ဘားအံမြို့သို့ အလည်တစ်ခေါက် ( ဘုရင့်ညီဂူ)

နွယ်ပင်January 28, 20134min51420

အခုတစ်လော နွယ်ပင်တစ်ယောက် သူများတွေ ခရီးထွက်တယ်ပြောတိုင်း ခရီးထွက်ချင်တယ်ဆိုပြီး ရောဂါရနေတာ တော်တော်ကြာပြီ …
ဟိုခရီးဆိုလည်းလိုက်ချင် ဒီခရီးဆိုလည်း လိုက်ချင်နဲ့ သူငယ်ချင်းတွေကိုလည်း ခရီးထွက်ဖို့ လိုက်ဆွယ်နဲ့ တစ်ယေက်ထဲကို ယောက်ယက်ခတ်ပြီး
ဂနာမငြိမ်ဖြစ်နေတာလေ … အိမ်က တစ်ယောက်သောသူကိုလည်း တစ်ချိန်လုံး ခရီးသွားမယ်ချည်း ပြောနေလို့ သူလည်းနားပူနေတာ တော်တော်ကြာနေပြိ …
ဒါပင်မယ့် ကိုယ်ကသာ ခရီးထွက်ချင်နေတာ ခရီးတွေကလည်း သွားမယ်လို့ ပြင်လိုက် ပျက်လိုက် စီစဉ်လိုက် ပျက်လိုက်နဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး
သွားတော့ဘူးလို့ စိတ်ကို ဒုံးဒုံးချလိုက်ကာမှ ဟိဟိ တစ်ယောက်သောသူက ခရီးသွားမယ်တဲ့ နက်ဖြန်တဲ့ အလုပ်ကို ခွင့်ယူလိုက်ဆိုပြီးပြောတော့
ဘယ်ရမလဲ သွားချင်ရက်လက်တို့ နွယ်ပင်တို့က အ0တ်စားအိတ်တောင် ပြင်ပြီးသွားပြီ ဒါပင်မယ့် ဘယ်ကို သွားမှန်းမသိသေးဘူး ခရီးကို စီစဉ်တဲ့ သူတွေကတောင်
လမ်းမှာေ0ါတံတားပိတ်နေလို့ ဟိုပဲ သွားမလို ဒီပဲသွားမလိုနဲ့ ခရီးတွေပြောလိုက်တာလဲ နေရာတော်တော်စုံနေပြီ သွားမယ့် ည (11) နာရီထိ ဘယ်ခရီးဆိုတာ အတိအကျ
မသိသေးဘူး နွယ်ပင်တို့ကတော့ အထုပ်ဆွဲပြီး စုရပ်ကိုရောက်နေပြီ ဘယ်သွားသွား လိုက်မှာ … :kwi: … ဒါနဲ့ (12) နာရီထိုးလို့ ေ0ါတံတားပွင့်ပြီလို့ ကြားတော့
ခရီးစီစဉ်သူတွေက ဘားအံဘက်သွားမယ် အပြန် ကျိုက်ခမီ ၊ စက်စဲ နဲ့ မော်လမြိုင်က ဘုရားတွေဖူးမယ်ဆိုပြီး (3) ညအိပ် (4) ရက်ခရီးလေးကို စတင်ခဲ့ပါတယ် …
ဒီတော့ နွယ်ပင်တို့လည်း ဘယ်သွားမလဲ ဆိုတာကိုသိပြီဆိုတော့ ကားကြီးပေါ်ကို အကျအနတက် နေရာသေချာယူပြီး လင်မယား (2) ယောက် ဘယ်နှစ်ကြီမ်မြောက်မှန်း
မသိတဲ့ ဟန်းနီးလေးမွန်းခဲ့ကြတာပေါ့ … ဒါပင်မယ့်လေ ပွင့်သွားပြီဆိုတဲ့ ေ0ါတံတားကြီးရဲ့ (3) မိုင်လောက်အကွာလည်းရောက်ရော ကားတွေတန်းစီပြီးပိတ်နေတာ
တံတားကို ရောက်ဖို့ (4) နာရီလောက်တန်းစီလိုက်ရတယ် အဲတာနဲ့ ရောက်မယ်လို့ မှန်းထားတဲ့ နေရာတွေနဲ့ အချိန်တွေနဲ့ တော်တော့်ကို ကွာကုန်ပါရော …
ဘားအံကို မနက်အစောလောက်ရောက်မယ်မှန်းတာ မနက် (11) နာရီလောက်မှ ရောက်ပြီး ဘုရင့်ညီဂူကို ကသောကမျောလေးတက်ပြီး ဓာတ်ပုံရိုက်ယူလာခဲ့ရပါတယ် .. ဆက်ရန်

