သဂျီးနဲ ့တစ်ကွ အားလုံးအတွက်

မောင် ပေJanuary 28, 20131min26936

ကဲကဲ…
စလိုက်ရအောင်
မန်းဂေဇက်ကိုတာဝန်ယူနေသောလူကြီးမင်းအားလုံး နဲ ့ အူးကိုင်
ဂေဇက်မှာ မင်ဘာမဝင်ပဲ စာဝင်ဖတ်သူတွေအားလုံး ၊ ဂေဇက်မှာ မင်ဘာလုပ်ပြီး ရေးနေကြတဲ့ ဗုဒ္ဓဘာသာဝင် ရွာသူရွာသားတွေ နဲ ့
သာဓု ခေါ်တတ်တဲ့ တခြားဘာသာဝင်အပေါင်းတို ့ရေ
ကျုပ် မောင်ပေ က ဒီလိုလေး ပေးချင်တယ်
“““
အမျှ အမျှ အမျှ
””” ယူတော်မူကြပါကုန်
ဆိုတော့ ခင်ဗျားတို ့က
“““
သာဓု သာဓု သာဓု
”””
ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုကြပေါ့ဗျာ
ဘာအတွက်လဲ အမျှဝေတာလဲ ဆိုတော့
ဒါလေးကိုဗျ

WoW

အဲဒါ အဲဒါ…
လေးကို ရွာထဲက ၊ ရန်ကုန်မြို ့က လူမှုရေးပရဟိတအဖွဲ ့ဖြစ်တဲ့ “ဒါဇင်ပလပ်” ကို လှူမှာမို ့ပါပဲ
( စကားမငရုတ် .. ကမ်းဝေး ကို သွားလှူခိုင်းထားပါတယ် )
“ အမှတ်တရအနေနဲ ့သိမ်းထားပါလား ” ဆိုတဲ့ စကားကြားရပေမယ့်လဲ
အဲဒီ အမှတ်တရ ရတဲ့ လက်ဆောင်နာရီ ကို ပဲ မောင်ပေ ဆိုတဲ့ ဘဝအတွက် အမှတ်ရစရာပိုဖြစ်သွားအောင် ၊ သံယောဇဉ် စိတ်မတွယ်ညိပဲ လှူဒါန်းလိုက်ပါပြီနော်
ကျုပ်လှူတယ်ဆိုတာ မဖြစ်စလောက် သေးသေးလေးမို ့၊ ရေးရတာ အားနာချင်ပါတယ် ( အားနာချင် = မြန်မာ့စိတ် )
အဲဒါ အဲဒါ….

