“အသက်ရှည် ကျန်းမာ ချမ်းသာကြစေဖို့”

MgMobileJanuary 28, 20131min18216

အားလုံးပဲမင်္ဂလာပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက် သလိုက်ပါ၏။

လူတိုင်းမကင်းနိုင်တဲ့ စားသောက်ခြင်းနဲ့ ပတ်သတ်တဲ့ အိမ်တစ်အိမ်မှာရှိတဲ့ ထမင်းစားခန်း

မီးဖိုခန်းနှင့် ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ကုန်ကျစရိတ်လေးတွေကို နည်းနည်းပါးပါး

သိသလောက် တတ်သလောက် မြင်မိသလောက် ရေးသားတင်ပြခြင်းဖြစ်ပါတယ်။ အသက်ရှည်ဖို့အတွက်

ကံ၊ စိတ် ၊ ဥတု ၊ အဟာရ ဆိုသောကြောင့်။ ကျန်းမာစေဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အစားအစာ။

ငွေကုန်ကြေးကျသက်သာ ချမ်းသာနိုင်စေဖို့အတွက် စနစ်တကျ စည်းကမ်းရှိမှုများ။

မိသာစု တစ်ခုခြင်းစီအတွက် မီးဖိုခန်းသည် အဓိက အခန်းကဏဏ္ဍ တစ်ခုမှပါဝင်

နေသည်ဟု ထင်ပါသည်။ ထို့အတူ မီးဖိုခန်းကို ဦးစီးသော အိမ်ရှင်မ(သို့)ထမင်းဟင်းချက်ပြုတ်သူ

တစ်ဦးဦးသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ထမင်းဟင်းချက်ပြုတ်သောအခါ စည်းကမ်းရှိဖို့

သန့်ရှင်းသပ်ရပ်မှုရှိစေဖို့ အရသာကောင်းမွန်စေဖို့ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါမည်။ လူ့စိတ်ဆန္ဒ

သဘောအရ မည်မျှပင် နှစ်သက်လှပါသည်ဟူသော ဟင်းလျာဖြစ်စေ အမြဲးတစ်စေ သုံးဆောင်နေရပါက

ငြီးငွေ့တတ်သည့် သဘောရှိပါတယ်။ ထိုအတူပဲ မသုံးဆောင်ရတာ ကြာနေပြီဖြစ်တဲ့ ဟင်းလျာ

တစ်ခုကိုလည်း တောင်းတတ်ကြပါသည်။ အစီအစဉ်တကျ မိသားစုအားလုံး အရသာရှိလှစွာ စားသုံးနိုင်ဖို့အတွက်

အကောင်းမွန်ဆုံး စီမံခန့်ခွဲဖို့တာဝန်မှာ အိမ်ရှင်မတစ်ဦးချင်းစီရဲ့ အဓီကတာဝန်ပင် ဖြစ်ပါသည်။

ခံတွင်းမတွေ့၍သော်၎င်း ထမင်းနဲ့ဟင်းက ဒါတွေပဲထပ်နေ၍သော်၎င်း စားရတာအဆင်

မပြေ၍အိမ်မှာမစားပဲ အပြင်မှာဆိုင်မှာ သွား၍ဝယ်ယူစားသောက်ရသည်ကို မိတ်ဆွေစာရှု့သူ

အပေါင်းတို့လဲ ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးကြမည်ဟုထင်ပါသည်။ ထိုသို့ပြုလုပ်ရသည်ဆိုပါက

ချက်ပြုတ်သူအိမ်ရှင်မမှာ အဓိကတာဝန် ဖြစ်ပါတယ်။ အထူးသဖြင့် ထမင်းဟင်းချက်ပြုတ်သူ အနေဖြင့်

ဘယ်နှစ်ယောက်စားဖို့ချက်ရမည်။ ထိုအထဲမှ မည်သူက အသားငါးမစား မည်သူက အသီးအရွက်မစား

အမျိုးမျိုးသော မတူညီကွဲပြားချက်များကို အကောင်းမွန်ဆုံးပုံစံဖြင့် စနစ်တကျလိုအပ်ချက်ကို

