ပြောပြခွင့်ရရင်  ပြောပြချင်ရဲ့..

 

ကျွန်တော်တို့.လူငယ်တွေဟာ သီးခြား ဆီဖြစ်နေပါတယ်… လူမှုရေးလုပ်တဲ့ လူငယ်တွေက သူ့ အပေါင်းအသင်းနဲ့ သူ   သူ့အုပ်စုနဲ့သူ လုပ်ကြပေမဲ့..   အပြင်မှာ အတွေးခေါ်မဲ့ အပျော်လွန်နေတဲ့..အ​ပေါင်းအသင်းတွေလည်းရှိပါတယ်..။  ကျွန်တော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့..     ကျွန်တော်တို့ဟာ အများအတွက် လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ချင်ပေမယ့်..လက်ရှိမှာလူမှုရေး လုပ်နေကြတဲ့ အပေါင်းအသင်းတွေနဲ့.. အချိတ်အဆက်မရှိပါဘူး…ပြီးတော့ နဂိုက ဆိုးထားတဲ့ အခံ လေးကလည်းရှိတော့ ကောင်းတာ လုပ်ရမှာကိုတောင်    မရဲသလို နဲ့ ရှက်တတ်နေကြပါတယ်..။

 

အဲဒီလို ဆိုးတဲ့ ကျွန်တော်တို့ ဟာ ကိုယ့်လိုင်းမှာတော့ ကိုယ်က ဆရာမို့လို့

 

အကူအညီတောင်းတာမျိုးကို လုပ်ရမှာ အောက်တယ်လို့ထင်မိကြပါတယ်..

 

လူမှုရေးလုပ်နေကြတဲ့ သူငယ်ချင်းတွေကို  အကူအညီတောင်းချင်တာကတော့.. ကိုယ့်ဘေး

 

နားမှာ ရှိနေတဲ့ ဆိုးနေတဲ့ သူငယ်ချင်းတွေကို ကိုယ်လုပ်နေတဲ့   လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့

 

ဆွဲ ခေါ်ပေးကြဖို့ပါပဲ..

 

ကိုယ်က ကောင်းတာလုပ်တယ်ဆိုပြီး.. ကိုယ့်ပတ်ဝန်းကျင်က နည်းနည်း ဆိုးချင်နေတဲ့      ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းတွေကို  မနှိမ့်ချပါနဲ့…

 

ကျေးဇူးပြုပြီးလက်တွဲခေါ်ပေးပါ

ကျွန်တော်ဒါကို ရေးရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ

 

လူမှုရေး အရမ်း ဝါသနာပါတဲ့. အစ်မတွေ အစ်ကိုတွေ. နောက် သူငယ်ချင်းတွေ

 

ရှိပါတယ်..  သူတို့ က လူမှုရေးသိပ် မလုပ်တဲ့.. ကျွန်တော်တို့ ကို နှိမ်ချင်သလိုလို

 

အပြောတွေ အပြုအမှု တွေကို ခနခန ကျွန်တော်တို့ရှေ့မှာ လုပ်ပြ ပြောကြပါတယ်

 

ဒါကြောင့် ဒီလိုအ ပြုအမှုတွေကို လည်းထပ်မလုပ်ကြ ဖို့ တောင်းဆိုရင်း…(လုပ်တဲ့သူတွေပါခဲ့ပါက)  နိဂုံးချုပ်လိုက်ပါ၏

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်