2013-01-23 12.39.42
ဘုရင့်ညီ အ0င်0မှာ တွေ့ရတဲ့ ငါးတွေနဲ့ ပြည့်နေတဲ့ ကန်လေး

2013-01-23 12.42.59
ဘုရင့်ညီဂူနဲ့ ရေပူစမ်း

2013-01-23 12.43.11
ရေပူစမ်း

2013-01-23 12.43.28
ဘုရင့်ညီဂူနှင့် ရေပူစမ်း

2013-01-23 12.46.33
ဘုရင့်ညီဂူ အောက်ခြေတွင် တွေ့ရသော တိုက်ကြက် ဘီလူး …

2013-01-23 12.57.12
ဘုရင့်ညီဂူရှိ ဘုရား

2013-01-23 12.57.48

2013-01-23 12.58.56

2013-01-23 13.01.15
ဘုရင့်ညီဂူအတွင်းရှိ ဘုရားများ

2013-01-23 13.10.22
ဘုရင့်ညီဂူတွင်းရှိ ကျောက်ပန်းကျောက်စွယ်များ

2013-01-23 13.10.39
ရွာတွင်းရှိ လူပျိုကြီးများအတွက် ကုသိုလ်ယူရင်း ကြော်ငြာလို့ ရတာလေးကိုပါ တစ်ခါတည်း အမှတ်တရ ရိုက်လာခဲ့ပါတယ် …

2013-01-23 13.13.09
ဘုရင့်ညီဂူ အတက် အဆင်းလမ်း …

2013-01-23 13.26.56
အေ0းက လှမ်းရိုက်ထားသော ဘုရင့်ညီဂူမြင်ကွင်း …

2013-01-23 12.50.42
ဘုရင့်ညီဂူ မြင်ကွင်းအလှ

20 comments

  • ခင်ခ

    January 28, 2013 at 1:23 pm

    မရောက်ဖူးဘူးဗျ၊ ဓာတ်ပုံတွေကြည့်ရတာ သာယာမယ့်ပုံဘဲဗျိုု့။
    လှလည်းလှတယ်နော်။

  • Mobile

    January 28, 2013 at 1:31 pm

    ကိုစာအုပ်ကလည်း ကရင်ပြည်နယ် ဘားအံ ကိုရောက်နေဒယ်ဆိုဒေါဂါ
    ရွာထဲကလူတွေ အခု ကရင်ပြည်နယ်ဖက်ကို ခြေဦးလှည့်နေကြတာပါကလား။
    ပုံလေးတွေကမိုက်တယ်ဗျို့ ရှု့ခင်းလေးတွေကလည်းလှတယ်။
    နောက်နောင်များ ခရီးသွားဖို့ လူလိုရင် ကျုပ်ကိုပြောလိုက် လမ်းစရိတ်စားစရိတ်
    (ဘီယာသောက်ဖို့စရိတ်) တာဝန်ယူဒယ်ဆိုရင် ငရဲပြည်ခရီးစဉ်ဖြစ်ဖြစ်
    ကျုပ်လိုက်ပြီးသား လို့သာမှတ်လိုက်ပါ………………………………

