မခိုင်ရေ… ။ ဒါ..ဘယ်သူ ဖြတ်တဲ ့ ကြိုးလဲ…? ? ?

alinsettJanuary 26, 20131min19517
ငိုသံများ....
ငိုသံများ….

( ငို သံများ….. )

သွားနှင့်ပါ…မခိုင် ။

မကြာခင်မှာ..ကျွန်တော်လည်း..မခိုင်နောက် လိုက်ခဲ့ပါ့မယ် ။

မခိုင် သွား နှင့် တဲ ့ နောက်မှတော့.. ကျွန်တော်လည်း…သိပ်မကြာတော့ဘူး.ထင်ပါတယ် မခိုင်ရယ် ။

မခိုင်ကတော့… အေးချမ်းသွားပြီလား….။

ဘာဆိုဘာမှ မသိတော့တဲ ့နေရာမှာလား ။

ဒါဆိုကျွန်တော့်ကို လည်း..မေ့ပြီပေါ့နော် ။ ကျွန်တော်ဆိုတဲ ေ့ကာင်ရဲ ့ တမ်းတ လွမ်းဆွတ်မှုတွေကို ဘယ်သိတော့မလဲနော် ။

ဒါပေမယ့် မခိုင်ရယ်….. သေသော သူ ကြာရင်မေ့ဆိုတာက… သေသွားတဲ ့သူက..ကျန်ခဲ့တဲ ့သူကိုမေ့မှာ..လို့ပြောတာ ထင်ပါရဲ ့….

ကျန်ခဲ့တဲ ့ကျွန်တော်က… မခိုင်ကို ဘယ်တော့ မှ မမေ့နိုင်ပါဘူး…မခိုင်ရယ် ။

အဲဒီ သေသောသူ ကြာရင်မေ့ ဆိုတဲ ့ စကားကို..ကျွန်တော်လက်မခံဘူးလေ မခိုင် ။

မခိုင်ကို ကျွန်တော်….. ဘယ်တော့မှ မမေ့ပါဘူး ။

မခိုင်ကိုမေ့တယ်..ဆိုတဲ ့နေ ့က ကျွန်တော်..သေသွားတဲ ့နေ ့ဖြစ်နေမှ…ပါ မခိုင် ။

မခိုင်ရယ်….။

စကားလေးတွေ ရှိပါတယ် ။

ငယ်ကချစ်တော့…နှစ်တစ်ရာ မမေ့သာ….တဲ ့ ။

ငယ်ကချစ်ဟောင်း နှစ်တစ်သောင်း မမေ့ကောင်း…တဲ ့…။

ဟုတ်တယ်..မခိုင် ။ ဖြစ်နိုင်ရင်… ကျွန်တော်က မခိုင်ကို…နောက် အနှစ် တစ်သောင်းမက..သတိရနေချင်မိတာပါ ။

ဘဝ ဆက်တိုင်း….. မခိုင် နဲ ့ရေစက် ဆုံချင်တယ် မခိုင် ။

မခိုင်က…. ကျွန်တော့် ရဲ ့… ငယ်ချစ်ဦးလည်း.ဖြစ်ခဲ့တယ် ။

ကျွန်တော့် ရဲ ့အိမ်ထောင်ရှင်မ ကောင်းလေးလည်း…ဖြစ်ခဲ့တယ် ။

မခိုင်နဲ ့…လက်တွဲခဲ့ရတဲ ့.. အိမ်ထောင် တစ်သက်မှာလည်း….. ကျွန်တော်… ကိုယ့်ဘဝကို ကိုယ် ကျေနပ် အားရခဲ့တယ်..မခိုင် ။

မခိုင်နဲ ့ ပေငါးသင်းခဲ့တဲ ့အိမ်ထောင်ရေးကို… ကျွန်တော်.ပျော်ရွှင် ကျေနပ်ခဲ့ပါတယ် ။

အခုတော့မခိုင်ရယ်…………..

————————————————

မခိုင်ချစ်တဲ ့…. ကျွန်တော်ရယ်…..

ကျွန်တော်ချစ်တဲ ့.မခိုင်ရယ်….

ကျွန်တော်နဲ ့မခိုင်တို ့… ချစ်ရတဲ ့.. သားသား ရယ်….

