၁-၁-၂၀၁၃ နှစ်သစ်မှာရိုက်ခဲ ့တဲ ့အမှတ်တရ ပုံရိပ်များ

IrisJanuary 27, 20134min16622

 

 

၂၀၁၂ နယူးရီးယားညမှာ သူငယ်ချင်းတွေနဲ ့Firework သွားကြည့်မယ်ဆိုပြီး ချိန်းထားပေမဲ ့ညနေရောက်တော့ မိုးကသည်းသည်းမည်းမည်း ရွာပါလေရော. အဲဒါနဲ ့အိမ်မှာပဲမိုးအေးအေးနဲ ့ ရုပ်ရှင်ကြည့် လက်ဖက်သုပ်စားရင်း မိုးတိတ်မှာကို စောင့်ရင်း စောစောအိပ်ပျော်သွားခဲ ့တယ်. Firework လဲမကြည့်လိုက်ရဘူး..”Happy New Year”လည်းမအော်လိုက်ရဘူး.. ကျမ က Firework ကြည့်ရတာကို အရမ်းနှစ်သက်ပါတယ်. ဒါပေမဲ့ ဒီနှစ်တော့လက်လွတ်လိုက်ရပြီ. စောစောအိပ်ရာဝင်ထားတဲ့အတွက် မနက်မှာလည်းအစောကြီးနိုးနေခဲ ့တယ်. ဒီတော့ ထုံးစံအတိုင်း ကျမ Jogging လုပ်နေကျနေရာ “Chinese Garden” ထဲကို Camera ဆွဲပြီး ထွက်လာခဲ့တယ်….နည်းနည်းလောက်ပြေးလိုက် ဓာတ်ပုံရိုက်လိုက်နဲ ့ နှုစ်သစ်၂၀၁၃ ကိုကြိုဆိုလိုက်ပါတယ်.

DSC03377

အဲဒါကရေချို တွေပါ. မိုးရွာတဲ ့အခါမှာ ရေထုတ်မြောင်းတွေကတဆင့် အမှိုက်စစ်ဇကာတွေ ခံပြီး ရေတွေ ဒီကန်ထဲကိုစီးဆင်းစေပြီး လှောင်ထားပါတယ်. ကန်ကိုအမြဲပြုပြင်နေတာလဲတွေ ့မိပါတယ်.

DSC03378

DSC03203

Camera ကိုမစစ်ပဲရိုက်လိုက်တဲ့အတွက် နေ ့စွဲကမှားနေတယ်.  ၁.၁.၂၀၁၃ ဖြစ်ရမှာ.

DSC03211

အင်း နေ ့စွဲမှန်သွားပြီ. လှပတဲ ့တံတားလေးနဲ ့ဂျပန်စတိုင်အိမ်လေး

DSC03223

DSC03229

DSC03236 DSC03246 DSC03277 DSC03286 DSC03299 DSC03303 DSC03334 DSC03366

 

ဝန်ခံချက်- ကိုယ်တိုင်ရိုက်ထားသောပုံများဖြစ်ပါသည်.

 

22 comments

  • Foreign Resident

    January 27, 2013 at 11:37 am

    Le Le ရေ ။

    အဘ တို့ Sydney မှာလည်း Chinese Garden ရှိတယ်ကွယ့် ။
    အဘ တို့ Sydney နှင့် ညီအမ မြို့တော် ( Sister City ) ခံထားတဲ့ ၊
    တရုတ် မြို့ တစ်မြို့က စရိတ်ခံ ဆောက်ပေးထားတာကွယ့် ။
    ( စရိတ်ခံ ဆောက်ပေးတဲ့ တရုတ် မြို့ နာမည်တော့ မေ့ သွားပြီ )

    Le Le တို့မြို့က Chinese Garden ကရော ၊
    ဘယ်သူ စရိတ်ခံ ဆောက်ပေးထားတာလဲ ။

    • lele

      January 27, 2013 at 12:31 pm

      အဘ FR ရေ , ကျမက အဘရဲ ့ စာဖတ်ပရိတ်သတ် တစ်ဦးပါ..အဘရဲ ့ခရီးသွားပို ့တွေ အကုန်နီးပါးဖတ်ပါတယ်.ပြီးတော့ Facebook မှာလည်း share ပါတယ်. အဘ FR ခွင့်ပြုမယ်လို ့လည်းယူဆပါတယ်. အဘရေ စင်္ကာပူက Government က စရိတ်ကျခံပေးတယ်လို ့ကျမထင်ပါတယ်.

