မြသာလျောင်းနဲ့ရွှေသာလျောင်း

1နေရောင်အောက်က ဦးခေါင်းတော်
1နေရောင်အောက်က ဦးခေါင်းတော်

“မြသာလျောင်းနဲ့ရွှေသာလျောင်း”

 

ထမင်းစားမယ်လို့ ပြောတဲ့အခါ မှာ လမ်းပြ က ဘယ်မှာစားမလဲမေးပါတယ်။

ကျနော်တို့က မသိဘူး ကောင်းတဲ့ဆိုင်တစ်ဆိုင်ဆိုင်ပို့ပေးဘို့ပြောပါတယ်။

ကားလေးကို ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ ကျောင်းတစ်ခုရဲ့နောက်ကျောဘက်ကိုရောက်သွားပါတယ်။

လမ်းမြောက်ဘက်ဘေးမှာ ထမင်းဆိုင်လေးတစ်ခု။

ကားတွေရပ်ထားတာအများကြီး။

ဆိုင်ကလေးက သပ်သပ်ရပ်ရပ်။

ချက်ထားတဲ့ဟင်းတွေက စတီးဇလုံထဲမှထည့်ထားတာ စားချင့်စဖွယ်။

ကျနော်တို့ခြောက်ယောက်စားတာ ဘဲသားဟင်း ကြက်သား ပုဇွန် ငါးအူချက်နဲ့လိုက်ပွဲတွေရယ်

ရေသန့်ဘူးတစ်ဘူးအပါအဝင်မှာ 8300ကျပ်ဘဲကျပါတယ်။

အတော်လေးကို တန်ပါတယ်။

ဆို်င်နာမယ်က တော့ ကျနော်အမှတ်မမှားဘူးဆိုရင် “လင်း “ဖြစ်ပါတယ်။

ထမင်းစားပြီးကြတဲ့အခါ မြသာလျောင်းကို သွားကြပါတယ်။

မြသာလျောင်းအဝင်လမ်းမှာတော့တစ်လျောက်မှာတော့ အရုပ်ကြီးတွေနဲ့

ကပြီး အလှူခံတဲ့အဖွဲ့တွေကိုတွေ့ရပါတယ်။

မြသာလျောင်းက တော့ အမိုးအကာမရှိနေပူထီးထီးကြီးမှာတည်ထားပါတယ်။

ရောက်တာနဲ့မထူးဘူးဆိုပြီး ဘုရားရင်ပြင်ပေါ်တက်လို့ဓါတ်ပုံတွေရိုက်ကြပါတယ်။

အရိပ်မရှိတော့ ကြာကြာ မနေနို်င်ပါဘူး။

 

2 နေရောင်အောက်ကလျောင်းတော်မူ
2 နေရောင်အောက်ကလျောင်းတော်မူ

 

3 အနောက်ဖက်ကဖူးမျော်
3 အနောက်ဖက်ကဖူးမျော်

 

 

4 ခြေတော်ရာ
4 ခြေတော်ရာ
5ရက်ရက်စက်စက်
5ရက်ရက်စက်စက်

 

6ရွှေသာလျောင်း
6ရွှေသာလျောင်း

 

7 ဦးခေါင်းတော်
7 ဦးခေါင်းတော်
8ခြေတော်ရာ
8ခြေတော်ရာ

အဲဒီကနေ တစ်ဆင့်ရွှေသာလျောင်းကိုသွားကြပါတယ်။

ရွှေသာလျောင်းမှာတော့ ဘုရားပွဲရှိတယ်နဲ့တူပါတယ် ပွဲဈေးတန်းဆို်င်တွေကို

တွေ့ရလို့ပါ။

ဘုရားဖူးလာသူတွေများတော့ကားရပ်ဘို့နေရာကိုအတော်ရှာယူရပါတယ်.။

ဘုရားစောင်းတန်းရဲ့မြောက်ဘက်ကနေဝင်ပြီးဘုရားပေါ်တက်ကြပါတယ်။

ဘုရားပေါ်ရောက်တဲ့အခါမှာတော့ စိတ်ပျက်စရာဆိုင်းဘုတ်တစ်ခုကတော့

ကင်မရာတွေအခွန်ဆောင်ဘို့ကြေငြာထားတဲ့ဗီနိုင်းကြီးပါဘဲ။

ဘုရားကျောင်းကန်သွားရင်စိတ်ညစ်စရာတစ်ခုက ဒီကင်မရာအခွန်ပါဘဲ။.

ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ဆိုရင် တစ်ထောင်ကျပ် မြန်နန်းစံကျော်ဆိုရင် သုံးရာ

ကျန်တဲ့နေရာတွေမှာဆိုရင် ကင်မရာအခွန်ငါးရာကျပ်။

စီးပွားရေးအတွက်လုပ်တဲ့သူကိုကောက်တာ မပြောလိုပေမယ့် ဘုရားဖူးလာသူတွေထဲက

ကင်မရာအခွန်ကောက်တာကတော့ စိတ်ပျက်စရာ။

ဘုရားရဲ့နောက်ကျောဘက်မှာတော့ ဖောင်းကြွရုပ်လုံးတွေနဲ့ဇာတ်တော်တွေကိုတွေ့ရပါတယ်။

ရွှေသာလျောင်း ဘုရားဖူးပြီးတဲ့အခါ အားလုံးက ပြန်ချင်ကြပါတယ်။

နေပူလွန်းလို့ပါ.။

 

8ခြေတော်ရာ
8ခြေတော်ရာ
9 ဘုုရားစောင်းတန်း
9 ဘုုရားစောင်းတန်း၏

သွားမယ်ဆိုရင် လေးမျက်နှာဘုရား  ကိုးသိန်းကိုးသန်း လိပ်ပြာကန် နဲ့နန်းတော်ရာကိုသွားလု့ိရပါသေးတယ်။

ဒါပေမယ့်ပူလွန်းတော့အားလုံးကပင်ပန်းနေပါပြီ။

ဒါနဲ့ဘဲ ဘယ်မှဆက်မသွားဘဲ ပြန်ဘို့ဆုံးဖြတ်ပြီးပြန်လာခဲ့ကြပါတယ်။

လမ်းပြကိုလည်း သူ့နေရာပြန်ပို့လို့နုတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်။

သူပြောသွားတာလေးကတော့ အမှတ်ရစရာ။

“ ဒီလမ်းတွေမှာ ငှက်ကြော် ငုံးကြော် တွေဝယ်စားမယ်ဆိုရင်တွေ့ကရာဆို်င်ဝယ်မစားနဲ့ဗျ။

တစ်ချို့ဆိုင်တွေက ကြော်ထားတာမဟုတ်ဘူး ပြုတ်ပြီး ဆီပူထိုးထားတာ။

တစ်ချို့ကြပြန်တော့လဲငုံးမဟုတ်ဘဲ ကြက်ပေါက်စလေးတွေကြော်ထားတာရှိတယ်။

အားလုံးတော့ မဟုတ်ပါဘူး။

တစ်ချို့ အကျင့်မကောင်းတဲ့ဈေးသည်တွေလုပ်စားတတ်တာကိုပြောပြတာပါ၊

ဖြစ်သင့်တဲ့ဈေးထက် အရမ်းကို သက်သာနေရင် သတိထားပေတော့”

ကဲ တန်တယ်ဆိုပြီး ဝယ်စားတတ်တဲ့ မိတ်ဆွေများ သတိထားကြပါ။

လမ်းမှာတော့ အိမ်ပြန်လက်ဆောင်ဖရဲသီးတွေဝင်ဝယ်ကြပါတယ်။

အပြန်လမ်းမှာ ကား အင်ဂျင်ရောလူတွေပါ ပူတော့အရိပ်ရှိတဲ့သစ်ပင်နားမှာခဏနား။

ဒါတောင်ရန်ကုန်မြို့ထဲဝင်တော့ ညနေငါးနာရီခွဲ။

ပျော်စရာကောင်းတဲ့ခရီးလေးတစ်ခုပေါ့။

 

ကိုပေါက်လမ်းသလားနေသည်

30-1-2013

 

 

11 comments

  • kyeemite

    February 7, 2013 at 11:07 am

    ကိုပေါက်ရေ..မင်္ဂလာပါဗျာ..
    ပုံနံပါတ် ၃ မှာ ဘုရားရုပ်ပွားတော်ပေါ်ဓါတ်ပုံတက်ရိုက်နေတာတွေ့တယ်…
    နဲနဲထူးဆန်းနေသလိုပဲ..တက်ရလား မတက်ရလားတော့ ကျနော်လည်းမသိ..