အော်….ဒါနဲ ့…

မောင်ပေ့ ဒိုင်ကြောင်လေးတွေ နဲနဲ ပွားခဲ့ဦးမယ်
အခုရက်ပိုင်းအတွင်း “ခရိုနီ” တွေ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ ့ အသံတွေ အရမ်းထွက်နေတယ်
ဘယ်ဝက်ဆိုက်ကိုပဲသွားသွား… အဲဒါတွေပဲ
ကျုပ် တစ်ခု သဘောပေါက်မိပုံက
ခရိုနီတွေ လှူကြမယ် ၊ လှူနေကြတယ် တဲ့
ဒါကို ဆန် ့ကျင်နေတဲ့လူတွေ ဗျာ
ဝမ်းမသာရင်တောင် သာဓု ခေါ်လိုက်စမ်းပါဗျ
အလှူလုပ်တာလေဗျာ….
ကျုပ်တို ့ဗုဒ္ဓဘာသာမှာ
ကိုယ်က ပါးစပ်လေးလှုပ်ပြီး လေလေးနဲနဲအကုန်ခံပြီး သာဓုလေးသုံးကြိမ်ခေါ်ရုံနဲ ့ ၊ အလှူရှင် ပြုတဲ့ လုပ်တဲ့ ကုသိုလ်ရဲ ့ ကောင်းကျိုးချမ်းသာတွေကို ကိုယ်ပါ ခံစားရမှာပဲဟာ
အခုတော့ဗျာ ၊ ဘယ်နှယ့်ဗျာ
မစ်စရိယပွားနေကြတယ်
အဲဒီ မစ်စရိယ
ကျုပ် ဒိုင်ကြောင် အရဆိုရင်
ခရိုနီ ဆိုတာလဲ လူပဲ
မွေးမွေးချင်း ခရိုနီ တန်းဖြစ်တာမဟုတ်ဘူး
အရင် ခေတ်အဆက်ဆက် စနစ်ဆိုးတွေကြားမှာ
ရသမျှ အခွင့်အရေး ကို ရအော်ယူနိုင်ခဲ့ကြတဲ့လူတွေ
ရသမျှ အခွင့်အရေး ဆိုလို ့လဲ ၊ လွယ်လွယ်ရတယ် ထင်မနေကြနဲ ့ဦး
ကမ်ဘာမီးလောင်နေတဲ့ခေတ်ကြီးမှာ သားကောင်လဲ ချနင်းရတာပဲ
ဆင်ကန်းတောတိုးသလိုလဲ လုပ်ကြရတာပဲ
သူများမလုပ်ချင်တဲ့ ၊ လူအများမလုပ်ရဲတဲ့ အလုပ်တွေ ဂွင်တွေ ပွိုင့်တွေ လုပ်ခဲ့ကြပြီးမှ
နှစ်တွေကြာလာချိန်မှ … အဲဒီ ခရိုနီ ဆိုတာတွေ ဖြစ်သွားကြတာပေါ့
ကျုပ် ရေးပြတာ ၊ အဲဒီ ခရိုနီ ဆိုတာတွေကို ခင်ဗျားတို ့ချီးကျူးဖို ့ပြောနေတာမဟုတ်ဘူးနော
ကျုပ်ဖြစ်စေချင်တာ အဲဒီ ခရိုနီတွေ အလှူလုပ်နေတဲ့ ၊ အလှူလုပ်ကြမယ့် ကိစ္စကို ၊ ကိုယ့်ကို လာမလှူလို ့ ကိုယ်မရလို ့ ဝိုင်းအာနေတဲ့ ကောင်တွေ ကို ပြောချင်တာပါ
ဆိုတော့ ကျုပ် ဒိုင်ကြောင်တွေကို ဖတ်ပြီးလို ့သဘောကျမိခဲ့ရင်
စာဖတ်သူ ရဲ ့ဝန်းကျင်မှာ ဘာဖြစ်တဲ့ညာဖြစ်တဲ့အော်နေတဲ့လူတွေကို ပြန်ဟောလိုက်ပါ
ကိုယ်တိုင်ဖြစ်အောင် လုပ်နိုင်အောင် ကြိုးစားကြည့်စမ်းပါလို ့
ကျုပ်တို ့နိုင်ငံမှာ ဆင်းရဲသားတွေ ၊ ပညာမတတ်တဲ့လူတွေ ၊ သေစာရှင်စာတောင် မဖတ်တတ်တဲ့ လူတွေ အများကြီး ကျန်နေပါသေးတယ်
ကျုပ်အနေနဲ ့ ခရိုနီတွေကို တိုက်တွန်းချင်တာလေးက
ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ၊ ကျွမ်းကျင်တဲ့ စီးပွားအကြံပေးတွေကို ခေါ်တိုင်ပင်ပြီး ထူထောင်ပေးပါ ၊ ကျုပ်တို ့နိုင်ငံရဲ ့ ပညာရေးစနစ်ကြီးကို အသစ်ပြန်လောင်းပေးပါ
ဒီလိုတွေ လုပ်နိုင်ဖို ့ဆိုတာ
ဒေါ်စု တစ်ယောက်ထဲရဲ ့အင်အားနဲ ့ အကုန်လုံး မဖြည့်ဆည်းနိုင်ပါဘူး
မီဒီယာတွေမှာ အသံကောင်းဟစ်နေတဲ့ လူတွေဟာလဲ ၊ စာထဲမှာသာ စိတ်ထားကောင်းနေတာပါ ၊ အပြင်မှာ ကိုယ့်လာတောင်းတဲ့ သူတောင်းစားတောင် တစ်ကျပ် မသဒ္ဒါပါဘူး
ခရိုနီ တွေ ဟာ ပြည်သူားတွေ ရဲ ့ပိုင်ဆိုင်မှု အမိမြေပေါ်မှာ လုပ်ကိုင်စားရင်း ချမ်းသာသွားကြတာမို ့
အမိမြေ အမိနိုင်ငံတော်အတွက် ပြန်ကြည့်ပေးပါကြပါလို ့….
ကဲကဲ
ကျုပ်လဲ ညောင်းပြီဗျာ
တော်ကြီးပီနော်
အဲဒါအဲဒါ

