နတ်ဋီကာ

ဦးသုJanuary 27, 20131min1406

နတ်ဟူသည်ကား ဘုမ္မစိုးနတ် နှင့် အာကာသစိုးနတ်ဟူ၍နှစ်မျိုးရှိ၏။ ထိုနှစ်ပါးတို့တွင် လူတို့တည်ရာမြေ၌ ဗိမာန်ဖြင့်သော်လည်းကောင်း  သစ်ပင်တောတောင် လှိုဏ် စသည်၌သော်လည်းကောင်း နေသော သာတာဂိရိနတ် ၊ ပရာမေသုရာနတ် ၊ အာဠာဝကနတ် စသည်တို့သည် ဘုမ္မစိုးနတ် မည်ကုန်၏။ ထိုနတ်မျိုးကိုပင် သစ်ပင်ဗိမာန်၌ နေသည်ကိုအစွဲပြု၍ ရုက္ခစိုးဟုလည်းခေါ်သည်။

အထက်နတ်ပြည်ခြောက်ထပ်၌နေသော နတ်တို့ကို အာကာသစိုးနတ် ဟုမည်၏။ ထိုအာကာသစိုးနတ်တို့တွင် စာတုမဟာရာဇ်ပြည် နှင့် တာဝတိ ံသာပြည်ဟူ၍ နှစ်မျိုးထပ်ကွဲသည်။ မြင်းမိုရ်တောင်၏ ပဉ္စမအာလိန်အပြင်၌နေသည်ကို စတုမာရာဇ်နတ်ဟုခေါ်သည်။ (မှတ်ချက်-အင်းစိန်အာလိန်ငါးဆင့်နှင့် ဘာမှမဆိုင်ပါ) ။ မြင်းမိုရ်တောင်ထိပ် ၌ နေသောတာဝတိ ံသာနတ်သည် ပဗ္ဗတဌက နတ်ဟုလည်းခေါ်၏။ ထိုနတ်တို့နှင့်တပြင်တည်း ကောင်းကင် ထက်ဝန်းကျင်မှ စကြဝဠာထိတည်ရှိ နတ်တို့ကို အာကာသဌနတ် ဟုခေါ်သည် ။ ထိုကြောင့် မြေ၌ရှိသောနတ်တို့အားလုံးသည် ဘုမ္မစိုး ၊ ကောင်းကင် ၌ ရှိသောနတ်တို့သည်ကား အာကာသစိုး နတ် ဟူ၍ဖြစ်လေ၏။

ထိုနတ်တို့တွင် မြေ၌နေသော ဘုမ္မစိုး ရုက္ခစိုး နတ်တို့မှာ လူတို့၏အသွင်သဏ္ဌာန် နှင့်မခြား ဆံ ၊ အမွှေး ၊ ခြေသည်း ၊ လက်သည်း ၊ သွား ရှိကြ၏ ။ အချို့နတ်သည်ကြောက်မက်ဖွယ် အလုံးအရပ် သဏ္ဌာန်ရှိ၏။ အချို့သည် လူပမာဏလောက်ရှိသည်။ ကမ္မဇိဒ္ဓိတန်ခိုးရှိသောကြောင့် မိမိတို့ ကို မြင်စေလိုမှသာ သူတစ်ပါးမြင်ရလေသည်။

