ဖေ့စ်ဘုတ်ကို ချစ်သလို မန်းဂေဇက်ကိုလည်း မခွဲနိုင်ဘူး

moonpoemJanuary 25, 20131min17319

ကျွန်မတို ့အခုတလော ဖေ့စ်ဘုတ်စွဲသည့် ရောဂါဖြစ်နေကြသည်။ ဖေ့စ်ဘုတ်တွင် လှသည်ထင်သည် ့ဓာတ်ပုံတွေတင်ကြသည်။
တည့်တည့်ကြည့်ပြီး ဓာတ်ပုံရိုက်လျှင် မလှသည့်အားလျော်စွာ
ဘေးတစောင်းရိုက်ခြင်း အပေါ်စီးမှ ရိုက်ခြင်း၊ ဘေးလှည့်ခြင်း၊ မျက်နှာအောက်ချ ရိုက်ခြင်းတို ့ဖြင့် ဖင်ဘူးထောင်းထောင်သည့် ပို ့စ်ကလွဲပြီး
ဓာတ်ပုံရိုက်ကာ တင်ကြသည်။ ဖြစ်ဘူးကြမှာပါ ဖေ့ဘွတ်ကို ကြည့်သောအခါအချို ့သော သူငယ်ချင်းများက ရည်းစားနဲ ့စိတ်ဆိုးတာကအစ၊ အမေက ဆူလိုက်သည်က
တစ်မျိုး၊ အရက်သောက်ဖို ု့ချိန်းသည်မှ စပြီး စတေးတပ်စ် တင်ကြသည်။

ကျွန်မသူငယ်ချင်းတချို ့လည်း ဖေ့ဘွတ်စ်ကို စွဲနေကြသည်။ မနက်မိုး လင်း လင်းချင်း မျက်နှာ မသစ်ဘဲ ဖုန်းနှင့် အွန်လိုင်းတက်သည်က
စသည့်သူငယ်ချင်းများပင် ရှိကြသည်။ ဒါကြောင့်ပဲ ဂွတ်မောနင်း သူငယ်ချင်းတို ့နှင့် စတင်ပြီး အိပ်ရာထကာစ
ဆူတူတူ မျက်နှာပေးဖြင့် ပိုစ့်တင်လာသည်ကို ဖတ်ရှူနေရခြင်းပဲ ဟု မှတ်ယူမိသည်။ ကျွန်မလည်း စတင်
သုံးစွဲကာစ ဖေ့ဘွတ်ကို စွဲပါသည်။ သို ့သော်အခုနောက်ပိုင်း စွဲလာသည်က ဖေ့ဘွတ်မဟုတ်တော့
မန်းဂေဇက်ဖြစ်လာသည်။ဖေ့ဘွတ်တွင် သူငယ်ချင်းအရင်းခေါက်ခေါက်များ ဘာလုပ်သည် ဘာဖြစ်နေသည်ကို သိရှိရန်တက်ရောက်
ကြည့်ရှူရသည်။ ထု ့ိအတူ မန်းဂေဇက်တွင်လည်း ဘယ်သူတွေဘာတွေလုပ်နေသည်ကို သိရှိရန် ၊ ရွာသူရွာသားတွေ ဘာပိုစ့်တွေတင်နေကြသည်ကို
လေ့လာဖတ်ရှူရန် အချိန်ပေးရပါသည်။

