ကဗျာ

attach mentJanuary 25, 20131min773

်အချစ်ဆုံးသူတစ်ယောက်သို့

ကိုယ်အချစ်ဆုံးလူတစ်ယောက်ရဲ့
ရက်ရက်စက်စက် ပြောဆိုသံကို ကြားရတဲ့အခါ
ငါ့နှလုံး အလုပ်မလုပ်နိုင်တော့လို့
ငါ့သွေးတွေလဲ လမ်းမလျှောက်တော့
ငါ့အသည်းတွေ စိတ်စိတ်မွှာမွှာကွဲထွက်ကုန်ပြီ
ငါ့ခွန်အားတွေ မင်းနုတ်ယူသွားလို့
ငါ့ခြေလှမ်းတွေ ရပ်တန့်ကုန်ပြီ
ဒါပေမယ့်လည်း အချစ်ရေ ငါဘယ်လိုလုပ်ရမလဲ
ငါ့ဦးနှောက်က ငြင်းဆန်နေတာတောင်
ငါ့နှလုံးသွေးတွေက မင်းမှမဟုတ်ရင် ထပ်မခုန်နိုင်တော့ဘူးလို့
င့ါကို အကျပ်ကိုင်နေလေရဲ့။

3 comments

  • ခင်ခ

    January 25, 2013 at 11:20 am

    ဪ အချစ်ဌက်လေးတစ်ကောင်
    ဆက်မပျံနိုင်ရှာလို့ သစ်ကိုင်းထက်မှာ
    နားနေရှာတယ်၊
    သူ့ကြည့်ရတာ မောပါတယ်ကွယ်။

  • ရွှေ ကြည်

    January 26, 2013 at 8:40 am

    သွေးပူနေတုန်းမို့ပါ ကြာတော့လည်းအဆင်ပြေသွားမှာပါနော။ အချစ်ဆုံးသူတယောက်ဆိုတော့နည်းနည်းပဲချစ်တဲ့သူတွေရှိသေးတယ်ထင်ပါ့ :harr:
    နောက်တယောက်အတွက် နှလုံသွေးတွေကခုန်ဖို့အဆင်သင့်ပါ တွေ့ဆုံနိုင်ဖို့ပဲလိုတာပါ။
    အချစ်ဆိုတာ တသက်မှာတခါပဲပေါက်ဖွားတယ်ဆိုတာရွှေကြည်တော့ယုံဘူး :mrgreen:
    နောက်တာပါဗျာ ခံစားအားပေးသွားပါတယ်လို့။

  • attach ment

    October 20, 2013 at 12:01 pm

    တောင်းပန်ပါတယ်ရှင် လိုင်းပေါ်မတက်ဖြစ်တာတစ်နှစ်နီးပါးကြာသွားခဲ့လို့စာမပြန်နိုင်ခဲ့တာ။
    အားပေးပေးတဲ့အတွက်အရမ်းအရမ်းကိုကျေးဇူးကမ္ဘာပါရှင့်။နောက်လဲအားပေးပါဦးနော်။

Leave a Reply