မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။

ခင္ခJanuary 26, 20131min16019

မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။

 

တစ်ခါတလေတော့

ပျော် စရာတွေ  ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

ငို စရာတွေ ရှိနေရတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

ငေး စရာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

တွေး စရာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

လွမ်း စရာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

ဆွေး စရာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

တစ်ခါတလေတော့

ရေး စရာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

ဪ………

ပျော် ငို ငေး တွေး လွမ်း ဆွေး ရေး

ဆိုတာတွေ ရှိနေတဲ့

ငါ့ရဲ့ဝန်းကျင် ။

 

အခုတော့

တိ်တ်ဆိတ်ငြိမ်သက်

ပျော် စရာနဲ့ ငို စရာမဲ့

ငေး စရာကင်း တွေး စရာရှင်း

လွမ်း စရာပုံ ဆွေး စရာခုံ

ရေး စရာကုန်…….. လို့

မှိတ်ခါသာထားရတယ်

မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ

19 comments

  • Mobile

    January 26, 2013 at 3:10 pm

    ကိုခင်ခရေ ဖတ်ရှု့အားပေး သွားပါသည်ခဗျ။
    ကဗျာလေးကို ကြိုတ်လို့ ကူးယူထားလိုက်ပါတယ်။
    ကျနော် ပတ်ဝန်းကျင်မှာတော့ ထထိုးချင်စရာတွေ ဆဲပစ်ချင်စရာတွေသာ
    အမြဲးတမ်းနီးပါးတွေ့နေရပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ခင်ခ

    January 26, 2013 at 3:22 pm

    ကနဦးအားပေးကာ ကူးယူသွားသူ ကိုမိုဘိုင်းရေ ကျေးဇူးဗျာ။
    ထိုးချင်စရာ ဆဲချင်စရာတွေ စီကာဖွဲ့လို့ ကိုမိုဘိုင်းလဲ တစ်ပုဒ်လောက်ရေးလေ။

    • Mobile

      January 26, 2013 at 6:40 pm

      တစ်ပုဒ်လောက်ရေးလို့ မသင့်တော်လောက်ဘူးထင်လို့ပါဗျာ
      နို့မို့လို့ကတော့ ရေးချင်တယ်ဗျ တော်ကြာနေ ကိုယ်ထိုးချင်တယ်
      ဆိုတဲ့လူတွေက ကိုယ့်ပြန်ထိုးသွားမှာက ကြောက်ရသေးဗျို့
      ုပတ်ဝန်းကျင် ပတ်ဝန်းကျင် မရှိလို့လဲ မဖြစ်ပြန်ဘူး
      ပိုက်ဆံနဲ့ မိန်းမ ထပ်ပေါင်းထည့်သည် ပတ်ဝန်းကျင် မရှိမကောင်း ရှိမကောင်း

  • ရွာသူ jujuma .

    January 26, 2013 at 3:30 pm

    မျက်လုံးတော့ မှိတ်ပါနဲ့ကွယ် ….
    လောကကြီး မှောင်ကြသွားပါ့မယ် … :hee:

    • ခင်ခ

      January 26, 2013 at 4:27 pm

      မျက်လုံးမှိတ်တော့ မှောင်လာပါ့
      အမှောင်လွှမ်းတဲ့ လောက
      ကယောင်ကတန်းနဲ့ အော်ရ
      ယောင်ယမ်းက အထ
      တွေးမိလိုက်တယ် တခဏ
      ရေး စရာတွေ ဗလပွ။
      ( ရွာသူဂျုးဂျုးမရဲ့ ကွန်မန့်လေးကို ဆက်၍ပေါ့ )

  • မောင်တင့် တယ်

    January 26, 2013 at 4:14 pm

    မျက်လုံးမှိတ် ခလုတ်တိုက် မှောက်ရက်လဲ..
    သွားကြိုး.. ပါးစပ်ရောင်.. ထမင်းမစား..
    အာဟာရပြတ်.. ငတ်သေ…. တိန်..
    ထို့ကြောင့် သေရသည်..