အမြဲးတမ်းဖြည့်ဆည်းပေးနေနိုင်မှသာ ထမင်းဟင်ချက်ပြုတ်သူ၏ တာဝန်ကျေ သည်ဟုသတ်မှတ်၍

ရပေလိမ့်မည်။ တစ်ခါတစ်ရံ၌ အကုန်အကျ သက်သာရန်နှင့် အလုပ်ရှုပ်သက်သာရန်ဟု၍ အလွယ်တကူ

ဝယ်ယူ၍ရသော ဟင်းလျာများကို ဝယ်ယူချက်ပြုတ်တတ်ကြပါသည်။ ထိုအခါ မိသားစုဝင်များမှ

စားရတာ အကြိုတ်မတွေ့၍ အပြင်ဆိုင်မှာသွားရောက် ဝယ်ယူစားသောက်မည် ဆိုပြန်ပါက

ငွေကုန်ကြေးကျမှု ပိုများလာနိုင်သလို အချိန်ပိုကုန်ပါသည်။ သွားရလာရ အလုပ်ပိုရှုပ်ပါသည်။

အချိန်အကန့်အသတ်ဖြင့် အလုပ်လုပ်နေရသူ များအတွက်ဆိုလျှင် စိတ်ရှုပ်စရာများပင်ပိုလာနိုင်ပါသည်။

ချက်ပြုတ်သူ ကိုယ်တိုင်ပင်လျှင် မိမိချက်သောထမင်းဟင်း စားမကောင်း၍ ဝယ်စားရသည်ကို

ကြုံဖူးမှာမလွဲဟုထင်ပါသည်။ ထမင်းဟင်း ချက်ပြုတ်သူ တစ်ဦးအနေဖြင့် မိမိအိမ်တွင်ရှိသော

စားသုံးမည့်သူများအတွက် အဆင်ပြေလှစွာ သုံးဆောင်နိုင်ဖို့အတွက် ငွေကုန်ကြေးကျ အမှန်တကယ်

သက်သာစေဖို့အတွက် အကောင်းမွန်ဆုံးအရသာပေါ်လွင်စေဖို့ စဉ်းစားချင်ချိန်၍ အစီအစဉ်တကျ

ပြုလုပ်သင့်ပါတယ်။ ထမင်းစားခန်း မီးဖိုခန်းနှင့် ပတ်သတ်၍ အခြားအဓိကကျတဲ့ အချက်တစ်ခုကတော့

သန့်ရှင်းသပ်ရပ်မှု ဟုထင်ပါသည်။ မသန့်ရှင်း မသပ်ရပ်သော အခန်း၊ စားပွဲ၊ ပုဂံဇွန်း စသည် စသည်များဖြင့်

သုံးဆောင်ရပါမူ မိမိနှစ်သက်သော လက်ရာကောင်းမွန်သော အစားအသောက်တစ်ခုကို စားရပင်

စားရငြားသော်လည်း အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပါသည်။ သန့်ရှင်းသပ်ရပ်မှု အတွက်စိတ်ကြည်

လင်နိုင်သလို သန့်ရှင်းသပ်ရပ်မှုကြောင့် အထိုက်အလျောက်အချို့သော ရောဂါဝေဒနာများကို

ကာကွယ်မဖြစ်ပွားနိုင် ခြင်းသည်လည်း အကျိုးများလှပေသည်။ သန့်ရှင်းသပ်ရပ်မှုကို လူသားတိုင်း

နှစ်သက်ကြမည်မှာလဲ မလွဲပါ။

မိသားစုတစ်ခုချင်းစီအတွက် မီးဖိုခန်း ထမင်းစားခန်း အတွက် နေ့စဉ်နေ့စဉ် မဖြစ်မနေ

စားသောက်သုံးဆောင်နေရသောကြောင့် မီးဖိုခန်းကို ဦးစီးသူအပေါ်မူတည်၍ ကုန်ကျစရိတ်

အနည်းအများ ကွာခြားနေနိုင်သည်။ ထိုထက်မက အကျိုး အကောင်းအဆိုးများလည်း များစွာရှိနိုင်ပါသည်။

ဝင်ငွေရှိနေပါသော်လည်း စားသောက်မှုအတွက် ကုန်ကျစရိတ်များပြားနေပါက မပိုလျှံနိုင် မလောက်ငှ၍