သုံးယောက် တစ်ဘဝလေး ဟာ….. ကျွန်တော် ဘဝ အတွက်.. ပြီးပြည့်စုံတဲ ့ သာယာမှုပါ မခိုင် ။

အခုတော့….

အခုတော့…..

အခုတော့.မခိုင်ရယ်……..

ကျွန်တော်နဲ ့.. သားသားလေးတို ့ကို…….

သေခွဲ..ခွဲ သွားခဲ့ပြီပေါ့ ။

မခိုင်ရေ…..မခိုင်ရဲ ့ ။

အခု သာေးလးလည်း…. မင်းဘေးမှာ… ငိုနေတယ် မခိုုင်…..။

သားလေး…က အခုဆိုရင်… ဆရာဝန်ကြီးတစ်ယောက်လည်း ဖြစ်နေပြီ ။

မခိုင်မှာ…ရောဂါတစ်ခုခု ရှိလို ့.. မကျန်းမာ ဘူးဆိုရင်တောင်… ကုသပေးနိုင်ပါပြီ မခိုင်ရေ.. ။

ဒါပေမယ့် … ဘာရောဂါမှ…မဖြစ်လိုက်ပဲ.နဲ ့… မခုင်..ရယ် ။ လောက နဲ ့ ကျွန်တော်တို့ကို.. နှုတ်ဆက် ထွက်ခွါ သွားတာ…

ကျွန်တော်..ရင်နာလို ့မဆုံးဘူးမခိုင် ။

သားလေးလည်း….ဖြေမဆည်နိုင် ပူပုံ ရုပ်နဲ ့….. ငိုမြဲ..ငိုဆဲပါ.မခိုင် ။

ကျွန်တော်လည်း… င်ိုချင်တယ် …ဗျာ…။

ရင်ထဲမှာ.. ပုူလောင်နေတယ် ။ ဆို ့နင့်နေတယ် ။

တစ်ခုခုက ကျွန်တော့် နှလုံးသားကို.. ဆုတ်ညှစ် ချေမွှ နေသလိုပဲ… ။

ကျွန်တော်က…မျက်ရည် များများ..မကျတတ်ပါဘူး…မခိုင်ရယ်…။

ဒါပေမယ့်….အခု..အခု….

ရင်ထဲမှာ.. နင့်နေအောင်.. ချုံးပွဲချ…ငို နေမိတယ် မခိုင်..။ ..။ ဘယ်သူမှ မရိပ်မိပေမယ့်..ကျွန်တော် ကမ္ဘာချီပြီး.ငိုနေတယ်…မခိုင်ရယ်…..။ ကျွန်တော်….ငိုနေတယ် ။

သားလေးနဲ ့… သူချစ်တဲ ့…မေမေ…. သေကွဲ ကွဲရတာကို..ကျွန်တော်.. မြင်နေရတယ် ။

ကျွန်တော်..နဲ ့ကျွန်တော်..ချစ်တဲ ့…. ချစ်ဇနီးလေး..သေကွဲ ကွဲရတာကို..ရင်နဲ ့ မဆံ့အောင် ခံစားနေရတယ် ။

ကျွန်တော် …… ရင်ထဲမှာ… တုန်ရီ..ဝေဝါး…..

ဆူးခြုံ ကြားက…အသည်းလို…. ဟက်တက်ကွဲရုံမက… ခြစ်ရာ စင်းရာ… ထောင်ပေါင်းများစွာ နဲ ့

အသက်ကို…၀ဝ မရှု..ရဲ တဲ ့…. လူ ့အသည်းကြေ တစ်ယောက်ဖြစ်နေပါပြီ မခိုုင်……

ဒီရင် ဒီ နှလုံးသား နဲ ့. မဆံ့တော့တဲ ့ ဝေဒနာတွေနဲ ့…. ကျွန်တော့်…….

ကျွန်တော့် ……..

ကျွန်တော့် ရင်ထဲမှာ……..

လေးပင် နာကျင်တဲ ့…အရာတွေ……

ပြည့်နေတယ်..မခိုင်ရယ်………။

ငိုချင်တယ်……

ငိုချင်တယ်……

ငိုချင်လိုက်တာ….. မခိုင်ရယ်……………………..

……………………………………..

