ကဲကဲ…
စလိုက်ရအောင်
မန်းဂေဇက်ကိုတာဝန်ယူနေသောလူကြီးမင်းအားလုံး နဲ့  အူးကိုင်
ဂေဇက်မှာ မင်ဘာမဝင်ပဲ စာဝင်ဖတ်သူတွေအားလုံး ၊ ဂေဇက်မှာ မင်ဘာလုပ်ပြီး ရေးနေကြတဲ့ ဗုဒ္ဓဘာသာဝင် ရွာသူရွာသားတွေ နဲ့ 
သာဓု ခေါ်တတ်တဲ့ တခြားဘာသာဝင်အပေါင်းတို့ ရေ
ကျုပ် မောင်ပေ က ဒီလိုလေး ပေးချင်တယ်
“““
အမျှ အမျှ အမျှ
””” ယူတော်မူကြပါကုန်
ဆိုတော့ ခင်ဗျားတို့ က
“““
သာဓု သာဓု သာဓု
”””
ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုကြပေါ့ဗျာ
ဘာအတွက်လဲ အမျှဝေတာလဲ ဆိုတော့
ဒါလေးကိုဗျ

WoW

အဲဒါ အဲဒါ…
လေးကို ရွာထဲက ၊ ရန်ကုန်မြို့ က လူမှုရေးပရဟိတအဖွဲ့ ဖြစ်တဲ့ “ဒါဇင်ပလပ်” ကို လှူမှာမို့ ပါပဲ
( စကားမငရုတ် .. ကမ်းဝေး ကို သွားလှူခိုင်းထားပါတယ် )
“ အမှတ်တရအနေနဲ့ သိမ်းထားပါလား ” ဆိုတဲ့ စကားကြားရပေမယ့်လဲ
အဲဒီ အမှတ်တရ ရတဲ့ လက်ဆောင်နာရီ ကို ပဲ မောင်ပေ ဆိုတဲ့ ဘဝအတွက် အမှတ်ရစရာပိုဖြစ်သွားအောင် ၊ သံယောဇဉ် စိတ်မတွယ်ညိပဲ လှူဒါန်းလိုက်ပါပြီနော်
ကျုပ်လှူတယ်ဆိုတာ မဖြစ်စလောက် သေးသေးလေးမို့ ၊ ရေးရတာ အားနာချင်ပါတယ် ( အားနာချင် = မြန်မာ့စိတ် )
အဲဒါ အဲဒါ….

