Navitas’ International Education Exhibition

politicalviewJuly 20, 20101min842
မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပပြုလုပ်မည့် Navitas’ International Education Exhibition ကို
၂၀၁ဝ ဇူလိုင်လ (၂၁) ရက် ဗုဒ္ဓပာူးနေ့တွင် ရန်ကုန်သည်ကြီးများပာိုတယ် Myanmar Ballroom တွင်
နံနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ကျင်းပပြုလုပ်မည်ပာု သိရှိရသည်။

အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန် နှင့် ဩစတြေးလျ ကျောင်းများကို တစ်ရက်တည်းတစ်နေရာတည်းတွင်

တစ်စုတစ်ဝေးတည်း တက်ရောက်တွေ့ဆုံမေးမြန်းစုံစမ်း နိုင်စေရန် ရည်ရွယ်၍ Navitas မှစီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

Navitas သည် နိုင်ငံတစ်နိုင်ငံမှ ကျောင်းတစ်ခု မပာုတ်ဘဲ  အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန်၊ ဩစတြေးလျ နှင့်

စင်ကာပူနိုင်ငံများမှ တက္ကသိုလ်များပါဝင်သည့် နိုင်ငံတကာ ပညာရေးကွန်ယက်ကြီး တစ်ခုဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံပညာရေးစနစ်နှင့်အထက်တန်းပညာရေးအဆင့်ခြင်း မတူညီကြသည့် အားလျော်စွာ
ကျောင်းသားများ နိုင်ငံရွှေ့ပြောင်းပညာသင်ကြားရာတွင် အဆင်ပြေလွယ်ကူစေရန် Navitas မှ ၎င်းတို့နှင့်

ချိတ်ဆက်ထားသော တက္ကသိုလ်များတွင် ပေါင်းကူးကောလိပ်များဖွင့်လှစ်ကာ သင်တန်းများပို့ချလျက်ရှိသော
နိုင်ငံတကာကွန်ယက် ကျောင်းကြီးတစ်ခုဖြစ်သည်။

နိုင်ငံစုံပညာရေးပြပွဲနေ့တွင်

– Navitas နှင့် ချိတ်ဆက်ထားသော အမေရိကန်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ ၊
– အင်္ဂလန်တက္ကသိုလ်ကြီး (၆) ခုကို တက်ရောက်သင်ကြားနိုင်မည့် ပညာရေး အခွင့်အလမ်းများ ၊
– ဩစတြေးလျ တက္ကသိုလ်ကြီး (၉)ခုရှိ ဘွဲ့သင်တန်းများကို ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်မည့် ပေါင်းကူးဒီပလိုမာများ ၊
– ဘွဲ့လွန် သင်တန်းများ ဝင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ပောာပြောဆွေးနွေးပေးမည်။

နိုင်ငံစုံပညာရေးပြပွဲသို့ Navitas မှ အဆင့်မြင့်အရာရှိ (၈)ဦးကိုယ်တိုင် လာရောက်ခင်းကျင်းပြသပောာပြောမည်ဖြစ်ပြီး
– အင်္ဂလန်နိုင်ငံသို့ ကျောင်းသားဗီဇာအဆင့်များနှင့် ကျောင်းများကိုအဆင့်လိုက်ရွေးချယ်မှုများ ၊
– ဩစတြေးလျနိုင်ငံမှ အသစ်ထုတ်ပြန်လိုက်သည့် ကျွမ်းကျင်အဆင့်ဘွဲ့ရကျောင်းသားများ နေထိုင်ခွင့် ဗီဇာ
– အမေရိကန် ကျောင်းသားဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များကို ထည့်သွင်း ဆွေးနွေးပေးမည်။

အမေးအဖြေအစီအစဉ်များနှင့် ပညာရေးဆိုင်ရာ ဗီဒီယိုအပိုင်းတိုများကို ထည့်သွင်းပြသပေးသွားမည်။

အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ IELTS (သို့) TOEFL စာမေးပွဲများဖြေဆိုရန် မလိုဘဲ တိုက်ရိုက်သွားရောက်တက်ရောက်
လိုသောကျောင်းသားများအတွက် Navitas English Test ကို စစ်ဆေးပေးသွားမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့်ပညာရေးအထောက်အထားစာရွက်စာတမ်းများကို

ယူဆောင်လာရမည်ဖြစ်ပြီး တစ်ဦးချင်းတွေ့ဆုံ ဆွေးနွေးအကြံပြုချက်များကို ရယူနိုင်မည်ဖြစ်သည်။

ပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် British Council ၊ Myanmar WWW Institute
၊ Popular Bookstore ၊ Technoland နှင့် Blue Mountain တို့မှလည်း လာရောက်လေ့လာသူများကို
အထူးအစီအစဉ်များဖြင့် လာရောက်ပံ့ပိုးပေးမည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တရားဝင်အသိအမှတ်ပြု နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ကုမ္ပဏီကြီး
ဖြစ်သည့် AT&S Co., Ltd. အဆောင် (၅) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်(ခ်) ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်မြို့ ။
ဖုန်း – ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ဝ၉-၅၀-၆၂၁၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကျောင်းများမှ ပြသမည့် Presentation အချိန်များကို ပွဲရက်၌ ပြပွဲခန်းမ၏ ဝင်ပေါက်တွင် ဖော်ပြထားမည်။

2 comments

  • timothy

    July 20, 2010 at 3:14 pm

    For Burmese people who were denied education opportunities by military Junta, is it a good news? Can Navitas international arrange scholarship programs for poor students with bright education capabilities to be able to shine their future in dignified human manners? Or is this exhibition aiming to scoop moneys from Junta`s beloved children. The Junta leaders and followers like to get their children the first world education. They had successfully tried several tricks for their kids to gain entry in several universities in the West. Whatever sanction the West place to punish the Junta, the crooks found out the dirty tricks to by-pass the sanctions. Now the news is Bravo for Junta and cronies. The university can charge 3 to 4 times the resident tuition fees to overseas students. For most of the cash strapped universities, it is the big market to sort out their budget deficit. It is the same story as the oil/ gas companies` successful ventures in Burma? The selfish capitalists and Junta reap benefit from this illicit deals. Now the universities and Junta will celebrate the win-win situations. For poor people, I am sure there will be no chance to gain from this exhibition. Navitas must make sure that business ethics and accountability are observed at all times. The action from the able people will come to haunt them if we find out irregularities.

  • fatty

    July 20, 2010 at 3:31 pm

    ……………In the near future………..I have a plan to arrange exhibition
    ……………at the TRADERS HOTEL………….I already reserved BALL ROOM
    ………….to discuss …MONASTERY EDUCATION………
    …………….Everybody can participate…………enrollment fee is free.

    remark : just a joke

Leave a Reply