    (ဆိုပြီးနောက်လိုက်သည်…)

  • ဗုံဗုံ

    January 26, 2013 at 4:39 pm

    လေးခရေးတဲ့ ထဲမှာ( ပျော် ငို ငေး တွေး လွမ်း ဆွေး ရေး) တွေဘဲ ပါတယ် ချစ် ဆိုတာမပါဘူး ဧကန္တ လေးခရေးချင်တာ ချစ်စရာတွေ ကုန်လို့ မှိတ်ခါသာထားရတယ် မျက်လုံးရယ်တဲ့ အိပ်ပါကွယ် မို့လား အန်တီ့ကိုကြောက်လို့ မရေးတာပါ ဟုတ်တယ်မို့လားလေးခ :mrgreen: ( ရန်တိုက်ပေးလိုက်ပြီ)

  • ခင်ခ

    January 26, 2013 at 4:57 pm

    ရိုးမြေကျကာ ပေါင်းဖက်ယှက်လို့
    နှစ်ကိုယ်တူချစ်ခရီး ရှု့မညီးမို့
    ချစ်တွေကုန်တာ ဖြစ်ပါ့မလားဗျ။
    မိဗုံရေ……….။

  • မောင်ပေ

    January 26, 2013 at 7:15 pm

    လေးခရေ
    စာသားတွေက ကျစ်လစ်စွာနဲ ့ အဓိပ္ပါယ်တော်တော်များတာကလား
    အကုန်မဖော်နိုင်အားသေးဘူးဗျို ့

  • မိုက်တယ်ဗျာ …
    လေးခကြီး ရေးထားတာ ချယ်ဘဲ ….
    ကျုပ်ဘက်က အမြင်နဲ့ ဒီကဗျာကို ပုံဖော်ကြည့်တော့ …
    မအိပ်စက်ခင် တစ်နေ့တာ အတွက်
    ရေးထားသလိုမျိုး ပုံဖော်လိုက်တယ်ဗျာ …
    အဲ့ဒါတော့ ပြောတာနေမှာ ….
    “အို … အိပ်စက်ခြင်း … သာယာ ညှင်းတွဲ့လှပါဘိ” ဆိုတာ …..

    • ခင်ခ

      January 27, 2013 at 4:49 pm

      ဟုတ်ပါတယ်ဗျ
      တစ်နေ့တစ်နေ့ တွေ့နေကြုံနေတာလေးတွေ စဉ်စားမိရင်း ရေးဖွဲ့လိုက်တာလေ ကိုအံစာတုံးရေ။

  • weiwei

    January 27, 2013 at 5:50 pm

    မျက်လုံးကတော့ စာကြည့်စရာရှိလို့ မမှိတ်စေချင်တဲ့အချိန်ကျရင် အလိုလိုမှိတ်ကျတတ်ပြီး …
    အနားယူချင်လို့ အိပ်တော့မယ်ဆိုရင် ဘယ်လိုမှ မှိတ်မရတတ်ဘူး …
    တကယ့်ကိုမှ အနတ္တ ..

  • အစ်မဝေ နောက်က လိုက်ပါတယ်…
    ရုံးမတက်ရဘူးဆိုရင် ဘယ်လိုမှမအိပ်ဘူး..စာမေးပွဲရှိပါတယ်ဆို ကော်ဖီ ဆယ်ခွက်သောက်လည်း အိပ်ချင်တယ်…
    လေးလေးရေ..တစ်ခါတစ်လေတော့လည်း ဘာမှမရှိဘဲ မျက်လုံးလေးမှိတ်ပြီး အေးအေးချမ်းချမ်းအိပ်ရတဲ့ဘဝကို အားကျမိပါတယ်…

  • ကိုခ
    ရေးတဲ့ကဗျာတွေထဲမှာ ဒီကဗျာကိုအကြိုက်ဆုံးဗျ။
    ဟုတ်တယ် တွေးစရာ မစုံလို့ရေးစရာကုန်ရင်
    ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တာအမှန်ဘဲ။
    ကျနော်ကတော့ရေးစရာကုန်ရင် ရိုက်စရာရှာတာဘဲဗျို့
    ဓါတ်ပုံကိုပြောတာပါ။

    • ခင်ခ

      January 28, 2013 at 9:35 am

      မောင်တင့်တယ် ရေ အတော်လည်းလုပ်ပါဗျ။

      ဆရာပေရေ တစ်နေ့တာကြုံရတာလေးကို တွေးမိရေးမိပေါ့ဗျာ။

      မဝေရေ စာကိုစူးစိုက်ကာ အာရုံထားကြည့်ရင်းနဲ့ ကျွန်တော်လည်းအိပ် အိပ် သွားတာ ခဏခဏကြုံရတယ်ဗျ။

      လုံမလေးရေ စာမေးပွဲရှိလို့ မအိပ်စေချင်တိုင်း ကော်ဖီတွေ အများကြီး မသောက်ပါနဲ့လားကွယ်။
      ကော်ဖီက တစ်နေ့ ၃ ခွက်ထက်ပိုမသောက်သင့်ဘူးဗျ။