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

36 comments

  • Foreign Resident

    January 28, 2013 at 8:40 pm

    ခရိုနီ ကပဲ လှူလှူ ၊
    ခရိုပြာ ကပဲ လှူလှူ ၊
    လှူသင့်တဲ့ နေရာတွေကို လှူတာဖြစ်ရင် ၊
    ထောက်ခံပါတယ် ။

    ကိုပေရဲ့ အလှူကိုလဲ သာဓုခေါ်သွားပါတယ် ။

    • မောင်ပေ

      January 28, 2013 at 8:56 pm

      အဲဒါဆို
      နတ်ပြည်ရောက်တဲ့အခါ ကျုပ်တို ့တစ်ဘက်ကို နတ်သမီး၁၀ဝစီလောက်နဲ ့ ပြန်ဆုံကြသေးတာပ

  • နေဝန်းနီ

    January 28, 2013 at 8:50 pm

    သူကိုယ်တိုင်က ခရိုနီ ဆိုတော့ ဂလိုပဲပြောမှာပေါ့ ဟုတ်တယ်မဟုတ်လားကိုပေ…….။ ခင်ညားကြီးဟန်ဆောင်ပန်ဆောင်လုပ်မနေပါနဲ့ ကြုပ်သိနေဒယ်နော် ဟင်းးးးးးးးးး

    • မောင်ပေ

      January 28, 2013 at 8:57 pm

      စနိတ်ခ် စနိတ်ခ် ဆီး ဒါ လက်
      ဆိုသလိုမျိုးလား

  • Mobile

    January 28, 2013 at 9:30 pm

    စေသနာ သဒ္ဒါတရား အင်မတန်မှကောင်းမွန်လှတဲ့ကိုပေရေ ဝမ်းမြောက်ဝမ်းသာ
    သာဓုအနုမောဓနာခေါ်ဆိုလိုက်ပါကြောင်း သာဓု ။ သာဓု ။ သာဓု ပါခင်ဗျား။
    အလှူဒါနတစ်ခုမှာ ပုတ်ဗ မုံစ ပရ စေတနာဆိုတဲ့ စေတနာသုံးတန် နဲ့အညီလှူတန်းနိုင်
    တယ်ဆိုရင် နာရီလေးတစ်လုံး လှူပင်လှူငြားသော်လည်း နာရီစင်တစ်ခုလှူတာထက်မက
    စေတနာသုံးတန် မညီပြန်ရင်လည်း နာရီစင်တစ်ခု ပင်လှူစေကာမူ နာရီတစ်လုံးစာလောက်သာ
    ဒါနအကျိုးမြောက်စေတတ်တာမို့ ကိုပေအတွက် အမြတ်တနိုးသိမ်းထားအပ်သော
    (တော်ရုံလူများလုပ်ဖို့မလွယ်ကူပါ) ပစ္စည်းတစ်ခုကို ယခုလို လှူတန်းအမျှပေးဝေမှုအတွက်
    လေးစားမိပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • အရီးခင်လတ်

    January 28, 2013 at 9:48 pm

    သာဓု၊ သာဓု၊ သာဓု ပါ မောင်ပေ။
    ခရိုနီတွေ ရဲ့ အလှူကိစ္စ နဲ့ တိုက်တွန်းထားတာလေးကို လဲ သဘောတူပါကြောင်း။
    ဒါနဲ့
    နတ်သမီး ဆိုတာ နောင်ဘဝမို့ ကျားမ မရွေး ဖြစ်တတ်တာ ဆိုတော့ကာ …
    သဘောကတော့ မင်းတို့ မဟာကျားတွေ လဲ နတ်သမီး ဖြစ်သွားနိုင်တယ် ဆိုတာလေး …
    အဲဒါ .. အဲဒါ …
    😉

    • မောင်ပေ

      January 29, 2013 at 9:03 pm

      အော် အရီးလတ်ရယ်
      ဆုတောင်းထဲမှာ ဖြစ်ချင်တဲ့ ဆန္ဒ ကို ထည့်တိုင်တည်ထားပြီးပီလေ
      မဟာယောက်ျားလို ့တော့ အခုချိန်ထိ မယူဆခဲ့မိတာအမှန်ပါ
      ဘစ်ပဲဖြာဖြာ
      ရှဲရှဲပါနော

