အားလုံးပဲ မောနင်းဗျို့
နှုတ်ဆက်ပြီးအိပ်တော့မှာမို့ ဒီနေ့အဖို့ စိတ်ဝင်စားစရာကောင်းနိုင်မယ့် ခေါင်းစဉ်လေးတစ်ခု ပေးခဲ့ချင်တယ်

ပေါက်ဖော်(သို့) ဗိုက်ကလေး ဘယ်ရောက်နေသလဲ သိချင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့က လူတစ်ယောက် ကမ္ဘာပျက်သွားတယ်ဆိုတာ ရွာထဲမှာ သတင်းကြားလိုက်မိတယ်။
ဒီလောက်ရွာထဲမှာ သောင်းကျန်းနေတဲ့သူ ပျောက်နေတာတော့ ဘယ်သူမှ အဖက်လုပ်မေးကြတာမတွေ့လို့ သေချာပေါက် ကိုပေါက်ဖော်ပဲလို့ သိနေလို့ သတင်းမေးလိုက်ပါတယ်။ တစ်ခြားသူတွေတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမသိပေမယ့် သူပျောက်နေတာတော့ သတိထားမိပါတယ်။

ဘပုဆိုရင်တော့ ချီးပန်းရင်း ဘ၀ပြောင်းသွားသလိုလို၊
အူးကြောင်ဆိုရင်တော့ ဘူးမောင်လို့ သိထားသမို့ ဘယ်သူကများ မခံနိုင်လို့ အပြတ်ရှင်းသွားသလိုလို၊
ကိုကမ်းဆိုရင်တော့ သူ့နံရိုးလေး သူများအရက်နဲ့ မြည်းသွားလို့ ဘ၀ချင်းလဲသွားသလိုလို၊
အီးတုန်းဆိုရင်တော့ သူ့ကိုကိုနဲ့ အဆင်မပြေတုန်း အရက်မူးပြီး ဆေးရုံရောက်သွားသလိုလို၊
အေးဝတီကြီးဆိုရင်တော့ နောက်ကွယ်က ဘယ်သူလဲဆိုတာသိသွားလို့ ကိုစံလှကြီးတို့၊ ကိုတိမ်မည်းတို့ကပဲ အပျောက်ရှင်းလိုက်သလိုလို၊
ကိုပေဆိုရင်တော့ သူ့ပွဲကြိုတွေကြောင့် ဘ၀ပျက်သွားသူတွေက ပြန်ပေးဆွဲသွားသယောင်ယောင်၊
အဘဖောဆိုရင်တော့ အဆဲခံချင်လို့ရေးနေတာ မဆဲချင်ကြတော့လို့ ဘာပဲဖြစ်သွားသယောင်ယောင်၊
ကိုပေါက် (အူးပေါက်) ဆိုလျင်တော့ ချောင်ကြိုချောင်ကြား တစ်နေရာရာမှာ ပုံသွားရိုက်နေသယောင်ယောင်၊
ဆွိဆိုလျင်တော့ ဒီတစ်သက်ယောကျာ်းမရမယ့်တူတူ မယ်သီလရှင်ပဲ ၀တ်သွားသယောင်ယောင်၊
နူးဘာဂီကတော့ ပြောမနေတော့ဘူး၊ သူ့အကြောင်းနဲ့သူ
ချာတူးလန်ဆိုလျင်လည်း သူ့လောင်တော်မင်နဲ့ပဲ ဟန်းနီးမွန်းနေသယောင်ယောင်၊
… ဆိုလျင်လည်း… နေသယောင်ယောင်
…. ဆိုလျင်လည်း …. နေသယောင်ယောင်

ရှိစေတော့..
လိုရင်းကတော့ ရွာအချစ်တော်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကို ဘယ်သူမှ သတိတရမပြောကြတာ ထောက်ပြချင်တာပါ။

သိသူများ သိသလောက်ပြောပြကြပါရန်နှင့် မသိသူများ သတိမူမိကြစေရန် ရည်သန်လျက်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..