သခင်မြရဲ့ မွေးရပ်မြေ (ထုံးဘိုမြို့)

ဆူးJanuary 29, 20131min25518

ထုံးဘိုမြို့ ကိုတော့ ရန်ကုန်ပြည် လမ်းမ အတိုင်း မောင်နှင်လာပြီး ပြည်မြို့မှ တောင်ဂုတ်လမ်းခွဲ အတိုင်း နဝဒေး တံတား ကိုဖြတ်ကာ ဆက်လက်မောင်းနှင်ပြီး ထုံးဘို လမ်းခွဲ အရောက်မှာတော့ ထုံဘို မြို့ သို့ ဆက်လက်မောင်းနှင်လျှင်ဖြင့် သခင်မြရဲ့ မွေးရပ်မြေ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

 

သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား တွေ့မြင်ရပြီး ထုံးဘို ဈေးမှာတော့ ဒေသထွက်ကုန်တွေ အလွန်ပေါများလှပါတယ်။

မြစ်ဆိပ်မှာ သင်္ဘောစီးပြီး အကောက်တောင် ကို သွားတဲ့ လမ်းတထောက်နား မြို့ဖြစ်ပါတယ်။

အကောက်တောင် သွားတဲ့ လမ်းက ရှုခင်းပုံတွေ ကိုတော့ နောက်ပိုစ်တခုမှ ရေးပေးပါမယ်။

 

ထုံးဘိုမြို့ မြစ်ဆိပ်မှာ ထုံးဘို ဈေးရှိပါတယ်။ မနက်ခင်း ဈေးချိန်ရောက်တဲ့ အတွက် တော်တော် စည်ကားလှပါတယ်။ အသီးအနှံတွေလည်း အရမ်းပေါများလှပါတယ်။ ခရမ်းချဉ်သီး ဈေးမေးလိုက်တဲ့ အခါ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။

တခြား မဟုတ်ပါဘူး.. ရန်ကုန်မှာ တပိသာ ၈၀ဝ ၁၀၀ဝ လောက် ရှိနေတာ.. ၁၀ဝ တည်းနဲ့ ရနေလို့ပါ..

စိတ်မကောင်းဖြစ်တာကတော့ သက်သာ လွန်းလို့ အများကြီး ဝယ်မိရင် သယ်ရတော့မှာပဲ ဆိုတဲ့ အတွေးပါပဲ.. ဈေးသည်ကြီးက ပြောတယ်.. တပိသာ ၁၀ဝကျပ်.. ထုတ်ပြီးသား ဆိုတော့.. ၁ထုတ် ၁၀ဝ ၅ထုတ် ဝယ်ရင် ၁ထုတ် အဆစ်ပေးမယ်တဲ့.. သယ်ရမှာ စိုးလို့ လွန်ဆွဲနေတဲ့ စိတ်ကလေး ကတော့… အတွေးစိတ်ကူး မျက်လုံးကလေး ဝင်းကနဲ ဖြစ်သွားတယ်..

