ညအိမ်အပြန် ကော်ဖီမစ်ကုန်လို့ mini market တစ်ခုမှာဝင်ဝယ်ဖို့သွားလိုက်တယ် ၀ယ်ပြီးငွေရှင်းချိန်မှာ ပြသနာ တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ် ဖုန်းငွေဖြည့်ကဒ်ဝေယ်တဲ့ လူတစ်ယောက်က 10000 တန်ကဒ်ကိုဝယ်ပြီးပြီးခြင်းမှာပဲ ခဲ့ဖြစ်ပြီး ဖုန်းထဲကိုငွေဖြည့်တယ် *123*?#call ဆိုပြီးရိုက်ထည့်တယ် သူ့ဖုန်းထဲငွေ 10000 မ၀င်သွားဘူးပါဘူး အဲဒါနဲ့ နောက်တစ်ကဒ်ပေးရင်ပေး မပေးရင်လည်း ငွေပြန်အမ်းပါပေါ့ ဆိုင်ရှင်အဒေါ်ကလည်း ဒါမျိုး တစ်ခါမှမဖြစ်ဖူးပါဘူးဆိုပြီး အဲဒီ security code ကိုသူ့ဖုန်းမှာရိုက်ထည့်ကြည့်သတဲ့ ဒါလည်းသူ့ဖုန်းထဲကို ငွေမ၀င်ဘူးဖြစ်နေတယ် မှတ်မှတ်ရရ  လက်ကျန်ငွေ 7777 ပဲရှိတာကိုတွေ့လိုက်ရတယ် ထို့အတူ ဘေးမှာရှိတဲ့ မိန်းကလေးကလည်း ဆိုင်ရှင်ပဲလားတော့မသိဘူး သူ့ဖုန်းကို ၄င်းအတိုင်းထည့်ကြည့်ပြန်တယ် မရပါဘူး၊ ဒါနဲ့ ၀ယ်တဲ့လူက အဲဒီကဒ်ကို ၀ယ်တဲ့ဆိုင်မှာ ပြန်လည်းလိုက်ပါတဲ့ MPT clean လုပ်လိုက်ပါတဲ့ အဲဒါကိုတော့ ကျတော်နားမလည်ဘူး ပြန်လည်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘယ်သူမှ ခဲခြစ်ပြီး ပြန်လည်းမပေးနိုင်လောက်ပါဘူး ခဲခြစ်ပြီးနောက်ပိုင်း စောရီးပါ ဆိုင်ရှင်ကလည်း စမ်းစစ်ကြည့်ပြီး ၀ယ်ရတာမှမဟုတ်တာလေ။ ဆိုင်ရှင်အဒေါ်ကလည်း ဖုန်းကို ကောင်းကောင်းမကိုင်တက် နာမလည်ပါဘူးတဲ့ 10000 ရင်းမှ 250ကျပ်မြတ်တာပါလို့ပြောတယ် အဲဒီမှာ ပါလေသူကြီး Blogger နိုင်နိုင် ကျတော်က ပွကြီးဝင်လုပ်လေပြီ :D ဆိုင်ပိုင်ရှင်ကိုပြောပြီး သူ့ဖုန်းကိုယူပြီး ထည့်ကြည့်ပေးလိုက်ပါတယ် ငွေ 10000 ကျပ်ဝင်သွားလေသတည်း ဖြစ်ပုံက 7 ဆိုတဲ့ဂဏန်းကို ၂ ဆိုပြီး ရိုက်ထည့်နေလို့ပါ ခဲကိုလည်း သေချာဖြစ်မကြည့်ကြဘူးလေ သုံးယောက်လုံက အဲလိုအမှားကြီးပဲရိုက်တာကိုး ခဲကိုသေချာခြစ်ပါ သေချာမှန်အောင်ရိုက်ထည့်ပြီး အဆင်ပြေကြပါစေဗျာ… နိုင်နိုင် www.royalcherry.blogspot.com

About နိုင်နိုင်

life visitor has written 7 post in this Website..

ကွန်ပျူတာနဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်တယ်။ဓါတ်ပုံရိုက်ဝါသနာပါတယ် တက်သလောက်မှတ်သလောက်နဲ့ webite တစ်ခုရေးတယ်။ကြိုက်တာတွေ့ရင် ရှဲတယ် စိတ်ကူးတည့်ရင်ရေးတယ် အဲဒါ ပေါက်ကရ 60 ကျွန်တော် နိုင်နိုင်ပါပဲဗျာ...။