အထက် စတုမဟာရာဇ် တာဝတိ ံသာ စသောနတ်တို့ကား ဥပပတ်ပဋိသန္ဓေ သာနေသည်။ အလွန်နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာရှိသည်။ ကိုယ်ခန္ဓာသည် ဆယ်တောင် ၊ အတောင်နှစ်ဆယ် ၊ အတောင်သုံးဆယ် ခန့်ပင်ရှိသည်။ ရှုချင်စဖွယ်တင့်တယ်သော အဆင်းရှိသည်။ ထွန်းလင်းတောက်ပသော ကိုယ်ရောင်တန်ဆာရောင် ဗိမာန်ရောင်ရှိသည်။ လူတို့၏ အသွင်ကဲ့ သို့ ဆံ ၊ အမွှေး ၊ ခြေသည်း ၊ လက်သည်း ၊ သွားတို့ရှိကုန်၏။ အရောင်အဆင်းသည် ဖြူသောအဆင်း ၊ ရွှေသောအဆင်း ၊ ပြာလဲ့အဆင်း ၊ ခိုခြေအဆင်း စသဖြင့် အမျိုးမျိုးရှိကြကုန်၏။ နတ်ယောက်ျားတို့မှာ မုတ်ဆိတ်ကျင်စွယ် ရောက်ခြင်းစသော ပုရိသ အာကပ္ပနှင့်ပြည့်စုံကုန်၏။ နတ်မိန်းမတို့မှာလည်း ဆံထိုး ၊ ဆံစည်း ၊ စုလည်း ၊ မြိတ်လွတ် စသည်ဖြင့် ဣတိ္ထယ အာကပ္ပ နှင့် ပြည့်စုံ၏။ ထိုနတ်တို့သည် သားသမီးကိုတောင့်တလျှင် ရင်ခွင်ထက်၌အလိုအလျှောက်ဖြစ်လေ၏။ ကြင်ဘက် ဇနီးကို တောင့်တလျှင် အိပ်ရာပလ္လင်ထက်၌ အလိုအလျှောက်ဖြစ်လေ၏။ ၎င်းနတ်တို့၏ ဗိမာန်အကြား၌ အခြားဗိမာန်တစ်ခုဖြစ်လျှင် သူရသင့်ငါရသင့်ဟူ၍ ငြင်းခုန်ကြ၏။ ထိုအခါသိကြားမင်းက ထိုဗိမာန်နှင့် အနီးဆုံးသူအား ပေး၏။ အလယ်၌ဖြစ်သော သိကြားမင်းသိမ်း၏။  နတ်သမီးတို့ သည် နတ်သက်တစ်လျှောက် ဆယ့်ခြောက်နှစ်သမီးကဲ့သို့ အရွယ်ရှိပြီး နတ်သားတို့သည် အသက်နှစ်ဆယ်အရွယ်အတိုင်းသာ နတ်သက်တစ်လျှောက်နေရလေ၏။

စာကြွင်း- အထက်ပါ စာများကို အကျွန်ုပ်ရေးသားနေစဉ် အချိန်အတွင်းမှာပင် နတ်ပြည်မှ သတင်းတစ်ခုကို ဖေ့ဘွတ် မက်ဆေ့ဂျာ မှ ပေးပို့သည်မှာ (ဦးမာဃ သည် ဂဇက် ကွန်ဖရင့်တွင် ဂဇက်ရွာသူများအား ငမ်းကြောဆွဲ ဖွန်အကြီးအကျယ်ကြောင်ရာမှတဆင့် အနိစ္စသဘောဖြင့် နတ်သက်ကြွေသွားပြီးဖြစ်ကြောင်း) မက်ဆေ့ ပေးပို့လိုက်လေသည်။

(အောက်ကနေဝင်မန့်မှာစိုးလို့ ကြိုပြီးတဂိုးသွင်းထားတာ မှတ်ကရော)

6 comments

  • Mobile

    January 27, 2013 at 6:24 pm

    ဦးမာဂရေ ရုပ်ဂဆိုး နတ်နဲ့ပတ်သတ်လို့ မရှင်းတာလေးဒွေမေးခွင့်ပြုပါ။
    ရုပ်ဂဆိုးနတ်ဆိုတာက ဘယ်အပင်တွေပေါ်မှာ အဓီကအားဖြင့် နေထိုင်ပါသလဲခည။
    ရုပ်ဂဆိုး နတ်ဆိုတာက ဘယ်အသက်အရွယ်တွေ ရှိကြတာလဲခည။
    အသက်ဘယ်လောက်ထိရှည်ပါသလဲခည။
    ရုပ်ဂဆိုး နတ်တွေမှာ သွားလည်းပါဒယ်ဆိုတော့ သွားဘယ်နှချောင်း ရှိကြပါသည်လဲခည။
    ကျုပ်လည်းနတ်တွေထဲက ရုပ်ဂဆိုး နတ်ကိုတော့ဖြင့် မြင်ဖူးတယ်။
    သီချင်းဂွေကြည့်နေဒါ တစ်ဝက်လောက်မှာ မင်းတောင်းတလွန်းလို့ ငါကိုယ်ထင်ပြရတာဆိုပြီး
    မြင်ဖူးလိုက်တာ။
    ဦးမာဂ နတ်သတ်ကြွေပြီးတော့ ဘယ်ငရဲ အဲ့မှားသွားလို့ ဘယ်ဘုံကို ပြန်ရောက်မှာတဲလဲဗျ။
    :harr:

