမြူးသည့် ရင်ပါခင်…။

တမင်တကာ
ရင်အနာ ဝင်လာဆားခတ်
(ဓါးထက်ထက်နဲ့ ခင်မွှန်း)
နှလုံးသားလည်း သွေးစွန်းပါစေခင­်…။

ဝေဒနာရင်
ကြေညာချင်လည်း
ရင်ကိုခွဲ အသည်းကိုထုတ်
ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်…။

ခင်လိုရင် မနှမြော
သေငယ်ဇောဝင် မြောစေတော့
ဒီမျက်နှာ မဖျော့ပါခင်…
ဒီအပြုံး မလျော့ပါခင်…။

အနာကျက်ချင်လျက်
အသားမာမတက်သည့်ရင်
ခင်ဘယ်လိုပင် စေစား
နှလုံးသားလည်း ဝေဝါးမယ်မထင်…။

သည်ရင်ကိုလျှင်
အဝေးသို့ နှင်ပါလို့
အသစ်ကို မင်
တိမ်းချင်လည်း တိမ်းပါကွယ့်
ယိမ်းညှာသွဲလျှင် မောင့်မျက်ရည်
သက်သေကိုပင် လိုချင်သလား
ငြိုငြင်မှု မထားပါခင်…။

ခင်ပျော်ရွှင်လျှင်
သည်ရင်မွန်းကြပ်အသက်ထွက်စေ
ပြက်လက်နေရောင် အမှောင်ဝင်စေ
ကမ္ဘာပျက်သုဉ်း ဝဠာပင်ဆုံးစေတော­­့
ဘယ်ခါအမုန်းမဝင်
ပြုံးနေလျက်ပါ ခင်…။ ။

တောက ကိုရင်
၂၄.၀၁.၂၀၁၃

4 comments

  • ခင်ခ

    January 25, 2013 at 4:03 pm

    ချစ်သက်ဝေခင်နှမ စိတ်တိုင်းကျကျပျော်သလိုနေ
    လှသည်ထက် လှမယ်ဆိုရင် ဆေးဘက်ဝင်ပါသလား
    မောင်အသားတွေ မောင့်နှလုံးတွေ အသုံးတည့်ယူပါစေလေ
    ကြည်ဖြူပါတယ် လိုရာကိုယူစေ………။

    ခေတ်ဟောင်းသီချင်းတပုဒ်ရဲ့ စာသားလေးပါ။
    ကဗျာဖတ်ပြီး သတိရသွားလို့လေ။
    ဒီပိုစ့်ပါကဗျာလည်း အဲလိုဘဲ သဘောကောင်းချက်ကဖြင့်…….။

    • တောက ကိုရင်

      January 26, 2013 at 1:42 pm

      ခင့်ကိုမရည်ညွှန်း
      ခင့်ကိုသာ ရည်စူးပါသီ
      ဟီးးး
      ကျေးဇူးပါ
      သူလည်းခိုင်းယဲ ခိုင်းကြည့်လေ
      မဟာသမုတ်ဒယာဖြတ်ကာ
      မောင်ကိုယ်တိုင် သမန်နဲ့ ကူးပြမလေ

  • မောင်ပေ

    January 25, 2013 at 8:14 pm

    ပြုံးနေလျက်ပါ ခင်
    ဖုန်းဘေတက်တာပြင်
    ကျုံးရေတက်တာဂွင်
    ပုန်းဂေဇက်မှာတင်

    • တောက ကိုရင်

      January 26, 2013 at 1:47 pm

      ဖုန်းဘေတက်တာ မပြင်လျှင်
      အုန်းဆို အဖေသတ်တာ မြင်ရပ
      ဘုန်းဆို နွေထက်မှာ မိုးကြိုးဆင်
      ကျုံးရေမျက်နှာပြင် ခမ်းလိမ့်တည်းးးး

Leave a Reply