  • surmi

    January 28, 2013 at 9:59 pm

    မမျှော်လင် ့ထားတဲ ့ဆုကို မမျှော်လင် ့ဘဲ ရခဲ ့ပေမဲ ့
    သံသရာအတွက်လှူတန်းခဲ ့တဲ ့ကုသိုလ်ကို ဝမ်းမြောက်စွာ ဖြင် ့….
    သာဓု သာဓု သာဓု ပါဗျာ ………..

  • panpan

    January 28, 2013 at 10:37 pm

    ကပေရေ
    သာဓု၃ကြိမ်ခေါ်လေအိ
    စာဂ စွန့်ကြဲလှူဒါန်းခြင်း
    ဂုလိုလှူတန်းရတဲ့အကျိုးကြောင့်
    မဒမ်ပေနဲ့အဆင်ပြေပါဇေ
    ဘောပွဲနိုင်ပါဇေ
    ကျောက်အောင်ပါဇေ
    သောက်နိုင်ပါဇေ….. :harr:

  • တိုက်တိုက်ဆိုင်ဆိုင်
    မန်းလေးသားနှစ်ယောက်

    တို်က်တိုက်ဆိုင်ဆိုင်
    မန်းလေးဂေဇက်ရောက်
    တိုက်တိုက်ဆိုင်ဆို်င်
    မောင်ပေနဲ့ကိုပေါက်
    တို်က်တိုက်ဆိုင်ဆိုင်
    အများဆုံးနှစ်ယောက်
    တိုက်တိုက်ဆိုင်ဆို်င်
    နာရီတစ်လုံးစီရ
    တိုက်တိုက်ဆိုင်ဆို်င်
    ဒါဇင်ပလပ်ကို ပြန်လှူဘို့ အခွင့်အရေးရောက်
    တိုက်တိုက်ဆိုင်ဆို်င်
    တစ်နေ့ထဲတော့ အတူမသေပါရစေနဲ့
    တိုက်တိုက်ဆိုင်ဆိုင်
    နတ်ပြည်မှာလဲမဆုံပါရစေနဲ့
    မတော်လို့များနတ်ပြည်မှာ နတ်ထီးမဟုတ်ဘဲ နတ်မသွားဖြစ်နေရင်
    ကိုယ့်အလှည့်ရောက်အောင် 999ရက်တိတိစောင့်မနေချင်လို့ပါ.။
    ငရဲသွားပြီး ဆီပူနဲ့ကြော်တာဘဲခံတော့မယ်အေ့

    • panpan

      January 28, 2013 at 11:02 pm

      ကပေကတော့ နတ်သမီးဖြစ်လည်း နတ်ပြည်တက်မှာပဲတဲ့
      နတ်ပြည်ရောက်ရင်ပီးရောဆိုပဲ :kwi:

    • ဂန္ဓာရီ ဆြာအုပ်

      January 29, 2013 at 1:01 am

      ၉၉၉ ရက်မစောင့်ချင်ရင် ဂွင်ဖန်လိုက်ပေါ့အေ့

    • ရွှေတိုက်စိုး

      January 29, 2013 at 9:50 am

      ဗျာလေးပေါက် သားကို ခေါ်နေတာလားဟင်…………….
      တိုက်တိုက်ကတော့ ဆိုင်အမြဲသွားပါတယ်ဗျာာာာာာာာာာာာာ အဟိ

    • Mr. MarGa

      January 29, 2013 at 7:17 pm

      ဗျို့ လေးပေါက်
      လေးပေါက်သာ နတ်သမီးဖြစ်ရင် အဲလောက် စောင့်စရာမလိုဘူး
      ဦးမာဃကိုယ်တိုင် မိဖုရားမြှောက်မယ် အဟီး
      ငရဲတော့ မသွားပါနဲ့
      နတ်ပြည်သာ ရောက်အောင်လာခဲ့