အကြွေးပင်တင်နိုင်ပါသည်။ ချမ်းသာကြွယ်ဝသူများအတွက်လည်း ငွေကြေးဆုံးရှုံးမှု ဖြစ်နေမှာပါပဲ။

ဝင်ငွေမရှိ၍ လုပ်ငန်းအဆင်မပြေသူများပင်လျှင် နေထိုင်စားသောက်မှု စနစ်တကျအစီအမံကောင်း

ရှိနေပါက တစ်နည်းတစ်လမ်း ငွေကုန်ကြေးကျသက်သာ နေ့စဉ်လိုအပ်သော အဟာရကိုလည်း

ဖြည့်စွမ်းနိုင်ပြီး တစ်နည်းနစ်လမ်း အဆင်ပြေနိုင်မှု တစ်ခုပါ။ မီးဖိုခန်း ထမင်းစားခန်း စသည့်အစား

အသောက်ကိစ္စများသည် လူတိုင်းနှင့်မကင်းနိုင်သော အရာဖြစ်သဖြင့် မီးဖိုခန်း(သို့) နေ့စဉ်နေထိုင်

စားသောက်မှုသည် လူတိုင်းနှင့် သက်ဆိုင်သည်ဟု ဆိုချင်ပါသည်။

မြန်မာနိုင်ငံသည် စားကြွင်းစားကျန် အပေါ်မှီခို၍ နေထိုင်ကြသော အဓိကအားဖြင့် ခွေး

ခွေးလေခွေးလွင့်များ ဒေသတိုင်းမှာလိုလို အင်မတန် ပေါးများလှသည်ကို တွေ့ရပါသည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိလူများ စားသောက်မှုသည် လိုသည်ထက်ပိုမို

ချက်ပြုတ်ထားရှိမှုများ လိုသည်ထက်ပိုမို၍ ထည့်ယူစားသောက်မှုများ ရှိသည်ကို မြင်နိုင်ပါသည်။

အတိုင်းအတာ တစ်ခုအရ  လိုအပ်သလောက် ချက်ပြုတ်စားသောက်ခြင်းဖြင့် အပိုအလျှံအတွက်

အကုန်အကျရှိနေမှုကို ထိန်းသိမ်းနိုင်မှာဖြစ်ပါသည်။ ထိုအရာကိုတော့ ချက်ပြုတ်သူသာမက

စာသောက်သူ လူတိုင်းမှာ စည်းကမ်းရှိဖို့ စနစ်တကျရှိဖို့လိုအပ်ပါတယ်။

လူတစ်ဦးချင်းစီရဲ့ ငွေကုန်ကြေးကျများမှုသည် တိုင်းပြည်ငွေကုန်ကြေးကျများမှုပင်

ဖြစ်သည်ဟု စာအုပ်တစ်ခုအတွင်းမှာ ကျနော်ဖတ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ လူတစ်ဦးစီ ဆင်းရဲခြင်း

သည်လည်း တိုင်းပြည်ဆင်းရဲ ခြင်ပင်ဖြစ်ပေလိမ့်မည်။ လူတစ်ဦးချင်းစီအတွက် စားသောက်မှုမှ

တစ်နေ့လျှင် (၁၀၀) ကျပ်ပင် ပိုမိုကုန်ကျပါက လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေ သန်း(၆၀) ဝန်းကျင်ခန့်

ရှိမည်ဟုထင်ပါသည်။(မည်မျှရှိသည်ကို အတိအကျ မသိပါ) တစ်နေ့လျှင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက်

သန်းပေါင်း (၆၀၀၀) ခြောက်ထောင်လောက် နေ့စဉ်ကုန်ကျ အလေအလွင့် ဖြစ်နေနိုင်ပါသည်။

ဤမျှလောက်အရေးပါလှသော စားသောက်မှု ကိစ္စအဝ,ဝကို ချက်ပြုတ်သူများအနေဖြင့်

ဂရုတစိုက် လုပ်ဆောင်ပေးနိုင်ဖို့လိုအပ်သလို နောင်တစ်ချိန်တွင် ချက်ပြုတ်သူ ဖြစ်လာမည့်