  • Mobile

    January 27, 2013 at 4:00 pm

    ရှု့ခင်းလေးတွေက လှတယ်ဗျ။
    ရောက်ဖူးချင်တယ် ဘယ်မြို့မှာရှိတာလဲ ဘယ်နေရာမှရှိတယ်ဆိုတာလေးပြောပါလား။
    ပုံလေးတွေကလှတယ် ဒါပေမယ့် ကျုပ်က ကွန်ပျူတာမှာ ဝေါးပေပါလုပ်ဖို့ ကြိုတ်တဲ့ပုံတွေ့ရင်
    အမြဲးကူးယူလေ့ရှိတယ် အခုပုံလေးတွေက နည်းနည်းသေးနေလို့ အလုပ်မဖြစ်ဖူးဗျ။
    အဆင်ပြေမယ်ဆိုရင် နောက်များမှာ ပုံကြီးတာလေးတွေကိုတင်ပေပါလားခင်ဗျ။
    ဒါကကျုပ်ဖြစ်စေချင်တဲ့ ဆန္ဒကိုပြောဒါဗါ။

    • lele

      January 27, 2013 at 7:33 pm

      Mobile ရေ ကျမက Medium size ကိုရွေးလိုက်လို ့ပါ. ကျေးဇူးပါ ရှု့ခင်းလေးတွေ လှတယ်ဆိုလို ့.
      အဲဒါက Singapore က Chinese Garden ပါ. တော်တော်လေး Jogging လုပ်လို ့ကောင်းပြီး Camera Men တော်တော်များများ လည်းတွေ ့မိပါရဲ ့

  • မောင်ပေ

    January 27, 2013 at 6:53 pm

    မိန်းမငယ် မိန်းမလတ် ( ငယ်၊လတ် = အရွယ် ) တွေဟာ နှစ်သစ်ကူးပြီး နောက်တစ်ရက် ၊ နှစ်ဆန်းတစ်ရက်နေ ့မှာ မနက်စောစော တောင်တက်လေ့ရှိတာ ၊ ပန်းခြံလိုနေရာမျိုးကို သွားတတ်တာ ၊ ၆၀%လောက်ရှိတယ်လို ့ ၊ လီလီလေး ပို ့စ်ကို ဝင်ကြည့်ပြီး ကောက်ချက်ချမိသကွဲ ့
    *******
    ဝန်ခံချက် = ကိုယ်တိုင်မန် ့ခြင်း ဖြစ်ပါသီ
    ဟီဟိ

  • lele

    January 27, 2013 at 7:39 pm

    မောင်ပေရေ. ကျမ တော့ အဲဒီ ပန်းခြံမှာ ဦးလေးကြီးတွေ အဒေါ်ကြီးတွေ လေးကျင့်ခန်းလုပ်နေ အများစုပဲလို ့ထင်တယ်

  • အွန် ….
    လက်ဖက်သုပ် စားပြီး စောစောအိပ်ဒယ်ဒဲ့ …
    ဘိုဂျီးဒုံး …. :mrgreen:

    ပုံလေးတွေကို အားပေးတွားဘာဒယ်ဗျို့ …
    အပေါ်ဂ မောင်ပေ ဆိုဒဲ့ လူဂျီးဂ ဘူးဂျီးဘာဗျို့ …

    • lele

      January 27, 2013 at 8:10 pm

      ဟုတ်သားပဲ အံစာတုံး ပြောတာ ဂလိုလည်းဖြစ်တတ်ပါတယ်… 🙂

  • ခိုင်ဇာ

    January 28, 2013 at 8:15 am

    ကျန်း။ ကျန်း

    သူများတွေ နှစ်သစ်ကူးကို စောစောထပြီး Jogging တဲ့။ :harr:

    ဓာတ်ပုံကောင်းကောင်းလေးရလိုက်သေး။ ကိုယ်က အဲ့ချိန် ဟန်းအိုဗာ။ အပေါင်းအသင်းမကောင်းတာပါ လေ။ :mrgreen:
    အဲ့ဒီ က Chinese Garden ကပ်ကျော် ။
    နီးလို့ မရောက်ဖူးဘူး။

    • lele

      January 28, 2013 at 8:52 pm

      ဟီး…တခါတလေ တစ်ယောက်တည်းသွားရမှာပြင်းရင်..အခန်းဖော်တွေကို ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး ဖျားယောင်းပြီးခေါ်သွားတတ်သေးတယ်.. 🙂

    • မောင့်ကျက်သရေ ဂီ့

      January 29, 2013 at 4:25 am

      ကျန်းးးး
      ဟန်အိုဗာဆိုပဲ.
      မောနင်းပက် ပြန်ဖြေရင်းမန့်တွားပါသီ
      ဂေ့.

      • ခိုင်ဇာ

        January 29, 2013 at 11:44 pm

        အဲ ဂ လို
        အပေါင်းအသင်းမျိုးတွေပေါ့။

        မင်းသား။ မင်းသားနဲ့ မထင်နဲ့တော်ရေ။

        မင်းသားခေါင်းစွပ်ကြီးနဲ့မို့။

        :harr:

        • မောင့်ကျက်သရေ ဂီ့

          January 30, 2013 at 5:57 am

          အစကတော့ တူပဲ ဂျိမ်းစ်ဒင်းနဲ့ တူတယ်ရှို.