  • အေးဗျ အဲဒီဓါတ်ပုံတက်ရိုက်နေတာလဲ ကျနော်တို့အဖွဲ့သားတွေပါဘဲ။
    အဲဒီနေ့က ရင်ပြင်တော်ပေါ်က ပူလွန်းတော့ ကျနော်တို့နဲ့ ဘုရားဖူးအဖွဲ့တစ်ဖွဲ့ ဘဲရှိတာဆိုတော့
    တားမယ့်လူမ ရှိလို့ရိုက်ဖြစ်တာလဲ ပါမယ်ထင်ပါတယ်။

    • Mလုလင်

      February 7, 2013 at 9:53 pm

      ဟဲဟဲ . . အဲ့ဒါ ကျွန်တော် ပါဗျ . . . . ဘုရား ပေါ် ယောကျင်္ားသား တက် လို့ရပါတယ်။ အဲ့လို မျိုး ပုံ တင်ဖူးပါတယ် . . . .။

      http://myanmargazette.net/86206/travel/photography-pictures-galleries-wallpapers-photo-tips

      တက်ဖို့ တော့ နဲနဲ ခက်တယ်ဗျို ့ . . .။

      • ဂန္ဓာရီ ဆြာအုပ်

        February 7, 2013 at 10:02 pm

        ရှေ့ဆုံးကပုံ လှတယ်ဗျို့
        တူတူသွားကြတာပေါ့လေ.. နောက်တခါ လာရင်အနော့ကို ခေါ်ဗျာ
        ဘုရားပေါ်ယောက်ျားတက်လို့ရသတဲ့ ..ကလုလင် တို့ကတော့ လုပ်ပီ
        ကျုုပ်ဆိုရင် ကြာမှောက် ကြာလှန်ထိတောင်ရောက်တယ်.. ခွိခွိ

        • ဘိုအုပ်ရေ မသိလို့မခေါ်တာပါ ။
          နောက်မှ ရောက်တိုင်းခေါ်လို့ စိတ်မလေရဘူးနော်

  • nozomi

    February 7, 2013 at 5:23 pm

    မြသာလျောင်းတော့ မရောက်ဖူးဘူး
    နောက်တစ်ခါ ပဲခူး ကြုံရင် ဝင်ဖူးဦးမှ

    ကင်မရာအခွန်ကောက်တာကတော့ အရင်က ကိုင်နိုင်သူ နဲစဉ်က အဓိပ္ပာယ် ရှိပေမဲ့
    အခုခေတ်လို လူတိုင်း နီးနီး ကင်မရာကိုင်နိုင်လာချိန်မှာ ဘုရားဖူးတွေဆီက ကောက်တာ အနိုင်ကျင့်ခံရသလိုပဲ သူတို့ ရိုက်ကျတာ မှတ်တမ်းအတွက်ပဲ ဟာ စီးပွားဖြစ်မှ မဟုတ်တာ

    ကြေးစားကင်မရာဆိုတာကြီးက ကြောက်စရာကြီး
    လုပ်ငန်းသုံးကင်မရာဆို တော်သေး

    • Mလုလင်

      February 7, 2013 at 9:55 pm

      ကြေးစား ကင်မရာ ဆိုတဲ့ အသုံးအနှုန်းက တော့ တကယ့် ကို ကျွတ်ကြဲ စရာ ပါ ကိုနို ရေ . . . . . . အဲ့ဒီ့ နှုန်းနဲ့ကောက်ရင် . . …….. . တော်တော် အလုပ် ဖြစ်လောက်တယ်ဗျို ့

  • ရွှေသာလျောင်းမရောက်ခင်လေးတင်ဘဲဗျ။
    ညနေပိုင်းသို့မဟုတ် မနက်စောစောဆိုပိုအဆင်ပြေမယ်
    နေပူရင် အဆင်မပြေဘူးဗျာ

Leave a Reply