  • kai

    January 29, 2013 at 12:02 am

    ကလေးတွေပညာရေးနဲ့ပါတ်သက်လို့. .တိုက်တွန်းချက်ကို သာဓုကြီးစွာခေါ်ပါကြောင်း..။
    ပြည်ပရောက်မြန်မာများကလည်း.. မမေ့မလျှော့.. လည်ပြန်သင့်ပါကြောင်း… :528:

  • ဂန္ဓာရီ ဆြာအုပ်

    January 29, 2013 at 1:05 am

    ကောင်းပါလေ့ ကိုပေရေ
    အနော်သာဆို ဆုရတဲ့ အမှတ်တရ ပစ္စည်းလေးကိုလှူရက်ဖူးဗျ
    အသစ်သာဝယ်လှူလိုက်မယ်
    တာဓု ပါတော်ရေ တာဓု တာဓု
    ဟိုသင်းကြီးပါစေ–ဟိုဟာရှည်ပါစေ.. (ဘုန်း-အသက်)

  • MAUNG

    January 29, 2013 at 7:34 am

    သာဓု သာဓု သာဓု ပါ ကိုပေ

  • Mon Kit

    January 29, 2013 at 9:16 am

    မောင်ပေ ရေ……
    သာဓုပါတော်.. သာဓု. သာဓု သုံးကြိမ်ခေါ်ဆိုပါသည်….
    အဲဒါ အဲဒါ..
    :hee:

  • ဆာဒု .. ဆာဒု .. ဆာဒု ..
    ခုလို လှူဒါန်းရခြင်း အကျိုးအားဂျောင့်
    ကပေဂျီးတစ်ယောက်
    မြှားတိုင်း ငါးမိဘာစေသောဝ် ….။

  • Shwe Ei

    January 29, 2013 at 9:48 am

    ဒါဇင်ပလပ်စ်အဖွဲ့သားတွေကလဲ အလှူပစ္စည်းကို ဝမ်းမြောက်ဝမ်းသာလက်ခံပြီး ဝမ်းမြောက်ဝမ်းသာလွှဲပြောင်းလှူဒါန်းပါမည့်အကြောင်း…..
    ကိုပေတျောက် ဆော်ကြည်ထီပေါက်နတ်ပြည်ရောက်ပါဇီ…

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 29, 2013 at 9:50 am

    ခင်မင်ရသော ကိုပေရေ…

    ကိုပေ့ရင်ထဲက ကလေးသူငယ်များအပေါ်ထားသောစေတနာကို ကျွန်တော်ကွက်ကွက်ကွင်းကွင်း ထိုးထွင်းသိမြင်လိုက်ရပါသောကြောင့် ကိုပေ့အလှူအတွက် ကိုပေ့ကိုယ်စား သေချာလှူဒါန်းပေးခဲ့ပါမည်ဟု
    ဒါဇင်ပလပ်အဖွဲ့သားများ၏ ကိုယ်စားပြန်ကြားလိုက်ရပါသည်…

    ကိုပေ့အလှူအတွက်… သာဓု… သာဓု… သာဓု…
    ရှဲ…. ရှဲ… ပါခင်ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရွာသူ jujuma .

    January 29, 2013 at 10:00 am

    ဘယ်နေရာမှာ .. ဘယ်သူတွေက … ဘာကိုပဲ ဘယ်လောက် လှူလှူ ..
    လှူဒါန်းခြင်းဟာ မွန်မြတ်တဲ့ အလုပ်တစ်ခုပါ ..
    သာဓု .. သာဓု.. သာဓု ပါဗျာ ..
    အဲဒါ..အဲဒါ

  • ရွှေတိုက်စိုး

    January 29, 2013 at 10:09 am

    သာဓု သာဓု သာဓု………………
    အခုလို သဒ္ဒါပေါက်လို.လာရောက်လှူဒါန်းသွားသော လူပြိုဂျီး ကိုပေ …….
    ၏သို.ပြုရ ကုသလကြောင့်လူဘဝဒွင် စိန်ရွှေငွေလယ်ယာ ဖြိုးဝေမောက်ပြီးလျှင် ၉၆ ရောဂါဝေတနာဒွေပျောက် နိဗ္ဗာန်ရောက်စေသတည်း……….
    မိန်းမလေးတော့ အရယူသွားအုံးနော်………….ခိခိ