အိမ်ရှင်မများကိုလည်း မိဘအုပ်အုပ်ထိန်းသူ များအနေဖြင့် မိဖိုခန်းနှင့် ပတ်သတ်သည့် ကိစ္စအဝ,ဝကို

အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်စေရန် အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်စေရန် သင်ကြားပြသ

ပေးထားသင့်သည်ဟု မြင်မိပါတယ်။

ထိုကဲ့သို့ တာဝန်ရှိသူ ညီအကိုမောင့်နှမ တိုင်းသူသူပြည်သားတိုင်း စားသောက်မှုကို

စနစ်တကျ ပြုလုပ်မည်စိုပါက နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှု အတွက် အနည်းငယ်မျှသော်၎င်း

အထောက်အပံ့ ဖြစ်စေနိုင်မည်ဟု ထင်ပါသည်။ နိုင်ငံချမ်းသာဖို့ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက်

အချို့သောသူများသာ လုပ်ဆောင်နိုင်သည်များ လူတိုင်းလုပ်ဆောင်နိုင်သည်များ အစားစားရှိသည့်

အထဲမှ လူတိုင်းလုပ်ဆောင်နိုင်သော မီးဖိုခန်းမှတစ်ဆင့် စားသောက်မှုကိစ္စသည်

လူတစ်ဦးတစ်ယောက် ချမ်းသာဖို့ဖြစ်စေ မိသားစုချမ်းသာဖို့ဖြစ်စေ ရပ်ရွာတစ်ခုလုံး

မြို့နယ်တစ်ခုလုံး တိုင်းပြည်တစ်ပြည်လုံး ချမ်းသာဖို့ဖြစ်စေ တစ်ထောင့်တစ်နေရာမှ

ပါဝင်ပတ်သတ်နေပါကြောင်း…………………………………………………………

တောင်လျှောက်ရေး မြောက်လျှောက်ရေး မိုဘိုင်းးးးးးးးးးးးးးးးး

(ယခုရေးသားထားသော အကြောင်းအရာများနှင့် ပတ်သတ်၍ အမှားများ အခြားအဆင်မပြေခြင်းများရှိပါက

စာရှု့သူများအနေဖြင့် ဘာနာဂန်းမျှမသိပဲ တောင်ရေးမြောက်ရေး ရေးတဲ့ မိုဘိုင်းကို ခွင့်လွှတ်ပေးကြပါရန်)

16 comments

  • Myo Thant

    January 28, 2013 at 1:56 pm

    ကျွန်တော်က ဈေးသွား ထမင်းဟင်း ချက်နေရသူမို့
    သေသေချာချာ ဖတ်ရှူမှတ်သားသွားကြောင်းပါ ကိုမိုဘိုင်းခင်ဗျား

    • Mobile

      January 28, 2013 at 8:54 pm

      ကိုမျိုးသန့်ရေ ယခုလို ဦးဆုံးဝင်ရောက်အားပေးမှုအတွက်
      အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။ ကိုယ်တိုင်ဈေးသွား ထမင်းဟင်းချက်နေရတာဆိုတော့
      လူပျိုကြီးများဖြစ်မလား ဒါမှမဟုက် အလုပ်ကိစ္စကြောင့် တစ်နေရာမှနေနေရလို့ဖြစ်မလား
      ဤသို့မှမဟုက် မိန်းမကြောက်လို့ ကိုမျိုးသန့်ကချက်ကျွေးနေရတာလား
      ထမင်းဟင်းချက်ကိုက အလွန်ကောင်းလို့ ချက်နေတာလားဆိုတာ တစ်ခုတော့ဖြစ်ရမယ်။