…………………………………………..

++++++++++++++++++++++++++++++++++++++++++++++++++++++++++

မခိုင်ရယ်………..

အဲဒီလိုသာ… ဖြစ်မယ်မှန်း..သိရင်…….

ကျွန်တော်လေ…. မခိုင် အစား….. သွားလိုက်မှာပေါ့… မခိုင်. ။

ကျွန်တော်… ရယ်…

မခိုင်ရယ်…..

ချစ်သူငယ်ချင်း….သန်းဇော်ရယ်……..

အခင်မင် အချစ်ရဆုံး… သူငယ်ချင်း သုံးယောက် ဖြစ်ခဲ ့တာ… မခိုင် အခုလို..သေစေ ဖို ့လား…..။

ကျွန်တော်နဲ ့.. မခိုင်က… တစ်မျိုးပို…ဆန်းတဲ ့.. သံယောဇဉ်နဲ ့…. ရစ်ပတ်တုတ်နှောင်…..

ချစ် တိုင်း…ညားခဲ့ရတာ… မခိုင်..အခုလို… သေစေ ဖို့လား……

ဟင့်အင်း…။

မခိုင်..ရယ်….။

အဲဒီ အထိလည်း..မခိုုင်…. ကျွန်တော်နဲ ့.မခွဲ သွားသေးပါဘူး ။

ဒါဖြင့်………………………….

သန်းဇော်ရဲ ့သမီးလေး..မင်္ဂလာဆောင် ပွဲကို….. မခိုင် တစ်ယောက်တည်း…. ကျွန်တော်..သွားစေခဲ့တာ…….ကရော….

သေချာပါတယ်… အဲဒါကတော့.မခိုုင်..သေစေဖို ့….

အခုလို… သေခြင်း..မလှ..သေစေဖို ့………

မခိုုင်ရယ်….ကျွန်တော့်ကို ခွင့်လွှတ်ပါ.ဗျာ….။

အဲဒီနေ့က…….

တစ်ရက်တည်းမှာ…ပဲ…. နာရေးတစ်ခုနဲ ့ သာရေးတစ်ခု..တိုက်တို်က်ဆိုင်ဆိုင်.. ပြိုင် သွားရမယ်ဆိုတော့…..

သာရေး ဖြစ်တဲ ့.. သူငယ်ချင်း..သန်းဇော်ရဲ ့ သမီး.မင်္ဂလာဆောင်ပွဲကို.. မခိုင်ကသွား……

နာရေးဖြစ်တဲ ့.. မိတ်ဆွေ တစ်ယောက်ဆီ ကို.. ကျွန်တော်က သွားမယ်…… လို ့.. စီစဉ် ညွန်ကြားပေးမိတဲ ့…

ကျွန်တော့်…. အပြစ်လား….။

မခိုင် စီးသွား တဲ ့… TAXI က… အခြားကား တစ်စီးနဲ ့. ပြင်းပြင်းထန်ထန်… ဝင်တိုက်မိတဲ ့… အတွက်….

မခိုင်..ပွဲချင်းပြီး..သွားရတာ..ဆိုတော့………..

ကားမောင်းသူတွေ အပြစ်လား…….

ကားတွေရဲ ့အပြစ်လား……

ကျွန်တော်တို ့နိုင်ငံ ရဲ ့လမ်းကြမ်းကြမ်းတွေရဲ ့အပြစ်လား…….

ကံကြမ္မာ ရဲ ့အပြစ်လား…..

ဘယ်သူ ့အပြစ် ဖြစ်ဖြစ်..ပါ မခိုင်ရယ်……… ကျွန်တော်ကတော့… မဖြေနိုင်ဘူး……မဖြေနိုင်ဘူး.မခိုင် ။

အားလုံးဟာ..ကျွန်တော့်ကြောင့်….. ပဲ..လို ့…

ခံစားနေရတယ် ။

မခိုင် သေသွားတဲ ့အဖြစ်ကြီးဟာ…… ကျွန်တော့် ဘဝ တစ်ခုလုံး…. မီးလောင် ပြာကျ သွား ရသလိုပါပဲ ။

ဘဝ တစ်ခုလုံး….. ပျောက်ဆုံး..ကြေမွ……. အားလုံး…..အားလုံး ….ဖိသိပ် ခံလိုက်ရသလို..ပါ..ပဲ…မ…ခိုင်…ရယ်…..