  • kyeemite

    January 29, 2013 at 10:32 am

    သုမောင်အဖေ…သုမောင်အဖေ…သုမောင်အဖေ…(ဟီး..နောက်တာပါ..) :hee:
    သာဓု သာဓု သာဓု ပါ ကိုပေ။

  • mamanoyar

    January 29, 2013 at 10:36 am

    ဖြောင်းးးးးးးးးးးးးးးးးးး ဖြောင်းးးးးးးးးးးးးးးး
    (ဦးပေဆုရလို့ လက်ခုပ်တီးသံ)
    သာဓု…သာဓု…သာဓု ပါ
    (ဦးပေရဲ့အလှူအတွက် သာဓုခေါ်သံ)

  • Novy

    January 29, 2013 at 10:45 am

    မေပေါင်ရေ.
    သာဓု၃ကြိမ်ခေါ်ပါတယ်နော်
    အလှူရဲ့ အကျိုးအားကြောင့်ဒီထက်မက ပွားနိုင်ပါစေလို့
    (စီးပွားလဘ်လာဘတွေ)

  • pooch

    January 29, 2013 at 11:26 am

    သာဓုပါ အဘပေ ရေ တူသောအကျိုး ရပါစေ

  • ဆူး

    January 29, 2013 at 12:09 pm

    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ..
    ဒီထက်မက ပိုလှူနိုင်ပါစေ။

    နတ်သမီး တဖက် ၁၀ဝ ဆိုတော့.. သေခါနီး အားဆေးလေး ဘာလေး သောက်သွားပေါ့.. ဟာကျူလီ လုံးကြီးပေါက်လှ နတ်သမီး အယောက် ၁၀ဝ ဆိုရင်တော့.. ကပေ့ မျက်နှာ နာရီ ချည်းပေါ့

  • ဗုံဗုံ

    January 29, 2013 at 12:11 pm

    သာဓု သာဓု သာဓု ပါဦးပေ ဒီထက်ပိုပြောင်နိုင်ပါစေ (နဖူး) :mrgreen:

  • ခင်ခ

    January 29, 2013 at 12:48 pm

    ခရိုနီ ခရိုပြာ ဘယ်သူလှုလှု သာဓုပါတော်။
    အဲဒီလိုဘဲ ဆင်ရဲသား အလယ်လတ်တန်းစား ဘယ်အတန်းစား ဖြစ်ဖြစ် လှုရင်လည်း သာဓုပါတော်။
    အခု ဆရာပေ အလှုလည်း သာဓုပါတော်။
    သာဓု သာဓု သာဓု။

  • အာဂ

    January 29, 2013 at 5:05 pm

    ယခုပြုရ ကုသလကြောင့် ကျန်းမာ ပျော်ရွှင် ဆော်ကြည် စီးပွာတက်ပါစေ ကိုပေရေ

  • မောင်ပေ

    January 29, 2013 at 8:57 pm

    ဝင်ရောက်ဖတ်ရှုသွားသူ အားလုံးနဲ ့
    ကွန်မင့်များ ချီးမြှင့်တော်မူပါကြသော ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ

  • padonmar

    January 29, 2013 at 9:06 pm

    သာဓု သာဓု သာဓုပါ မောင်ပေ။
    မောင်ပေညွှန်တဲ့ ခရိုနီတွေရဲ့ အလှူတွက်လည်း ဘာပဲဖြစ်ဖြစ် လှူခံရတဲ့ နေရာတွေ အကျိုးရှိတာမို့ သာဓုသာဓုသာဓုပါ။

  • ခိုင်ဇာ

    January 29, 2013 at 11:19 pm

    သာဓု ခေါ်သွားပါတယ် ကပေ။
    ဖမ်းတဲ့ ငါးတိုင်း မိပါစေ။
    :harr:

  • မိုးသောက်ချိန်

    January 30, 2013 at 12:19 pm

    သာဓု သာဓု သာဓု
    (နတ်ပြည်ရောက်လောက်အောင် ကုသိုလ်တွေ မလုပ်တော့ဘူးဗျာ တော်ကြာ နတ်သမီးဖြစ်နေရင် ခက်ရချည်ရဲ့) 😆

  • အခွင့်အရေးရက မည်သူမဆို ခရိုနီဖြစ်သွားနိုင်သည်။
    အခွင့်အရေးရတုန်း ဖတ်မန့်သွားပါတယ်ဦးပေရေ

Leave a Reply