အတွေးက သယ်ရမှာ လေးတယ် ဆိုပြီး မဝယ်ဘူး အားတင်းထားတဲ့ စိတ်တွေ ရှုံးနိမ်သွားပြီး အတွေးပြောင်းသွားပုံကတော့ ဝယ်လည်း ဘယ်လောက်မှ သယ်ရတာ မဟုတ်ပါဘူး တလမ်းလုံး ကား သယ်ရတာ.. လူသယ်ရတာ မဟုတ်ဘူး.. ဟဲဟဲ.. တန်တယ် ဝယ်မယ် ဆိုပြီး ဝယ်လာခဲ့တယ်.. ဘာပဲ ဖြစ်ဖြစ် ရန်ကုန်ရောက်ရင် ဘုန်းကြီး ဆွမ်းချက်လောင်းမယ် ဆိုပြိး ဝယ်သွားပြီး ကား ရှေ့ခန်း မှာ အထုတ်တွေ ထားတဲ့ နေရာမှာ ထားခဲ့တာ.. လတ်ဆတ်ပြီး စိမ်းနေတဲ့ အသီးလေးတွေ အိမ်ရောက်တော့ နေ အပူရှိန် ကား အပူရှိန် ပေါင်းပြီးတော့ မှည့်ဝင်းနေပါတော့တယ်.. မှည့်ဝင်းနေတော့ အိမ်ရောက်တော့ ချက်ပြီး ဆွမ်းလောင်းရန် အသင့် ဆိုပြီး အမေ အတွက် အိမ်ပြန် လက်ဆောင်ပေးလိုက်ပါတယ်။ ပိုက်ဆံ တော်တော် ကုန်သွားတယ်။ ဘာပဲ ဖြစ်ဖြစ် မလိုင်လုံး ထက် စာရင်တော့ ဆွမ်းလောင်းဖို့ လက်ဆောင်ပေးတာ အမေ သဘောကျသွားတယ်။

နောက်ပိုစ်တခုမှာတော့ မြန်မာပြည်မှာ ထူးခြားစွာ တည်ရှိနေတဲ့ ကျောက်တောင် ထွင်းထားတဲ့ ဘုရားပုံတွေနဲ့ ရှုခင်း ပုံတွေ ပြပါမယ်။

 

 

18 comments

  • pooch

    January 29, 2013 at 12:22 pm

    သခင်မြရဲ့ ရုပ်တုက ခုနောက်ပိုင်းမှ အသစ်လုပ်ထားတာလားမသိဘူးနော်

    ခရမ်းချဉ်သီးက ဒီဖက် မှော်တော ဘက်သွားတဲ့ လမ်းက စိုက်ခင်းတွေမှာလည်း ပေါတယ် ပြည်နံအိတ် တအိတ်လုံးမှ ၁၅၀ဝ လောက်ပဲ ပေးရတာ လတ်မှ လတ် ကောင်းမှ ကောင်း

    နောက် အကောက်တောင်ဆိုတာ ခုမှ ကြားဖူးတာ ဘုရားဖူးသွားတာလား ပုံတွေ မျှော်နေပါ့မယ်

    • ဆူး

      January 29, 2013 at 2:14 pm

      ခရမ်းချဉ်သီးတွေ အခု ချက်ထားတာ အရမ်းကောင်းလို့ သဘောကျနေကြတယ်.. ချက်လိုက်တာနဲ့ ပျော်သွားလို့တဲ့..
      အခုနောက်ပိုင်း ရန်ကုန်မှာ ချက်လိုက်ရင် ပျော်သွားတဲ့ ခရမ်းချဉ်းသီးတွေ တော်တော် ရှားသွားပြီ..
      အိမ်က မိသားစုတွေ သဘောကျတယ် ဆိုတော့ ပေးရတာ တန်တာပေါ့..
      အမေ က ဘုန်းကြိး ဆွမ်းလောင်းတာ ၅ပိသာ နည်းလို့ နောက်ထပ် ၄ပိသာ ထပ်ဝယ်လာတယ်တဲ့.. အဲ့လို မှန်း မသိလို့.. သိရင် ၁ထောင်ဖိုးဆိုရင် ၁၂ထုတ် ကို အပီဆွဲလာလိုက်ရင် ကောင်းမှကောင်းပဲ..
      တနင်္ဂနွေ ဆွမ်းလောင်း အပါး ၁၀ဝ ကျော် အမြဲ လောင်းရတယ်။

  • ခင်ခ

    January 29, 2013 at 12:37 pm

    အဲဒီဘက်ကို လွန်ခဲ့တယ် ဆယ်စုနှစ် ကျော်လောက်က တစ်ခါဖြတ်သွားဘူးတယ်ဗျ။
    အခု မမဆူး ရဲ့ ပိုစ့်ကိုဖတ်ရတော့ သွားခဲ့တာလေးတောင် ပြန်လွမ်းမိတယ်ဗျာ။

