မေမေပေးတဲ့ အဖိုးတန်လက်ဆောင်

အာဂJanuary 26, 20131min16110

အမှန်တိုင်းပြောရရင်အမေများနေ့အတွက် အမေ့အကြောင်းရေးမလို့ပါပဲ ဒါပေမဲ့ အချိန်မရတဲ့အတွက် အရင်တုန်းက ကျွန်တော့်

ဘလော့မှာ တင်ထားတဲ့ အကြောင်းရာလေးကို ပြန်တင်ပြရင်း အမေများနေ့မှာ ချစ်သောမေမေအတွက် ဂုဏ်ပြုလိုက်ပါတယ်။
မေမေကျန်းမာပါစေ ။ မောင်အာဂ

ဘလော့မရေးဖြစ်တာလည်း ကြာပါပြီ..။ လာလည်ကြတဲ့ ညီအကိုမောင်နှမများကိုလည်း အားနာလှပါတယ်။ ဒီအတွက် ကျွန်တော်ရေးဖို့ အကြောင်းအရာ ရှာလိုက်တော့ ကျွန်တော့် ပြီးခဲ့တဲ့ မွေးနေ့အမေရေးပေးလို်က်တဲ့ စာကလေးတစ်စောင်အကြောင်းရေးဖို့ စိတ်ကူးမိခဲ့ပါတယ်။
ဒီစာကလေးကိုတင်မယ် တင်မယ်လုပ်နေတာကြာလှပါပြီ..။ တင်ဖို့စိတ်ကူးမိတာကလည်း ကိုရန်အောင် ဘလော့မှာ တစ်ခါဖတ်ဖူးတဲ့ စာကလေး ၃ စောင် ဆိုတဲ့ ဟာကလေးကိုဖတ်ပြီး တင်ဖို့ဆုံးဖြတ်မိတာပါ..။ ကျွန်တော်အမေဟာ ကျွန်တော့် မွေးနေ့ အတွက် ဘာမှ
မယ်မယ်ရရဝယ်မပေးနိုင်ခဲ့ဘူးဆိုသော်ငြား ဒီစာကလေးကို ပထမဆုံးမွေးနေ့လက်ဆောင် ပေးခဲ့ခြင်းအပေါ်ကို အများကြီး ကျေးဇူးတင်မိ ပါတယ်။ ဒီစာကလေး ကြောင့် အရင်ထက် အမေ့အပေါ်မှာ ပိုပြီးတော့ နားလည်လာတယ်။ ပိုပြီး ချစ်မိလာတယ်။ ဒီ့အတွက် အမေ့ကို ကျေးဇူးပါပဲ။ ဒီစာကို ကျွန်တော့် မွေးနေ့ ည သန်ခေါင်အချိန်မှာ ရေးခဲ့လို့ အမေကပြောပါတယ်။ အဲဒီအချိန်တုန်း က အိမ်မှာ ကျွန်တော် မရှိခဲ့ ပါဘူး ။ အဲဒီ ညက အိမ်ကမှန်ကြီး လေတိုက်လို့ ကျကွဲတော့ အမေ ကျွန်တော့်ကို စိတ်တွေပူ ပြီး အိပ်မပျော် လို့ ရေးခဲ့တာလို့လည်း သိရပါတယ်။ ဘာပဲပြောပြော မွေးနေမှာ အမေကို ရှိမခိုး လိုက်ရတဲ့ ကျွန်တော်အတွက် ဒီစာကလေး နောင်တ အလီလီရစေခဲ့ပါတယ်။
နောက်နောင်ကျွန်တော့်မွေးနေများ မှာ အမေကို ဒီလို ပူပင် သောကမျိုး မပေးတော့ဘူးလို့လည် း ဒီစာလေးကို ဖတ်ပြီး တော့ စိတ်ကူး ခဲ့မိပါတယ်။ ကျွန်တော်..အမေ့မေတ္တာကို ဒီစာကလေးနဲ့ မှတ်ကျောက်တင်အပ်ပါတယ်။ မွေနေ့လက်ဆောင်တစ်ခုဆိုတာ တန်းဖိုးကြီးဖို့ထက် ထက် မေတ္တာကြီးဖို့ ပိုလိုအပ်ကြောင်း အခုတော့ ကျွန်တော် မျက်ဝါးထင်ထင် သိလိုက်ရပါပြီ ဒီအတွက်လည်း အမေ့ကိုကျေးဇူးတင်ပါတယ် …။ အမေ ကျန်းမာပျော်ရွှင်နိုင်ပါစေ..

