အခုတစ်လော နွယ်ပင်တစ်ယောက် သူများတွေ ခ၇ီးထွက်တယ်ပြောတိုင်း ခ၇ီးထွက်ချင်တယ်ဆိုပြီး ရောဂါရနေတာ တော်တော်ကြာပြီ …
ဟိုခရီးဆိုလည်းလိုက်ချင် ဒီခ၇ီးဆိုလည်း လိုက်ချင်နဲ့ သူငယ်ချင်းတွေကိုလည်း ခရီးထွက်ဖို့ လိုက်ဆွယ်နဲ့ တစ်ယေက်ထဲကို ယောက်ယက်ခတ်ပြီး
ဂနာမငြိမ်ဖြစ်နေတာလေ … အိမ်က တစ်ယောက်သောသူကိုလည်း တစ်ချိန်လုံး ခ၇ီးသွားမယ်ချည်း ပြောနေလို့ သူလည်းနားပူနေတာ တော်တော်ကြာနေပြိ …
ဒါပင်မယ့် ကိုယ်ကသာ ခရီးထွက်ချင်နေတာ ခရီးတွေကလည်း သွားမယ်လို့ ပြင်လိုက် ပျက်လိုက် စီစဉ်လိုက် ပျက်လိုက်နဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး
သွားတော့ဘူးလို့ စိတ်ကို ဒုံးဒုံးချလိုက်ကာမှ ဟိဟိ တစ်ယောက်သောသူက ခရီးသွားမယ်တဲ့ နက်ဖြန်တဲ့ အလုပ်ကို ခွင့်ယူလိုက်ဆိုပြီးပြောတော့
ဘယ်ရမလဲ သွားချင်ရက်လက်တို့ နွယ်ပင်တို့က အ0တ်စားအိတ်တောင် ပြင်ပြီးသွားပြီ ဒါပင်မယ့် ဘယ်ကို သွားမှန်းမသိသေးဘူး ခရီးကို စီစဉ်တဲ့ သူတွေကတောင်
လမ်းမှာေ0ါတံတားပိတ်နေလို့ ဟိုပဲ သွားမလို ဒီပဲသွားမလိုနဲ့ ခ၇ီးတွေပြောလိုက်တာလဲ နေရာတော်တော်စုံနေပြီ သွားမယ့် ည (11) နာ၇ီထိ ဘယ်ခ၇ီးဆိုတာ အတိအကျ
မသိသေးဘူး နွယ်ပင်တို့ကတော့ အထုပ်ဆွဲပြီး စုရပ်ကိုရောက်နေပြီ ဘယ်သွားသွား လိုက်မှာ … :kwi: … ဒါနဲ့ (12) နာ၇ီထိုးလို့ေ0ါတံတားပွင့်ပြီလို့ ကြားတော့
ခ၇ီးစီစဉ်သူတွေက ဘားအံဘက်သွားမယ် အပြန် ကျိုက်ခမီ ၊ စက်စဲ နဲ့ မော်လမြိုင်က ဘုရားတွေဖူးမယ်ဆိုပြီး (3) ညအိပ် (4) ရက်ခရီးလေးကို စတင်ခဲ့ပါတယ် …
ဒီတော့ နွယ်ပင်တို့လည်း ဘယ်သွားမလဲ ဆိုတာကိုသိပြီဆိုတော့ ကားကြီးပေါ်ကို အကျအနတက် နေရာသေချာယူပြီး လင်မယား (2) ယောက် ဘယ်နှစ်ကြီမ်မြောက်မှန်း
မသိတဲ့ ဟန်းနီးလေးမွန်းခဲ့ကြတာပေါ့ … ဒါပင်မယ့်လေ ပွင့်သွားပြီဆိုတဲ့ေ0ါတံတားကြီးရဲ့ (3) မိုင်လောက်အကွာလည်းရောက်ရော ကားတွေတန်းစီပြီးပိတ်နေတာ
တံတားကို ရောက်ဖို့ (4) နာ၇ီလောက်တန်းစီလိုက်ရတယ် အဲတာနဲ့ ရောက်မယ်လို့ မှန်းထားတဲ့ နေရာတွေနဲ့ အချိန်တွေနဲ့ တော်တော့်ကို ကွာကုန်ပါရော …
ဘားအံကို မနက်အစောလောက်ရောက်မယ်မှန်းတာ မနက် (11) နာ၇ီလောက်မှ ရောက်ပြီး ဘုရင့်ညီဂူကို ကသောကမျောလေးတက်ပြီး ဓာတ်ပုံရိုက်ယူလာခဲ့ရပါတယ် .. ဆက်ရန်

2013-01-23 12.39.42
ဘုရင့်ညီ အ0င်0မှာ တွေ့ရတဲ့ ငါးတွေနဲ့ ပြည့်နေတဲ့ ကန်လေး

2013-01-23 12.42.59
ဘုရင့်ညီဂူနဲ့ ရေပူစမ်း

2013-01-23 12.43.11
ရေပူစမ်း

2013-01-23 12.43.28
ဘုရင့်ညီဂူနှင့် ရေပူစမ်း

2013-01-23 12.46.33
ဘုရင့်ညီဂူ အောက်ခြေတွင် တွေ့ရသော တိုက်ကြက် ဘီလူး …

2013-01-23 12.57.12
ဘုရင့်ညီဂူ၇ှိ ဘုရား

2013-01-23 12.57.48

2013-01-23 12.58.56

2013-01-23 13.01.15
ဘုရင့်ညီဂူအတွင်းရှိ ဘုရားများ

2013-01-23 13.10.22
ဘုရင့်ညီဂူတွင်း၇ှိ ကျောက်ပန်းကျောက်စွယ်များ

2013-01-23 13.10.39
ရွာတွင်း၇ှိ လူပျိုကြီးများအတွက် ကုသိုလ်ယူရင်း ကြော်ငြာလို့ ရတာလေးကိုပါ တစ်ခါတည်း အမှတ်တရ ရိုက်လာခဲ့ပါတယ် …

2013-01-23 13.13.09
ဘုရင့်ညီဂူ အတက် အဆင်းလမ်း …

2013-01-23 13.26.56
အေ0းက လှမ်းရိုက်ထားသော ဘုရင့်ညီဂူမြင်ကွင်း …

2013-01-23 12.50.42
ဘုရင့်ညီဂူ မြင်ကွင်းအလှ

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..