၁၃၇၄ ခု၊ ပြာသိုလပြည့်(ရက်ဇာရာ)

MgMobileJanuary 26, 20133min1545

အားလုံးပဲမင်္ဂလာပါ။

ယနေ့ ၂၆-၁-၂၀၁၃ စနေနေ့ ညမှာကန်ကြမယ့် ပွဲစဉ်များထဲမှ

ပွဲစဉ်အချို့ကို တတ်သလောက်မှတ်သလောက် ခန့်မှန်းတင်ပြပေးချင်ပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်များကိုတော့ ခန့်မှန်းမပေးတော့ပါဘူး။

စီးရီးအေပွဲစဉ် ၂၂ မှ ၂ ပွဲနှင့် စပိန်လာလီဂါ ပွဲစဉ် ၂၁ မှ ၄ ပွဲကို ခန့်မှန်းသုံးသပ်မှုများ

ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ယခုပို့ကတော့ ကျနော် ရေးသားခန့်မှန်းနေကျ ပုံစံမဟုက်ပဲ အချက်အလက် တတ်နိုင်သရွေ့

စုံလင်စွာဖြင့် တမူဆန်းသစ်လို့ လက်တည့်စမ်း ထားခြင်းဖြစ်ပါကြောင်း။

ယခုညအတွက် ခန့်မှန်းပေးမည့်ပွဲစဉ်များနှင့် အချိန်များ ပေါက်ဈေးနှုန်းများကို

ဇယားကွက်ဖြင့် ဖော်ပြထားပါတယ်ခင်ဗျ။

(မှတ်ချက်။   ။ ပို့အတွင်းမှာ ဇယားကွက် တစ်ခါမှမဆွဲးဖူးတာမို့ ဇယားကွတ် အဆင်

မပြေခြင်းများ ဖြစ်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် ကြိုတင်၍ တောင်းပန်လိုက်ရပါကြောင်း)

<table>

<tbody>

<tr>

<td>Time</td>

<td>Body</td>

<td>Team name</td>

<td>Goal+</td>

<td>Team name</td>

<td>Body</td>

</tr>

<tr>

<td>9:30</td>

<td>=60</td>

<td>ဆဲလ်တာဗီဂို</td>

<td>3+90</td>

<td>ဆိုစီဒက်</td>

<td>   </td>

</tr>

<tr>

<td>11:30</td>

<td>1+10</td>

<td>လာဇီယို</td>

<td>2-70</td>

<td>ချီယေဗို</td>

<td>    </td>

</tr>

<tr>

<td>။</td>

<td>1+90</td>

<td>လီဗန်တေး</td>

<td>2-60</td>

<td>ဗယ်လာဒိုလစ်</td>

<td>     </td>

</tr>

<tr>

<td>1:30</td>

<td>=60</td>

<td>ဇာရာဂိုဇာ</td>

<td>2-30</td>

<td>အက်စ်ပန်ညို</td>

<td>     </td>

</tr>

<tr>

<td>2:15</td>

<td>2=</td>

<td>ဂျူဗင်တပ်</td>

<td>3=</td>

<td>ဂျီနိုအာ</td>

<td>     </td>

</tr>

<tr>

<td>3:30</td>

<td>     </td>

<td>ဒီပို့တီဗို</td>

<td>2-80</td>

<td>ဗလင်စီယာ</td>

<td>=20</td>

</tr>

</tbody>

</table>

++++++++++++++++++++++++++

ဆဲလ်တာဗီဂို & ဆိုစီဒက်

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုတော့ အခုနှစ်ပိုင်းတွေမှာ ကျနော်မတွေ့ရပါဘူး။

ပထမအကျော့တွေ့ဆုံမှုကတော့ ဆိုစီဒက် ၂-၁  ဆဲလ်တာဗီဂိုဖြစ်ပါတယ်။

ဆဲလ်တာဗီဂို အိမ်ကွင်း ၉ ပွဲးကစားထားပြီးရာမှာတော့ ၄ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံးဖြစ်ပါတယ်။

ဆိုစီဒက် အဝေးကွင်း ၉ ပွဲးကစားထားပြီးရာမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲးရှုံးဖြစ်ပါတယ်။