10 comments

  • Mobile

    January 26, 2013 at 6:20 pm

    မောင်အာဂရေ ခံစားချက်လေးကို ထပ်တူဝင်ရောက် ခံစားသွားပါကြောင်းးးးးးးးး

  • မောင်ပေ

    January 26, 2013 at 6:48 pm

    ကိုအာဂတို ့သားအမိ ထာဝစဉ် ချစ်ချစ်ခင်ခင် ကျန်းကျန်းမာမာ ပျော်ရွှင်ကြပါစေ

  • ရွှေ ကြည်

    January 27, 2013 at 8:20 am

    ကိုအာဂရေ ကိုအာဂအမေရဲ့ဆုံးမစကားတွေကကောင်းလိုက်တာ လူအချင်းချင်းမေတ္တာထားပါ ရိုးရိုးကျင့် မြင့်မြင့်ကြံ အရက်ရဲ့ကြေးကျွန်အဖြစ်မခံပါနဲ့ တဲ့ ကိုအာဂ သတ္တိရှိပြီးမေတ္တာတရားကြီးမားတဲ့အမေကိုပိုင်ဆိုင်ထားတာပဲ

  • ကိုကိုဂ နဲ့ ကိုကိုဂ မာမီ
    ပျော်ရွှင်လို့ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း
    ကျုပ်ကလည်း ဆုမွန်ကောင်း တောင်းပေးပါတယ်နော့ …

  • မိုး မင်းသား

    January 27, 2013 at 1:23 pm

    ကျွန်တော်လည်း…..ကိုမဟာရာဇာလို….

    ထပ်တူထပ်မျှဆုတောင်းပေးပါတယ်ခင်ဗျာ…….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 28, 2013 at 9:34 am

    နောက်ဆုံးစာကြောင်းလေးက အထိမိဆုံးပဲ…
    ဘာတဲ့… အရက်ရဲ့ကျေးကျွန်မဖြစ်စေနဲ့တဲ့…
    လျော့သောက်… ညီလေးရေ… လျော့သောက်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • နွယ်ပင်

    January 28, 2013 at 9:42 am

    မေမေပေးတဲ့ လက်ဆောင်စကားလေးတွေက မေတ္တာတရားအပြည့်နဲ့ဆိုတာ သိမှာပါနော် …
    ဒီတော့ မေမေ့စကားကို အတက်နိုင်ဆုံး နားထောင်နိုင်အောင် ကြိုးစားပါလို့ ပြောပရစေချင့် …

    • Shwe Ei

      January 28, 2013 at 10:31 am

      ဟုတ်ကဲ့ ဘင်ဘင်ပြောတာ မှန်ပါဒယ်။ :mrgreen:

  • ရွာသူ jujuma .

    January 28, 2013 at 2:38 pm

    အမေ့အတွက် ဘာမှ မလုပ်ပေးနိုင်ရင်တောင် ..
    အမေ့အပေါ်မှာ ထားရှိတဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေကို သိရှိရရင်ပဲ ..
    အမေက ကျေနပ်နေမှာပါ …

  • အာဂ

    January 28, 2013 at 3:48 pm

    ဝင်ရောက်ဖတ်ရှုပြီး…ခံစားချက်များကို ထပ်ထူထပ်မျှ ခံစားပေးခဲ့သွားကြသော မိတ်ဆွေရွာသူ၊ရွာသားအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Leave a Reply