  • Shwe Ei

    January 28, 2013 at 1:37 pm

    သများမှာလိုက်ချင်ရက်နဲ့ မလိုက်ရပါဝူးဆိုမှ :byae:

  • Ma Ei

    January 28, 2013 at 1:49 pm

    တစ်ခေါက်ရောက်ဖူးပေမယ့် သိပ်မမှတ်မိတော့ဘူး…
    ပုံလေးတွေ လှတယ်…နောက်ထပ်ပုံလေးတွေ စောင့်ကြည့်ဦးမယ်နော်…

  • နွယ်ပင်

    January 28, 2013 at 2:01 pm

    ကိုခင်ခရေ …. ဘားအံမြို့ ရှုခင်းလေးတွေ လှမှလှပါပဲ ဒါပင်မယ့် နေပူကြီးထဲ သွားလိုက်
    air con bus ပေါ်တက်လိုက် အခုတော့ နွယ်ပင်တစ်ယောက် ခရီးသွားကတည်းက နှာစေးနေတာ
    အခုထိပျောက်ကို ပျောက်သေးဘူး …

    ကို Mobile ရေ …. ဘားအံမှာတော့ ဘီယာတွေ အတော်ပေါသလားလို့လေ … 🙂

    မမပြာရေ …. ခေါ်ပါတယ် အလုပ်က ခွင့်မယူရမယ်ဆိုလို့ နောက် ခရီးကလည်း သွားမယ့်နေ့ ည (11) နာရီထိ ဘယ်သွားမှန်းလည်း မသိတာကြောင့်ပါ ခိခိ …

    အန်တီအိရေ … ပုံလေးတွေလှတယ်ဆိုလို့ ပြောရဦးမယ် နွယ်ပင်တစ်ယောက်ခရီးထွက်တာ ကင်မရာကြီး မေ့ကျန်ခဲ့လို့ ရှိတဲ့ ဖုန်းလေးနဲ့ မရရအောင် ရိုက်လာခဲ့တာပါ အမှန်ဆို ပုံလေးတွေ ဒီထက်ပိုလှမှာ …..

  • moonpoem

    January 28, 2013 at 3:44 pm

    မူလတန်းအရွယ်လောက်ကပဲ အဲဒီဘုရင့်ညီဂူကို ရောက်ဘူးတာ။ ရေးရေးလေးပဲ မှတ်မိတော့တယ်။ဓာတ်ပုံလေးတွေကို ကြည့်ရင် အေးချမ်းသာယာမယ်လို ့သိလိုက်ပါတယ်။အခွင့်သင့်ရင်တော့ နောက်တစ်ခါ သွားချင်ပါသေးတယ်။

    • နွယ်ပင်

      January 29, 2013 at 10:43 am

      လေးပေါက်ရေ …. ဘားအံသာ လေးပေါက်ရောက်သွားရင် ရှုခင်းလှလှလေးတွေနဲ့
      ပုံတွေ နွယ်ပင်တို့ တစ်0ကြီး ကြည့်ရမှာ အသေအချာပါပဲနော် …..

      လကဗျာရေ …. ဘားအံမြို့ကလေးက အေးချမ်းသာယာပြီး ရှုခင်းလေးတွေကလည်း
      တကယ့်ကိုလှလို့ သွားဖြစ်အောင် သွားကြည့်ပါဦးနော် ….