ဆဲလ်တာဗီဂို ဟာရမှတ် ၁၉ မှတ်ရရှိထားပြီး အဆင့် ၁ရ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အဆင့် ၁၈ မှအိုဆာစူနာနှင့် ၁ မှတ် အဆင် ၁၉ နေရာမှ မာယော့ကာနှင့် ၂ မှတ် အဆင့် ၂၀

နေရာမှ ဒီပို့တီဗိုနှင့် ၃ မှတ်သာကွာဟနေတာကြောင့် အဝေးကွင်းညံတဲ့ ဆိုစီဒက် အသင်ကို

အိမ်းကွင်းမှာဧည့်ခံရတုန်း အမှတ်ပြည့်ရအောင် အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။

ဆိုစီဒက်အသင်းဟာဆိုရင်တော့ ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို

ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဆိုစီဒက်ရဲ့အိမ်ကွင်းကစားပုံဟာ အေတီကို၊ ဘာစီ ၊ ရီရဲလ်

ပြီးရင် အကောင်းမွန်ဆုံး ပုံစံနဲ့ကစား ထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့်လဲ အဆင် ၉ နေရာ

မှာရပ်တည် နေနိုင်တာပါ။ အဝေးကွင်းကစားပုံကတော့ သာမာန်အဆင့်ပဲရှိပါတယ်။ အဝေးကွင်းရဂိုး

၁၄ ဂိုးရရှိအောင် စွမ်းဆောင်ထားနိုင်တာကတော့ ဘာစီလိုနာ၊ ရီရဲလ်မက်ဒရစ်၊ ရီရဲလ်ဘက်တစ်

တို့ပြီးရင် အဝေးကွင်းတိုက်စစ် အကောင်းဆုံးပါ။ အဝေးကွင်းပေးဂိုး ၁၉ ဂိုးရှိထားတာဟာ ဆိုရင်တော့

ဒီပို့၊ ဘီဘာအို၊ ဗယ်ကာနို၊ မာယော့ကာ စတဲ့အသင်းတွေပြီးရင် အဝေးကွင်း ပေးဂိုးများတဲ့ အသင်းဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အကြိုတ်ဆုံးကတော့ ဂိုးအများပါ။

ဘော်ဒီကတော့ အနိမ့်ဆုံးသရေ ကစားလာမယ့် ဆဲလ်တာဗီဂို ပဲဖြစ်ပါတယ်။

(အထူးသတိပြုရန် လာလီဂါရှုံးပွဲမရှိကစားထားနိုင်တဲ့ ဂဗာ့အကောင်းဆုံး ဘာစီလိုနာအသင်းကို

အနိုင်ရထားတဲ့ ဆိုစီဒက်အနေဖြင့် ယခုပွဲစဉ်မှာ သရေမျှော်လင့်ခွင့်တောင်မရှိနိုင်ပါဘူး။

သေချာသလောက်နီးပါး ဆဲလ်တာဗီဂို အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။)

++++++++++++++++++++++++++++++

လာဇီယို & ချီယေဗို

လာဇီယိုကွင်းမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ အခုနောက်ပိုင်းရလဒ်တွေကတော့

လာဇီယို ဝ-ဝ ချီယေဗို

လာဇီယို ၁-၁ ချီယေဗို

လာဇီယို ၁-၁ ချီယေဗို

နောက်ဆုံးသုံးနှစ် တွေ့ဆုံမှုမှာ သုံးပွဲစလုံး သရေကျ ဂိုးနည်းခဲ့ပါတယ်။

လာဇီယို အိမ်ကွင်း ၁၁ ပွဲကစားပြီးရာမှာ ၉ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရှိုဂိုး ၂၂ ပေးဂိုး ၉ ဂိုး။

ရမှတ် ၄၃ မှတ်ဖြင့် အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။

လာဇီယိုဟာ ယခုနှစ်စီးရီးအေး ပွဲစဉ်များကစားထား ပြီးသလောက် နိုင်ပွဲအများဆုံး

ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ အသင်းဖြစ်ပြီး အိမ်းကွင်းရဂိုး ၂၂ ဂိုးရရှိအောင် စွမ်းဆောင်

ထားနိုင်တဲ့ တိုက်စစ်ပိုင်းကတော့ နာပိုလီ၊ ဂျူဗင် ၊ ရိုးမားတို့ပြီးရင် အိမ်ကွင်း တိုက်စစ်

