မွေးမေသို့

ရွှေ ကြည်January 25, 20131min19725

အမေ

ခေါ်နေနိုင်တုန်းလေး ခေါ်နေပါရစေ အမေ

အမေ

တမ်းတမိချိန်မှာ အနားမှာရှိနေသလိုခံစားရတာ

အမေ့ မေတ္တာကြောင့်ထင်ပါ့။

အမေ

လမင်းလိုအေးချမ်းတဲ့အလင်းနဲ့

သမီးဘဝရဲ့ကောင်းကင်

ထွန်းလင်းစေတဲ့ အမေ။

အမေ

လမင်းနဲ့နှိုင်းပေမယ့် လဆန်းလဆုတ်မရှိပဲ

အမြဲပြည့်ဝနေတာလည်းသမီးသိတယ်အမေ။

အမေ

ဘဝခရီးမှာအမှောင်လမ်းစမ်းတဝါးဝါးကြုံလည်း

အမေ့မေတ္တာအားပြုကာနဲ့ ခရီးဆက်မယ် အမေ

အမေ

အားမငယ်နဲ့အမေ

ငယ်စဉ်ဘဝ သမီးရှေ့ကမားမားရပ်ပေးသလို

အမေ့ရှေ့မှာ သမီးမေတ္တာ

တံတိုင်းလိုကာမယ်

ပြုံးပျော်ပါတော့ချစ်တဲ့ အမေ။

 

ကျေးဇူးအထူးတင်ပါတယ်ရှင့်။

ရွှေကြည်

 

 

 

25 comments

  • Mobile

    January 25, 2013 at 10:03 pm

    ကဗျာလေးကို ခံစားဖတ်ရှု့သွားကြောင်းပါ။
    ကျုပ်လဲ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးရာမှာနေရတဲ့အချိန်က ပိုများနေတော့
    အမေအကြောင်းပြောကြရေးကြတာတွေ့ရင် စိတ်ထဲမှာ ဝမ်းနည်းသလိုလို
    သတိယသလိုလို ခံစားရတယ်ဗျ။
    ်ကူးယူထားလိုက်ပါ၏။

    • ရွှေ ကြည်

      January 25, 2013 at 10:20 pm

      ကိုရင်မိုဘိုင်းမတွေ့တာလည်းကြာပြီ 😆
      အားပေးဖတ်ရှုသွားလို့ကျေးဇူးပါရှင့်။ အမေ့ကိုသတိရတာကတော့နေ့တိုင်းပါပဲ။ ရန်ကုမှာတုန်းကဆို နေ့လည်ထမင်းစားချိန် အမြဲဖုန်းဆက်ပြီး ဖြစ်သမျှအကြောင်းစုံရင်ဖွင့်တိုင်ပင်ရင်း
      အိမ်ကအဝေးမှာနေသားကျလာခဲ့တာပါ။ အမေရဲ့ ရဲရဲတောက်အားပေးစကားတွေနဲ့ အိ်မ်လွမ်းစိတ်ဆိုတာကိုချေဖျက်ခဲ့တာပါ။ အမေကရွှေကြည်ရှေ့မှာဘယ်တော့မှမငိုခဲ့တာပါ။ ခွဲရကာနီးတိုင်းရွှေကြည်သာမျက်ရည်ဝိုင်းပေမယ့် အမေကအားမာန်အပြည့်နဲ့နှုတ်ဆက်အားပေးခဲ့တာ။
      လေးစားမှုနဲ့ အချစ်ပိုခဲ့ရတာပါလေ။

  • MaMa

    January 25, 2013 at 10:47 pm

    သားလိမ္မာတွေအတွက်…
    ငယ်ငယ်က သား၊ ကြီးတော့ အား လို့ ဆိုကြတယ်။
    သမီးလိမ္မာတွေအတွက်…
    ငယ်ငယ်က သမီး၊ ကြီးတော့ ထီး လို့ ဆိုကြတယ်။
    ချစ်ရွှေကြည် သမီးလိမ္မာလေးရဲ့ စာကို ဖတ်မိတဲ့ မေ့မေ့အတွက်တော့ စိတ်အေးချမ်းလုံခြုံသွားမှာ အမှန်ပါပဲ။ :hee:

    • ရွှေ ကြည်

      January 25, 2013 at 11:01 pm

      ချစ်မမ ရေ ကျေးကျေးပါနော့ 😆

      • MaMa

        January 26, 2013 at 7:16 am

        ဒီနေ ့ ပြာသိုလပြည့် အမေများနေ့ လို့
        fb မှာ တွေ့လိုက်တော့မှ သိတယ်။
        အချိန်ကိုက် ရေးလိုက်တဲ့ ရာသီစာ လေးပဲ။ :hee:

  • မေမေ
    ပြောင်းလဲခြင်း မရှိပါ ..
    နွေးထွေးတဲ့ မေတ္တာ
    အစဉ်အမြဲပေ …..

    အမေကို လွမ်းသွားပြီဗျာ …
    အိမ်ပြန်ချင်ဒယ် .. ဟူးးးး
    နွေးထွေးတဲ့ အမေ့အိမ် …

  • ခင်ခ

    January 26, 2013 at 9:43 am

    အမေ ကိုပိုချစ်တဲ့ မရွှေကြည်
    အချစ်များစွာဖြင့် ဒီကဗျာလေးကို
    ရေးလိုက်တာလို့ဘဲ ဖတ်ရင်းနဲ့
    တွေးမိသွားတယ်ဗျာ။

    မရွှေကြည် အမေ နဲ့ သမီး
    အမြဲပြုံးပျော်ရွှင်နိုင်ပါစေနော်။

  • ဗုံဗုံ

    January 26, 2013 at 10:02 am

    ဂန္တဝင်မေမေ ဂရုဏာမေမေ ကောင်းကင်မေမေ မြင့်မိုရ်မေမေ မမရွေကြည်ပို့စ်လေးမြင်မှ အမေ့ဆီ မုန့်ဖိုးတောင်းဖို့ သတိရသွားပြီ :mrgreen:

  • ရွှေ ကြည်

    January 26, 2013 at 10:35 am

    ငါ့မောင်အံစာခြောက်မျက်နှာရေ လွမ်းရင်ဖုန်းဆက်နော် ကိုယ့်မေတ္တာကို မိဘတွေခံစားနိုင်အောင် နှုတ်ကနေထုတ်ပြောပေးပါ ပီတိဆိုတာခွန်အားပါ။
    ……………………………………….

    ကိုရွှေတိုက်ရေ အိမ်ထောင်ရက်သားကျပြီးလို့ ကိစ္စများမြှောင်လူတို့ဘောင်မှာမအားမလပ်နိုင်ပေမယ့် ဖုန်းလေးတော့ဆက်ပေါ့နော။

    ……………………………………….

    လေးခင်ခရေ တောင်းပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ကျေးဇူးပါနော်။

    …………………………………………

    ဗုံလေးရေ အမေဆိုတာတကယ်လိုအပ်တာမှန်ရင်တောင်းတိုင်းပေးပါတယ်။ ကိုယ့်အလှည့်ကျရင်လည်းမနွဲ့ကြစတမ်းပေါ့နော 😆

    အားလုံးကို ချစ်ခင်လေးစားလျှက်

  • ပန်းစံပါယ်

    January 26, 2013 at 11:14 am

    ရင်နဲ့ရေးတဲ့ကဗျာလေးကို ရင်နဲ့ခံစားဖတ်ရှုသွားပါတယ်ရှင်။

    ” အမေ့ရှေ့မှာ သမီးမေတ္တာ

    တံတိုင်းလိုကာမယ်

    ပြုံးပျော်ပါတော့ချစ်တဲ့ အမေ။ ”