      • Myo Thant

        January 29, 2013 at 10:56 am

        ကျွန်တော်က ၈ လသားကတည်းက အမေတစ်ခုသားတစ်ခုဘဝနဲ့နေခဲ့ရပြီး အမေက ရန်ကုန် မြန်မာ့အသံကို အလုပ်ပြောင်းလာတဲ့ ကျွန်တော် ၃ တန်းအရွယ်ကတည်းက ကျွန်တော်လည်း ကိုယ့်ဟာကိုချက်စားလာတတ်ခဲ့တာပါ ၊ ငါးကြော်တာ အရွက်ကြော်တာမျိုးပေါ့လေ၊ ဗစ်စစ်မြန်မာရီးယားဆိုပြီးလုပ်ခဲ့တဲ့ ၁၉၉၆ မှာ ကျွန်တော် ဆီဒိုးနားဟိုတယ် မိန်းကစ်ချင်း ဝန်ထမ်းဖြစ်နေပါပြီ ၊ ဒါပေမယ့် နိူင်ငံခြားသား မန်နေဂျာတွေမျက်နှာကြောက်ပြီး မြန်မာဝန်ထမ်းအချင်းချင်းအပေါ် ဖိလွန်းတဲ့ HR နဲ့ ပြဿနာခဏ ခဏတက်ရပြီး
        ၂၀၀ဝ ပြည့်နှစ်မှာ ကျွန်တော်ထွက်ခဲ့တာပါ ၊
        ထမင်းဟင်းချက်တာ အရင်ထဲကဝါသနာပါပါတယ် ၊ အခု ချက်နေတာက ကိုယ့် အမေ ကိုယ့်သား အတွက်ပါ ၊ မိန်းမနဲ့ကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက တရားဝင် ကွာရှင်းပြီးပါပြီ ၊

  • ခင်ခ

    January 28, 2013 at 2:19 pm

    ( တစ်နေ့လျှင် (၁၀၀) ကျပ်ပင် ပိုမိုကုန်ကျပါက လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေ သန်း(၆၀) ဝန်းကျင်ခန့်
    ရှိမည်ဟုထင်ပါသည်။(မည်မျှရှိသည်ကို အတိအကျ မသိပါ) တစ်နေ့လျှင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက်
    သန်းပေါင်း (၆၀၀၀) ခြောက်ထောင်လောက် နေ့စဉ်ကုန်ကျ အလေအလွင့် ဖြစ်နေနိုင်ပါသည်။ )
    ပြောင်းပြန်တေးမိတယ်-
    တစ်နေ့လျှင် (၁၀၀) ကျပ် လိုပြီး ကုန်ကျနေပါက ဖော်ပြပါဦးရေအရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် သန်းပေါင်း (၆၀၀၀) လောက် နေ့စဉ်ကြွေးတင်နေပါမည်။ (လစာဝင်ငွေမလောက်ဌခြင်း၏ပြစ်ဒါဏ်)

  • Shwe Ei

    January 28, 2013 at 2:50 pm

    အမ်မငီး ပို့စ်ဖတ်ရင်း သောက်လက်စရေတောင် နင်သွားတယ်။
    ငါ လိုတာထက် ပိုသောက်မိနေသလားလို့ တွေးပလိုက်တာ :mrgreen:

  • ဗုံဗုံ

    January 28, 2013 at 5:49 pm

    မိုဘိုင်းတောင် လူလို တွေးတတ် သိတတ်လာပြီ :mrgreen: ဖတ်ရှုမှတ်သား သွားပါဂျောင်း

    • Mobile

      January 28, 2013 at 8:58 pm

      ဝင်ရောက်အားပေးကွန်မန်းပေးသူ
      ကိုခင်ခ
      မရွှေ၏
      ဘုံဘုံ
      တို့ကို မောင်မိုဘိုင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးး
      အခြားသောဝင်ရောက်အားပေးကြသူအပေါင်းကိုလည်း ထပ်တူထပ်မျှ
      လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မောင်ပေ

    January 28, 2013 at 9:01 pm

    တောင် ရေး
    မြောက် ရေး ဆိုပါကလား
    သတိထားကြပါ စာဖတ်သူအချို ့ရယ်လေ

    • Mobile

      January 28, 2013 at 9:18 pm

      မှန်ပါပေ့ ကိုပေရေ ကျုပ်တို့က သများဒဂါဒွေလို ဟုက်တိပတ်တိဂ မရေးဒတ်လေတော့
      တောင်ရေးမြောက်ရေးလေးကိုပဲ အဟုက်ကြီးလုပ် အဟုက်ထင်၍
      မိမိကိုယ်မိမိ ဟုက်လှပြီဟု ထင်နေကြောင်းပါဗျို့…………..
      ယခုလိုဝင်ရောက်အားပေးမှု အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးးးးးးးးးးးး

  • kai

    January 29, 2013 at 1:46 am

    နတ်တွေ..ဝက်အူတွေကို ပူဇော်ပသနေတဲ့.. အုန်းသီးနဲ့ငှက်ပျောသီးပဲ ရအောင်သိမ်းပါဦး..
    တနှစ်ကလေး ၁သိန်းလောက်.. ဝဝလင်လင်.. ဦးနှောက်စံချိန်မှီကျွေးနိုင်ပြီး.. အနာဂါတ်မြန်မာပြည်ရဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာ.. :kwi:

    ခွေးတွေကတော့ ရှိပါစေဗျာ..။
    တို်င်းပြည်ငတ်ရင်.. လူတွေစားဖို့..ဥထားတယ်သဘောထားပါ..။
    အနည်းဆုံးတော့.. ချိုင်းနားပို့ရောင်းပြီး..ဝင်ငွေရနိုင်မှာပေါ့..
    :harr:

    • MaMa

      January 29, 2013 at 7:58 am

      အဲဒီ ငှက်ပျောသီးနဲ့ အုန်းသီးက ဘယ်လို လုပ်ကြသလဲမသိဘူး။
      လွှင့်ပစ်မယ်လို့တော့ မထင်ဘူး။
      လွှင့်မပစ်ပဲ တနည်းနည်းနဲ့ (စားတာ၊ ဒါမှမဟုတ် ပြန်စိုက်တာ) အသုံးပြုတယ်ဆိုရင် အလဟဿတော့ မဖြစ်ဘူး ပြောရမယ်။
      ကိုယ့်သဘောနဲ့ ကိုယ်ဆိုရင်တော့ လွှင့်မပစ်သေးသရွေ့ အသုံးကျတယ် ပြောရမယ်။
      လွှင့်ပစ်တာ၊ စားကြွင်းစားကျန် အမှိုက်ဖြစ်သွားတာမျိုးတွေကိုတော့ တတ်နိုင်သမျှ ရှောင်သင့်တယ်။ :hee:

  • ဒါကြောင့် လူကြီးသူမတွေက ဆုံးမကြတာထင်တယ် ..
    “ခေါင်းတစ်ရာသားကို စားပါ” … တဲ့ ….။

    ကိုရင်မိုဘိုင်းကြီးရေ …
    ဖတ်ရှု မှတ်သားသွားပါတယ်ဗျို့ …။

  • ဆူး

    January 29, 2013 at 1:10 pm

    ဒီကနေ့က စပြီး အိမ်မှာ ဟင်းစားဖိုး ၁၀ဝ လျော့ချက်ပါတော့မည်။

    ဒါနဲ့ စကားမစပ်.. သဂျီး ငှက်ပျောသီး အုန်းသီး စိုက်တဲ့သူကလည်း ပြည်တွင်းကပဲ.. ပြည်တွင်းက တောင်သူတွေ စိုက်တာ ပြည်တွင်းက လူတွေပဲ အားပေးကြတာ.. ပိုက်ဆံက ပြည်တွင်းမှာပဲ လည်နေတာလို့ တဖက်ကိုမြင်ကြည့်လိုက်ပါလား ဟင်င်င်

    • kai

      January 29, 2013 at 1:26 pm

      မနေ့ကတင် တလုံး၁ဒေါ်လာနဲ့ဝယ်လာပြီးသောက်ဖို့ အအေးသေတ္တာထဲထည့်ထားတဲ့.. အုန်းသီးနုနုတွေထဲက.. တလုံးမသောက်ဖြစ်ပဲကြာနေတာနဲ့လွင့်ပစ်လိုက်တယ်..။
      အဲဒါတွေကို.. တောင်အမေရိကနိုင်ငံတွေ..တခါတလေ.. ထိုင်း..ဖိလင်ပိုင်တွေကနေသွင်းတာတွေလည်းတွေ့ဖူးတယ်..
      အခုဆို. ကယ်လီဖိုးနီးယားမှာရောင်းတဲ့.. အာရှစတိုးဆိုင်ကြီးတွေတိုင်းလိုလိုမှာ.. အုန်းရည်ကို ပုလင်းနဲ့.ဗူးနဲ့..အစိမ်းအလုံးအတိုင်းနဲ့..ရပါပြီ..