အကောင်းဆုံးအသင်းဖြစ်ပါတယ်။ အိမ်ကွင်းပေးဂိုး ၉ ဂိုးသာ ရှိထားတာကလဲ ဂျူဗင်တပ်၊

ပါးမား ပြီးရင် အိမ်ကွင်းခံစစ် အကောင်းဆုံး အသင်းဖြစ်ပါတယ်။

ချီယေဗို အဝေးကွင်း ၁ဝ ပွဲကစားထားပြီးရာမှာတော့ ၂ ပွဲးနိုင် ဂ ပွဲရှုံး ရဂိုး ၉ ဂိုး ပေးဂိုး ၂၄ ဂိုး။

ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ချီယေဗိုရဲ့ အဝေးကွင်းရဂိုး ၉ ဂိုးသာ သွင်းယူထားနိုင်တဲ့ တိုက်စစ်ပိုင်းကတော့ သိပ်မစွံဘူးလို့ပြောရမှာပါ။

ပေးဂိုး ၂၄ ဂိုးပေးထားရတာကတော့ ယခုနှစ်စီးရီးအေ အသင်းများအနက် အဝေးကွင်းပေးဂိုး အများဆုံးဖြစ်ပါတယ်။

လာဇီယိုလာ အဆင့် ၂ နေရာမှ နာပိုလီနှင့် ၄၃ မှတ်စီအမှတ် တူနေပြီး အဆင့် ၁ နေရာမှ ဂျူဗင်တပ်အသင်းနှင့်

၅ မှတ်ကွာဟနေမှု ပွဲစဉ်တစ်ဝက် ဝန်းကျင်လောက် ကျန်ရှိနေသေးမှုအရ ဆုဖလားတောင်မှ မျှော်မှန်းမယ်ဆိုရင်

မျှော်မှန်းလို့ရနေပါတယ်။ အိမ်ကွင်း ကစားပုံဟာလဲ အကောင်းဆုံးအနေအထားမှာ ရှိနေတာမို့ ယခုပွဲစဉ်မှာ

ဘိုလော့နာ ပြီးရင် အဝေးကွင်းရှုံးပွဲး အများဆုံးဖြစ်တဲ့ ချီယေဗို ကိုသေချာပေါက်အနိုင်ရဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

ချီယေဗိုဟာ တန်းဆင်းဇုန် နဲ့လဲလွတ်နေသလို ဘာမျှော်လင့်ချက်မှ ဟုက်တိပတ်တိ မရှိတဲ့အတွက်

ယခုပွဲစဉ်မှာ ဂိုးပြတ်မရှုံးဖို့ပဲ ကြိုးစားလာမှာပါ။

အနိုင်သေချာနေတဲ့ လာဇီယိုနဲ့ အတူရင်ခုန်ချင်ပြီး ဂိုးပေါင်းကိုတော့ လက်ရှောင်ချင်ပါတယ်။

++++++++++++++++++++++++++++++++

လီဗန်တေး & ဗယ်လာဒိုလစ်

ဗယ်လာဒိုလစ် ကွင်းမှာ ပကျော့ တွေ့ဆုံမှုကတော့ ဗယ်လာဒိုလစ် ၂-ဝ လီဗန်တေးပါ။

ဗယ်လာဒိုလစ်ဟာ ယခုနှစ်မှ တန်းတတ်လာတာဖြစ်တဲ့အတွက် နောက်ဆုံး သုံးလေးနှစ်အတွင်း

တွေ့ဆုံမှုကတော့ မရှိပါဘူး။

လီဗန်တေးအိမ်ကွင်း ကိုးပွဲးကစားပြီးရာမှာ ၆ ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံး ရဂိုး ၁၈ ဂိုး ပေးဂိုး ၁၂ ဂိုး

ရမှတ် ၃ဝ နှင့် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဗယ်လာဒိုလစ် အဝေးကွင်း ၉ ပွဲကစားပြီးရာမှာ ၃ နိုင် ၁ပွဲသရေ ၅ ပွဲးရှုံး ရဂိုး ၈ ဂိုးပေးဂိုး ၁၂ ဂိုး