ကြာလာတော့ ဖေ့ဘွတ်တွင် သူများဘာလုပ်နေသည်ကို ကြည့်ဖို့ ထက် ကိုယ့်အတွက် ပိုစ့်တစ်ခုခုဖတ်ပြီး
တစ်ခုခုကျန်သွားသော(အနည်းဆုံး ပွိုင့်တော့ ကျန်တာပေါ့လေ) မန်းဂေဇက်ကို မချစ်ရင် မနေနို်င်အောင်
ချစ်ခဲ့မိလေပြီ။ မိုးလင်းသည်နှင့် ဘောစိမရှိသော အချိန်တွင် အလုပ်က အီးမေလ်ကို ဖတ်ပြီး လုပ်စရာရှိသည်များကို စာရင်းပြုစုလိုက်သည်။
စောစောစီးစီးပြီးပါက စောစောစီးစီး ရွာထဲဝင်လိုက်ပြီး မန် ့သင့်တာ မန် ့၊ တင်သင့်တာ တင်ဧ။် ။ တစ်နေကုန် အလုပ်ရှူပ်ရျ်သော်လည်းကောင်း၊ခရီးသွားရျ်
ရွာထဲမရောက်ဖြစ်သောအခါတွင်လည်းကောင်း သူ ့ကို သတိရမိပါသည်။ ဒါကြောင့် မချစ်ရင် မနေနိုင်တော့သော မန်းဂေဇက်အတွက် သတိတရ စာလွှာပါးလိုက်ရပါသည်။ ရင်နှင့်အမျှ မန် ့ရပါသော မန်း သူလေး မွန်းပိုအမ် ဟိဟိ

19 comments

  • ခိုင်ဇာ

    January 25, 2013 at 4:49 pm

    အဲ့ နှစ်ခု စွဲ ချက်ကတော့ ဘာ အလုပ်မှ ကိုမလုပ်နိုင်တာ။ :kwi:

  • ခင်ခ

    January 25, 2013 at 4:50 pm

    ဪ ထို တစ်ယောက်လည်း စွဲပြန်ပြီပေါ့ ဂဇက်ရေ။

  • Myo Thant

    January 25, 2013 at 5:09 pm

    အနော်လည်း ၃ ရက်ပဲရှိသေးတယ် ၊
    ဘိန်းဖြူထက်တောင် ပိုဆိုးအောင်
    စွဲနေပြီ ( ဂျေညီညီ တော့ ဟုတ်ဘူးနော် )

    🙂

  • ဂန္ဓာရီ ဆြာအုပ်

    January 25, 2013 at 5:58 pm

    စွဲချင်ပေမယ့် ချုပ်တည်းနေရပါတယ်ကွယ်
    ရုံးမှာကလဲ ဘီးဇီးတာရယ်
    အိမ်မှာ ကျတော့လဲ ကွန်ကမကောင်း
    ကောင်းရင်လဲ ပိုက်ဆံကုန်
    ဟိုနေ့က ဂဇက်ပွဲတွေ အတွက်လဲ တင်လိုက်ရတာ ဖတ်ဖတ်မော
    ညဖက်ညဖက် ၂ နာရီလောက်မှ အိပ်ရတယ်
    မိန်းမက လာပြောတော့ ခပ်တည်တည်နဲ့ဟောက်လိုက်တယ်
    ဒါအလကားလုပ်နေတယမဟုတ်ဘူး ပိုက်ဆံရှာနေတာလို့ ခွိခွိ

  • မောင်တင့် တယ်

    January 25, 2013 at 6:14 pm

    သိတယ် ကိုယ့်ဆရာ အဲ့လို့ ဖြဲဟောက်တတ်တာကို
    အတွင်းကျကျ ကိုသိတာ..
    ဂေဇက်စွဲသူလေးကိုလည်း ဆက်လက်စွဲလမ်းပါလို့ပြောပါတယ် နော်…

  • မောင်ပေ

    January 25, 2013 at 7:28 pm

    မောင်ပေ လဲ ဂေဇက်ကို ချစ်ရင်း မွန်းလေးကို ခြစ်မိသွားတယ်ကွယ်
    အဲဒါ အဲဒါ
    ကူညီကြပါကွယ်

  • Mr. MarGa

    January 25, 2013 at 9:31 pm

    အင်းးးးးးးးးး
    ဝေ့ ဖော် ဝေ့ဖက် တစ်ယောက်တော့ တိုးလာပါပေါ့
    ဘာပဲဖြစ်ဖြစ်ပါလေ
    အကျိုးရှိတာ လုပ်နေတယ်လို့တော့ ကိုယ့်ကိုကိုယ် ယူဆထားပါတယ်ဗျာ