      ဆိုတော့..
      မြန်မာပြည်ရဲ့.. အုန်းသီးငှက်ပျောသီးက..နိုင်ငံအပြင်ကိုသာထုတ်လိုက်ရင်.. ဒေါ်လာသန်းဂဏန်းအေးဆေးရှာပေးနိုင်တယ်လို့… တဖက်ကိုမြင်ကြည့်လိုက်ပါလား ဟင်င်င်..။
      ငွေကြေးဆိုတာ..လည်ပါတ်ရတယ်လေ..
      .. ပြည်တွင်းမှာပဲလှည့်လည်နေရင်.. ရေခွက်ထဲကအနည်နဲ့ရေကို.. လှည့်မွှေနှောက်နေတာနဲ့တူပါတယ်..။ :kwi:

      ဆူးမမကို.. အကြံပေးရရင်..
      ပိုက်ဆံရှာနိုင်သေးတာပဲ..
      ရှာထားတဲ့ပိုက်ဆံနဲ့.. ဟင်းစား၁၀၀ဝဖိုးတိုးစား.. ။ ၁သောင်းဖိုးတိုးစား..။
      ငယ်တုံး ရှာနိုင်တုံး..စားနိုင်တုံး.. အားရပါးရသုံး…။

      ကွာလတီကောင်းကောင်းကို ရွေးဝယ်စား.. ရောင်းသူကိုလည်း.. ကောင်းတာ..သန့်တာရောင်းဖို့.. ဈေးကောင်းပေးဝယ်မယ်ပြောပေး..
      ငွေရှိသူတွေ.. အဲဒီလိုလုပ်ပေးကြမှ.. ကွာလတီတက်လာမှာ..
      အဲဒါကမှ.. Win-Win အခြေအနေ..
      ကိုယ်လည်းကောင်းကောင်းစားရ.. လူနေမှုအဆင့်အတန်းမြင့်..

      အဲလို..

    • Mobile

      January 30, 2013 at 7:34 pm

      ငှက်ပျောသီး အုန်းသီး စိုက်တဲ့သူကလည်း ပြည်တွင်းကပဲ.. ပြည်တွင်းက တောင်သူတွေ စိုက်တာ ပြည်တွင်းက လူတွေပဲ အားပေးကြတာ.. ပိုက်ဆံက ပြည်တွင်းမှာပဲ လည်နေတာလို့ တဖက်ကိုမြင်ကြည့်လိုက်ပါလား ဟင်င်င်
      မင်္ဂလာပါဆူးရေ ဂျာအေးသူ့အမေရိုက် ဆိုသလို ဒီဟာပဲလည်နေတာမှန်သော်ငြားလည်း
      အပင်စိုက်ဖို့အတွက် စိုက်ပျိုးရေးဆေးများ အခြားလိုအပ်ချက်များကို မြန်မာပြည်မှ ထုတ်လုပ်နိုင်မှု
      အလွန်နည်းသည့်အတွက် ပြည်ပမှ ဈေးကောင်းပေးဝယ် ရရှိလာသည့်ထုတ်ကုန်ကို
      နတ်တို့ မူလီတို့အတွက်သုံး ပြည်တွင်းမှာပဲ အကျိုးမရှိသည့်နေရာများတွင် သုံးစွဲးမှုများနေရင်
      ဒီထက်မက နိုင်ဂံသည် မွဲးသထက်မကမွဲးပြီး ကျုပ်တို့လိုလူပျိုလေးတွေ ယူစရာ မိန်းမတောင်
      နိုင်ငံထဲမှာရှားပါးလာနိုင်သည်ဟု ထင်မိပါကြောင်းးးးးးးးးးးးးးးးးး

  • Mobile

    January 30, 2013 at 7:19 pm

    မမ မဟာရာဇာအန်စာတုံး ဆူးအန်ပြီးတော့
    ဝင်ရောက်ဆွေးနွေးပေးတဲ့ သူကြီး စသူတို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးး

Leave a Reply