မခိုင်…မရှိမှတော့…….

ကျွန်တော့် ဘဝဟာ….

ကျွန်တော် ..ရှေ ့ဆက်ရမယ့်… ဘဝ ဟာ…

ဘဝ …ဟာ…….

အဓိပါ္ပယ် မရှိ / အချည်းနှီးပါပဲ…မခိုင်..ရယ်….

သားလေးလည်း…. လူလားမြောက် ပြီင်္ိ…မခိုင်…။

သူ ့ ဘဝလေးကို…သူ…ကောင်းကောင်း….တည်ဆောက်နိုင်ပြီလေ….။

သားလေးအတွက်… ကျွန်တော်..စိတ် သိပ်မပူပါဘူး..မခိုင်…။

ကျွန်တော်…. အခု..ပူပင်နေတာက…….

ဘဝ ဟာ..အထီးကျန်..ဆန်လွန်းမက…ဆန်သွားတဲ ့….

ကျွန်တော့်ကိုယ်… ကျွန်တော်… ပဲ.. စိတ်ပူနေတာ….။

မခိုင် မရှိ..တော့……..တဲ ့ဘဝမှာ…..

ဘယ်လို… အင်အားနဲ ့…..

ကျွန်တော်…ဆက် ..အသက်ရှင်ရမလဲ… ….

လူကြီးတစ်ယောက်ရဲ ့နှလုံးသား…မှာ…… ငယ်ချစ် ဇနီးကောင်းလေး.မ ရှိမှတော့…………

ငယ်ငယ်ကတည်းက..ပေါင်းခဲ့တဲ ့… ချစ်ဇနီးကောင်းလေး… မရှိ..မှ..တော့…………

ခိုင်ခိုင်မြဲမြဲ… တုတ်နှောင် ရစ်ပတ်ထား ပြိးီးမှ…ဖြုန်းခနဲ..ပြတ်ထွက်…သွားတဲ ့.. သံယောဇဉ်နှောင်ကြိုးတွေ……

အကောင်းအတိုင်း…. ပြန် မဆက်နိုင်မှတော့………….

ကျွန်တော်… အသက် ဆက်ရှင်ဖို ့…. အင်အားမရှိတော့ဘူးမခိုင်….။

အသက်လည်း.ဆက် မရှင်ချင်တော့ဘူး..မခိုင်……

ကျွန်တော်……………..

ကျွန်တော်…..လေ…. ကျွန်တော်……

မခိုင် အနောက်က…

လိုက်ခဲ့ချင်တယ်…….မခိုင်ရယ်……..

++++++++++++++++++++++++++++++++++++++++++++++++++++++++++

သံသရာ စက်ဝိုင်းရဲ ့ တကွေ့ကွေ့ တစ်နေရာရာမှာ..ပြန်ဆုံချင်ပါသေးတယ် မခိုင်………

အခုလို… အဖြစ်ဆိုးမျိုးတွေ…. ထပ် မကြုံရတော့မယ့်… တကွေ ့ကွေ ့မှာ….ပြန်တွေ ့ချင်မိပါရဲ ့..မခိုင်…

++++++++++++++++++++++++++++++++++++++++++++++++++++++++++

မခိုင် … ကျွန်တော့်ဆီ…ပြန်လာမှာလား…………….

ဒါမှမဟုတ်…………

မခိုင်ဆီ… ကျွန်တော်..လိုက် ခဲ့ရမှာလား………….

ကျွန်တော်….

ကျွန်တော်………

မခို်င်ကို…

သံယောဇဉ် ရှိခဲ့တာပါ…. မခိုင်….

ကမန်တော်..ငယ်စဉ်က.. မခိုင် ကို..ချစ်ခဲ့တယ်…..

ဒါပေမယ့်….

အသက် တစ်ရက်ကြီးလာလေ…… မခို်င်ကို ချစ်တယ်..ဆိုတဲ ့ စကားလုံးကို မကြိုက်လေ..ပါပဲ ။

အဲဒီ..ချစ်တယ်..ဆိုတဲ ့…. စကားလုံးလေးက.. မှိန်ဖျော့ သွားပြီး….

