လူရွှင်တော်

တောက ကိုရင်January 26, 20131min1003

လူရွှင်တော်
လူရွှင်တော်ပြယုဂ်နဲ့
ဟာသတွေ လုပ်ပြတတ်တယ်
ငါ့ကိုယ်ငါ ယူဆချက်က
အရူးတစ်ယောက်လို
မနက်ဖန်ကို သေနေ့ထား
ညတာက ရှည်လျားရန်ကော
ဘယ်အချိန်မှာ ကမ္ဘာပျက်မလဲ
ငါ့ရဲ့ လက်ကျန်ဘဝထဲမှာ
အားလုံးကို ပျော်တော်ဆက်သွားမယ်
နောက်ဆုံးထွက်သက်မတိုင်ခင်လေး
နှေးနေတဲ့ အချိန်နာရီတွေအစား
သက္ကရာဇ်တွေကို အားနာမိတယ်
နိဒါန်းမှာ စခဲ့ရလည်း
နိဂုံးအတွက်
ဆုံးဖြတ်ချက်တွေမခိုင်မာခင်
အနိုင်ကိုသာ မင်တတ်တဲ့ လူတွေအကြောင်း
စာလုံးပေါင်းကြည­­့်
သန်းခေါင်ထက် ညဉ့်နက်တာ
အရုဏ်မှာလေ…။
အလင်းရောင်မလာခင်အချိန်က
အမှောင်ဆုံးဆို…
နှောင်ထုံးတွေ မဖြည်ချင်တော့ဘူး
တစ်ပင်ခုတ်ပြီး တစ်ပင်စိုက်
အဲဒီလို လက်စားချေခြင်းမျိုးနဲ့တော့
ငါ့နှုတ်ခမ်းတွေ မမဲ့တော့ဘူး
နေက ဘယ်လောက်မြင့်မြင့်
အမြင့်ဆုံးထက်တော့ ပိုပြီးမမြင့်နိုင်ဘူးလေ…
အရူးတွေ .. အရူးတွေ
အရူးအချင်းချင်း
တမူးပိုသာသွားတာ
ရင်နာဖို့ မကောင်းဘူးလား
လကွယ်တာကို နေထွက်ခိုင်းလို့ရော
ပိုပြီး ထူးလာမလား
ငါက နေကြတ်ချိန်မှာ ရူးသွားခဲ့တာလေ…။
လူတွေကို ဘယ်အထိ ညာပြောရမလဲ
အာခေါင်တွေလည်း ခြောက်ကပ်နေပြီ
ရှူသွင်းလိုက်တဲ့ အငွေ့တွေက
ညှော်နံ့သင်းနေတယ် ဆိုရင်ရော…
ခေါင်းမခါတော့ပါဘူး
ခေါင်းညိတ်ရမှာကို ဝန်လေးလို့
ဦးခေါင်းကို တစ်ကြိမ်ပဲ ငိုက်ထားခဲ့တာ
တစ်ခါတစ်ခါ
အပြုံးတွေက ကောက်ကျစ်လွန်းတယ်
သင့်လက်ထဲက ကော်ဖီတစ်ခွက်ကိ­­ု
ငါ့မနက်နဲ့ မလဲဘူး မိတ်ဆွေ…။
ကျေးဇူးပြုပြီး ငါ့ကို
အရူးလို့ သမုတ်ပေးပါ…။ ။
တောက ကိုရင်
13.06.2012

3 comments

  • Mobile

    January 26, 2013 at 7:18 pm

    အပြုံးတွေက ကောက်ကျစ်လွန်းတယ်
    သင့်လက်ထဲက ကော်ဖီတစ်ခွက်ကိ­­ု
    ငါ့မနက်နဲ့ မလဲဘူး မိတ်ဆွေ…။
    အဲ့ဂီချာတားလေးဒွေကို ခိုက်တယ် ကိုရင်ရေ……………

  • မောင်ပေ

    January 26, 2013 at 9:33 pm

    လူရွှင်တော်
    ဘူဂွင်ကျော်
    မအူပင်ဂျော်
    အလှူမြင်ပျော်
    ယူကင်လျော်
    ဆူရင်အော်

  • kokothandar

    January 27, 2013 at 11:55 am

    ရုူးချင်ယောင်ဆောင်တာက အသာဘက်ကချည့်နော်… တော်လိုက်တာ ..ကဲ ရူးစေဗျား အာဏာရူးမဟုတ်ရင်ပြီးရော…ဟုတ်တယ်ဟုတ်

Leave a Reply