      ကိုပေါက်ရေ ကျွန်တော်ကတော့ ဓာတ်ပုံရိုက်တာ ဝါသနာမပါတော့ ရေးစရာကုန်ရင်တော့ မျက်လုံးရယ်တဲ့ အိပ်ပါကွယ်ဘဲ လုပ်ရတော့မပေါ့ဗျာ။

      ဖတ်ရှု့ကာ ကွန်မန့်ပေးကြသူများ ကျေးဇူးဗျာ။

  • Novy

    January 28, 2013 at 2:32 pm

    ကိုခရေ..
    “တင့်လှပေဟန်” သီချင်းလေးဆိုအိပ်ပေါ့နော်
    မျက်စိမှိတ်ထားသောငြား..သူ့အရိပ်ထင်နေတာ…..

  • ခင်ခ

    January 28, 2013 at 2:35 pm

    မနိုဗွီပြောမှဘဲ သတိရသွားတယ် နောက်များ……
    ရေး စရာကုန်…….. လို့
    မှိတ်ခါသာထားရတယ်
    မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။
    မလုပ်တော့ဘူး
    သီချင်းနားထောင်လို့ရသားဘဲနော်။

  • အရီးခင်လတ်

    January 28, 2013 at 3:26 pm

    ခေါင်းစဉ်ဖတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် လို့သာတွေးပြီး ပြုံးမိပါရဲ့။

    စနေ နေ့က အကြောင်းတစ်ခု နဲ့ Stress တွေများပြီး တစ်ညလုံး ဟိုတွေး ဒီတွေး နဲ့ နိုးလိုက် အိပ်ပျော်လိုက် ပြန်နိုးလာလိုက်။
    နောက်နေ့ ကျ အနားကလူ ကို မအိပ်တဲ့ မျက်လုံး အကြောင်း ပြောမိလိုက်တာနဲ့ အုပ်ဖို့ အကွက်ချောင်းနေသူက ဘာပြောလဲ ဆိုတော့
    “သူများကို အမြဲ ဆရာလုပ်နေတာ အခု လက်တွေ့မကျင့်နိုင်ပါလား” တဲ့။
    နောက်ပြီး သူ့ရဲ့ ဆရာလုပ်မှု ခံလိုက်ရသေးတယ်။
    “Stress ဖြစ်လာရင် အဆိုးဆုံး အခြေအနေ ဘာဖြစ်မလဲ ဆိုတာ ကိုတွေးလိုက်တဲ့။ ပြီးတော့ အဲဒါကို ခံနိုင်ရည် ရှိမှာလား စဉ်းစားတဲ့။ အဲဒါကို ခံနိုင်မှတော့ လက်ရှိဖြစ်နေတာက အသေးအမွှားဖြစ်သွားမယ်” တဲ့။
    အဲဒါ ဒေးကာနယ်ဂျီ ရဲ့ အဆိုအမိန့် ဆိုဘဲ။
    ပြီးတော့ အဲဒီအကြောင်းကို ကြိတ်မထားဘဲ နီးရာလူ နဲ့ အဲဒါနဲ့ ပါတ်သက်တဲ့ စကားပြောပေး တဲ့။
    ဒါနဲ့ ဘဲ မနေ့ညကတော့ “မျက်လုံးလေး အိပ်သွားပါတယ်။
    ဒင်း ကိုတော့ အမှတ်ပေးလိုက်ရသပေါ့။ 😉

    ဒီရက်တွေမှာ မှတ်ချက်မပေးနိုင်နေရင် ပျောက်နေတာမဟုတ်ပါဘူး။
    ပေးချင်တဲ့ မှတ်ချက်တွေ မှ စိတ်ထဲမှာ ပေးနေရတာတွေ အများကြီးဘဲ။
    စာတွေကိုတော့ ဖတ်နေပါကြောင်း အားလုံးကို အသိပေးပါတယ်။

    • ခင်ခ

      January 28, 2013 at 4:28 pm

      အိပ်တဲ့မျက်လုံး အရှုံးမရှိတဲ့ စာရေးဆရာကြီးတစ်ဦးပြောခဲ့တဲ့ စကားပါ အရီးရေ။
      ဒါဆို အိပ်မရတဲ့ မျက်လုံးက အရှုံးရှိနေသလား ပြန်မေးတော့။
      သူက ခုလိုဖြေတယ် အိပ်ရမယ့်အချိန်နဲ့ ကျန်းမာမှု့အထောက်အကူမှာ ရှုံးတယ်လေကွာတဲ့ဗျ။
      ကွန်မန့်လေးအတွက် ကျေးဇူးပါဗျာ အရီးရေ။

Leave a Reply