        • lele

          January 30, 2013 at 6:33 pm

          ွှအင်း…ခိုင်ဇာရေ…အခုတော့ မုတ်ဆိတ်ကြီး စွပ်ထားလေရဲ ့ 🙂

  • ဦးကြောင်ကြီး

    January 28, 2013 at 9:13 am

    လီလီဆိုတော့ တရုတ်မလေးပေါ့နော်၊ ဦးကြောင်လည်း တရုတ်ကြီးပါပဲ။ ဝေါ်အိုက်လီ 😳
    ခြစ်ပါရစေ
    လီလီရေ
    ဦးကြောင်
    အနားမှာနေ
    ရေလယ်ခေါင်
    သင်္ဘောဆိုက်
    ကြောင်ကြီး
    ကြာပန်းနှိုက်..။

    • lele

      January 28, 2013 at 8:59 pm

      ဦးကြောင်ရေ ကျမက မျိုးမစစ်ပါ. ဒိုဘာမင် လဲဟုတ်ဘူး တယ်ရီယာလဲ ဟုတ်ဘူး.. ဒါပေမဲ့ ကျမက သူကြီးရဲ ့ စကားတခွန်းကိုလက်ကိုင်ထားတယ်. “All human are equality. ” cats are not included.. ဟီး ဟီး

  • ဦး ကျောက်ခဲ

    January 28, 2013 at 9:27 am

    အား ဟိ… ကျုပ်က PARC VISTA မှာနေခဲ့တာဆိုတော့ အိမ်နားက ပန်းခြံလေးကို အလွမ်းသား….
    အဲသည်မှာ အတွဲတွေက ပွဲကြမ်းမှကြမ်း ဆိုတော့….
    ပြေးတာလေးရပ်လို့ မငမ်းခဲ့ဘူးလားဟင်….
    :harr:

    • lele

      January 28, 2013 at 9:06 pm

      အာ ဦးကျောက် အထင်လွဲနေတာ…Camera Men တွေအများကြီးရယ်. ပြီးတော့သူတို ့ဘာသာအေးအေးဆေးဆေး အနားယူတာ မနှောက်ယှက်ချင်ပါဘူး. အချိန်လဲမပေးနိုင်ပါဘူး..ရှားရှားပါးပါးကိုယ်.အချိန်လေးကို.

  • Ma Ei

    January 28, 2013 at 12:13 pm

    ရှုခင်းလေးတွေ လှတယ်နော်…
    နောက်ထပ် ပုံလေးတွေလည်း စောင့်နေပါဦးမယ်…

  • lele

    January 28, 2013 at 9:08 pm

    ကျေးဇူးပါ မအိ..အားပေးတဲ့သူရှိတော့ အားရှိသွားပြီ..နှောက်ယှက်ဖို ့. 🙂

  • kai

    January 29, 2013 at 2:30 am

    နှစ်သစ်မှာ.. တချို့က..ကောင့်ဒေါင်းကိုနှစ်သက်ကြပြီး.. တချို့ကနှစ်သစ်ရဲ့မနက်ဦးနေထွက်ဆည်းဆာကို..မျှော်ချင်ကြတယ်..
    တချို့ကတော့.. နှစ်ဟောင်းရဲ့နောက်ဆုံးနေဝင်ဆည်းဆာကို.. ကြည့်တာပဲ..။

    လီမမက.. လူမျိုးမခွဲ..လူသားတန်းတူမှုအလေးထားတဲ့အတွက်.. နှစ်ကူးတွေရောလုပ်ပါလား..
    ချိုင်းနီးစ်ရော..။ မြန်မာရော..။ အင်္ဂလိပ်ရော..။ ကချင်ကရင်ကယားချင်း နယူးရီးယားတွေရော..

    ပျော်စရာ..။ :kwi:

    • lele

      January 30, 2013 at 6:30 pm

      သူကြီး ရေ.. အဲဒီ စကားလုံး က ကိုယ့်ကိုကိုယ် အားပေးတဲ ့စကားလုံးပါ. အဲဒီ အတွက် သူကြီးကိုကျေးဇူးအများကြီးတင်ပါတယ်…….
      ဧရာဝတီသူ ကျမ မှာ ကရင်သူငယ်ချင်းတွေအများကြီးရှိခဲ့တာပေါ့. ကရင်နှစ်သစ်ကူးမှာ စားရတဲ့ ကောက်ညှင်းထုတ်ကြိုးပြတ်ကို လွမ်းမိတယ်. ကချင်သူငယ်ချင်းလဲရှိတယ်.ရှမ်း. ရခိုင်.ချင်း. မွန်….ကယားတော့မရှိဘူးရယ်.

Leave a Reply