    • ဆူး

      January 29, 2013 at 2:16 pm

      ဆူး လည်း ထုံးဘို ကို တခါမှ မရောက်ဘူးဘူး.. စတုထ္ထမြစ်ကျဉ်း ကို ရောက်ခဲ့ပါတယ်။ မြန်မာပြည်က သာယာတဲ့ ရှုခင်းတွေ ကို သဘောကျစွာ မြင်တွေ့ခဲ့တယ်။

  • Ma Ei

    January 29, 2013 at 12:52 pm

    ပြည်ရောက်ဖူးပေမယ့် အကောက်တောင်မရောက်ဖူးသေးလို့
    ဆူးတင်မယ့် ဓာတ်ပုံလေးတွေမျှော်နေမယ်နော်…

    • ဆူး

      January 29, 2013 at 2:17 pm

      ဖဘ မှာတော့ တင်ထားပြီ.. ဒီမှာတော့ စာစီလိုက်အုန်းမယ်။

  • weiwei

    January 29, 2013 at 3:42 pm

    ပြည်ကနေ ငပလီကိုသွားတုန်းက တောင်ကုတ်လမ်းကနေသွားခဲ့ဖူးတယ်ဆိုတော့ ထုံးဘိုမြို့ကို ဖြတ်သွားခဲ့ဖူးတာပဲ .. ဒါပေမယ့် မြို့ထဲမဝင်ခဲ့ဖူးတော့ မရောက်ဖူးသလိုပဲပေါ့ …
    အကောင်တောင်ကို တီဗီမှာမြင်ကထဲက စိတ်ဝင်စားနေတာ ..
    တစ်ခေါက်လောက်တော့ သွားဖို့စဉ်းစားထားလိုက်ပြီ ..

    • ဆူး

      January 29, 2013 at 3:45 pm

      တောင်ကုတ်လမ်း ဘက် ကို မောင်းသွားတာ လမ်းကို ချောနေတာပဲ.. အဲ့ဒီမှာ ထုံးဘိုမြို့.. အနောက်မှာ သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ် ဖုန်တွေ တက်နေတဲ့ လမ်းခွဲ ကလေးကို ဝင်လာလိုက်တဲ့ အခါမှာတော့.. လှည်းလမ်းကြောင်းမှာ ဖြတ်မောင်းရသလိုပဲ.. ဘေးဘက်မှာ လယ်ကွင်းတွေ ရှိတယ်။ ဖုန်တွေကလည်း တထောင်းထောင်း.. စားထားတဲ့ အစာတောင် ဗိုက်ဟောင်းလောင်း ဖြစ်လောက်တယ်။
      သခင်မြ အသေစောတော့ လမ်းခင်းပေးဖို့ မတောင်းဆိုလို်ရဘူး ထင်ပါတယ်။

  • padonmar

    January 30, 2013 at 1:09 am

    သခင်မြကို မမေ့ကြသေးဘူးဆိုရင် ကျေးဇူးတင်ရပါမယ်။
    တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။

    • ဆူး

      January 30, 2013 at 9:43 am

      သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ် ကတော့ မြို့ဝင် လမ်းညွန်မှာကတည်းက တွေ့ရပါတယ်။
      မြစ်ဆိပ်မှာ အသုတ်စား ဟိုမေး ဒီမေး မေးလိုက်မိတယ်.. သခင်မြ အိမ်က ဘယ်နားမှာလဲ မေးတော့ အဒေါ်ကြီးက ဟို လက်ညိုးထိုး ဒီ လက်ညိုးထိုး နဲ့ ပြောတယ်.. အဘွားကြီး တယောက်က မဟုတ်ပါဘူးအေ.. ကန္နားဘက်မှာ သူ့ မိဘ တွေ အိမ်ရှိတယ် အဲ့လိုတော့ ပြောသွားတယ်။ အဲ့ဒီ အဘွားကြီး ပြောတော့ အသုတ်သည် အဒေါ်ကြီးက.. အဘွားကတော့ အသက်ကြီးတော့ သိမှာပေါ့တဲ့.. ရုပ်တု နဲ့ ဆိုင်းဘုတ် ရှိလို့သာ သိနေကြတာ.. ဒေသခံတွေတောင် ဘယ်သူမှတော့ သိပ်အာရုံထဲ ရှိပုံ မပေါ်တော့ဘူး။

