လွန်ကဲစွာ အကြင်နာ ပေးခြင်းကြောင့် အကြား အာရုံ ပျက်စီးနိုင်

manawphyulayJuly 20, 20101min1334

တရုတ်နိုင်ငံ Guangdong ပြည်နယ်မှ အမျိုးသမီးငယ်တစ်ဦးသည် ဘယ်ဘက်နားလုံးဝမကြားရတော့
သဖြင့် ဆေးရုံတွင် လာရောက်  ကုသမှုခံယူကြောင်း သတင်းများက ဆိုသည်။ ထို အမျိုးသမီးငယ်အား ကုသပေး
သည့် ဆရာဝန်က – အကြင်နာပေးခြင်းကြောင့် ပါးစပ်တွင်းလေဖိအား လျော့ကျပြီး နားစည်အား အတွင်းသို့စုပ်ဆွဲ
သကဲ့သို့ ဖြစ်စေသဖြင့် နားစည်ပျက်စီး၍ အကြားအာရုံချို့ယွင်းခြင်းဖြစ်သည်ဟု ဆိုသည်။ အလွန်အကျွံ  နမ်းခြင်း
သည် အတွင်းနားနှစ်ဖက်ကြား လေဖိအားကို မမျှမတဖြစ်စေပြီးနားစည်ပေါက်သွားတတ်သည်။ထိုအမျိုးသမီးငယ်
သည် ပုံမှန်အကြား   အာရုံပြန်လည်ရရှိရန် အချိန်နှစ်လ  ယူရမည်ဖြစ်သည်။ နမ်းခြင်းသည် သာမန်အားဖြင့် ဘေး
အန္တရာယ်မဖြစ်သော်လည်း သတိထားသင့်ပေသည်ဟု ဆရာဝန်များက အကြံပြုထားသည်။ (ဘီဘီစီ)

4 comments

  • sususan

    July 20, 2010 at 6:17 am

    ဗဟုသုတရလို့ကျေနပ်ပါတယ်

  • cobra

    July 20, 2010 at 8:14 am

    ကျေနပ်ပါတယ်..နောက်ဆိုအရမ်းမနမ်းတော့ပါဘူး။

  • winkhant

    August 2, 2011 at 9:41 pm

    ဪ… အဲဒါမို့ ငါ့အကြားအာရုံတွေ ခုထိလွှတ်ကောင်းနေတာကိုး.. တိပီ တိပီ..

  • unclegyi1974

    August 2, 2011 at 10:17 pm

    နားမကြားတာလေးလောက်များ
    ဒါပဲလား
    မောင့်အသွေးတွေမောင့်အသဲတွေ…..

Leave a Reply