      အရီးလတ်ရေ …. ဂဂ ပြောသလိုပဲ အဲ့မျောက်ကလေးထိုင်နေတဲ့ ခုံကလေးကို မြင်လိုက်တော့ ရွာထဲက လူပျိုကြီးတွေကို တန်းပြီး သတိရသွားတယ် …. :harr:

  • အာဂ

    January 28, 2013 at 4:11 pm

    မျောက်ကလေး တစ်ကောင် ထိုင်နေတဲ့ အုတ်ခုံပေါ်မှာ လူပျိုကြီးစောမောင်ရီ ဆိုတဲ့နေရာကိုရောက်တော့ ဦးကျောက်တို့။ ကိုမတ်တို့။ ကိုရဲစည် တို့…ဆြာအံတို့ ကို သတိရလိုက်မိလေးခြင်းဗျာ..။

    • အရီးခင်လတ်

      January 28, 2013 at 9:55 pm

      သတိရခြင်း အကြောင်းက မျောက်ကြောင့်လား။ စောမောင်ရီ ကြောင့်လား။ ဂဂ ရေ့။
      မရောက်ဖူးတဲ့ အရပ်ကို ခေါ်သွားလို့ ကျေးကျေးပါ နွယ်ပင်ရေ။
      ခရီးလေးဆက်ပါဦး။ :hee:

    • kai

      January 29, 2013 at 5:14 am

      အဲဒါမျောက်မောင်းမတဲ့..မယုံရင်..မျောက်ထီးကိုမေးကြည့်… :harr:

  • P chogyi

    January 28, 2013 at 4:30 pm

    နွယ်ပင်ရေ ကိုယ်မှတ်မိသလောက် ဘုရင့်ညီဂူမှာ
    ရေပူ၊ ရေအေးနှစ်ကန်ရှိသလားလို့ နောက်ပြီး အထဲမှာ ရွှေတောင်တို့ ငွေတောင်တို့လည်းရှိတယ်။
    ကိုယ်လည်း နောက်ဆုံးရောက်ခဲ့တာ ၈၄ ခုနှစ်ကဆိုတော့
    နှစ် ၃ဝ နီးပါးဖြစ်သွားပြီ၊ တစ်ခေါက်တော့ပြန်သွားဦးမယ်။

  • ရွှေတိုက်စိုး

    January 28, 2013 at 4:53 pm

    ဒီမယ် လဘုလေးများအမေ………
    ဘယ်နှယ့်အေ……..ကြက်ပုံကို အေးအေးဆေးဆေးမပြောဘူး……
    သများကို စောင်းချိတ်ပြောသေးတယ်……ဘာလဲ တိုက်ကြက်ဆိုတာ……ဘီလူးက ပါသေး……….
    ဟွန်.

  • ဂန္ဓာရီ ဆြာအုပ်

    January 28, 2013 at 9:20 pm

    ဟယ်.. သူကအရင်ရောက်သွားပြီးတော့
    သများက ခုမှ ကျောက်ကလပ်ရှိသေး.. နောက်ဆုံးမှ ဘျင့်ညီဂူကိုရောက်မှာ..
    ပုံ ၄ က ဘျင့်ညီဂူ နဲ့ ရေပူစမ်းမှာ တောင်ကြီးပါအောင်ရိုက်ထားတာ တော်တော်လှဗျို့
    သများတောင် အဲလိုပုံပါမလာဘူး

    ကမ္ဘာ့ ချန်ပီယံ တိုက်ကြက်ဘီလူးတဲ့ ရီရတယ်
    သွားတုံးကတော့ တွေ့တယ် စာကို မဖတ်မိဘူး

  • နွယ်ပင်

    January 29, 2013 at 10:57 am

    ကို P chogyiရေ … ဘုရင့်ညီဂူမှာရေပူ၊ ရေအေးနှစ်ကန် ရှိမရှိတော့ သတိမထားမိခဲ့ပါဘူး
    အမျိုုးသမီးကန်နဲ့ အမျိုးသားကန် သပ်သပ်ခွဲထားတာတော့ ရှိပါတယ် .. နွယ်ပင်က အ0တ်အစားလဲရတာ
    မလုံခြုံဘူးထင်လို့ ရေမချိုးခဲ့ရတဲ့အတွက် သတိမထားမိခဲ့ပါဘူးချင့် …