  • MaMa

    January 30, 2013 at 9:37 am

    ထုံးဘို မြို့သူမြို့သားတွေ သခင်မြကို ဂုဏ်ယူပြီး အမှတ်တရကျောက်တိုင် ထူထားတာ အတုယူစရာပဲ။
    ကိုယ့်မြို့မှာတော့ ဦးသန့်နဲ့ ပတ်သက်တာ ခုမှ အစဖော်နေရတယ်။

  • Wow

    January 30, 2013 at 3:32 pm

    ထုံးဘိုက ပြည်နားလေးထင်တယ်.. ပြည်-ဆင်တဲသွားတုံးက ရောက်ဖူးသလိုပဲ..

    • ဆူး

      January 30, 2013 at 3:36 pm

      ပြည်ကနေ ၂နာရီလောက် ကားစီးရတယ်.. သိပ်မဝေးဘူး..

  • အရီးခင်လတ်

    January 30, 2013 at 5:58 pm

    ထုံးဘို ဆိုတာကြားဖူးပြီး သခင်မြ ရဲ့ မွေးဇာတိဆိုတာ အခုမှသိတယ် ဆူးရေ။
    မြို့နာမည် မှာတောင် သခင်မြ နာမည် နဲ့ ဂုဏ်ယူစရာပါဘဲ။
    အဲလို နယ်မြို့တွေအားလုံးကိုလဲ မြို့ကြီးတွေလို တပြေးညီ တိုးတက်စေချင်ပါတယ်။
    ခရမ်းချဉ်သီးများတန်လိုက်တာနော်။ လပ်လဲလပ်ဆပ်မှာ။

  • Mobile

    January 30, 2013 at 8:04 pm

    သခင်မြ တို့ ထုံးဘို တို့ကို ကြားတော့ကြားဖူးပါတယ်
    ဒါပေမယ့် သခင်မြက ထုံးဘိုကရယ်လို့တော့မသိဘူးရယ်
    ဗဟုသုတရစေပါ၏။

  • မောင်ပေ

    January 30, 2013 at 8:16 pm

    ဆူးမမရေ
    တစ်ခါမှ မရောက်ဖူးတဲ့ မြို ့အကြောင်းကို သခင်မြရဲ ့ဇါတိဖြစ်ကြောင်းနဲ ့ပါ ပေါင်းသိလိုက်ရပါတယ်
    စကားမငရုတ် ခရမ်းချဉ်သီးတစ်ပိဿာ တစ်ရာကျပ် ဆိုတာမြင်တော့ သူဌေးမကြီး ဒေါ်ဆူး ဟက်ထိသွားတယ်ပေါ့နော်

    • ဆူး

      January 31, 2013 at 9:19 am

      မောင်ပေ စိတ်ကောင်းကောင်းထား.. စိတ်ထားကောင်းတဲ့ လူတွေက ဈေးဝယ်ရင် သက်သာတယ်..
      စိတ်ထားမကောင်းတဲ့ လူတွေက နဖူးပြောင်တယ်။

  • ဦးကြောင်ကြီး

    January 31, 2013 at 10:23 am

    ထုံးဖို
    ပြုံးချို
    လုံးကိုယ်
    ငုံးမျို
    အုန်းယို
    သုံးဗိုလ်
    ဒုံးလို
    ဗျုန်းဆို..

Leave a Reply