ပြောပြခွင့်ရရင် ပြောပြချင်ရဲ့..

ပြောပြခွင့်ရရင်  ပြောပြချင်ရဲ့..

 

ကျွန်တော်တို့.လူငယ်တွေဟာ သီးခြား ဆီဖြစ်နေပါတယ်… လူမှုရေးလုပ်တဲ့ လူငယ်တွေက သူ့ အပေါင်းအသင်းနဲ့ သူ   သူ့အုပ်စုနဲ့သူ လုပ်ကြပေမဲ့..   အပြင်မှာ အတွေးခေါ်မဲ့ အပျော်လွန်နေတဲ့..အ​ပေါင်းအသင်းတွေလည်းရှိပါတယ်..။  ကျွန်တော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့..     ကျွန်တော်တို့ဟာ အများအတွက် လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ချင်ပေမယ့်..လက်ရှိမှာလူမှုရေး လုပ်နေကြတဲ့ အပေါင်းအသင်းတွေနဲ့.. အချိတ်အဆက်မရှိပါဘူး…ပြီးတော့ နဂိုက ဆိုးထားတဲ့ အခံ လေးကလည်းရှိတော့ ကောင်းတာ လုပ်ရမှာကိုတောင်    မရဲသလို နဲ့ ရှက်တတ်နေကြပါတယ်..။

 

အဲဒီလို ဆိုးတဲ့ ကျွန်တော်တို့ ဟာ ကိုယ့်လိုင်းမှာတော့ ကိုယ်က ဆရာမို့လို့

 

အကူအညီတောင်းတာမျိုးကို လုပ်ရမှာ အောက်တယ်လို့ထင်မိကြပါတယ်..

 

လူမှုရေးလုပ်နေကြတဲ့ သူငယ်ချင်းတွေကို  အကူအညီတောင်းချင်တာကတော့.. ကိုယ့်ဘေး

 

နားမှာ ရှိနေတဲ့ ဆိုးနေတဲ့ သူငယ်ချင်းတွေကို ကိုယ်လုပ်နေတဲ့   လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့

 

ဆွဲ ခေါ်ပေးကြဖို့ပါပဲ..

 

ကိုယ်က ကောင်းတာလုပ်တယ်ဆိုပြီး.. ကိုယ့်ပတ်ဝန်းကျင်က နည်းနည်း ဆိုးချင်နေတဲ့      ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းတွေကို  မနှိမ့်ချပါနဲ့…

 

ကျေးဇူးပြုပြီးလက်တွဲခေါ်ပေးပါ

ကျွန်တော်ဒါကို ရေးရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ

 

လူမှုရေး အရမ်း ဝါသနာပါတဲ့. အစ်မတွေ အစ်ကိုတွေ. နောက် သူငယ်ချင်းတွေ

 

ရှိပါတယ်..  သူတို့ က လူမှုရေးသိပ် မလုပ်တဲ့.. ကျွန်တော်တို့ ကို နှိမ်ချင်သလိုလို

 

အပြောတွေ အပြုအမှု တွေကို ခနခန ကျွန်တော်တို့ရှေ့မှာ လုပ်ပြ ပြောကြပါတယ်

 

ဒါကြောင့် ဒီလိုအ ပြုအမှုတွေကို လည်းထပ်မလုပ်ကြ ဖို့ တောင်းဆိုရင်း…(လုပ်တဲ့သူတွေပါခဲ့ပါက)  နိဂုံးချုပ်လိုက်ပါ၏

3 comments

  • Mobile

    January 26, 2013 at 6:07 pm

    အော်ဒီလိုလေးရေးပါ့ မောင်တင့်တယ်ရေ အရင်တင်ထားတဲ့ပို့စ်မှာ တွေ့ရတာက
    သူများနားမလည်သောစာများရေးတတ်သည် ဆိုလို့ပါ။
    ကျုပ်ကတော့ မောင်တင့်တယ်ကို နှိမ်ချင်သလိုလို မလုပ်ပါဘူးဗျာ ဘာလို့ဆိုတော့
    ဘွတူဒွေပဲ ကျုပ်လည်း လူမှုရေး တွေဘာတွေ သိပ်လုပ်တာဟုက်ဘူးရယ်
    နောက်များမှ ကြုံကြိုတ်တဲ့အခါမှာ လုပ်ဖြစ်အောင် လုပ်ကြတာပေါ့…….

  • မောင်ပေ

    January 26, 2013 at 6:18 pm

    စကားမစပ်
    မောင်တင့်တယ် က ဘာလိုင်းတုန်း
    နောက်ပြီး… မန်းဂေဇက် က လူတွေ က မောင်တင့်တယ် ကို ဘာတွေများ လုပ်သွားကြတာတုန်း
    ရှင်းရှင်းလင်းလင်း ရေးပြလိုက်စမ်းပါ
    သိချင်စမ်းပါဘိ
    အဲဒါ အဲဒါ

    • မောင်တင့် တယ်

      January 28, 2013 at 5:45 pm

      မဟုတ်ရပါဘူးနောင်ကြီးရယ်..ညီငယ်က..
      လိုင်းစုံ မို့ပါ.. ညီငယ်ကို ဘယ်လို လူကမှ ဘာမှ
      မလုပ်ကြပါဘူး နောင်တော်..
      ပြီးတော့ ကိုယ့်ကိုယ်ကို လိုင်းတစ်ခုထဲနဲ့ format ချပြီးမနေတတ်လို့ပါနောင်တော်..

Leave a Reply