  • Mobile

    January 25, 2013 at 9:49 pm

    ဖြစ်မှဖြစ်ရလေကွယ် ကျုပ်လဲတစ်လောက ထိုနည်း၎င်းပါပဲ။
    အခုတော့ မအားလို့ အချိန်လုပြီးသုံးနေရတယ်။

  • MaMa

    January 25, 2013 at 9:57 pm

    ဒီအတိုင်းဆိုရင် လကဗျာလေး ရာထူးတိုးဖို့ မြင်တယ်။
    တစ်ရက်ကို ၂၄ နာရီမှ ၄၈ နာရီ ရှိမှ လုံလောက်ပြီး၊ မျက်စေ့ ၂ လုံးမှ ၄လုံးဖြစ်လတ္တံ့။ :kwi:

  • weiwei

    January 25, 2013 at 10:09 pm

    ဂဇက်စွဲနေတာ ၂ နှစ်ကျော်နေပြီ … ဘယ်နေ့အလုပ်ပြုတ်မလဲ မသိဘူး …
    ရုံးမှာ ကော်နက်ရှင်မကောင်းတဲ့အချိန်ခဏလေးရှိခဲ့ရင်တောင် ဖုန်းလိုင်းနဲ့ သုံးဖြစ်တယ် …
    အချိန်လဲကုန် ငွေလဲကုန်ပေမယ့် မဝင်ရမနေနိုင်ဖြစ်နေတော့တာပဲ …

  • အင်း ဒါဆို ပိုးအသစ်တမျုးိတွေ့ပြီ.
    မဟာဆန်ဆန်နာမယ်ပေးလိုက်မယ်
    ရတနာပုံ ဂေဇက် ပိုး ဆိုပြီးတော့

  • ဗုံဗုံ

    January 26, 2013 at 11:02 am

    ——–ချစ်သလို ဂေဇက်ကိုလည်း ချစ်တယ် :harr:

    • ဦးကြောင်ကြီး

      January 26, 2013 at 11:25 am

      အိုးစည်တီးသလို ဗုံဗုံကိုလည်း ခြစ်တယ်။ :harr:

  • ရွာသူ jujuma .

    January 26, 2013 at 11:55 am

    ဂဇက်ရဲ့ဆွဲငင်အားးး
    တစ်နေ့တစ်နေ့ ဝင်ပွားး
    အလုပ်ပြုတ်တော့လေမလားးး
    သူငယ်ချင်းတို့ရေ လာထားး :harr:

  • ကျုပ်က မတူတဲ့ နည်းနဲ့ ပြောမယ် ..
    “မှောင်မိုက်လေ မောင်ကြိုက်လေ” ဆိုသလိုပေါ့ ..
    Facebook ကို စွဲတဲ့လူများလေ မာ့ဇူကာဘက် က သာပြီး ကြိုက်လေပေါ့ ..
    ဘာဖြစ်လို့တုန်းဆိုတော့ ပိုက်ပိုက် ရလို့ပေါ့ …
    ဒါ့ထက် …
    ကျုပ်တို့ FB မှာ ကလစ် တစ်ချက်နှိပ်လိုက်တိုင်း မာ့ဇူကာဘက် ပိုက်ပိုက် ဘယ်လောက်ရသွားတုံး ဆိုတာရော သိသလား ???

  • surmi

    January 26, 2013 at 1:55 pm

    ဒုတိယမိ ခြေဦးလှည် ့ရင်ခွင် မန်းဂဇက်ပေါ ့……..ဟုတ်စ လကဗျာရေ ့………..

  • P chogyi

    January 26, 2013 at 5:39 pm

    လှေနံနှစ်ဖက်နင်းတယ်ပေါ့။

  • moonpoem

    January 27, 2013 at 2:53 pm

    ကွန်မန် ့လေးတွေ ဖတ်ရတာလည်း ရယ်ရသဗျို ့။ ဪ အားလုံးလည်း မန်းဂေဇက်ကို စွဲနေကြကိုး။

Leave a Reply