သံယောဇဉ်…ဆိုတဲ ့ စကားလုံးလေးက…. တောက်ပ ထင်ရှား… လာပါတယ် မခိုင် ။

ချစ်တယ်..ဆ်ိုတာနဲ ့…

သံယောဇဉ် ရှိတယ်..ဆိုတာ.. မတူပါဘူး.မခိုင်……

သံယောဇဉ် နဲ ့ ချစ်ခြင်းမေတ္တာ
သံယောဇဉ် နဲ ့ ချစ်ခြင်းမေတ္တာ

ချစ်တယ်..ဆိုတာ…..

အမုန်း ဘက်ကို..တစ်ခဏချင်းပြောင်းလဲသွားနိုင်တဲ ့….. မတည်ငြိမ်တဲ ့ အရာပါ ။

သံယောဇဉ်ဆိုတာကတော့…. ဘယ်လိုမှ မပြောင်းလဲ….

ပြောင်းလဲဖို ့.. ခက်ခဲတဲ ့… ပိုတိုးလို ့… ရစ်ပတ် ချည်နှောင်တတ်တဲ ့….. ကြိုးကလေးတစ်ချောင်းပါကွယ်……

အခု…..

အခု….

အဲဒီကြိုးကလေးကို……

ဖြတ် သွားပြီ…..

ဖြတ်သွားပြီမခိုင်……..

ဘယ်သူဖြတ်တဲ ့ကြိုးလဲ… မခိုင်…..။ ကျွန်တော်..သေချာ မဝေခွဲတတ်ပါဘူး ။

တင်းတင်းရင်းရင်း…ခိုင်မြဲသထက် ခိုင်မြဲအောင်…. ချည်နှောင်ထားတဲ ့..ကြိုးကလေး……

အခုတော့…….

ထောင်းခနဲ…. ပြတ်သွားပြီ..မခိုင်ရေ……

+++++++++++++++++++++++++++++++++++++++++++

မခိုင်ရေ…….

ကျွန်တော်… ငို ဦးမယ်နော်……

ငိုပါရစေဦး..မခိုင်ရယ်………..

ဘယ်သူဖြတ်တဲ ့.. ကြိုးလဲ…လို ့….မေး ရင်း….

ငို ရင်း…. လွမ်းရင်း……

ထပ်မေးရင်း….

ထပ် ငိုရင်း…..

ထပ်…လွမ်း ရင်း…….

မခိုင်ရေ………………………………………………………………

……………………………………………………………………

ကျွန်တော်………

ကျွန်တော်…..

ငိုချင်သေးတယ်……………………

ငို…..

ချင်……

.သေး……..

တယ်……….

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်….

အလင်းဆက်

( ရသ ဝတ္ထုတိုလေးတစ်ပုူဒ် ရယ်…ပါ )

17 comments

  • ဟေ့ … ဟေ့ …
    ကျုပ်ကျက်လိဘာကွယ့် …
    နင့်ခိုင်က …
    နာ့ဘဂျီးခိုင် နဲ့ နာ့မာမီခိုင် တို့နဲ့ ငြိနေဒယ် …
    ဒါဗျဲ …. :mrgreen:

  • မိုး မင်းသား

    January 27, 2013 at 12:55 pm

    အလို….မဟာရာဇာရေ…..

    ကျွန်တော် ့ကောင်မလေးကလည်း…ခိုင်ခိုင်မြင် ့မိုရ်ဗျ……

    အလင်းဆက်ကို…တရာဆွဲရင်ကောင်းမလား….

    နာမည်ပြောင်းခိုင်းရင်ကောင်းမလားပဲ…..ဟဲ…ဟဲ

  • kai

    January 27, 2013 at 1:34 pm

    ဆိုတော့…”ခိုင်”ကို..မြန်မာတွေက..
    khaing, Khine, Kai, Khai စသဖြင့် ဘာစံနှုန်းသတ်မှတ်ချက်မှမရှိ.. လုပ်ချင်သလိုလုပ်..ပေါင်းချင်သလိုပေါင်းတယ်..
    အဲဒါတွေထဲက.. အသံထွက်အမှန်ဆုံးတခုခုရှာပြီး.. ကျုပ်က.. Kaiလို့ပေါင်းတယ်..။
    Kai စာလုံးနဲ့.. ထွက်တဲ့.. “ခိုင်”က.. ဂျပန်လိုလည်း ရှိတယ်..။ ချိုင်းနီးစ်လိုလည်းရှိတယ်..။ ဥရောပမှာလည်းရှိတယ်..။ ယူအက်စ်မှာလည်းရှိသဗျ…

