ပဲခူးမြို့က မြွေဘုရားနဲ့စိန်သာလျောင်း

1 မြွေဘုရားက ဆရာတော်
1 မြွေဘုရားက ဆရာတော်

မြွေဘုရားနဲ့စိန်သာလျောင်း

 

 

ကျနော်တို့နဲ့ ဆိုင်ကယ် ကယ်ရီသမားအပေးအယူတည့်တဲ့အခါ သူက မြွေဘုရားကိုအရင်သွားမယ်ပြောပါတယ်။

သူကရွှေမောဓောဘုရားအနောက်ဘက်လမ်းကနေ တောင်ဘက်ကိုသွားပါတယ်။

အတော်လေးသွားပြီးတော့  မြေလမ်းလေးတစ်ခုထဲကိုဆင်းသွားလိုက်ပါတယ်။

အဝေးမှာသစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ပါဘဲ။

တောင်ကုန်းကြီးတစ်ခုရဲ့နံဘေးကနေဖြတ်သွားရတာပါ။

အိမ်ဘုတ်စုလေးတွေဖြတ်ပြီးတော့ အထဲဝင်လိုက်တဲ့အခါမှာ ကြီးမားတဲ့ အုတ်တံတိုင်းကြီးကိုတွေ့ရပါတယ်။

ကျနော်တို့လို့ ဘုရားဖူးလာတဲ့ကားအတော်များများရပ်ထားတာကိုလည်းတွေ့ရပါတယ်။

ထန်းသီးသည်တွေလဲတွေ့ပါရဲ့။

အုတ်တံတိုင်းရဲ့တောင်ဘက်မှာဘုရားတစ်ဆူ။

နေကတော့အတာ်ပူနေပါပြီ။

 

2 ဘုရားမှနေတဲ့မြွေကြီး
2 ဘုရားမှနေတဲ့မြွေကြီး

 

3မြွေကြီးကို အမြီးကနေရိုက်ထားတာပါ
3မြွေကြီးကို အမြီးကနေရိုက်ထားတာပါ

 

4တောင်ပေါ်စေတီ
4 အနီးကရွှေစေတီ

 

ဒါနဲ့ဘဲဘုရားဝင်းထဲကိုဝင်လိုက်ပါတယ်။

ဘုရားရဲ့မြောက်ဘက်ဘေးမှာအဆောင်ကြီးတစ်ခု။

အဲဒီထဲမှာ ဆရာတော်တစ်ပါးသီတင်းသုံးနေကြပါတယ်။

ဆရာတော်ကိုဝတ်ပြုသူတွေအများအပြား။

ဘုရားကတော့ အတော်အသင့်မြင့်ပါတယ်။

ဘုရားအောက်ခြေက နတ်နန်းလေးထဲမှာတော့ လူတွေပြည့်သိပ်လို့နေပါတယ်။

အများနည်းတူဝင်စပ်စုတော့ မြွေကြီးထားတဲ့နေရာဖြစ်ပါတယ်။

မြွေကြီးကို စင်ပေါ်မှာတင်ထားပါတယ်။

မြွေကြီးက မှန်နံရံမှာမှီပြီး ပါးပြင်းထောင်ထားတာကို အပြင်ကလူတွေကဝိုင်းကြည့်။

ကျနော်ကတော့ အထဲဝင်ပြီး ဓါတ်ပုံရိုက်ပါတယ်။

မြွေကြီးကို ပိုက်ဆံလှူပြီးဆုတောင်းနေသူတွေကိုလဲမြင်ရ။

အဲဒီချိန်လူတစ်ယောက်က မြွေစောင့်နေတဲ့လူကို

“တကယ်ဆုတောင်းပြည့်လားဗျ”လို့မေးတော့

“မပြည့်ရင်လှူကြမလားဗျ”လို့ခပ်မာမာပြောသံကြားရပါတယ်။

ဒါနဲ့ဘဲ တောင်ပေါ်ကဘုရားပေါ်တက်ဖူးကြပါတယ်။

စေတီကသေးသေး နေက ပူပူ လူတွေနဲ့ပြည့်ကျပ်နေတော့ပြန်ဆင်းခဲ့ပါတယ်။

5စိန်သာလျောင်းသို့အဝင်
5စိန်သာလျောင်းသို့အဝင်

 

6 စိန်သာလျောင်းစေတီ
6 စိန်သာလျောင်းစေတီ
7 စိန်သာလျောင်းကိုယ်တော်
7 စိန်သာလျောင်းကိုယ်တော်

 

 

8လျောင်းတော်မူက ခေါင်းတော်
8လျောင်းတော်မူက ခေါင်းတော်
9 လှပသော ......
9 လှပသော ……

 

 

နောက်တော့စိန်သာလျောင်းသွားမယ်ဆိုပြီးထွက်ခဲ့ကြပါတယ်။.