အော်….ဒါနဲ့ …

မောင်ပေ့ ဒိုင်ကြောင်လေးတွေ နဲနဲ ပွားခဲ့ဦးမယ်
အခုရက်ပိုင်းအတွင်း “ခရိုနီ” တွေ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့  အသံတွေ အရမ်းထွက်နေတယ်
ဘယ်ဝက်ဆိုက်ကိုပဲသွားသွား… အဲဒါတွေပဲ
ကျုပ် တစ်ခု သဘောပေါက်မိပုံက
ခရိုနီတွေ လှူကြမယ် ၊ လှူနေကြတယ် တဲ့
ဒါကို ဆန့် ကျင်နေတဲ့လူတွေ ဗျာ
ဝမ်းမသာရင်တောင် သာဓု ခေါ်လိုက်စမ်းပါဗျ
အလှူလုပ်တာလေဗျာ….
ကျုပ်တို့ ဗုဒ္ဓဘာသာမှာ
ကိုယ်က ပါးစပ်လေးလှုပ်ပြီး လေလေးနဲနဲအကုန်ခံပြီး သာဓုလေးသုံးကြိမ်ခေါ်ရုံနဲ့  ၊ အလှူရှင် ပြုတဲ့ လုပ်တဲ့ ကုသိုလ်ရဲ့  ကောင်းကျိုးချမ်းသာတွေကို ကိုယ်ပါ ခံစားရမှာပဲဟာ
အခုတော့ဗျာ ၊ ဘယ်နှယ့်ဗျာ
မစ်စရိယပွားနေကြတယ်
အဲဒီ မစ်စရိယ
ကျုပ် ဒိုင်ကြောင် အရဆိုရင်
ခရိုနီ ဆိုတာလဲ လူပဲ
မွေးမွေးချင်း ခရိုနီ တန်းဖြစ်တာမဟုတ်ဘူး
အရင် ခေတ်အဆက်ဆက် စနစ်ဆိုးတွေကြားမှာ
ရသမျှ အခွင့်အရေး ကို ရအော်ယူနိုင်ခဲ့ကြတဲ့လူတွေ
ရသမျှ အခွင့်အရေး ဆိုလို့ လဲ ၊ လွယ်လွယ်ရတယ် ထင်မနေကြနဲ့ ဦး
ကမ်ဘာမီးလောင်နေတဲ့ခေတ်ကြီးမှာ သားကောင်လဲ ချနင်းရတာပဲ
ဆင်ကန်းတောတိုးသလိုလဲ လုပ်ကြရတာပဲ
သူများမလုပ်ချင်တဲ့ ၊ လူအများမလုပ်ရဲတဲ့ အလုပ်တွေ ဂွင်တွေ ပွိုင့်တွေ လုပ်ခဲ့ကြပြီးမှ
နှစ်တွေကြာလာချိန်မှ … အဲဒီ ခရိုနီ ဆိုတာတွေ ဖြစ်သွားကြတာပေါ့
ကျုပ် ရေးပြတာ ၊ အဲဒီ ခရိုနီ ဆိုတာတွေကို ခင်ဗျားတို့ ချီးကျူးဖို့ ပြောနေတာမဟုတ်ဘူးနော
ကျုပ်ဖြစ်စေချင်တာ အဲဒီ ခရိုနီတွေ အလှူလုပ်နေတဲ့ ၊ အလှူလုပ်ကြမယ့် ကိစ္စကို ၊ ကိုယ့်ကို လာမလှူလို့  ကိုယ်မရလို့  ဝိုင်းအာနေတဲ့ ကောင်တွေ ကို ပြောချင်တာပါ
ဆိုတော့ ကျုပ် ဒိုင်ကြောင်တွေကို ဖတ်ပြီးလို့ သဘောကျမိခဲ့ရင်
စာဖတ်သူ ရဲ့ ဝန်းကျင်မှာ ဘာဖြစ်တဲ့ညာဖြစ်တဲ့အော်နေတဲ့လူတွေကို ပြန်ဟောလိုက်ပါ
ကိုယ်တိုင်ဖြစ်အောင် လုပ်နိုင်အောင် ကြိုးစားကြည့်စမ်းပါလို့ 
ကျုပ်တို့ နိုင်ငံမှာ ဆင်းရဲသားတွေ ၊ ပညာမတတ်တဲ့လူတွေ ၊ သေစာရှင်စာတောင် မဖတ်တတ်တဲ့ လူတွေ အများကြီး ကျန်နေပါသေးတယ်
ကျုပ်အနေနဲ့  ခရိုနီတွေကို တိုက်တွန်းချင်တာလေးက
ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ၊ ကျွမ်းကျင်တဲ့ စီးပွားအကြံပေးတွေကို ခေါ်တိုင်ပင်ပြီး ထူထောင်ပေးပါ ၊ ကျုပ်တို့ နိုင်ငံရဲ့  ပညာရေးစနစ်ကြီးကို အသစ်ပြန်လောင်းပေးပါ
ဒီလိုတွေ လုပ်နိုင်ဖို့ ဆိုတာ
ဒေါ်စု တစ်ယောက်ထဲရဲ့ အင်အားနဲ့  အကုန်လုံး မဖြည့်ဆည်းနိုင်ပါဘူး
မီဒီယာတွေမှာ အသံကောင်းဟစ်နေတဲ့ လူတွေဟာလဲ ၊ စာထဲမှာသာ စိတ်ထားကောင်းနေတာပါ ၊ အပြင်မှာ ကိုယ့်လာတောင်းတဲ့ သူတောင်းစားတောင် တစ်ကျပ် မသဒ္ဒါပါဘူး
ခရိုနီ တွေ ဟာ ပြည်သူားတွေ ရဲ့ ပိုင်ဆိုင်မှု အမိမြေပေါ်မှာ လုပ်ကိုင်စားရင်း ချမ်းသာသွားကြတာမို့ 
အမိမြေ အမိနိုင်ငံတော်အတွက် ပြန်ကြည့်ပေးပါကြပါလို့ ….
ကဲကဲ
ကျုပ်လဲ ညောင်းပြီဗျာ
တော်ကြီးပီနော်
အဲဒါအဲဒါ

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..