    မြန်မာတွေ.. နာမယ်လေးလောက်တော့..ကမ္ဘာတန်းကလူတွေအတွက်.. အသံထွက်မှန်မှန်နဲ့.. စံသတ်မှတ်ချက်လေးထားစေချင်ကြောင်း..
    အလုပ်ဆိုတာ.. လုပ်မှဖြစ်တာမို့.. မိုးပေါ်မျှော်..မိုးနတ်မင်းဆီဆုတောင်း.
    ငုတ်တုတ်ထိုင်.. တရားထိုင်ကျင့်ကြရုံနဲ့.. ဖြစ်ချင်တာတွေ.. လိုချင်တဲ့အရတွေ.. စံနှုန်းတွေ..တိုင်းပြည်တိုးတက်တာတွေ..မိုးပေါ်ကကျပြီး.. ဖြစ်မလာကြောင်း…
    အဲဒါလေး..
    စကားအတင်းစပ်ပြောရင်း..
    =
    ဇတ်လမ်းထဲကမခိုင်ကားတိုက်ပြီးသေရတာဟာ..
    လူတွေအပြစ်ကြောင့်ပါ…
    အစိုးရနဲ့.. သူ့ကိုရွေးထားသူတွေအပြစ်ကြောင့်ပါ..။ စရိုက်တွေးခေါ်မှု.. စိတ်ဓါတ်ရေးရာများကို.. လွှမ်းမိုးချုပ်ကိုင်တဲ့.. ဘာသာရေးနဲ့..သူ့သင်ကြားရသူများရဲ့.. ချို့ယွင်းလိုအပ်ချက်ကြောင့်ပါ..။
    ဘာလို့လဲသိလား..
    တိုးတက်တဲ့နိုင်ငံတွေမှာ.. ကားစီးရင်..ကားမောင်းရင်.. ထိုင်ခုံခါးပါတ်ပါတ်ရတယ်ဗျ..
    အဲဒါတတ်ထားရသမို့.. ကားတိုက်ရင်လူသေသွားတဲ့နှုန်း.. တဝက်လောက်ကျတယ်လို့.. စစ်တမ်း..သုတေသနတွေက ..တွေ့ရသတဲ့လေ..
    အဲဒါတတ်ရအောင်.. အစိုးရက..ဥပဒေထုတ်ရတယ်.. စည်းကမ်းလိုက်နာအောင်.. ရဲတွေကကြပ်မတ်ရတယ်..

    နောက်တခု…
    ကားအမြန်နှုန်းစပိဒ်..။
    သောက်ပြီးမူးပြီးကားမမောင်းဖို့..
    ကားတွေကြံ့ခိုင်မှု ပုံမှန်စစ်ရပြီး..အောင်မှမောင်းခွင့်ရမှု..
    လမ်းတွေ..မီးပွိုင့်တွေ.. စနစ်ကျကောင်းမွန်မှု..
    ကားတိုက်မှုနဲ့..ထိခိုက်ဒဏ်ရာရရင်.. မသေသေးရင်..အရေးပေါ်ဆေးကုသခွင့်.. စတာ..စတာတွေက…
    ကားတိုက်ပြီးဖြစ်တဲ့..လူသေမှုကို.. ၈ဝရာခိုင်နှုန်းလောက်လျှော့နိုင်တယ်ဗျ…

    ဆိုတော့..
    ၂ဝရာနှုန်းထဲမှာ.. မခိုင်..မသေနိုင်… :harr:

    • Foreign Resident

      January 27, 2013 at 2:18 pm

      မြန်မာပြည် က အဘတို့အိမ်မှာ ၊
      အခု ကားတစ်စင်း လဲထားတယ် ။

      အဲဒီ ကား က ( Honda ) ခါးပတ် မပါတ်ရင် ၊
      ဂျပန်လိုလဲ အော်တယ် ။
      တီ တီ တီ တီ လဲ အဆက်မပြတ် မြည်တယ် ။
      အဲဒီတော့ မြန်မာပြည်မှာလဲ အဘ အမြဲ ခါးပါတ် ပါတ်တယ် ။