    အဲဒီစာသားလေးက ကျမကို ထပ်ပြီး သတိပေးလိုက်သလိုပဲ။ ကျေးဇူးပါ။ ကျမကတော့ မေမေ့ကို တစ်နေ့ အနည်းဆုံး ၂ခါအထက် ပွေ့ဖက်ဖြစ်တယ်။ ရုံးဖွင့်ရက်တွေမှာဆိုရင် မနက်အိပ်ယာထ၊ ညနေအိမ်ရောက်ချိန် ညအိပ်ယာဝင်ချိန်တွေမှာပေါ့။ ရုံးပိတ်ရက်ဆိုရင်တော့ ပိုများတာပေါ့။ ညနေအိမ်ပြန်ရောက်ရောက်ချင်း မေမေ့ကို မတွေ့ရင် ဟာတာတာနဲ့ တစ်မျိုးကြီပဲ။

    • ရွှေ ကြည်

      January 26, 2013 at 12:17 pm

      ပန်းစံပါယ်ရေ အတူတူပါပဲနော် တနေရာရာကနေပြန်လာလို့အမေ့ကိုမတွေ့ရရင်အမေရောဆိုပြီး ရင်ထဲမှာဟာတာတာကြီးရယ်။ အဖေကိုလည်းချစ်တာပါပဲ ဒါပေမယ့် အဖေကိုယ်တိုင်ကကို နင့်အမေရောဆိုပြီး
      ရှာတတ်တာ အကျင့်လေ။ အမေ့ကိုတုန့်ပြန်စောင့်ရှောက်ချင်ခဲ့တာ ရွှေကြည့်ရင်ထဲက စေတနာမှန်ပါ။
      အမေကလေ အဖေ့ အမျိုးတွေကြားမှာ တယောက်တည်းလာနေရရှာတာ ယောင်းမနဲ့လည်းအတူနေရသလို
      ယောင်းမဆူဆောင့်သမျှခါးစည်းခံခဲ့ရတာပါ။
      အဖေကအသက်ကြီးမှတောက မိန်းမကိုယူတယ်ဆိုပြီး ယောင်းမကလည်းမကြည်ဘူးလေ။
      အမေရဲ့စိတ်ဓါတ်ခွန်အားနဲ့အရာရာကြော်ဖြတ်ခဲ့ရရှာတာ။ ပညာကိုလေးတန်းအထိပဲသင်ဖူးပေမယ့် ဘဝသင်ခန်းစာနဲ့ ဘဝစာမေးပွဲအတွက်တော့ အမေဟာရွှေကြည့်ရဲ့ စံနမူနာယူရမယ့်ဆရာမတယောက်ပါပဲ။
      ပြောရရင်မကုန်နိုင်ပါဘူးလေ။ ကျေးဇူးတင်ပါတယ်ပန်းစံပါယ်လေးရယ်။

  • ဦးကြောင်ကြီး

    January 26, 2013 at 11:28 am

    သမီးလေးရွှေကြည်.. ဖေကြောင်ကြီးအနား လာစမ်း.. အာဗွားပေးမလို့…။ :kwi:

  • မောင်ပေ

    January 26, 2013 at 11:53 am

    လိမ်မာရေးခြားရှိလာတဲ့ သမီးလေး ရွှေကြည်ကို
    ပေပေ က လဲ အာဗွားစ် ( ခရက်ဒစ် တူ ဆရာကြောင် )
    ဟီဟိ

  • ရွှေ ကြည်

    January 26, 2013 at 12:20 pm

    မွေးစားဖေကြီးအောင်ကြူး မွေးစားမေမေကိုခေါ်ပေးဘာ :mrgreen:

    အူးပေ မြူးနေ ဆူးစေ မူးဝေ (ဘာမှန်းတော့မသိ လျှောက်ရေးတာ)

    ကျေးကျေးပါ အောင်ကြူးနဲ့ အေပူး

  • Nyein Nyein

    January 26, 2013 at 7:58 pm

    “အမေ
    အားမငယ်နဲ့အမေ
    ငယ်စဉ်ဘဝ သမီးရှေ့ကမားမားရပ်ပေးသလို
    အမေ့ရှေ့မှာ သမီးမေတ္တာ
    တံတိုင်းလိုကာမယ်
    ပြုံးပျော်ပါတော့ချစ်တဲ့ အမေ။”
    အရမ်းကြိုက်တဲ့ အပိုဒ်လေးပါ………….. အဲလိုဖြစ်အောင် ဒီထက်ပိုပြီးကြိုးစားရဦးမယ် မရွှေကြည်ရေ………