ရမှတ် ၂၈ ဖြင့် အဆင် ၁ဝ နေရာမှာ ရပ်တည်နေပါတယ်။

ယခုပွဲစဉ်ကတော့ အလယ်အလတ်အသင်း နှစ်သင်းတွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်တာမို့ နှစ်သင်းလုံး

ထိန်းကစားကြရင်း လီဗန်တေးပဲ အနိုင်ရသွားဖို့ရှိပါတယ်။ ဂိုးနည်းနိုင်ပါတယ်။

+++++++++++++++++++++++++++

ဇာရာဂိုဇာ & အက်စ်ပန်ညို

ဇာရာဂိုဇာ အိမ်ကွင်းမှာ နောက်ဆုံး သုံးနှစ်တွေ့ဆုံမှု့

ဇာရာဂိုဇာ ၂-၁ အက်စ်ပန်ညို

ဇာရာဂိုဇာ ၁-ဝ အက်စ်ပန်ညို

ဇာရာဂိုဇာ ၁-ဝ အက်စ်ပန်ညို

အက်စ်ပန်ညိုအိမ်ကွင်း ပကျော့ တွေ့ဆုံမှုမှာ အက်စ်ပန်ညို ၁-၂ ဇာရာဂိုဇာ

ဇာရာဂိုဇာ အိမ်ကွင်း ၉ ပွဲးကစားပြီးရာမှာ ၃ ပွဲနိုင် ၆ ပွဲရှုံး ရဂိုး ၁၁ ဂိုး ပေးဂိုး ၁၂ ဂိုးရမှတ်

၂၂ မှတ်ဖြင့် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

အက်စ်ပန်ညို အဝေးကွင်း ၉ပွဲကစားပြီးရာမှာ ၁ ပွဲနိုင် ၃ ပွဲသရေ ၅ ပွဲရှုံး ရဂိုး ၈ ဂိုး ပေးဂိုး ၁၅ ဂိုး

ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။

နှစ်သင်းစလုံးဟာ အဆင့် ၁၈ နေရာမှ အိုဆာစူနာ ၁၈ မှတ်နှင့် သိပ်ပြီးအမှတ် ပြတ်သားခြင်းမရှိပဲ

တန်းဆင်းဇုန်အန္တရာယ် ရှိနေတဲ့အတွက် ယခုလို ခြေစွမ်းပိုင်း မစွံတဲ့ နှစ်သင်းတွေ့ဆုံမှုမှာ

သူနိုင်ကိုယ်နိုင် အပြိုင်ကျဲးလာဖို့ရှိပါတယ်။

အကြိုတ်ဆုံးက ဂိုးအများပါ။

ဘော်ဒီကတော့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းလေ့ ရှိတဲ့ ဇာရာဂိုဇာကို ကြိုတ်ပါတယ်။

++++++++++++++++++++++++++

ဂျူဗင်တပ် & ဂျီနိုအာ

နောက်ဆုံးသုံးနှစ် ဂျူဗင်တပ်ကွင်း ထိပ်တိုက်တွေ့ဆုံမှုမှာ

ဂျူဗင်တပ် ၂-၂ ဂျီနိုအာ

ဂျူဗင်တပ် ၃-၂ ဂျီနိုအာ

ဂျူဗင်တပ် ၃-၂ ဂျီနိုအာ

ပကျော့ ဂျီနိုအာကွင်း မှာတွေ့ဆုံမှုကတော့ ဂျီနိုအာ ၁-၃ ဂျူဗင်တပ်

ဂျူဗင်တပ် အိမ်ကွင်း ၁၁ ပွဲကစားပြီးရာမှာ ၈ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ရဂိုး၂၄ ဂိုး ပေးဂိုး ရ ဂိုး ရမှတ် ၄၈ မှတ်ဖြင့်

ဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။

ဂျီနိုအာ အဝေးကွင်း ၁ဝ ပွဲကစားပြီးရာမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၆ ပွဲရှုံး ရဂိုး ရ ဂိုးပေးဂိုး ၁၃ ဂိုး ရမှတ် ၁၇

ဖြင့် အဆင် ၁၈ နေရာမှနေပြီး တန်းဆင်ဇုန် ပထမ နေရာမှာ ရပ်တည်နေပါတယ်။

ဂျူဗင်တပ် အနေဖြင့်အိမ်ကွင်းမှာ နှစ်ယောက်လျော့သွားတဲ့ ဆမ်ဒိုးရီးယားကို ရှုံးခဲ့တဲ့ပွဲမှစလို ရလဒ်အခြေအနေ