ဖုံထူထူ မြေလမ်းကလေးကို ကွေ့လိုက်ကောက်လိုက်နဲ့ သွားရင်း

ထန်းပင်တွေဝိုင်းနေတဲ့ ရေကန်လေးရှေ့ကိုရောက်သွားပါတယ်။

စိန်သာလျောင်းပါတဲ့။

ဘုရားစောင်းတန်းအဝင်ဝမှာတော့ ဈေးသည်တွေနဲ့စည်ကား။

ဗန်းထဲမှာခင်းထားတဲ့ငှက်ကြော်တွေ က စားချင်စရာ။

ဒါပေမယ့် ဆိုင်ကယ် ကယ်ရီဆရာက လမ်းတွေ့တဲ့အသည်ဝယ်မစားနဲ့။

စားချင်ရင်သူ့ပြောလို့မှာထားတော့ဝယ်မစားဖြစ်.။

ဘုရားစောင်းတန်းအတွင်းဝင်လိုက်တော့ နီညိုရောင်စေတီတစ်ဆူ။

ကြီးမားတဲ့လျောင်းတော်မူကိုယ်တော်ကြီးကတော့ ငြမ်းတွေဆင်ထားပါတယ်။

ဘုရားရဲ့အရှေ့ဘက်မှာတော့ ထန်းပင်တွေဝိုင်းနေတဲ့ရေကန်။

ဓါတ်ပုံတွေရိုက်နေတုန်း နေပူမယ်နော် သွားကြစို့လို့အော်သံကြားမှ

အပြေးအလွားထွက်ခဲ့ကြပါတယ်။.

ဒီတစ်ခါသွားမှာက မြသာလျောင်း ပါတဲ့။

 

ကိုပေါက်လမ်းသလားနေသည်

(29-1-2013)

 

 

 

 

16 comments

  • Mobile

    February 3, 2013 at 12:09 pm

    ကိုပေါက်ရေ မြွေကြီးက ဒဂယ့် အရှင်ကြီးလားဗျ။
    အကြီးကြီးပဲနော်။ မြွေပုံကြည့်ရတာ ခေါင်းတွေဘာတွေလည်းမပါဘူး
    မရှင်းဘူးဗျ။ တစ်ခါပြန်သွားပြီး မြွေပုံလေး သေသေချာချာတင်ပေးဗျာ။
    စိန်သာလျောင်းစေတီရဲ့ လက်ရာအနေအထားကလဲ တစ်မျိုးပါလားဗျ
    ဖူးမျှော်သွားပါ၏။

    • မြွေက အစစ် အရှင်ကြီးပါဗျ။
      မြွေခေါင်းက မှန်နံရံမှာ ထောင်နေပါတယ်။
      နောက်တစ်ခါပြန်သွားဘို့ဆိုရင် လမ်းစရိတ် နှစ်သိန်းလောက်ပေးမှဖြစ်မယ်

      • Mobile

        February 4, 2013 at 9:12 pm

        ဘကြီးပေါက်ကလဲ လမ်းစရိတ် နှစ်သိန်းလောက် တတ်နိုင်ရင် ကိုယ့်ဖာသာ သွားကြည့်ဒေါ့မှာပေါ့လို့
        ဒါလေး အကူအညီတောင်းမိပါတယ် ဂယ်ပဲ။ ဘကြီးပေါက်တင်ပေးတဲ့ မန်းလေးနန်းတွင်းက
        ပုံတွေကလဲ ကြည့်လိုက်ရတာ။ တင်မပေးလဲရပါတယ် မန်းလေးရောက်မှပဲ ဘကြီးပေါက်ကို
        လိုက်ပို့ခိုင်းတော့မယ်။။။။။။။။။။။။။။။
        :harr:

  • မြွေစောင့်တဲ့ လူကြီး ပြောလိုက်တာ ဖတ်ပြီး
    ၊၊၊ ငါ့တူ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ ၊၊၊
    ဆိုတဲ့ စကားကို သတိရလိုက်မိတယ် ၊၊၊၊
    ဘုရား ဖူးသွားပါတယ် ၊၊၊၊