      တချို့ ခါးပါတ် မပါတ်ရအောင် ၊
      ခါးပါတ်ခေါင်း အတုလေးတွေ ထိုးထားပြီး ၊
      အသံ မအော်အောင် လုပ်ကြတယ် ။

      တော်တော် ဆိုးကြတာပဲ ။

      အဘ တစ်ခါပြောဘူးတယ် ၊
      အဘ မဟေသီ BMW လို ကားအကောင်းစားကြီးကို ၊
      ဘီး တစ်လုံး ပြုတ်ထွက်တဲ့ အထိ တိုက်ပြစ်လိုက်တယ် ။
      ခါးပါတ် ပါတ်တယ် ၊ လေအိတ် ပွင့်တယ် ။
      ပွန်းရာ ရှရာလေး တစ်ခုတောင် မဖြစ်ဖူး ။

    • weiwei

      January 27, 2013 at 5:41 pm

      ကျွန်မကလဲ ခိုင်ကို kai နဲ့စာလုံးပေါင်းပါတယ် ..
      အဲဒါကြောင့် ဂဇက်မှာစာရေးတယ်လို့ သူငယ်ချင်းတွေကိုပြောလိုက်တိုင်း သူကြီးနဲ့ အမြဲမှားကြတယ် … :kwi:

    • မောင့်ကျက်သရေ ဂီ့

      January 28, 2013 at 7:01 am

      သဂျီးတို့ကတော့ …ခိုင်ဋီကာဖွင့်နေပြန်ပီ…
      khine နဲ့ khaing လွဲလို့ စိတ်ဆိုးခံထိတာ သွားသတိရတယ်…
      ဟုတ်တော့ဟုတ်တယ်နော …. စနစ်မကျဘဲ ပေါင်းချင်သလို
      ပေါင်းနေတာတွေက လမ်းတို့နေရာတို့ရှာတဲ့အခါ သိပ်ဒုက္ခရောက်တာ
      အုံးနှောက်ခြောက်ဆြာကြီးပါဗျာ…လုပ်ချင်ရာသာလုပ်ကြပါတော့…
      အိုဘယ့် စာလုံးပေါင်း…..

      • နေဝန်းနီ

        January 28, 2013 at 12:25 pm

        ဘယ်လိုနေရာမှာ ဘယ်လိုပဲ စာလုံးပေါင်းပေါင်း ပေါ့ ဒီရွာထဲမှာ ဒီစာလုံးပေါင်း နဲ့ပဲရေးရမယ်လို့ စည်းကမ်းသတ်မှတ်လိုက်ပါလား ………………။
        မည်သည့်ဥပဒေတွင် မည့်သို့ပင် ပြဌာန်းထားစေကာမူ ဤဥပဒေနှင် ပတ်သက်မှု အလျဉ်းမရှိစေရ ဆိုတဲ့ မြန်မာပြည်က ဥပဒေလိုပေါ့ ဂျာ ……….။

    • ဦး ကျောက်ခဲ

      January 28, 2013 at 7:40 am

      အဟဲ…. သူဂျီးရဲ့ Kai က ယပက်လက်လိုလည်းရှိပါသဗျ….
      မြန်မာလိုပြန်ရင်တော့ “ကြက်” ပါတဲ့ခင်ဗျာ…
      ဆက်ပြောရရင် “ခိုင်” ကတော့ “ဥ” ပါခင်ဗျာ…
      ဆိုတော့…. ကြိုက်သလိုသာ စာလုံးပေါင်းပါလေ…
      :harr:

  • မောင်ပေ

    January 27, 2013 at 4:11 pm

    ကျိတ်လိုက်ဟ
    ဇါတ်လမ်းနဲ ့အရေးအသားကို အားပေးချင်ပေမယ့်
    ငါတို ့ရွာသူ မဗိုက် မခိုင်တစ်ယောက်တော့
    မျက်ခုံးဘယ်လောက်လှုပ်လိုက်လေမလဲ
    သိချင်စမ်းပါဘိ