    အော် မိတိုက်ရယ် … တကယ်ပါ သတိမထားမိပါဘူးအေ ညည်းပြောမှပဲ ဘီလူးမှာ တိုက်ပါမှန်းသိတော့တယ်
    ဆောရီးပါအေ့ ခိခိ …. :harr:

    ဆြာအုပ်ရေ …. ဘားအံကို ရောက်နေတာလား နွယ်ပင်တို့က ပြန်လာတာ (2/3) ရက်လောက်ရှိပါပြီ …
    နွယ်ပင်တို့က ဘားအံရောက်ရောက်ချင်း ဘုရင့်ညီဂူကို အရင်သွားခဲ့လို့ပါချင့် …
    ပုံ ၄ ကို လှတယ်ပြောလို့ကျေးကျေးပါ အမှန်က ကင်မရာမေ့သွားလို့ (တစ်လမ်းလုံး ဂဂရဲ့ အပြောကိုခံနေရပါတယ် ) ရှိစုမဲ့စု ဖုန်းကင်မရာလေးနဲ့ ရိုက်ခဲ့ရတာပါ ….

    • ဂန္ဓာရီ ဆြာအုပ်

      January 29, 2013 at 5:43 pm

      ပို့စ်ထဲမှာ ရောက်တာကိုပြောတာ.. အမှန်က ၁၂ လပိုင်းကတည်းက ရောက်ပြီးတာ..
      ဖုံးကင်မလာက တော်တော်ကောင်းတာပဲဗျ တကယ်ပြောတာ

  • mamanoyar

    January 29, 2013 at 11:19 am

    မရောက်ဖူးသေးတဲ့သူတွေအတွက်
    အရမ်းထူးဆန်းပါတယ်
    ရောက်ဖူးတဲ့သူအတွက်တော့ အမှတ်ရမှုတွေပြန်ဖြစ်စေလို့
    ကျေးဇူးတင်ပါတယ်ရှင်
    လူပျိုကြီးလို့ ကမ္ဗည်းထိုးလို့ရတယ်ဆိုတော့ ဦးပေရဲ့နာရီအလှူလေးမှာလဲ
    လူပျိုကြီးလို့ထည့်လိုက်ရမှာ :harr:

  • ဆူး

    January 29, 2013 at 1:19 pm

    မရောက်တာ အတော်ကြာခဲ့ပြီ.. ပုံတွေ ကြည့်ပြီး နည်းနည်းတော့ ပိုးဝင်ပြန်ပြီ..
    ဒီတလော ခရီးတွေ အရမ်းများနေလို့ ငြိမ်နေမှ ဖြစ်တော့မယ်..

    အခု တလော ခရီးသွားရမယ်လို့ သတင်းကြားတာနဲ့ အထုတ်ကလည်း ထည့်ပြီးသား ဖြစ်ဖြစ်နေတယ်။

  • Wow

    January 29, 2013 at 2:42 pm

    သာမညသွားရင်းနဲ့ ဘုရင့်ညီဂူရောက်ဖူးတယ်.. သာမညဆရာတော် မဆုံးခင်တနှစ်ကပေါ့…
    တော်တော်သာယာတဲ့နေရာပဲ… နောက်တစ်ခေါက်ထပ်တောင်သွားချင်တယ်

  • padonmar

    January 29, 2013 at 9:15 pm

    ဘုရင့်ညီဂူနဲ့ ရေပူစမ်းပုံလေးလည်းလှ၊အတက်အဆင်းလမ်းလဲလှပါတယ်။
    ဖုန်းကင်မရာတောင်ဒီလောက်လှနေတယ်။
    ………
    ဝေါတံတားပိတ်တော့ ဝေါမြို့သားတွေက ခရီးသည်တွေကို ထမင်းထုပ်တွေ ရေသန့်ဘူးတွေလှူကြတယ်လို့ ဖတ်မိပါတယ်။
    မြန်မာ့ရှုခင်းမြန်မာ့စိတ်ရင်းပေါ့။

Leave a Reply