မှန်ကန်သော ဆုံးဖြတ်ချက်

etoneJuly 20, 20101min570

လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့

ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။

ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့

ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။

သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက်

ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့

သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က

ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို

မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။

သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က

ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို

မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ ့ပြီ။

ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်ကိုခက်

ခဲလာနေပါပြီ။

သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက

အသေခံမလား ၊ ဒါမှမဟုတ် ရက်ပေါင်း 150 ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့

ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ဝင်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။

သည်ပြောင်းလဲခြင်းဖြစ်စဉ်မှာလင်းယုန်ဟာတောင်ထိပ်ကိုရောက်အောင်

ပျံသန်းပြီးတောင်ထိပ်ကသူရဲ့အသိုက်ထဲမှာ နေထိုင်နေဖို့လိုပါတယ်။

ပြီးတော့သူနှုတ်သီးပြုတ်ထွက်သွားတဲ့အထိကျောက်တုံးကိုနှုတ်သီးနဲ့

ခေါက်နေဖို့လိုပါတယ်။

သူရဲ့နှုတ်သီးအဟောင်း ပြုတ်ထွက်

သွားပြီးတဲ့နောက်လင်းယုန်ဟာနှု တ်သီးသစ်ပြန်ပေါက်တဲ့အထိ သူ့ရဲ့အသိုက်ထဲမှာ

နေရပါတယ်။

နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း

တွေကိုသူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။

ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို

သူ့နှုတ်သီးသစ် နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။

သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာသူရဲ့ကျော်ကြားလှတဲ့

ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကိုစတင်ပါတော့တယ်။

နောက်ထပ် နှစ်၃ဝ အသက်ရှည်နိုင်ပါတော့တယ်။

ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။

အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက်ရုန်းကန်ကြရတဲ့

နေရာမှာလူသားတွေဟာ သည်လိုပြောင်းလဲခြင်းဖြစ်စဉ်တွေကိုဖြတ်သန်းကြရပါတယ်။

တခါတရံ..လိုအပ်လာတဲ့အခါမှာအမှတ်တရအဟောင်းတွေ၊ဝါသနာအဟောင်းတွေနဲ့

ထုံးတမ်းစဉ်လာအဟောင်းတွေကိုသုတ်သင်ဖယ်ရှားပစ်ဖို့လိုပါတယ်။

အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုတွေကိုလွတ်မြောက်နိုင်မှသာပစ္စုပန်ရဲ့အသီး

အပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။

အသေခံ မလား ?၊ အသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ နာကျင်မှု

အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား? ။

လင်းယုန်ငှက်တစ်ကောင်စာ လောက်ရဲရင့်နိုင်ကြ မလား……..။

source;Fwd mail

http://zaw357.multiply.com/journal/item/443/443