”Texas” တက္ကသိုလ်ကျောင်းသားများမှ အမေရိကန်စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်အား လေထဲတွင် ပြန်ပေးဆွဲခြင်း

Mr WorldWideJanuary 29, 20131min1613

ယနေ့ကာလအထိ သင်တို့အနေဖြင့် အကြမ်းဖက်သမားများမှ လေယာဉ်များကို ပြန်ပေးဆွဲခြင်းအား ကြားဖူးပေလိမ့်မည်။ အဆိုပါ အကြောင်းအရာတို့အား သင်တို့ကြားရုံမျှဖြင့် အံ့အားသင့်မည် မဟုတ်ပေ။ သို့သော် ကျောင်းသားအချို့မှ အမေရိကန်စစ်ဘက် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲခြင်း၊ သို့မဟုတ် hacked လုပ်နိုင်ခြင်း စွမ်းရည်ရှိကြောင်း သင်ကြားသိရလျှင် မည်သို့ခံစားရမည်နည်း။

တက်ဆက်တက္ကသိုလ် အော်စတင် ရေဒီယိုလေကြောင်းထိန်းသိမ်းခြင်း သုတေသနဌာနမှ ကျောင်းသားအချို့သည် ကျောင်းအပိုင်ဖြစ်သော မောင်းသူမဲ့လေယာဉ်တစ်စင်းကို ကြားဖြက်၍ ဝင်ရောက် ထိန်းကျောင်းမှုရယူပြီး အမေရိကန်အစိုးရ၏ မောင်းသူမဲ့ယာဉ်များကို လေထဲတွင် ပြန်ပေးဆွဲခြင်းခံရ နိုင်ကြောင်းကို သက်သေပြခဲ့လေသည်။ ဤအဖွဲ့အား ပါမောက္ခ ထော့(ဒ်)ဟမ်းဖရေးက ဦးဆောင်ပြီး ၎င်းက အဆင့်မြင့် ပုံတူကူးအတက်ပညာ (Spoofer) စနစ်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၀၀ဝခန့်ဖြင့် တီထွင် လိုက်ပါသည်။ ”Spoofing” ဆိုသည်မှာ  ကမာ္ဘလုံးဆိုင်ရာ တည်နေရာပြကိရိယာ (Global Positioning System-GPS)သို့ ပေးပို့မည့် အချက်အလက်များကို ပုံစံတူကူးယူတုပ ပေးပို့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အမိန့်စဉ်အချို့ပေးပြီး ပစ်မှတ်မှားယွင်းအောင် လှည့်စားမူ ပြုလုပ်ခြင်းပင် ဖြစ်သည်။ ကျောင်းသားများမှ မောင်းသူမဲ့လေယာဉ်၏ GPS စနစ်ထဲသို့ အချက်အလက်အမှားများ ထဲ့ပေးပြီး လေယာဉ်အား လှည့်စားကာ ၎င်းတို့လိုရာအရပ်သို့ မောင်းနှင်စေပါသည်။ ကျောင်းသားများမှ အမေရိကန် စစ်တပ်နှင့် ထောက်လှမ်းရေးဌာန(CIA)တို့မှ အသုံးပြုသော မောင်းသူမဲ့လေယာဉ်များကို ကြားဖြတ် ဝင်ရောက် ထိန်းချုပ်နိုင်ကြောင်းကို အမေရိကန်ပြည်တွင်းရေးရာ လုံခြုံရေးဌာန၏ရှေ့တွင် သက်သေပြနိုင်ခဲ့ပါသည်။

ပါမောက္ခ ဟမ်းဖရေးမှ လာမည့်ငါးနှစ်နှင့် ဆယ်နှစ်အတွင်းတွင် မောင်းသူမဲ့လေယာဉ်ပေါင်း အစင်း ၃၀၀၀ဝခန့် လေထဲတွင် ရောက်ရှိနေမည် ဖြစ်ပြီး ၎င်းလေယာဉ်တစ်စီးတိုင်းသည် ကျွန်ုပ်တို့အတွက် ဒုံပျံခြိမ်းခြောက်မှု ဖြစ်နိုင်ပေသည်။ ၎င်းမှ ဆက်လက်၍ ”Spoofing” နည်းပညာသည် အသစ်အဆန်း မဟုတ်တော့ဘဲ လွန်ခဲ့သောနှစ်တွင် အီရန်နိုင်ငံအတွင်း ပျက်ကျခဲ့ရသော မောင်းသူမဲ့လေယာဉ်သည် ဤနည်းပညာကြောင့် ပျက်ကျခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

Source: http://thetechjournal.com/tech-news/texas-university-students-could-hijack-u-s-military-drone-from-midair.xhtml

Texas University Students Could Hijack U.S. Military Drone From Midair

Till now you’ve heard that terrorists hijack planes. So, you won’t be astonished if you hear that terrorists have hijacked a military plane or a drone. But if you hear, some students have the ability to hijack (you can also say have “hacked”) U.S. military drones then how do you feel? Yes, folks! you have heard right! Some students from the University of Texas at Austin Radionavigation Laboratory have hacked a UAV owned by the university and proved that U.S. Government’s drones can be hijacked from midair.

3 comments

  • Wow

    January 30, 2013 at 3:45 pm

    တယ်တော်တဲ့ ခလေးဒွေ

  • kai

    January 30, 2013 at 4:02 pm

    ဒရုန်းတွေကို.. အဲဒီလိုလုပ်နိုင်ရင်.. အောက်ကနေတဲ့လူတွေအင်မတန်အန္တရာယ်များတာပဲ..။
    ၉။၁၁ထက်ဆိုးသွားလိမ့်မယ်..။

    ကြည့်ရတာ.. ကျောင်းကလုပ်ပြတယ်ဆိုတော့.. တခုခုကာကွယ်နည်းလမ်းရှာနိုင်သွားပြီထင်ပါတယ်..။
    အိုဘယ်.့.. ဟက်ကာ…။

  • မောင်ပေ

    January 30, 2013 at 8:22 pm

    ဒါ ကြေးမုံကြီး နဲ ့ မြောက်ကိုရီးယားကို ပါးပါးလေးပြလိုက်တာပါပဲ

Leave a Reply