မေတကယ်ချစ်ရင်

တောက ကိုရင်January 29, 20131min750

မေတကယ်ချစ်ရင်

မေတကယ် ချစ်ရင်လေ
တွယ်ရစ်ငင် ဆယ်နေကဲသော်လည်း
ရင်ထဲမယ် လမင်းသာလို့
ညခင်းပမာ အေးမြမယ်လေ…။
မေ့စကားတွေ ဗွေမယူပါကွယ့်
နွေဆူရာအရပ်မှာ မောင်ပြုံးပျော်
ကန္တာသော်မှ မောင်ဖြတ်ရစေ
အားပေးနေ မေ့အသံတွေကြားလိ­­ု့
နေ့ညမနား မောင်လှမ်းမယ်လေ…။
အမှောင်လမ်းတွေ တားဆီးစေတော့
သောင်ကမ်းဖွေ ပင်လယ်ပြင်ထဲ
ရဲရဲဝံ့ဝံ့ လက်ပစ်ကူးလို့
မောင် ဒူးမညွတ်ပါမေ…။
မေသိစေ တောမြိုင်စုံထဲ
သားဆိုးကျားရဲ ပေါပါစေ
ဆူးခင်းနေ သည်ခရောင်းတော
မောင် မမောတမ်း လျှောက်မယ်လေ…။
ထက်ဝဠာဘွေ မိုးစွေထစ်ချုန်း
မိုးကြိုင်းမုန်တိုင်း လေပြင်းရိုင်းတောင်
ဆင်ခြေတွေ မောင်မပေး
လွင်တီးခေါင်ထဲ မောင်စတေးရစေ…။
ယောင်ငေးပါ့မယ် လျှပ်စီးဖြိုးဝေ
ရတက်မီးခိုးခြွေ
မေမသိအောင် နေပါ့မယ်လေ…။
မေလည်းလေ
မောင့်သစ္စာ ကတိစကား
အမြဲကြားယောင် နားဆင်ပါလေ
မောင်ပြန်ချိန် မေမျှော်ပါလို့
မြတ်စိန္တေထံ ဆုထူးပန်ခြွေ…။ ။

တောက ကိုရင်
၂၁.၀၁.၂၀၁၃