  • ခင်ခ

    January 27, 2013 at 5:02 pm

    ရွာထဲက မမခိုင်လားလို့ ဝင်ဖတ်လိုက်တာ။
    အတော်ဆိုးတဲ့ ပိုစ့်ပိုင်ရှင်ရယ်။

  • Mobile

    January 27, 2013 at 6:36 pm

    ဖတ်ရင်းနဲ့ ကိုအလင်းဆက်ရဲ့ ဝတ္ထုထဲမှာ မျေားသွားတယ်
    ကိုအလင်းဆက်ရဲ့ အပြင်ကမခိုင် ဆိုတာများရှိသလား ဒဂယ်သေသွားတာလားလို့ထင်မိတယ်
    ဒီဝတ္ထုထဲကလိုမျိုး ကျနော်ရဲ့ မခိုင်ထားလိုက်ပါဒေါ့ဗျာ အပြင်မှာဒါမျိုးသာ ဒဂယ်ဖြစ်သွားလို့ဂဒေါ့
    ကျုပ်တော့ဖြင့် ငိုဘူးရယ် အဖြစ်ရှိရင် အပျက်ရှိရတယ်ဆိုတော့ တရားသဘောအရ
    ဖြစ်ပြီးပျက်သွာတယ်လို့ပဲ မှတ်လိုက်မယ်။ နောက်ထပ်ထပ်ဖြစ်လာမယ့် အခြားတစ်ခုကို
    ထပ်မံဖန်တီးလိုက်မယ် ဏေဒတ်ရင်ဘွမှာအေးစေးလေးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • အလင်းဆက်

    January 27, 2013 at 7:25 pm

    ဟီးဟီး.
    သား ရဲ ့ မခိုင်က…တဂျီး.ခိုင်လည်း.ဟုတ်ဖူး ။
    ရွာသူမမခိုင်ကြီးလည်း.. ဟုတ်ပါဘူး။

    သားရဲ ့စိတ်ကူး စူးကိတ်ထဲက… မခိုင်ပါ ။
    စိတ်ကူး ယဉ်ပြီးရေးထားတဲ ့ ရသ ဝတ္ထုလေးတစ်ပုဒ်ရယ်ပါနော် ။

    ဖတ်ရှု ခံစား..ကြတဲ ့
    ကျွန်တော်..ချစ်သော…
    စာချစ်သူများကို..ကျေးဖူး အထူးတင်ပါတယ်လို ့…..

    ဒီ ဝတ္ထုုလေး..ရေးတဲ ့အချိန်တုန်းက…
    ရင်ထဲမှာ..တကယ့်ကို မွန်းကျပ် ဆို ့နင့်လာလို ့…
    (တကယ့် အဖြစ်လိုလို..ခံစားပြီးရေးတာ..အသက်ပါလွန်းသွားလို ့… )
    ရပ်ထား လိုက်.. ပြန်ရေးလိုက် နဲ ့.. လုပ်လိုက်ရသေးတယ် ။
    တကယ်ပါ ။

  • Mon Kit

    January 28, 2013 at 9:46 am

    ယုံပါ ရင်သို့ တိုးဝှေ့ဆဲပါ ခိုင်!!

  • ရွာသူ jujuma .

    January 28, 2013 at 10:30 am

    မkhine ဆိုလို့ .. မ kai မှတ်တယ် .. မခိုင်ဖြစ်နေတာကိုးး :kwi:

  • Wow

    January 28, 2013 at 10:54 am

    ဒဂျီးဒီနှစ်ထဲအတော်စွံနေတယ်… ဟိုတစ်လောကလည်း ရခိုင်အရေးပြောရင်နဲ့ ဒဂျီးကိုလုဂျ၊ ကရွဲစည်က ဒဂျီးကတော်ဖစ်၊ ဟော အခု တားတားလေး အလက်ဆင်းကပါ မျက်စိကျပြန်ပါရောလား :kwi:

  • ဦးကြောင်ကြီး

    January 28, 2013 at 10:56 am

    မခိုင်
    စက်ပိုင်
    လက်ကိုင်
    ဓာတ်တိုင်
    ဝက်မှိုင်
    ကြက်နိုင်
    သက်လှိုင်
    ဇာက်ခိုင်..။

Leave a Reply