    • panpan

      February 3, 2013 at 2:51 pm

      နံပါတ်၉ လှပသော… လေးက နာမည်နဲ့လိုက်အောင် တကယ့်ကို လှပါပေတယ်
      လေးလေးရေ.. ပေးကလန်က ပလိပ်ကမြွေဘုရားတော့ ရောက်ဖူးပါတယ်
      ပဲခူးကဘုရားတော့ မရောက်သေးဘူး
      လေးလေးလောက် မြန်ပြည်အနှံ့ ခရီးမဆန့်နိုင်သေးပါဘူးဗျာ…. :hee:

  • Mr. MarGa

    February 3, 2013 at 5:53 pm

    မရှင်းတာတစ်ခု မေးစရာရှိတယ်
    အဲဒီမြွေက လူတွေကြားထဲမှာ ထားထားတာလား
    ကြည့်ရတာ
    မှန်သာကာထားတာ လူတွေဘေးရောက်နေသလိုပဲမို့
    စိန်သာလျောင်းစေတီကတော့ ကြည်ညိုဖွယ်ရာပါပဲဗျာ

    • မြွေကြီးက စင်ပေါ်မှာတင်ထားပါ.။
      အဲဒီနားမှာဘဲအိပ်ပါတယ်။
      မြွေဘေးက လူက မြွေအစောင့်။
      ဘုရားဖူးတွေက မှန်ကာထားတာရဲ့အပြင်ဘက်ကနေကြည့်ရတာပါ

  • မောင်ပေ

    February 3, 2013 at 8:10 pm

    တစ်ခါမှ မရောက်ဖူးသော မဖူးဘူးသော
    လျောင်းတော်မူ စိန်သာလျောင်း ဘုရားအား ကြည်ညိုစွာ ဖူးမျှော်သွားပါတယ်ဗျို ့
    သာဓု သာဓု သာဓု

  • kyeemite

    February 4, 2013 at 10:41 am

    ပဲခူးအမှတ်တရ ..ဘုရားပြန်ဖူးသွားပါတယ် ကိုပေါက်ရေ..

  • Ma Ei

    February 4, 2013 at 5:02 pm

    မြွေတွေ ခဏခဏ အိပ်မက် မက်တတ်ပေမယ့်
    ကြီးကြီးသေးသေး မြွေဆို ကြောက်တတ်ပါတယ်…
    ဘုရားဖူးသွားပါတယ်နော်…

  • ညလေး

    February 4, 2013 at 5:18 pm

    စပ်စုမိသလောက် တိုက်နန်းရှင် မြွေမယ်တော်ကြီးက တစ်လမှ တစ်ကြိမ် အစာစားတယ်တဲ့…
    တစ်ခါ စား ကြက် အသေသား 7 ပိသာတဲ့….

  • နောက်တစ်ခါ ရောက်ရင် ကိုမိုက်နဲ့ ပဲခူးကိုထပ်သွားမယ်။
    မအိရေ မြွေကတော့ ကျနော်လဲကြောက်တယ်ဗျို့ အကောင်ကြီးရင်ပြောတာပါ။

    ညလေး
    မန်းလေးကိုလာတာ သတင်းမကြားဘဲပြန်ပြေးသွားတယ်။

  • ဆူး

    February 5, 2013 at 2:09 pm

    မန်းက လူတွေက မြွေ ကို မြွေလို့ မပြောပဲ အကောင်ရှည်လို့ ပြောကြတယ်။
    လေးပေါက်ကြီး မြွေလို့ ရေးထားပါလား.. ဟိဟိ

  • မြွေ= အကောင်ရှည်
    ကျား=တောကောင်
    ဖွတ်=ဇောတိက
    ကျီးကန်း=ရွှေကျီး
    မိချောင်း=နှာတို
    အဲလိုခေါ်တတ်ကြပါသဗျာ

    • ဆူး

      February 5, 2013 at 4:03 pm

      ဖွတ်က ဘာလို့ ဇောတိက ဖြစ်ရတာလဲ..
      ဆန့်ကျင်ဘက် ခေါ်တာလား

  • ဟုတ်တယ်လေ အိမ်ပေါ်ကိုဖွတ်တက်လာတယ်လို့မပြောဘူး။
    ဇောတိက တက်လာတယ်လို့ပြောကြပါတယ်။

Leave a Reply