    • Mobile

      January 27, 2013 at 9:25 pm

      အူးမာဂနဲ့မှားမယ်လို့ပြောထားတဲ့စာကြောင့်ပိုရှုပ်သွားတယ် ညနေကွန်မန်းပေးပြီး
      ကတည်းက ဒီပိုစ်ကိုအူးမာဂရေးတယ်လို့ပဲထင်နေတာ အခုမှ ကိုသု60ရေးတယ်လို့သိတယ်
      အချိန်မရတဲ့ကြားက အပြေးအလွှားလေး ရွာထဲပြေးဝင်လာပြီး အပြေးပြန်ထွက်နေရတဲ့
      အတွက် မှားယွင်းသွားမှုကို တောင်းပန်အပ်ပါကြောင်းးးးးးးးးးးးးးးးးးးးး

  • အော် .. အော် …
    ဥမာဃ ဆိုဒဲ့ တစ်ယောက် …
    လူ့ပြည်ရောက်လာတာ ဒါ့ဂျောင့်ဂိုးးး
    ဘာငြင်းချင်ဒေးလဲ ဥမာဃ … :mrgreen:

    ဒါ့ထက် … ကြုံတုံး တစ်ခု ပြောသွားရအုံးမယ် …
    ကျုပ်က ဗြဟ္မာ ဗျ ….. နော့ ….
    နတ် ဟုတ်ဘူး …
    နတ်ဂေါ ၊ သဂျားရော ကျုပ်ထက် နိမ့်ဒယ် .. ငှဲ .. ငှဲ … :mrgreen:
    (ဆော်စရာ ရှိတုန်း ဆော်ထားမှ)

  • Mr. MarGa

    January 28, 2013 at 8:51 am

    အဟမ်း အဟမ်း
    လာ ဖြေရှင်းတာပါ
    အပေါ်က ပါတဲ့ သတင်းဟာ အမှားဖြစ်ပါတယ်
    ဦးမာဃ ခမျာ ဒီတစ်ပတ်အတွင်းမှာ ဟိုုပါ ဒီပါ ဖြစ်နေတာကြောင့်
    ရွာထဲက နည်းနည်း ပျောက်သွားခြင်းသာ ဖြစ်ပါတယ် လို့

  • နေဝန်းနီ

    January 28, 2013 at 1:17 pm

    ဗုဒ္ဓဘာသာတွေ ယုံကြည်ကြတာက – ဆန်းလွင်

    http://www.mediafire.com/?7mqr6cm7f5u4vrh
    ၃ရ မင်း – ဦးဖိုးကျား

    http://www.mediafire.com/?y1iqxek4a44pxg3
    ၃ရ မင်းနှင့် နတ်မျိုးစုံ – ဦးကံမင်း

    http://www.mediafire.com/?gcsup2jjd86kqli
    အဲဒါ နတ်တွေအကြောင်းရေးထားတဲ့စာအုပ်တွေပဲ ဒေါင်းကြည့်လိုက်ပါဦး

  • kai

    January 28, 2013 at 2:07 pm

    အဝတ်မဝတ်ကြတဲ့..ကိုယ်တုံးလုံးတွေလားဟင်င်.
    ဝတ်ထားလည်း.. နတ်မျက်စိနဲ့ဖေါက်မြင်ကြမှာဆိုတော့.. လိုမယ်တော့မထင်..

    နတ်သမီးတွေ.. ရှက်ရှက်.. :kwi:

Leave a Reply