သိပ်မကောင်းတာကို တွေ့ရပါတယ်။ ဟိုးးးး အရင်ကလဲ လုပ်ပွဲအရှုပ်တော်ပုံတွေ ရှိခဲ့ဖူးတဲ့ အတွက်

စီးရီးအေမှာ ပြန်လည်အခြေချနိုင်တာ မကြာသေးပါဘူး။ အခုပွဲစဉ်မှာလဲ ဂျူဗင်အနေဖြင့် အဆင့် ၂ ,၃ နေရာမှ

အသင်းများနှင့် ၅ မှတ်စီကွာဟနေမှုကြောင့် သရေကျလို့ရပါတယ် ရှုံးလို့ရပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုတွေမှာလဲ ယခုပွဲပေါက်ဈေး ၂= ဝန်းကျင်နှင့်တွက်ပါက ရှုံးတဲ့ပွဲစဉ်က များပါတယ်။

ဂျီနိုအာအနေဖြင့်လည်း တန်းဆင်းဇုန်ထဲမှ ရုန်းထွက်နိုင်ဖို့ ကြိုးစားလာမှာပါ။ ဂျီနိုအာမှာ ဘောရီရယ်လို

ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက ဂျူဗင်တပ်ကို ဂိုးသွင်းနိုင်ဖို့ရှိတာမို့ နောက်ဆုံးသုံးနှစ် ဂျူဗင်အိမ်ကွင်း

တွေ့ဆုံမှုများမှာလဲ ဂိုးပေါင်းအများတွေပဲ ဖြစ်ခဲ့တာမို့ ယခုပွဲစဉ်မှာလဲ

ဂိုးအများ ကိုအကြိုတ်ဆုံးပါ။

ဘောဒီကိုတော့ ဂျီနိုအာပဲကြိုတ်ပါတယ်။

(ဂိုးအများနဲ့ ဘော်ဒီအောက်အားပေးမယ်စိုပါက ဂျီနိုအာ တစ်ဂိုးသွင်းနိုင်ရုံဖြင့် အကောက်ရှုံးထက်

မပိုနိုင်တာမို့ ဂျီနိုအာရဲ့ တိုက်စစ်တစ်ဂိုးသွင်းနိုင်မယ်လို့ယုံရင် ဘော်ဒီအောက်နှင့် ဂိုးအများကို

ဆတူ အတိုင်းအဆမရှိဆော်ထည့်လိုက်နိုင်ပါကြောင်း)

+++++++++++++++++++++++++

ဒီပို့တီဗို & ဗလင်စီယာ

နောက်ဆုံး ၂ နှစ်ဒီပို့အိမ်ကွင်း တွေ့ဆုံမှုမှာ

ဒီပို့ ဝ-၂ ဗလင်

ဒီပို့ ဝ-ဝ ဗလင်

ပကျော့ ဗလင်ကွင်းတွေ့ဆုံမှု ၃-၃ ဒီပို့တီဗို

ဒီပို့ အိမ်ကွင်း ၉ ပွဲးကစားပြီးရာမှာ ၃ ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံး ရဂိုး ၁၁ ဂိုး ပေးဂိုး ၁၃ ဂိုး ရမှတ် ၁၆ မှတ်ဖြင့်

ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ဗလင် အဝေးကွင်း ၉ ပွဲကစားပြီးရာမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲးရှုံး ရဂိုး ၅ ဂိုး ပေးဂိုး ၁၂ ဂိုးရမှတ် ၃ဝ ဖြင့်

အဆင့် ရ နေရာမှာ ရပ်တည်နေပါတယ်။

ယခုပွဲစဉ်မှာ ဗလင်စီယာလို အသင်းကြီး တစ်သင်းအနေဖြင့် ဒီပို့တီဗိုလို အဆင့် ၂ဝ မှာရပ်တည်နေတဲ့

အသင်းတစ်သင်းကို သရေ ၂ဝ ရှုံးပဲဈေးဖွင့်ထားတာက ပွဲရလဒ်ကို ကြိုတင်ခန်မှန်းလို့ ရသလောက်ရှိပါတယ်။

