ဒီကနေ့ တီးမိခေါက်မိတာဖြင့်..

လူကေလးJanuary 28, 20131min852

ဒီကနေ့ တီးမိခေါက်မိတာဖြင့်..

ဝေး … လူကလေး လာဟေ့.. ဒီနေ့ကမာ္ဘ့Faလား စပြီလကွာ….

ခင်ဗျားကတော့ လုပ်ချလိုက်ပြန်ပြီ.. ကြည့်ဖို့လာတာပါပဲ..ခင်ဗျာ့အိမ်မှ မကြည့်ရင် ရှေ့ကကွင်းထဲ မောင်ပုတို့ ကျောင်းသားတစ်စုကို ကန်ခိုင်းပြီး ကျုပ်က ရေဒီယို နားထောင်ရင်း ကြည့်ရမယ့်ကိန်းဗျို့..

ကဲ.. ကိုဖိုးလူရေ.. ပြောလိုက်ဦးမယ်ဗျာ.. နှော့..

ဒီမှာ ကမာ္ဘ့ဖလားဗျ.. ကမာ္ဘ့ဖလား.. ဖဦးထုပ်ကို ပါးစပ်ပိတ်ပြီး ပြောရတယ်.. Faလား မဟုတ်ဘူး..

Faလား ဆိုတာ မြန်မာစကားမှာ မရှိဘူး.. Fa သံက အင်္ဂလိပ်ကနေမွေးစားထားတာ..

ခင်ဗျားဟာခင်ဗျား..  ဘယ် ဖလား ကြည့်ကြည့် .. မြန်မာလို ပြောချင်ရင် နှုတ်ခမ်းနှစ်ခုကို ပိတ်လိုက် ပြီးမှ ဖလို့ဆိုကြည့် အဲဒီ့ ဖလား.. ကမာ္ဘ့ ဖလား .. ဥရောပဖလား.. ရေဖလား.. အားလုံးရတယ်..

အင်္ဂလိပ်လိုပြောချင်ရင် world cup .. Europe cup.. စသဖြင့် ပြော.. ရတယ်.. ဘာလဲ.. ကမာ္ဘ့Faလား. .. ဥရောပ Fa လား နဲ့.. ကြားရတာ နားကြားပျင်းကပ်တယ်.. တယ်.. ဒီ လူကြီးကတော့..

လုပ်ပါဦး အကြမ်းလေးဒီဘက်လှည့်စမ်းပ……

 

 

” အေးပါကွာ.. တယ်လည်းကြောက်ကသကိုး..ငါကိုက ဆရာလုပ်ချင်တဲ့သူရှေ့မှောက်လျက်လဲတာ.. ပြောချင်ဦး ဒီပါးစပ် .. ကဲကွာ .. ကဲကွာ.. ”

ဟေ့လူကြီး ..နေဦး.. ခင်ဗျား နှယ် ကိုယ့်ကိုယ်ကို တယ်လည်းညှာပါ့လား… လူထပ်ခေါ်ပေးမယ်.. ခင်ဗျားကို ရိုက်ပေးဖို့ ..

ဒီမှာ ကြောက်ကတာ မဟုတ်ဘူး.. ကြောက်ရတာ. .. ခင်ဗျား တစ်ခုခု ကို မဖြစ်မနေလုပ်ကိုလုပ်ရတယ်ဆိုတာ ကိုပြောချင်တာမဟုတ်လား..” ငါသွားရမှာ .. ခုထိကိုမသွားရသေးဘူး. .. ”

“အမယ်လေး .. ငါ့မှာဖြင့် သူ့ကို ကြောက်လိုက်ရတာ.. ..” ဒီနှယ် ပြောရတယ်.. လူကြီးရဲ့

“အဲဒါဆရာ ခိုင်းထားတာတော့.. မေ့နေတာပဲ.. လုပ်ကဦးမယ်တော့.”. အဲလိုပြောရင် မှားတယ်ဗျ.. လုပ်ရဦးမယ် လို့ ပြောရတယ်..

ခင်ဗျား ကြောက်တယ်ဆိုရင်လည်း.. အမယ်လေး ဆရာ့ကို ကြောက်ရတယ်ဗျ.. အဲလိုပြောရတယ်.. ဟုတ်ပလား..

ခင်ဗျားကို ဆရာလုပ်တာမဟုတ်ပါဘူးဗျာ..ကျုပ်နှယ် မြန်မာစာ ပါမောက္ခလည်း မဟုတ်ပါဘူး.. ဒါလေးတွေကလည်း မမှားသင့်တဲ့ကိစ္စလေးတွေမို့ပါကိုယ့်လူရေ.. . မြန်မာ စကားတတ်တဲ့ မြန်မာတိုင်းရဲ့နှုတ်ကနေတော့ အမှန်လေးတွေပဲ ထွက်စေ ချင်လို့ပါ.. ကဲ.. ဦးဖိုးလူ လာပါပြီခင်ဗျား.. ဟိုမှာ ဘောလုံးပွဲ.. ကမာ္ဘ့ဖလား ပါတဲ့.. ဗျာ

” ဟေး.. ဟုတ်သကွ..ကြည့် မယ်ဟေ့…  လာလေရော့ ကမာ္ဘ့ ရဲ့မှ လား တဲ့ဟ… ” ဝါး..ဟား..ဟား..

အင်း .. ဒီလူကြီးတော့ …

 

 

2 comments

  • Mobile

    January 28, 2013 at 6:44 pm

    ဂဗာ့ faလား ဆိုလို့ ကျုပ်တော့ဖြင့် ၂၀၁ဝ ဂဗာ့ဖလားမှာ အတော်ဂလေး အနိုင်ရပြီးမှ
    ပြိုင်ပွဲပြီးခါနီးမှာ ပြန်ကုန်သွားဒါ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဗမာငွေ ငါးရာကျပ်ပဲ
    အမြတ်ထွက်တယ်။
    ဘကြီးမိုဘိုင်း ဝင်ရောက်အားပေးသွားဗာဒယ် လူဂလေးမောင်မင်းးးးးးးးးးးးးးးးးး

  • မောင်ပေ

    January 28, 2013 at 7:39 pm

    ကမ်ဘာ့ဘော ( ဘော= ဘောလုံးအတိုကောက် )
    နိုင်ငံပေါင်းစုံဘော
    မြန်မာ/ဗမာ/ဘိရုမာဘော
    မှားကန်လို ့မရတဲ့ဘော
    အုအားအုအားဘော

Leave a Reply