    • ရွှေ ကြည်

      January 26, 2013 at 8:48 pm

      ညီမလေးညိမ်းညိမ်း (or) ငြိမ်းငြိမ်း ရေ တာဝန်ကျေတဲ့သမီးတွေဖြစ်အောင်ကြိုးစားကြပါစို့ 😆
      ကျေးကျေးပါညီမလေးရေ။

  • Hnin Hnin

    January 27, 2013 at 10:32 am

    အမေ့ကို လွမ်းလို့ ဒီကဗျာလေးကို ဝင်ထားပြီး ခဏခဏဖတ်မိတယ်…အူဝဲရေ
    အူဝဲရော အစားတက်၊အိပ်မပျက်ဘဲ ဝိတ်တက်လာပြီလား…သတိရနေပါတယ်…

    • ရွှေ ကြည်

      January 27, 2013 at 6:50 pm

      မမနှင်းနှင်းရေ အူဝဲဝိတ်တက်ဖို့ကတော့ လမ်းမမြင်။ ခဏ ခဏ ဝင်ဖတ်တယ်ဆိုလို့ဝမ်းသာလိုက်တာ။
      အူဝဲလဲ သတိယနေတယ်နော်။

  • မိုး မင်းသား

    January 27, 2013 at 1:29 pm

    ဘဝခရီးမှာအမှောင်လမ်းစမ်းတဝါးဝါးကြုံလည်း

    အမေ့မေတ္တာအားပြုကာနဲ့ ခရီးဆက်မယ် အမေ။

    ကောင်းလိုက်တဲ ့ကဗျာလေးပါနော်……

    လေးစားပါတယ်…ကဗျာဆရာမလေးရယ်…..

    တကယ်ပြောတာပါညီမလေးရေ……..ကြိုစားထားကွာ

    • ရွှေ ကြည်

      January 27, 2013 at 6:52 pm

      ကိုမိုးမင်းသားရေ ကျေးဇူးတင်ပါတယ်နော် လေးစားတယ်လို့တော့မလုပ်ပါနဲ့နော် ရွှေကြည်မခံယူဝံ့ကြောင်းပါ 😆

  • အလင်းဆက်

    January 27, 2013 at 8:23 pm

    အော်…မမရွှေ…မမရွှေ…
    ကဗျာ မှာ..ဆရာမကြီးတောင်.. ဖြစ်တော့မယ်..နော် ။

    ကဗျာဆရာမကြီး…မမရွှေ….
    နောက်ထပ် ရေးလာမယ့် ကဗျာတွေကို..လည်း..
    စောင့်မျှော်နေဆဲပါ ရှင့်…. အဲ..အဲ..ဗျ ။
    :kwi:

    • ရွှေ ကြည်

      January 28, 2013 at 8:15 pm

      ဟမ်မလေးနော် မမရွှေတဲ့ ခေါ်သံကြားရတာမေရှင်ခေတ်ပြန်ရောက်သွားသလိုပဲ ရက်စက်ပါ့ အလက်ဆင်းရယ်။
      ဒါပေမယ့် ကဗျာဆရာမကြီးဖြစ်တော့မယ်ဆိုတာလေးနဲ့ ကျေအေးပေးလိုက်မယ် 😆

  • အရီးခင်လတ်

    January 28, 2013 at 8:23 pm

    ဒီ ကဗျာလေးနဲ့ အမေ့ဆီက ပိုက်ဆံတောင်း တော့မယ်ပေါ့လေ။ (no mother, no water) 😉
    အမေကတော့ အရမ်းသဘောကျနေမှာဘဲ။

    • ရွှေ ကြည်

      January 28, 2013 at 8:34 pm

      ဟီးးးးး အရီးရေတောင်းတော့ပါဘူး တော်လောက်ပါပြီနော 😆

Leave a Reply