ဖေ့ဘုတ်ခေတ် (၃၆)

မောင် ပေJanuary 25, 20131min13511

မောင်ဘပြောင် ငါးမျှားနေသည်
ငါးမျှားနေဆဲ
ငါးမျှော်နေဆဲ
ငါးတွေမြူးနေ…….
ရွနေ…….
ထနေသည်ကို မြင်ရသည်
တစ်ကောင်မှတော့ မမိသေး
ဝယ်စားလို ့တော့ရသည်
ကိုယ်စွမ်းဖြင့်ရသော ငါးသည်ပိုချိုသည်
မောင်ဘပြောင် ငါးဆက်မျှားနေသည်။

*******
စာစရေးချိန် ၂၅.၁.၂၀၁၃ သောကြာနေ ့ည ၈နာရီ ၂ဝ မိနစ် ၊ အင်တာနက်ဆိုင်
စာပြီးချိန် ၂၅.၁.၂၀၁၃ သောကြာနေ ့ည ၈နာရီ ၂၄ မိနစ်
ဖေ့ဘုတ်တွင်လဲ တင်ထားပါသည်။
*******
******* အားလုံးကို ကျေးဇူးတင်ပါသည် *******

11 comments

  • Mr. MarGa

    January 25, 2013 at 8:45 pm

    အင်
    ကောင်းပါလေ့
    မောင်ဘပြောင် ငါးရပလား
    သိချင်ပါ၏

  • Mobile

    January 25, 2013 at 8:49 pm

    ဝယ်စားတာက အကုသိုလ် မဖြစ်ဘူးထင်တယ်နော့
    ကျုပ်ကတော့ သက်သက်လွတ်သမားပါ ထင်တာလေးလျှောက်ပြောကြည့်တာပါ။
    ငါးပါးသီလမှာတော့ဘာဆိုလားပဲ။

  • မောင်ဘပြောင်ဂျီးရေ ..
    ဟိုမှာ ပိုချိုတဲ့ ငါးကြီးက
    အခြားငါးတွေ ငမ်းရကောင်းလားဆိုပြီး
    တုတ်ကြီးကြီးနဲ့ လိုက်တာပြီ …
    ဒဒိဒါ ထားဘေဒေါ့ …

  • kyeemite

    January 26, 2013 at 9:24 am

    မောင်ဘပြောင်
    နောင်တဆောင်
    လှောင်ရအောင်
    ကြောင်မှကြောင်….
    မျှား..မျှား..မျှား..အာရုံစိုက်ပီးရအောင်မျှား။ :hee:

  • ဦးကြောင်ကြီး

    January 26, 2013 at 9:59 am

    ငါးဆက်မျှား
    အားပြတ်သွား
    ကျားဝက်ဖား
    သားသတ်သမား
    ခါးဖက်ယား
    နွားမှတ်သလား
    ပါးအပ်ထား
    ဖွားနတ်သား..။

  • ခင်ခ

    January 26, 2013 at 10:31 am

    မောင်ဘပြောင် ရေ
    ငါးရရင် ပျော်တာလား
    ငါးမရရင် မျှော်မှာလား။

  • Foreign Resident

    January 26, 2013 at 11:55 am

    ဖေ့ဘုတ်တို့ ၊ ငါး တို့ကိုတော့ နားလည်သလိုလိုပဲ ။
    (၃၆) က ဘာလဲဟင် ၊ အသက်လား ။

    • ရွာသူ jujuma .

      January 26, 2013 at 12:00 pm

      ၃၆ ကောင် ရပြီလို့ ပြောတာထင်တယ် … :kwi:

  • မောင်ပေ

    January 26, 2013 at 12:33 pm

    ဖတ်ရှုသွားသူများနဲ ့
    ကွန်မင့်များပေးကြပါသော ချစ်မိတ်ဆွေအားလုံး
    မင်္ဂလာအပေါင်းနဲ ့ခညောင်းတော်မူပါစေကြောင်းရယ်လို ့
    မေတ္တာပို ့သလိုက်ပါတယ်

  • surmi

    January 26, 2013 at 2:01 pm

    ပို ့သောမေတ္တာ ရပါ၏
    ငါး ဆိုလို့ ့ အတိတ်ကောက်လိုက်ဦးမှ ဟဲဟဲ

Leave a Reply