ဗလင်အနေဖြင့် သရေ သို့မဟုက် ဒီပို့တီဗို နိုင်ပွဲရသွားဖို့ရှိပါတယ်။

ဂိုးကတော့ အနည်းပါ။ ဝ-ဝ ရလဒ်ထွက်ပေါ်နိုင်ပါတယ်။

ဒီပို့နိုင် ၂ဝ % သရေ ၇၀% ဗလင်နိုင် ၁၀% လိုခန့်မှန်းမိပါတယ်။

+++++++++++++++++++++++++

အကျဉ်းချုပ်ခန့်မှန်းမှု

ဆဲလ်တာဗီဂို+(ဂိုးအများ)

လီဗန်တေး+(ဂိုးအနည်း)

လာဇီယို+(———–)

ဇာရာဂိုဇာ+(ဂိုးအများ)

ဂျီနိုအာ+(ဂိုးပေါင်းအပေါ်) ဆတူအားပေးသင့်ပါတယ်။

ဒီပို့တီဗို+(ဂိုးအနည်း)

++++++++++++++++++++++++++

တစ်ပွဲထဲအကြိုတ်းဆုံးကတော့ ဆဲလ်တာဗီဂို ဖြစ်ပါတယ်။

++++++++++++++++++++++++++

အားပေးသူပရိတ်သတ်အပေါင်း ယခုခန့်မှန်းချက်အတိုင်း လိုက်နာသည်ဖြစ်စေ

မလိုက်နာသည်ဖြစ်စေ +များများဖြင့် ပျော်ရွှင်နိုင်ပါစေကြောင်းးးးးးးးးးးးးးးးးးးးးးး

(မှန်းလိုက်လျှင်မှား ရိုက်လိုက်လျှင်ရှုံးတဲ့ စနေမောင်မောင်)

5 comments

  • Mobile

    January 26, 2013 at 2:40 pm

    မဟာဘာဂျာကြီးရေ ကျုပ်ဇယားကွက်ဆွဲးတာ ဘယ်နေရာမှာ မှားတယ်ဆိုတာလေး
    တစ်ချက်လောက် လုပ်ပါ့အုံးဗျို့။
    ဇယားကွက်အဆင်မပြေမှုအတွက် ဝင်ရောက်အားပေးသူ အပေါင်းကို
    တောင်းပန်သမှုပြုသလိုက်ရပါကြောင်းးးးးးးးးးးးးးးးး
    :harr:

    • နီဂ ဟိုထဲမှာ ဒီအတိုင်းဂျီး ကစ်ထည့်လိုက်တာကိုး
      တကယ်က
      အရင်ဆုံး text ဆိုတဲ့ထဲမှာ ကုတ်ထည့်ရတာ …
      အိုက်ဒါမှ ဒီကုတ်တွေက ဇယားကွက် အသွင်ပြောင်းသွားတာ …

      • Mobile

        January 27, 2013 at 11:49 am

        မှန်ပေတယ်ဗျ ကျုပ် text ဆိုတဲ့ထဲမှာ ကုဒ်မထည့်ပဲနဲ့ Visual ဆိုတဲ့ထဲမှာပဲ
        ကုဒ်ထည့်လိုက်မိတယ် အခုလို လာလောက်သွန်သင် ဆုံးမပြု့ပြင်ပေးတဲ့အတွက်
        အထူးကျေးဇူးပါခင်ဗျ။

  • မောင်ပေ

    January 26, 2013 at 9:08 pm

    သည်ကနေ ့ည ပွဲတွေထဲမှာ
    ဈေးအနေအထားရ လိုက်ပါ
    ဆဲတာဗီဂို အောင်မယ်
    လာဇီယို အောင်မယ်
    အာဆင်နယ် အောင်မယ်
    ဂျီနိုအာ အောင်မယ်

    • Mobile

      January 27, 2013 at 11:53 am

      ကိုပေရေ အခုလိုလာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းးးးးးးး
      အောက်ကြေးစောင်းတဲ့မောင် မန်စီးတီး ဂိုးအောက်ဆွဲးထားလိုက်တာကြောင့်
      သက်တောင့်သက်သာပင် အကျိုးအမြတ်ရခဲ့ပါကြောင်းးးးးးးးး

Leave a Reply